မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် တရားဝင်ဆုံးဖြတ်
5489
ယွန်း (NP News) - ဒီဇင်ဘာ ၅
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် တရားဝင်ဆုံးဖြတ်လိုက်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
သာသနာရေး နှင့် ယဥ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဥ်ကျေးမှုစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်(၂၄)ရက်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အဆိုပြုစာတွဲ (Nomination File) ကို UNESCO ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ကော်မတီသို့ ပေးပို့တင်သွင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်မှ (၇)ရက်အထိ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ညီလာခံတွင် တရားဝင်ဆုံးဖြတ်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှတင်သွင်းသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”သည် ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
“မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် သင်္ကြန်ပွဲတော်ကို ကမ္ဘာကပိုမိုသိရှိလာနိုင်ခြင်းနှင့် မျိုးဆက်သစ်နောင်လာ နောင်သားများကို လက်ဆင့်ကမ်းအမွေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခြားသော ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများ နှင့် အခွင့်အလမ်းကောင်းများကိုလည်း ပိုမိုရရှိလာသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း နစက၏အချက်အလက်များတွင် ဖော်ပြထားသည်။
zawgyi version
ျမန္မာ့႐ိုးရာသၾကၤန္ပြဲေတာ္ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းအျဖစ္ တရားဝင္ဆုံးျဖတ္
ယြန္း (NP News) - ဒီဇင္ဘာ ၅
ျမန္မာ့႐ိုးရာသၾကၤန္ပြဲေတာ္ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းအျဖစ္ တရားဝင္ဆုံးျဖတ္လိုက္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
သာသနာေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနသည္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူး အတာသၾကၤန္ပြဲေတာ္ကို ယူနက္စကို၏ လူသားမ်ိဳးႏြယ္ဆိုင္ရာ ျဒပ္မဲ့ယဥ္ေက်းမႈစာရင္းတြင္ ပါဝင္ႏိုင္ေရးအတြက္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ မတ္(၂၄)ရက္တြင္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္ႏွင့္ ပတ္သက္သည့္ အဆိုျပဳစာတြဲ (Nomination File) ကို UNESCO ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ေကာ္မတီသို႔ ေပးပို႔တင္သြင္းခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ တင္သြင္းထားသည့္ “ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္”အဆိုျပဳစာတြဲကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ပါဝင္ႏိုင္ေရးႏွင့္ပတ္သက္၍ ပါရာေဂြးႏိုင္ငံ၊ အာဆြန္စီယြန္ၿမိဳ႕၌ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ(၂)ရက္မွ (၇)ရက္အထိ က်င္းပသည့္ (၁၉)ႀကိမ္ေျမာက္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ညီလာခံတြင္ တရားဝင္ဆုံးျဖတ္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံမွတင္သြင္းသည့္ “ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္”သည္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ပထမဆုံးတရားဝင္ပါဝင္ႏိုင္ခဲ့ၿပီျဖစ္ ေၾကာင္း သိရသည္။
“ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္”ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ပါဝင္ျခင္းအားျဖင့္ သၾကၤန္ပြဲေတာ္ကို ကမာၻကပိုမိုသိရွိလာႏိုင္ျခင္းႏွင့္ မ်ိဳးဆက္သစ္ေနာင္လာ ေနာင္သားမ်ားကို လက္ဆင့္ကမ္းအေမြေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အျခားေသာ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္း တင္သြင္းႏိုင္ေရးအတြက္ အေတြ႕အႀကဳံေကာင္းမ်ား ႏွင့္ အခြင့္အလမ္းေကာင္းမ်ားကိုလည္း ပိုမိုရရွိလာသည့္ အက်ိဳးေက်းဇူးမ်ားရရွိမည္ျဖစ္ေၾကာင္း နစက၏အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။