အလှကုန်ပစ္စည်းအမျိုးအစား(၂၀)နှင့် စားသောက်ကုန်(၂၁)မျိုးကို သုံးစွဲရန်မသင့်ကြောင်း FDA Myanmar အသိပေး
17211
ယွန်း (NP News) - ဒီဇင်ဘာ ၅
အလှကုန်ပစ္စည်းအမျိုးအစား(၂၀)နှင့် စားသောက်ကုန်(၂၁)မျိုးကို သုံးစွဲရန်မသင့်ကြောင်း FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က ယနေ့(ဒီဇင်ဘာ ၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အာဆီယံဒေသတွင်းနိုင်ငံများ၏ Post- Marketing Alert System(PMAS) Report အစီအစဥ်အရ အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်း (၂၀)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသဖြင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း FDA Myanmar က ဆိုထားသည်။
အဆိုပါအလှကုန်ပစ္စည်းများကို မလေးရှား၊ ထိုင်း၊ စင်ကာပူ နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း အပါအဝင် ရောင်ရမ်းခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အစားအသောက်(၂၁)မျိုးတွင် စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်နိုင်သည့် ခွင့်မပြုဆိုးဆေးများနှင့် ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားကြောင်း သိရသည်။
အဆိုပါအစားအသောက်များတွင် Weslsy(Yogurt Milk)၊ DJ-BIOJ(စတော်ဘယ်ရီသီးအချိုရည်)၊ပြည်ကျော်(သစ်သီးယို)နှင့် ခေတ်သစ်(ပုန်းရည်ကြီး) အပါအဝင် စားသောက်ကုန်(၂၁)မျိုးပါဝင်ပြီး ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း FDA Myanmar က ဆိုထားသည်။
ထို့ကြောင့် အစားအသောက်ထုတ်ကုန်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသောဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်နှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်စွက်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန် အသိပေးထား သည်။
ထို့ပြင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေး ယူမည်ဖြစ်ကြောင်း FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။
zawgyi version
အလွကုန္ပစၥည္းအမ်ိဳးအစား(၂၀)ႏွင့္ စားေသာက္ကုန္(၂၁)မ်ိဳးကို သုံးစြဲရန္မသင့္ေၾကာင္း FDA Myanmar အသိေပး
ယြန္း (NP News) - ဒီဇင္ဘာ ၅
အလွကုန္ပစၥည္းအမ်ိဳးအစား(၂၀)ႏွင့္ စားေသာက္ကုန္(၂၁)မ်ိဳးကို သုံးစြဲရန္မသင့္ေၾကာင္း FDA Myanmar က အသိေပးထုတ္ျပန္ထားသည္။ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA Myanmar) က ယေန႔(ဒီဇင္ဘာ ၅ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အာဆီယံေဒသတြင္းႏိုင္ငံမ်ား၏ Post- Marketing Alert System(PMAS) Report အစီအစဥ္အရ အာဆီယံေဒသတြင္းေတြ႕ရွိရေသာ တားျမစ္ဓာတုပစၥည္းပါဝင္သည့္ အလွကုန္ပစၥည္း (၂၀)မ်ိဳးသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေၾကာင္း သိရသည္။
ထို႔ျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနသျဖင့္ အမ်ားျပည္သူသုံးစြဲရန္ မသင့္ေၾကာင္း FDA Myanmar က ဆိုထားသည္။
အဆိုပါအလွကုန္ပစၥည္းမ်ားကို မေလးရွား၊ ထိုင္း၊ စင္ကာပူ ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔တြင္ စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တားျမစ္ဓာတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း အပါအဝင္ ေရာင္ရမ္းျခင္း၊ အေရျပားမွတဆင့္ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူ၍ ထုံက်င္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အလားတူ ေဈးကြက္မ်ားတြင္ ေရာင္းခ်လ်က္ရွိေသာ အစားအေသာက္မ်ားကို ေဈးမ်ား၊ ေက်ာင္းမုန႔္ေဈးတန္းမ်ားမွ ဝယ္ယူစစ္ေဆးရာ အစားအေသာက္(၂၁)မ်ိဳးတြင္ စားသုံးသူမ်ား၏ က်န္းမာေရးကိုထိခိုက္ႏိုင္သည့္ ခြင့္မျပဳဆိုးေဆးမ်ားႏွင့္ ခြင့္ျပဳအစားအေသာက္ ထပ္ျဖည့္ပစၥည္းမ်ားကို သတ္မွတ္ပမာဏထက္ ပိုမိုေက်ာ္လြန္သုံးစြဲထားေၾကာင္း သိရသည္။
အဆိုပါအစားအေသာက္မ်ားတြင္ Weslsy(Yogurt Milk)၊ DJ-BIOJ(စေတာ္ဘယ္ရီသီးအခ်ိဳရည္)၊ျပည္ေက်ာ္(သစ္သီးယို)ႏွင့္ ေခတ္သစ္(ပုန္းရည္ႀကီး) အပါအဝင္ စားေသာက္ကုန္(၂၁)မ်ိဳးပါဝင္ၿပီး ေရရွည္စားသုံးမိပါက အစာအိမ္၊ အသည္း၊ ေက်ာက္ကပ္မ်ား ပ်က္စီးျခင္းႏွင့္ ကင္ဆာေရာဂါမ်ားျဖစ္ပြားႏိုင္ေၾကာင္း FDA Myanmar က ဆိုထားသည္။
ထို႔ေၾကာင့္ အစားအေသာက္ထုတ္ကုန္၊ ျဖန႔္ျဖဴး၊ ေရာင္းခ်သူမ်ားသည္ အစားအေသာက္တြင္ သုံးစြဲရန္ခြင့္မျပဳေသာဆိုးေဆးမ်ား၊ ခြင့္မျပဳတာရွည္ခံ ဓာတုပစၥည္းမ်ားကို လုံးဝအသုံးမျပဳရန္ႏွင့္ ခြင့္ျပဳအစားအေသာက္ထပ္ျဖည့္စြက္ပစၥည္းမ်ားကို သတ္မွတ္ပမာဏအတြင္းသာ အသုံးျပဳရန္ အသိေပးထား သည္။
ထို႔ျပင္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒပုဒ္မ ၂၈(က)အရ အေရး ယူမည္ျဖစ္ေၾကာင္း FDA Myanmar က အသိေပးထုတ္ျပန္ထားသည္။