ငွေကြေးချွေတာဖို့အတွက် ဝက်စာကိုစားပြခဲ့တဲ့တရုတ် streamer အမျိုးသမီး
964
Pika (NP News) - ဒီဇင်ဘာ ၅
တရုတ်နိုင်ငံတွင် နာမည်ကျော် Douyin streamer ကောင်ယီဖန်းဆိုသည့်အမျိုးသမီးသည် ငွေကြေးချွေတာရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဈေးသက်သာသောဝက်စာကိုစားပြခဲ့ပြီးနောက် အငြင်းပွားဝေဖန်မှုများကို ရင်ဆိုင်နေရကြောင်းသိရ သည်။ ကောင်ယီဖန်းဆိုသည့်အမျိုးသမီးသည် ၎င်း ရှာဖွေနိုင်သော ဈေးအသက်သာဆုံးအစားအစာကိုစား သောက်ပြသည့် ဗီဒီယိုဖိုင်တစ်ခုကို TikTok တရုတ်ဗားရှင်း Douyin ပေါ်တွင်တင်ခဲ့ပြီးနောက် ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
နာမည်ကြီး Streamer ကောင်ယီဖန်းက ၎င်းသည် ဘတ်ဂျက်အဆင်ပြေသော အကြံပြုချက် များကိုမျှဝေသည့် Zhihu ဝက်ဘ်ဆိုက်တွင် ရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီးနောက် အကောင်းဆုံးရွေးချယ် မှုအဖြစ် ဝက်စာကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ပရိသတ်များကို ပြောကြားခဲ့သည်။ ဝက်စာ အိတ်ကြီးတစ်ထုပ်သည် ယွမ်ငွေ(၁၀ဝ)သာကုန်ကျပြီး ပရိုတင်းဓာတ်များကာ အဆီနည်းပြီး အခြား အစားအစာများထက် ကျန်းမာရေးနှင့်ပိုညီညွတ်သည်ဟု ယုံကြည်သည့်အတွက် ၎င်း၏ပရိသတ်များ ရှေ့တွင် စားပြရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကောင်ယီဖန်းက ပြောကြားခဲ့သည်။
ဝက်စာတွင် ပဲပုပ်၊ မြေပဲ၊ နှမ်းနှင့် ပြောင်းတို့ကဲ့သို့သော သဘာဝပါဝင်ပစ္စည်းများပါဝင် ပြီး ဗီတာမင်ဓာတ်များလည်း ပေါင်း ထည့်ထားကာ အရသာဆိုးရွားမှုတစ်ခုသာရှိကြောင်း ကောင်ယီဖန်းက ပြောကြားခဲ့သည်။ ကောင်ယီ ဖန်းက “ဒီဝက်စာက ငန်ပြီး နည်းနည်းချဉ်ပါတယ်။ ရေအများကြီးသောက်ဖို့ တော့လိုပါတယ်” ဟုပြော ဆိုခဲ့သည်။ ကောင်ယီဖန်းသည် ရေနွေးနှင့်ရောထားသောဝက်စာများကို စားသောက်နေချိန်အတွင်း ယခု လိုပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အခြားလူများအနေဖြင့် အလွန်ဆင်းရဲခြင်းမျိုးမရှိပါက ၎င်း၏စံနမူနာ အတိုင်း လိုက်ပါမလုပ်ဆောင်ရန်ကောင်ယီဖန်းက သတိပေးခဲ့သော်လည်း ၎င်း၏ဗီဒီယိုကို အွန်လိုင်းပေါ်တွင် ဝေဖန်မှု အများအပြား လုပ်ဆောင်နေကြဆဲဖြစ်ကြောင်းလည်း သိရသည်။ လူအချို့က ကောင်ယီ ဖန်းသည် ငွေကြေးချွေတာသည့်နည်းလမ်းအဖြစ် လူသားတို့စားသုံးရန် မသင့်တော်သောအစားအစာ များကို ကြော်ငြာပေးနေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ကြပြီး လူအချို့က ၎င်းသည် Douyin ပလက် ဖောင်းပေါ်တွင် ကြည့်ရှုသူများရရှိရန်အတွက် ဘာမဆိုလုပ်ပြနေသည့်အမျိုး သမီးတစ်ဦးဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။
zawgyi version
ေငြေၾကးေခြၽတာဖို႔အတြက္ ဝက္စာကိုစားျပခဲ့တဲ့တ႐ုတ္ streamer အမ်ိဳးသမီး
Pika (NP News) - ဒီဇင္ဘာ ၅
တ႐ုတ္ႏိုင္ငံတြင္ နာမည္ေက်ာ္ Douyin streamer ေကာင္ယီဖန္းဆိုသည့္အမ်ိဳးသမီးသည္ ေငြေၾကးေခြၽတာရန္ႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္းအျဖစ္ ေဈးသက္သာေသာဝက္စာကိုစားျပခဲ့ၿပီးေနာက္ အျငင္းပြားေဝဖန္မႈမ်ားကို ရင္ဆိုင္ေနရေၾကာင္းသိရ သည္။ ေကာင္ယီဖန္းဆိုသည့္အမ်ိဳးသမီးသည္ ၎ ရွာေဖြႏိုင္ေသာ ေဈးအသက္သာဆုံးအစားအစာကိုစား ေသာက္ျပသည့္ ဗီဒီယိုဖိုင္တစ္ခုကို TikTok တ႐ုတ္ဗားရွင္း Douyin ေပၚတြင္တင္ခဲ့ၿပီးေနာက္ ေဝဖန္မႈမ်ားကို ႀကဳံေတြ႕ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
နာမည္ႀကီး Streamer ေကာင္ယီဖန္းက ၎သည္ ဘတ္ဂ်က္အဆင္ေျပေသာ အႀကံျပဳခ်က္ မ်ားကိုမွ်ေဝသည့္ Zhihu ဝက္ဘ္ဆိုက္တြင္ ရွာေဖြမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ အေကာင္းဆုံးေ႐ြးခ်ယ္ မႈအျဖစ္ ဝက္စာကိုရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ၎၏ပရိသတ္မ်ားကို ေျပာၾကားခဲ့သည္။ ဝက္စာ အိတ္ႀကီးတစ္ထုပ္သည္ ယြမ္ေငြ(၁၀ဝ)သာကုန္က်ၿပီး ပ႐ိုတင္းဓာတ္မ်ားကာ အဆီနည္းၿပီး အျခား အစားအစာမ်ားထက္ က်န္းမာေရးႏွင့္ပိုညီၫြတ္သည္ဟု ယုံၾကည္သည့္အတြက္ ၎၏ပရိသတ္မ်ား ေရွ႕တြင္ စားျပရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေကာင္ယီဖန္းက ေျပာၾကားခဲ့သည္။
ဝက္စာတြင္ ပဲပုပ္၊ ေျမပဲ၊ ႏွမ္းႏွင့္ ေျပာင္းတို႔ကဲ့သို႔ေသာ သဘာဝပါဝင္ပစၥည္းမ်ားပါဝင္ ၿပီး ဗီတာမင္ဓာတ္မ်ားလည္း ေပါင္း ထည့္ထားကာ အရသာဆိုး႐ြားမႈတစ္ခုသာရွိေၾကာင္း ေကာင္ယီဖန္းက ေျပာၾကားခဲ့သည္။ ေကာင္ယီ ဖန္းက “ဒီဝက္စာက ငန္ၿပီး နည္းနည္းခ်ဥ္ပါတယ္။ ေရအမ်ားႀကီးေသာက္ဖို႔ ေတာ့လိုပါတယ္” ဟုေျပာ ဆိုခဲ့သည္။ ေကာင္ယီဖန္းသည္ ေရေႏြးႏွင့္ေရာထားေသာဝက္စာမ်ားကို စားေသာက္ေနခ်ိန္အတြင္း ယခု လိုေျပာဆိုခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ အျခားလူမ်ားအေနျဖင့္ အလြန္ဆင္းရဲျခင္းမ်ိဳးမရွိပါက ၎၏စံနမူနာ အတိုင္း လိုက္ပါမလုပ္ေဆာင္ရန္ေကာင္ယီဖန္းက သတိေပးခဲ့ေသာ္လည္း ၎၏ဗီဒီယိုကို အြန္လိုင္းေပၚတြင္ ေဝဖန္မႈ အမ်ားအျပား လုပ္ေဆာင္ေနၾကဆဲျဖစ္ေၾကာင္းလည္း သိရသည္။ လူအခ်ိဳ႕က ေကာင္ယီ ဖန္းသည္ ေငြေၾကးေခြၽတာသည့္နည္းလမ္းအျဖစ္ လူသားတို႔စားသုံးရန္ မသင့္ေတာ္ေသာအစားအစာ မ်ားကို ေၾကာ္ျငာေပးေနျခင္းျဖစ္ေၾကာင္း စြပ္စြဲေျပာဆိုခဲ့ၾကၿပီး လူအခ်ိဳ႕က ၎သည္ Douyin ပလက္ ေဖာင္းေပၚတြင္ ၾကည့္ရႈသူမ်ားရရွိရန္အတြက္ ဘာမဆိုလုပ္ျပေနသည့္အမ်ိဳး သမီးတစ္ဦးျဖစ္ေၾကာင္း စြပ္စြဲေျပာဆိုခဲ့ၾကသည္။