ပြည်သူအတွက် အကျိုးအမြတ်မရှိပဲ အရှုံးပြနေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပြန်လည်စိစစ်ကာ ရပ်တန့်သင့်ကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်း ထောက်ပြ
4780
ယွန်း (NP News) - ဒီဇင်ဘာ ၅
ပြည်သူအတွက် အကျိုးအမြတ်မရှိပဲ အရှုံးပြနေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပြန်လည်စိစစ်ကာ ရပ်တန့်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ပြပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှစ၍ လက်ရှိအချိန်အထိ ပြည်ထောင်စုရငွေ၊ သုံးငွေများနှင့်ပတ်သက်၍ နှစ်စဉ်လိုလိုဆိုသကဲ့သို့ လိုငွေပြနေလျက်ရှိသည်။
ထို့ကြောင့် နိုင်ငံအတွက်အကျိုးရှိမည့် လုပ်ငန်းများကို အားပေးမည်ဖြစ်ပြီး အကျိုးအမြတ်ဖော်ဆောင်ပေးနိုင်မှုမရှိသည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်၍ ရပ်တန့်သင့်က ရပ်တန့်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌက ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြောကြားထားသည်။
လက်ရှိတွင် အစိုးရအနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း လုပ်ငန်းအများစုမှာ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
“နိုင်ငံတော်အနေနဲ့လုပ်တဲ့ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေရှိတယ်။ အဲဒီလုပ်ငန်းတွေကိုပြောတာပေါ့။ အဲဒါတွေလုပ်ငန်းတွေက တော်တော်များများက အရှုံးတွေပဲပြတာကများတယ်။ အဲဒီထဲကနေမှ ပြန်စိစစ်သုံးသပ်ပြီးတော့ တချို့လုပ်ငန်းတွေကိုတော့ ဆက်လုပ်မယ်၊ တချို့လုပ်ငန်းတွေကိုတော့ ရပ်လိုက်မှာပေါ့။ အစိုးရလုပ်တဲ့စီမံကိန်းတွေက မြတ်တာဆိုလို့ရှိမှမရှိတာ။ အကုန်နီးပါးရှုံးနေတာပဲ။ ရှုံးပေမယ့် အစိုးရဆိုတာက ပြည်သူလူထုအတွက် အကျိုးရှိရင် အရှုံးခံသင့်ရင်ခံရမယ်ဆိုတဲ့ လုပ်ငန်းတွေရှိတယ်။ အဲဒီလုပ်ငန်းတွေကတော့ ဆက်ကိုလုပ်ရမှာ။ ဒါပေမဲ့ အဲဒီထဲကမှ ပြည်သူအတွက်လည်း အကျိုးမရှိဘူးဆိုတာတွေကိုတော့ ရပ်ရမှာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
အဆိုပါ စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းများကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေများ ကုန်ဆုံးနေရပြီး ဖြုန်းတီးရာရောက်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
“အကျိုးအမြတ်မရှိတဲ့လုပ်ငန်းတွေ များနေတာက နိုင်ငံတော်ရဲ့ဘတ်ဂျက်တွေ ကုန်တာပေါ့။ လုပ်ပြီးတဲ့ဟာတွေကိုလည်း ပြီးအောင်ဆက်လုပ်ရတာတွေရှိတယ်။ ဆက်ပြီးတော့ကုန်ကျမှာတွေရှိတယ်။ အဓိက ကတော့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေ waste ဖြစ်တာပေါ့”ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
ပြည်တွင်း၌ ဆောက်လုပ်ရေးကဏ္ဍ အပါအဝင် အများပြည်သူကိုဝန်ဆောင်မှုပေးရသည့် ကဏ္ဍများတွင် ကြီးမားသည့်ဆုံးရှုံးမှုများရှိနေသော်လည်း နိုင်ငံတော်အနေဖြင့် အရှုံးခံ၍ ဆောင်ရွက်နေရခြင်းများလည်း ရှိနေကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော (၂၀၂၄- ၂၀၂၅)ဘဏ္ဍာနှစ်၊ ဘဏ္ဍာရေးမူဝါဒစာတမ်းတွင် ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အသုံးစရိတ်သည် ငွေကျပ်ဘီလျံ(၁၇၀၀၀)ကျော်ရှိနိုင်ပြီး ကျပ်ဘီလျံ(၁၀၀၀)နီးပါး လိုငွေပြနိုင်ကြောင်း အသိပေးဖော်ပြထားသည်။ ထို့ကြောင့် အသုံးစရိတ်များကို စိစစ်သင့်ပြီး အများပြည်သူအကျိုးရှိမည့်လုပ်ငန်းများကိုလည်း စိစစ်ဆောင်ရွက်သင့်ကြောင်း အကြံပြုမှုများလည်းရှိနေသည်။
zawgyi version
ျပည္သူအတြက္ အက်ိဳးအျမတ္မရွိပဲ အရႈံးျပေနသည့္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ားကို ျပန္လည္စိစစ္ကာ ရပ္တန႔္သင့္ေၾကာင္း လုပ္ငန္းရွင္အသိုင္းအဝိုင္း ေထာက္ျပ
ယြန္း (NP News) - ဒီဇင္ဘာ ၅
ျပည္သူအတြက္ အက်ိဳးအျမတ္မရွိပဲ အရႈံးျပေနသည့္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ားကို ျပန္လည္စိစစ္ကာ ရပ္တန႔္သင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ အသိုင္းအဝိုင္းက ေထာက္ျပေျပာဆိုထားသည္။
ျမန္မာႏိုင္ငံတြင္ (၂၀၁၁-၂၀၁၂) ဘ႑ာႏွစ္မွစ၍ လက္ရွိအခ်ိန္အထိ ျပည္ေထာင္စုရေငြ၊ သုံးေငြမ်ားႏွင့္ပတ္သက္၍ ႏွစ္စဥ္လိုလိုဆိုသကဲ့သို႔ လိုေငြျပေနလ်က္ရွိသည္။
ထို႔ေၾကာင့္ ႏိုင္ငံအတြက္အက်ိဳးရွိမည့္ လုပ္ငန္းမ်ားကို အားေပးမည္ျဖစ္ၿပီး အက်ိဳးအျမတ္ေဖာ္ေဆာင္ေပးႏိုင္မႈမရွိသည့္ လုပ္ငန္းမ်ားကို ျပန္လည္သုံးသပ္၍ ရပ္တန႔္သင့္က ရပ္တန႔္သြားရန္လိုေၾကာင္း နစကဥကၠ႒က ယခုရက္ပိုင္းအတြင္း က်င္းပခဲ့သည့္ အစည္းအေဝး၌ ေျပာၾကားထားသည္။
လက္ရွိတြင္ အစိုးရအေနျဖင့္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေသာ္လည္း လုပ္ငန္းအမ်ားစုမွာ အရႈံးေပၚလ်က္ရွိေၾကာင္း သိရသည္။
“ႏိုင္ငံေတာ္အေနနဲ႔လုပ္တဲ့ စီမံကိန္းေတြ၊ စီးပြားေရးလုပ္ငန္းေတြရွိတယ္။ အဲဒီလုပ္ငန္းေတြကိုေျပာတာေပါ့။ အဲဒါေတြလုပ္ငန္းေတြက ေတာ္ေတာ္မ်ားမ်ားက အရႈံးေတြပဲျပတာကမ်ားတယ္။ အဲဒီထဲကေနမွ ျပန္စိစစ္သုံးသပ္ၿပီးေတာ့ တခ်ိဳ႕လုပ္ငန္းေတြကိုေတာ့ ဆက္လုပ္မယ္၊ တခ်ိဳ႕လုပ္ငန္းေတြကိုေတာ့ ရပ္လိုက္မွာေပါ့။ အစိုးရလုပ္တဲ့စီမံကိန္းေတြက ျမတ္တာဆိုလို႔ရွိမွမရွိတာ။ အကုန္နီးပါးရႈံးေနတာပဲ။ ရႈံးေပမယ့္ အစိုးရဆိုတာက ျပည္သူလူထုအတြက္ အက်ိဳးရွိရင္ အရႈံးခံသင့္ရင္ခံရမယ္ဆိုတဲ့ လုပ္ငန္းေတြရွိတယ္။ အဲဒီလုပ္ငန္းေတြကေတာ့ ဆက္ကိုလုပ္ရမွာ။ ဒါေပမဲ့ အဲဒီထဲကမွ ျပည္သူအတြက္လည္း အက်ိဳးမရွိဘူးဆိုတာေတြကိုေတာ့ ရပ္ရမွာေပါ့” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ စီမံကိန္းမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားေၾကာင့္ ႏိုင္ငံေတာ္၏ဘ႑ာေငြမ်ား ကုန္ဆုံးေနရၿပီး ျဖဳန္းတီးရာေရာက္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားက ဆိုသည္။
“အက်ိဳးအျမတ္မရွိတဲ့လုပ္ငန္းေတြ မ်ားေနတာက ႏိုင္ငံေတာ္ရဲ႕ဘတ္ဂ်က္ေတြ ကုန္တာေပါ့။ လုပ္ၿပီးတဲ့ဟာေတြကိုလည္း ၿပီးေအာင္ဆက္လုပ္ရတာေတြရွိတယ္။ ဆက္ၿပီးေတာ့ကုန္က်မွာေတြရွိတယ္။ အဓိက ကေတာ့ ႏိုင္ငံေတာ္ရဲ႕ဘ႑ာေငြေတြ waste ျဖစ္တာေပါ့”ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ေျပာသည္။
ျပည္တြင္း၌ ေဆာက္လုပ္ေရးက႑ အပါအဝင္ အမ်ားျပည္သူကိုဝန္ေဆာင္မႈေပးရသည့္ က႑မ်ားတြင္ ႀကီးမားသည့္ဆုံးရႈံးမႈမ်ားရွိေနေသာ္လည္း ႏိုင္ငံေတာ္အေနျဖင့္ အရႈံးခံ၍ ေဆာင္႐ြက္ေနရျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေသာ (၂၀၂၄- ၂၀၂၅)ဘ႑ာႏွစ္၊ ဘ႑ာေရးမူဝါဒစာတမ္းတြင္ ယခုဘ႑ာႏွစ္အတြင္း ႏိုင္ငံေတာ္ပိုင္စီးပြားေရးအဖြဲ႕အစည္းမ်ား၏ အသုံးစရိတ္သည္ ေငြက်ပ္ဘီလ်ံ(၁၇၀၀၀)ေက်ာ္ရွိႏိုင္ၿပီး က်ပ္ဘီလ်ံ(၁၀၀၀)နီးပါး လိုေငြျပႏိုင္ေၾကာင္း အသိေပးေဖာ္ျပထားသည္။ ထို႔ေၾကာင့္ အသုံးစရိတ္မ်ားကို စိစစ္သင့္ၿပီး အမ်ားျပည္သူအက်ိဳးရွိမည့္လုပ္ငန္းမ်ားကိုလည္း စိစစ္ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳမႈမ်ားလည္းရွိေနသည္။