“နိုင်ငံတော်အကြီးအကဲတွေက စေတနာ၊ မေတ္တာကြီးမားစွာနဲ့ အားသွန်ခွန်စိုက်လုပ်ပါတယ်။ သို့သော် လှေကြီးထိုး ရိုးရိုးဖြစ်နေတယ်” (လယ်ယာစိုက်ပျိုးရေးကဏ္ဍဆွေးနွေးခန်း)

 3691

ယွန်း (NP News) - ဒီဇင်ဘာ ၅

လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ပြီး နိုင်ငံ၏ဂျီဒီပီ အတွက် လယ်ယာစိုက်ပျိုးရေးတွင် အများဆုံး မှီတည်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများအပြင် သဘာဝအရင်းအမြစ်များရှိနေသော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အခြားအိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက အားနည်းနေသည် ကိုတွေ့မြင်ရသည်။ (၂၀၂၀-၂၀၂၁) ခုနှစ်တွင် စိုက် ပျိုးမြေဧရိယာ (၃၄ ဒသမ ၃၅၄) သန်း ရှိခဲ့ပြီး (၂၀၂၁-၂၀၂၂) ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ စုစုပေါင်းဧက (၃၄ ဒသမ ၅၀၃)သန်း ရှိလာခဲ့သည်။ သို့သော် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပေါ်၌ ခေတ်အဆက်အဆက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ဆောင်မှုများသည် ထူးခြားသည့်ပြောင်းလဲမှုမျိုးရှိလာသည်ကို လက်ရှိအချိန်ထိ တွေ့မြင်ရခြင်းမရှိပေ။ ထို့ပြင် ပြည်တွင်း၌ ကိုဗစ်ကာလ မှစ၍ လယ်ယာလုပ်သားရှားပါးမှုကို ကြုံတွေ့ခဲ့ရပြီး စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်းနှင့် ဝင်ငွေရရှိနည်းပါး ခြင်းကြောင့် လယ်ယာမြေကို စွန့်ခွာသည့် လယ်ယာလုပ်သား များပြားလာသည်ကိုလည်းတွေ့မြင်ရသည်။ ထို့ကြောင့် တောင်သူ လယ်သမားများ၏ဘဝ တိုးတက်လာနိုင်စေရေးအတွက် ပြုပြင် ပြောင်းလဲသင့်သည်များ၊ စီမံခန့်ခွဲမှုအခြေအနေများနှင့် ပတ်သက်၍ NP News က ဆက်သွယ်မေးမြန်းထားသည့် ယွန်းလျှံလယ်ယာအထောက် အကူပြုစခန်းမှတာဝန်ရှိသူ ဦးအောင်မျိုးဦး၏ အကြံပြုချက်များကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။

မေး- လက်ရှိမြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍအပေါ် အန်ကယ့်အနေနဲ့ ဘယ်လိုမြင်မိလဲ။
ဖြေ-လက်ရှိ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ စိုက် ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းကို ကျွန်တော်ရဲ့ ပုဂ္ဂလိ ကအမြင်အရ ကျွန်တော်တို့နိုင်ငံက ပိုင်ဆိုင်ထားတဲ့ ရေ၊ မြေ၊ သဘာဝ အရင်းအမြစ်တွေပြီးရင် တိုင်းပြည် လူဦးရေရဲ့ (၇၀%) ခန့်ရှိသော ကျေးလက်နေ ပြည်သူတွေ၊ တောင်သူလယ်သမားတွေရဲ့ အရင်းအမြစ်ပေါ့ ဒီအရင်းအမြစ်တွေအားလုံးအရ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ထုတ်လုပ်နိုင်တဲ့အရည်အသွေးရဲ့ ပမာဏတွေထက် အများကြီးနိမ့်ကျနေတဲ့အခြေအနေဖြစ်ပါတယ်။

မေး- မြန်မာနိုင်ငံအနေနဲ့ ရေခံမြေခံလည်း ကောင်းတယ်။ ပြီးရင် သဘာဝအရင်းအမြစ်တွေ ရှိနေပေမယ့် တခြားအိမ်နီး ချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် စိုက်ပျိုးရေးမှာ တော်တော်အားနည်းနေတာတွေ့ရတယ်။ ဘာကြောင့်လဲ။
ဖြေ-ဖွံ့ဖြိုးတိုးတက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘာကြောင့်ကျွန်တော်တို့ထက်ပိုသာနေလဲ။ ကျွန် တော်တို့က ဘာကြောင့် ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ရေခံ၊ မြေခံသဘာဝအရင်းအမြစ်တွေ ရှိနေတာထက် ဘာလို့ဒီလောက် နိမ့်ကျစွာ ထွက်နှုန်းရဲ့ပမာဏနဲ့ ထုတ်လုပ်နိုင်တဲ့ပမာဏနဲ့ အရည်အသွေးတွေ နိမ့်ကျနေတာလဲဆိုတာကို ကျွန်တော့်ရဲ့ တွေ့ရှိချက်ကတော့ ဒီလိုရှိပါတယ်။ ဘာလဲဆိုတော့ ပထမတစ်ချက်ကတော့ မျိုးစေ့ပေါ့။ မျိုးစေ့က လေ့လာကြည့် သလောက် တရုတ်နိုင်ငံဆိုရင် မျိုးစေ့တစ်စေ့ကို သုံး၊ လေးနှစ်လောက်သုံးပြီးရင် သူ့ထက်ကောင်းတဲ့မျိုးစေ့ ကို ထပ်ပြီး တော့ စဉ်ဆက်မပြတ်သုတေသနပြုပြီး ထုတ်လုပ်နိုင်ကြတယ်။ ကျွန်တော်တို့ဆီက စိုက်ပျိုးရေးသုတေသနနဲ့ စိုက်ပျိုး ရေးပညာရှင်တွေကလည်း ဆောင်ရွက်ကြပါတယ်။ သို့သော် ဘာကွာခြား နေလဲဆိုတော့ ကျွန်တော်တို့နိုင်ငံက မျိုးကောင်းမျိုးသန့်မျိုးစေ့များသည် တိုင်းပြည်စိုက်ပျိုးထားတဲ့ ဧရိယာတွေအားလုံးရဲ့ (၃၅% နဲ့ ၄၀%) ထက်မပို ဘူးဗျ။ အဲဒီထက်ပိုပြီးတော့ မျိုးကောင်းမျိုးသန့် မျိုးစေ့လွှမ်းခြုံနိုင်မှုသည် ကျွန်တော်က ပိုပိုသာသာ ပြောတာပါ ဒီ့ထက် နည်းနိုင်ပါတယ်။ (၄၀%)ထက်ပိုပြီးတော့ ကျွန်တော်တို့နိုင်ငံစိုက်ပျိုးမြေတွေကို မလွှမ်းခြုံနိုင်ဘူး။ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ တစ်ဧက ရဲ့ထွက်နှုန်းသည် မိရိုးဖလာမျိုးချန်တဲ့စနစ်နဲ့စိုက်တာနဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့စနစ်နဲ့ စိုက်တာက တစ်ဧကထွက်နှုန်းသည် အနည်းဆုံး (၁၀) တင်းကနေ၊ (၁၅)တင်းကြား ထွက်နှုန်းကွာခြားချက်ရှိပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ ပျမ်းမျှမှန်းဆရင် တိုင်းပြည် တစ်ပြည်လုံးကိုများ သို့မဟုတ် တိုင်းပြည်ရဲ့စိုက်ပျိုးမြေဧရိယာရဲ့ အများစုကိုများ မျိုးကောင်းမျိုးသန့်မျိုးစေ့များ လွှမ်းခြုံဖြန့်ဖြူးနိုင်မယ်ဆိုရင် စပါးတင်းသန်း ပေါင်း (၁၀ဝ) ဝန်းကျင် လောက် ထွက်နှုန်း ယခုထက် ပိုတက်လာမှာ။ ဒါက မျိုးစေ့တစ်ခုတည်းကိုပဲ ပြောတာနော်။ ထွက်နှုန်းတက်လာ မှာဖြစ်ပါတယ်။

မေး- အဲဒါဆိုရင် ခုနပြောတဲ့စပါးတင်းသန်းပေါင်း (၁၀ဝ)ထွက်နှုန်းပိုတက်လာဖို့အတွက် လိုအပ်တဲ့ မျိုးစေ့ကို ပြည်တွင်းမှာ မထုတ်နိုင်တာလား။ ဘယ်လို နည်းနဲ့ထုတ်ရင်ရလဲ။
ဖြေ- ပြည်တွင်းမှာ စားသုံးတာပဲဖြစ်စေ၊ ပြည်ပ ကိုတင်ပို့တာအတွက်ပဲဖြစ်စေ အရည်အသွေး ကလည်း ဈေးနှုန်း အပေါ်မှာအများကြီး သက်ရောက်သည့်အတွက် တောင်သူလယ်သမားနဲ့ကျေးလက်နေပြည်သူတို့ရဲ့ ဝင်ငွေရရှိမှု အပေါ်မှာ ကွာခြားချက်များစွာဖြစ်ပေါ်စေပါတယ်။ မျိုးကောင်းမျိုးသန့်မျိုးစေ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မှု အားနည်း ချက်ရှိနေပါတယ်။ အဲဒါကို ဘယ်လိုကုစား မလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ အဲဒီလိုကုစားဖို့ဆိုရင် နိုင်ငံတော်အစိုးရရဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တစ်ခုတည်းအပေါ်မှာ အကုန်ပုံချထားရင်လည်း ရက်စက်လွန်းရာကျပါတယ်။ တကယ်ဆိုရင် ဒီကိစ္စဟာ အစိုးရဌာနတစ်ခုတည်း တာဝန်ယူလို့လည်းမနိုင်ပါဘူး။ ပြည်သူလူထုဖြစ်တဲ့ ကျေးလက်နေ တောင်သူလယ် သမားတွေက သူတို့ပါပူးပေါင်းပါဝင်မှ တစ်နိုင်ငံလုံးကို covering ဖြစ်မှာပါ။ လုပ်လို့ရတဲ့ နည်းလမ်းက ကျွန်တော်တို့နိုင်ငံရဲ့ သီးနှံဖြစ်တဲ့ ဥပမာ-စပါးပေါ့။ စပါးဆိုရင် မိုးစပါးက ဧကအများကြီးဖြစ်ပါတယ်။ (၁၃) သန်းခန့်ရှိ တယ်လို့ပြောပါတယ်။ ဒါကတော့ ကျွန်တော်သိသလောက်ပေါ့။ တကယ်ကတော့ နိုင်ငံတော်မှာ စာရင်းအတိအကျရှိပါ တယ်။ အဲဒီတော့ မိုးစပါး စိုက်ဧကအများစုအတွက် မျိုးစေ့သည် နွေစပါးရာသီ မှာထုတ်ရမှာပါ။ နွေရာသီမှာ ထုတ်တဲ့မျိုးစေ့သည် မိုးတွင်းမှာစိုက်ရမှာဖြစ်ပါတယ်။ အဲဒီတော့ မိုးစပါး စိုက်ပျိုးနိုင်တဲ့အတွက် သူရဲ့စိုက်ပျိုးရေး အစီအစဉ်ကို နောက်ပြန်ဆွဲရင် မိုးစပါးကိုပျမ်းမျှဇွန်လမှာ စပြီးစိုက် ကြမယ်ဆိုရင် မေလလယ်လောက်ကစပြီး မျိုးကောင်း မျိုးသန့်မျိုးစေ့ကို တောင်သူတွေလက်ထဲကို စတင် ဖြန့်ဖြူးတဲ့ကိစ္စကို စတင်ရမှာဖြစ်ပါတယ်။ အဲဒီလို စတင်ဖို့ ဆိုရင် (၅) လပိုင်း လလယ်လောက်မှာ မျိုးစေ့ စချနိုင်ဖို့ဆိုရင် (၅) လပိုင်း လဆန်းလောက်မှာ မျိုး စေ့များသည် ရိတ်သိမ်း ပြီးဖြစ်ထားရတဲ့အခြေအနေ ဖြစ်ပါတယ်။ (၅) လပိုင်းလဆန်းလောက်မှာ မျိုးစေ့ထုတ်တဲ့စပါးခင်းတွေရိတ်သိမ်းဖို့ဆိုရင် ဇန်နဝါရီလ ပထမပတ်လောက်မှာတည်းကစပြီးတော့ မျိုးစေ့ထုတ်တဲ့ စိုက်ခင်းတွေကို ကောက်စိုက်ရမှာဖြစ်တယ်။ ကောက် စိုက်နိုင်ဖို့ဆိုရင် သူ့ကိုပျိုးထောင်ဖို့သည် ပျိုးသက် ရက် (၂၀) နဲ့ (၁၅) ရက်ကြားလို့ မှန်းဆကြတဲ့အတွက် နောက်ပြန်ဆုတ်ပြီး ပြန်တွက်ရင် မျိုးစေ့ထုတ်စိုက်ခင်း များအတွက် ပျိုးထောင်မယ့်ပျိုးခင်းများသည် ဇန်နဝါရီလ ပထမပတ်မှာ ကောက်စိုက်နိုင်ဖို့ဆိုရင် ဒီဇင် ဘာလ (၁၀) ရက်ဝန်းကျင်ကျော်ရင် ပျိုးခင်းတွေကို ပျိုးထောင်ရမယ်ဆိုတဲ့ သဘောကိုသွားတွေ့ရတယ်။ ပြီးရင် ပျိုးခင်းကို လယ်သမားစကားအရ တမန်းပုတ် အောင်လုပ်ဖို့ဆိုရင် ထွန်ခြင်း၊ ယက်ခြင်းအဆင့်ဆင့်ကို လုပ်ဖို့ဆိုရင် ပျိုးခင်းကို နိုဝင်ဘာ ဒုတိယပတ် လောက်တည်းက ပျိုးခင်းကို ထွန်မယ်၊ ယက်မယ်၊ ရေကဲ့ မယ်စသည်ဖြင့် တောင်သူတွေလုပ်တဲ့ အဆင့်အတိုင်း လုပ်ရမယ်။ အဲဒီတော့ နိုဝင်ဘာ ဒုတိယပတ်မှာ ပျိုးခင်း တွေကိုရေပေးရမယ်။ အဲဒီလိုရေပေးရမယ့်အချိန်မှာ Where is water ? ဆိုတဲ့ စကားလုံးပေါ်လာပြီ။ နိုဝင်ဘာလမှာ မိုးပေါ်ကရေမလာဘူး။ အဖြေတစ်ခုပဲရှိတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ ဒုဋ္ဌဝတီ အစရှိသဖြင့် ရေချိုမြစ် တွေများ စွာရှိတယ်။ ‌အဖြေကဘာ ထွက်လဲဆိုတော့ ရေချိုမြစ်တွေရဲ့ အနီးတစ်ဝိုက် မြစ်ရေတင်လို့ရတဲ့အနီးတစ်ဝိုက်မှာ ရေလွယ်တဲ့နေရာတွေမှာ မျိုးစေ့ထုတ်ပျိုးခင်းတွေလုပ်ရမယ်ဆိုတဲ့ အဖြေထွက်လာတယ်။ နောက်ထပ်တစ်ခုက အနယ်နယ် အရပ်ရပ်မှာတည်ရှိသော ဆည်မြောင်းတာတမံတွေရဲ့ အရင်းတွေမှာကပ်ပြီးတော့ မျိုးစေ့ထုတ်တဲ့ပျိုးခင်း တွေကို လုပ်နိုင်မယ်ဆိုရင် လိုသလောက်ရေလေးကို လိုတဲ့အချိန်မှာ ဆွဲယူလို့ရရင် အဲဒီအချိန်မှာ ရေစယူ ပြီးစိုက်လိုက်တဲ့ ပျိုးခင်းသည် သင်္ကြန်ပြီးတာနဲ့ ရိတ်လို့ရပြီ။ ရိတ်လို့ရပြီဆိုရင် (၅) လပိုင်း လဆန်းတာနဲ့ မျိုးစေ့များသည် သက်ဆိုင်ရာဂိုဒေါင်ထဲကိုရောက်ပြီ (၅) လပိုင်း လလယ်လောက်မှာ စပြီးသက်ဆိုင်ရာ တောင်သူတွေဆီကို ဖြန့်လို့ရပြီ။ အဲဒါကနိုင်ငံတော်က စီမံမှရမယ့် ကိစ္စပါ။ နိုင်ငံတော်က မျိုးစေ့ထုတ်လို့ ရေရနိုင်ခြေရှိသော နေရာအားလုံးကို မျိုးစေ့ထုတ်နိုင် ဖို့အတွက် သတ်သတ်မှတ်မှတ်ကို စီမံရမယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။

မေး- အဲဒီလို မျိုးစေ့ထုတ်ဖို့ဆိုရင် တောင်သူလယ် သမားတွေအတွက် ကုန်ကျစရိတ်ဆိုတာရှိမှာပဲလေ။ အဲဒီကုန်ကျ စရိတ်ကကော တောင်သူလယ်သမားတွေ အတွက် အဆင်ပြေနိုင်ပါ့မလား။
ဖြေ- မျိုးစေ့ထုတ်ရင် လက်ရှိစိုက်ပျိုးစရိတ်အရ မျိုးစေ့ထုတ်တဲ့စိုက်ခင်းတစ်ဧကသည် စိုက်ပျိုးစရိတ်က ပျမ်းမျှ(၁၂)သိန်း ဝန်းကျင်ရှိပါတယ်။ မြန်မာငွေ (၁၂) သိန်းကျပ် ရင်းမှရမှာပါ။ အဲဒီတော့ ကျေးလက်နေ တောင်သူလယ်သမားတိုင်းသည် တစ်ဧကကို (၁၂) သိန်း ရင်းပြီးတော့ မျိုးစေ့ထုတ်နိုင်ဖို့အတွက် အခက် အခဲများစွာရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီများသည်လည်း တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ သူတို့လွှမ်းခြုံနိုင်ဖို့ မစွမ်းနိုင်ပါဘူး။ ဒါကိုနိုင်ငံတော်က နည်းလမ်းတစ်ခုနဲ့ မျိုးစေ့ထုတ်တဲ့တောင်သူတွေနဲ့ တိုက်ရိုက်ဆောင်ရွက်ရမယ်ဆိုတဲ့အဖြေလည်း တွေ့ ရပါတယ်။ ဒါကမျိုးစေ့ကြောင့် ထွက်နှုန်းတင်းပေါင်း သန်း (၁၀ဝ) လောက် လျော့နေတာရယ်၊ ဒီဟာကို လုပ်လိုက်နိုင်ရင် တိုးလာမှာရယ်ကို ပြောပြတာပါ။ အဲဒီတော့ တစ်ဧကကို (၁၂) သိန်းလောက်ဆိုတဲ့ ငွေကြေးကိစ္စက နိုင်ငံတော်က ဦး‌ဆောင်ဆိုပေမယ့် အရာခပ်သိမ်းကို နိုင်ငံတော်၊ နိုင်ငံတော်ဆိုပြီး ခေါင်းတင်ပြန်ရင်လည်း နိုင်ငံတော်မှာ ဝန်တွေလေးလှပါတယ်။ ဒါသည် ကမ္ဘာလုံးဆိုင်ရာ Food Security ဖြစ်တဲ့အတွက် စားနပ်ရိက္ခာလုံခြုံရေး အကြောင်း အရာခေါင်းစဉ်နဲ့ မိတ်ဖက်ဖြစ်သော နိုင်ငံအချို့ကနေ ဒီလုပ်ငန်းအတွက် သေသေချာချာ ရည်ရွယ်ပြီးတော့ ချေးငွေကမ်းလှမ်းလို့ရပါတယ်။ ပြောချင်တာက တိုင်း ပြည်ရဲ့ဘဏ္ဍာငွေနဲ့ မလုံလောက်ခဲ့ရင်တောင်မှ ကမ္ဘာလုံးဆိုင်ရာ Food Security ဆိုတာကို ဖော်ဆောင်ဖို့အတွက် ဒီလုပ်ငန်းစဉ်ကို သေသေချာချာ ချပြပြီးတော့ မိတ်ဖက်နိုင်ငံများနဲ့ ပေါင်းစပ်၍ရနိုင်တဲ့ နိုင်ငံခြားချေးငွေကို ချေးပြီးတော့ တိုက်ရိုက်ဒီလုပ်ငန်းထဲကို ထည့်ပေးမယ်ဆိုရင် ပြေလည်သွားမယ့် အချက်ပဲဖြစ် တယ်။ စပါးတင်း သန်းပေါင်း (၁၀ဝ) ‌လောက်ပိုထွက် လာမယ်ဆိုတဲ့ကိစ္စဖြစ်ပါတယ်။

မေး- အခုဆိုရင် စိုက်ပျိုးစရိတ်ကြီးမြင့်မှုတွေကလည်းဆိုးလာတယ်။ ပြီးရင် တောင်သူလယ်သမား တွေရဲ့ဝင်ငွေက လည်း တိုးမလာတဲ့အတွက် လယ်ယာလုပ်သားရှားပါးမှုကို ပိုပြီးရင်ဆိုင်လာကြရတယ်။ ဒီအပေါ်မှာ ကော ဘယ်လိုမြင် မိလဲ။
ဖြေ- လက်ရှိ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးစရိတ်က အမှန်ဆိုရင် ရိတ်သိမ်းခပါ အပါဆိုရင် (၈)သိန်းခွဲ၊ (၉) သိန်းပတ်ဝန်းကျင်လောက်ရှိတယ်။ ရိတ်ခြွေခ အပါပေါ့။ အဲဒီလိုမျိုးရင်းနှီးမြှုပ်နှံဖို့နဲ့ ပြန်ရတဲ့ အချိန်မှာတင်း (၁၀ဝ) ရရင်တောင်မှတင်း (၁၀ဝ) တန်ဖိုးက ဥပမာ- (၁၆) သိန်းဆိုရင်တောင် တစ်ရာ သီလုံးသူလုပ်တာ(၆)သိန်းကျန်မယ်။ သာမန် တောင် သူက (၃) ဧကပိုင်တယ်။ သူ့အနေနဲ့ ရာသီတစ်ရာသီမှာ (၁၈) သိန်းပဲရှိတယ်။ (၁၈) သိန်းကို တစ်နှစ်ပတ် လုံးမစားတောင်မှ (၈) လလောက်နဲ့စားရင် တောင်သူလယ်သမား သာမန်မိသားစုတစ်စုရဲ့ လယ်အပေါ် မှာအမှီပြုပြီး တစ်လ သူသုံးစွဲနိုင်တဲ့ဝင်ငွေသည် (၂) သိန်းဝန်းကျင်ပဲရှိတယ်။ လက်ရှိ လူနေမှုခေတ် စနစ်ရဲ့ကုန်ဈေးနှုန်းနဲ့ ဘယ်လိုမှ Cover မဖြစ်သည့်အတွက် တောင်သူလယ်သမား New Gener- ation တွေဟာ လယ်ယာမြေကို စွန့်ခွာနေတာ အရှိန် အဟုန်ကြီးနေပါပြီ။ အဲဒီတော့ တောင်သူလယ်သမား တွေကို ဝင်ငွေတက်အောင်လုပ်ပေးရတော့မယ်။

မေး- အဲဒီလို ဝင်ငွေတက်အောင်လုပ်ပေးဖို့ဆိုရင် နိုင်ငံတော်အနေနဲ့ တောင်သူလယ်သမားတွေကို ဘာ လုပ်ပေးသင့်လဲ။ ဘယ်လိုစနစ်နဲ့ စီမံခန့်ခွဲပေးသင့်လဲ။
ဖြေ- ဝင်ငွေတက်အောင်လုပ်ဖို့ဆိုရင် သူတို့ကို စိုက်ပျိုးထွက်ရှိလာတဲ့ထွက်ရှိမှုနှုန်းကိုလည်း တင်ပေးနိုင် အောင်ကြိုး စားရမှာဖြစ်သလို ဈေးနှုန်းအမြင့်ဆုံး ရအောင်လည်း အမြင့်ဆုံးရတဲ့ ဈေးကွက်အထိကို တောင်သူကိုဆွဲ ခေါ်နိုင်မယ့် Strategy တွေရေးဆွဲ ဖို့လိုလာပါပြီ။ ဥပမာ- တောင်သူနဲ့ စားသုံးသူရဲ့ ကြားထဲမှာ နံပါတ်-(၁) အောက်ခြေမှာ ပွဲစားလေး တွေရှိတယ်၊ မြို့နယ်ကပွဲရုံတွေရှိတယ်၊ ပြီးရင် တိုင်းကသို့မဟုတ်နိုင်ငံက ပွဲစားကြီးတွေကုန်သည်ကြီး တွေရှိတယ်။ ပြီးရင် နောက်တစ်ဆင့် နောက်တစ်ဆင့်နဲ့ တောင်သူလယ်သမားနဲ့ စားသုံးသူရဲ့ကြားထဲမှာ အဆင့်က အနည်းဆုံး (၆) ဆင့်လောက်ခံပါတယ်။ အဲဒီ(၆)ဆင့်၊ (၇)ဆင့်ရဲ့ကြားထဲမှာဆိုရင် တောင်သူ ရဲ့ရရှိတဲ့ငွေဟာ အများကြီး လျော့နည်းသွားပါတယ်။ တစ်ချို့အဆင့်တွေကို ကျော်လွန်ပယ်ဖျက်နိုင်ဖို့ အတွက်သို့မဟုတ်တောင်သူလယ်သမား တွေရဲ့အကျိုး စီးပွားအတွက်နိုင်ငံတော်ကို တစ်ကြိမ်တင်ပြဖူးပါတယ်။ ခေတ်နဲ့လျော်ညီသော Server တွေနဲ့အတူ တစ်နိုင်ငံလုံးမြို့နယ်တိုင်းကို Network ချိတ်ဆက်ထားတဲ့ ခေတ်မီ Electronic ကုန်စည်ဒိုင်တွေ မြို့နယ်တိုင်းမှာထား ပေးရတော့မယ်။ အဲဒီအခါကျတော့ ကုန်ရောင်းကုန်ဝယ်စနစ်တွေ တောင်သူတွေရဲ့ HR တွေလည်း မြင့်လာမယ်၊ သူတို့စပါးတွေရောင်းတာ ဝယ်တာတွေလည်း တဖြည်းဖြည်းမျက်စိပွင့်၊ နားပွင့် ဖြစ်လာမယ်။ ဈေးကွက်ကို အမြင့်ဆုံးရအောင် တောင်သူတွေစွမ်းဆောင်လာနိုင်မယ်။ ဒါကလည်း တစ်ဖက်က ကုန်အပ်လက်မှတ်စနစ်ပေါ့။ သီးနှံကို သိုလှောင်ရုံ အပ်နှံပြီးတော့မှ ငွေချေးတဲ့စနစ်ကို စီးပွားကူးသန်း ဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ သို့သော် အဲဒီစနစ်သည် တောင်သူလယ်သမားများ လက်လှမ်းမီသောစနစ် မဟုတ်ပါဘူး။ တောင်သူ လယ်သမားတွေ လက်လှမ်းမှီသောစနစ်ကို ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါကတော့ စနစ် ကိုပြောတာပါ။ နောက်တစ်ခု အရည်အသွေးအတွက်ဆိုရင် စိုက်ထယ်ရေးကောင်းဖို့ လိုတယ်။ သူတို့သည် ကြီးမြင့်လာသော စက်သုံးဆီ ဈေးနှုန်းနဲ့ ထွန်ယက်ခများကိုအကြောင်းပြု၍ သုံးစက်လောက် ထွန်ယက်ရ မယ့်နေရာမှာ တစ်စက်လောက်ပဲ ခပ်ကြမ်းကြမ်း ထွန်ပြီးတော့ ဒီတိုင်းအခြောက်ကြဲကြတဲ့ လယ်သမားတွေ များလာတယ်။ သူသုံးစက်လုံးထွန်နိုင်ဖို့ အတွက် စက်မှုလယ်ယာဦးစီးဌာနတစ်ခုတည်းကိုပဲ ရှိသမျှအရာအား လုံးပုံချထားလို့လည်း မနိုင်ပါဘူး။ သူတို့ရဲ့ လူအင် အား၊ စက်ယန္တရားအင်အား၊ လုပ်နိုင်စွမ်းအားနဲ့ တင် ပြချင်တာက ဒီဦးစီးဌာနတွေနဲ့အတူ ကျေးလက်နေ ပြည်သူတွေပါ ဝိုင်းလုပ်ရပါမယ်။ အဲဒီအတွက် လိုအပ်တဲ့ ဘတ်ဂျက်တွေကို ခုနတင်ပြသလို နိုင်ငံ အနေနဲ့ Food Security ကိုအကြောင်းပြုပြီး မိမိနဲ့အဆင်ပြေသော နိုင်ငံရပ်ခြားက ချေးငွေတစ်ခုခုကို တိုက်ရိုက်ရယူပြီးတော့ ဆောင်ရွက်သင့်ပါ တယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ စီမံမှုလွဲရင် ကျွန်တော်တို့မှာ နမူနာတစ်ခုရှိနေတယ်။ သမ္မတကြီးဦးသိန်းစိန် လက် ထက်က ဝန်ကြီးဦးကျော်ဆန်းဦးဆောင်ပြီးတော့ တရုတ်နိုင်ငံက China Exim Bank ကနေ ချေးငွေ တွေရယူပြီးတော့ သမဝါယမအသင်းတွေကို စိုက်ပျိုးမွေးမြူရေးတွေထူထောင် တိုးချဲ့ပေးတယ်။ ရည်ရွယ် ချက်လည်းအရမ်းကောင်းတယ်။ နိုင်ငံ့အကြီးအကဲ တွေ အားထုတ်ကြိုးပမ်းတာတွေလည်း လေးစားဖို့ ကောင်းတယ်။ သို့သော် စီမံမှုသည် လွဲချော်သွားတဲ့ အခါ အခုအချိန်ထိ ကျွန်တော်တို့ကြားသိရသလောက် Exim Bank ချေးငွေသည် မကျေနိုင်သေးတဲ့ အခြေ အနေအထိဖြစ်တယ်။ အဲဒီတော့ နိုင်ငံမှာရှိတဲ့ အခြေ ခံအကျဆုံးသော တောင်သူလယ်သမား Layer သည် လွတ်လပ်ရေး ရပြီးကတည်းက ယနေ့အချိန်အထိ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝသည် မြင့်တက်မလာနိုင်တာက ငြင်းမရတဲ့ ပကတိ အရှိပါ။ နိုင်ငံတာဝန်ရှိသူတွေ အစွမ်းကုန်ကြိုးစားနေကြပါ တယ် သို့သော် မြင့်တက်မလာဘူး။ ဒါဆိုရင် ပြုပြင်ပြောင်းလဲရတော့မယ်ဆိုတာကို အဖြေတွေ့ပါတယ်။
နိုင်ငံတာဝန်ရှိသူလူကြီးတွေဟာ စေတနာလည်း ကြီးမားပါတယ်။ မေတ္တာလည်းကြီးမားပါတယ်။ အားသွန် ခွန်စိုက်လုပ် ကြပါတယ်။ သို့သော် လှေကြီးထိုးရိုးရိုး ဒီစနစ်ဒီပုံစံအတိုင်းလုပ်နေတာ တောင်သူလယ်သမားရဲ့ လူမှုစီးပွားဘဝ တက်မလာဘူးဆိုတာ မျက်မြင် ကိုယ်တွေ့ဖြစ်နေတယ်။ စေတနာမှန်ပေမယ့် လုပ်နည်းစနစ်ကို ပြင်ဖို့သင့်တယ်။

မေး- ခုနပြောခဲ့တဲ့ လုပ်နည်းစနစ် ပြင်ဖို့လိုတယ်ဆို တာမျိုးက ဘာကိုပြောချင်တာလဲ။ ဘယ်လိုပြင်သင့်တာလဲ။
ဖြေ- လုပ်နည်းစနစ်ပြင်သင့်တယ်ဆိုတာ မွေးမြူရေး အတွက်ရော စိုက်ပျိုးရေးအတွက်ရော ပတ်သက်ပါ တယ်။ နိုင်ငံတော်အစိုးရက ဌာနဆိုင်ရာရယ်၊ ကျေးလက်နေ ပြည်သူလူထုရယ်၊ စိုက်ပျိုးရေးဆိုရင် စိုက် ပျိုးရေးပညာရှင်၊ မွေးမြူရေးဆိုရင် မွေးမြူရေး ပညာရှင်၊ စက်မှုလက်မှုဆိုရင် စက်မှုလက်မှုပညာ ရှင်တွေ ဒီလိုနယ်ပယ်အသီးသီးက ပညာရှင်တွေရယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေရယ် ဒီအလွှာလေးခုဟာ လက်တွဲပေါင်းစပ်ပြီးတော့ အတူတူ တက်ညီလက် ညီလုပ်မှရမယ်။
ကျွန်တော်တို့မြန်မာလူမျိုးတို့ရဲ့ဓလေ့က နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲပြီး၊ သုံးယောက်ရှိရင် လေးဖွဲ့ ကွဲတဲ့ ဓလေ့ကရှိပါတယ်။ အဲဒီလိုမျိုးလူတန်းစားလေး မျိုးပေါင်းပြီး လုပ်ဖို့အတွက်ဆိုရင် ခိုင်မာသော၊ လက် တွေ့ကျသော၊ စစ်မှန်သော အသင်းအဖွဲ့စည်းမျဉ်းကို ကျွန်တော်တို့ ရေးဆွဲရမှာဖြစ်ပါတယ်။ အသင်းအဖွဲ့စည်းမျဉ်းရေးဆွဲတယ်ဆို တာက ကျွန်တော် ကြားဖူး တာတစ်ခုရှိတယ်။ ဟုတ်မဟုတ်တော့ မသေချာဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံပို့ကုန်မဟာဗျူ ဟာ ရေးဆွဲ တဲ့အခါမှာ ဂျာမနီနိုင်ငံတို့ အပါအဝင် နိုင်ငံရပ်ခြားက ပညာရှင်တွေအများကြီးပဲ ပါဝင်ပြီးတော့ ရေးဆွဲထား ခဲ့တယ်လို့ သိရပါတယ်။ ဟုတ်၏ မဟုတ်၏၊ မှန်၏မမှန်၏ မသုံးသပ်လိုပေမယ့် သေချာတာကတော့ ဒီလိုမျိုးအသင်းအဖွဲ့ စည်းမျဉ်းတွေကို ရေးဆွဲတဲ့အချိန်မှာ အဲကွန်းခန်းထဲကနေ ရေးဆွဲလို့မရဘူးဆိုတာ ကတော့ လုံးဝအသေအချာပါ။ တောင်သူလယ် သမားတွေနဲ့ ကန်သင်းရိုးပေါ်ထိုင်ပြီးတော့ ရေးဆွဲဖို့ လိုအပ်တဲ့ အသင်းအဖွဲ့စည်းမျဉ်းမျိုးတွေနဲ့ ခုနတင် ပြတဲ့အလွှာလေးခုသည် ပေါင်းလုပ်ရမယ်ဆိုတဲ့ အဖြေထွက်ပါတယ်။

(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။)

zawgyi version
“ႏိုင္ငံေတာ္အႀကီးအကဲေတြက ေစတနာ၊ ေမတၱာႀကီးမားစြာနဲ႔ အားသြန္ခြန္စိုက္လုပ္ပါတယ္။ သို႔ေသာ္ ေလွႀကီးထိုး ႐ိုး႐ိုးျဖစ္ေနတယ္” (လယ္ယာစိုက္ပ်ိဳးေရးက႑ေဆြးေႏြးခန္း)
ယြန္း (NP News) - ဒီဇင္ဘာ ၅

လယ္ယာစိုက္ပ်ိဳးေရးက႑သည္ ျမန္မာႏိုင္ငံ၏ အဓိကစီးပြားေရးလုပ္ငန္းႀကီးတစ္ခုျဖစ္ၿပီး ႏိုင္ငံ၏ဂ်ီဒီပီ အတြက္ လယ္ယာစိုက္ပ်ိဳးေရးတြင္ အမ်ားဆုံး မွီတည္လ်က္ရွိသည္။ ျမန္မာႏိုင္ငံသည္ ေရခံေျမခံေကာင္းမ်ားအျပင္ သဘာဝအရင္းအျမစ္မ်ားရွိေနေသာ္လည္း စိုက္ပ်ိဳးေရးက႑တြင္ အျခားအိမ္နီးခ်င္း ႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါက အားနည္းေနသည္ ကိုေတြ႕ျမင္ရသည္။ (၂၀၂၀-၂၀၂၁) ခုႏွစ္တြင္ စိုက္ ပ်ိဳးေျမဧရိယာ (၃၄ ဒသမ ၃၅၄) သန္း ရွိခဲ့ၿပီး (၂၀၂၁-၂၀၂၂) ခုႏွစ္တြင္ စိုက္ပ်ိဳးေျမဧရိယာ စုစုေပါင္းဧက (၃၄ ဒသမ ၅၀၃)သန္း ရွိလာခဲ့သည္။ သို႔ေသာ္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑အေပၚ၌ ေခတ္အဆက္အဆက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ လုပ္ေဆာင္မႈမ်ားသည္ ထူးျခားသည့္ေျပာင္းလဲမႈမ်ိဳးရွိလာသည္ကို လက္ရွိအခ်ိန္ထိ ေတြ႕ျမင္ရျခင္းမရွိေပ။ ထို႔ျပင္ ျပည္တြင္း၌ ကိုဗစ္ကာလ မွစ၍ လယ္ယာလုပ္သားရွားပါးမႈကို ႀကဳံေတြ႕ခဲ့ရၿပီး စိုက္ပ်ိဳးစရိတ္ႀကီးျမင့္ျခင္းႏွင့္ ဝင္ေငြရရွိနည္းပါး ျခင္းေၾကာင့္ လယ္ယာေျမကို စြန႔္ခြာသည့္ လယ္ယာလုပ္သား မ်ားျပားလာသည္ကိုလည္းေတြ႕ျမင္ရသည္။ ထို႔ေၾကာင့္ ေတာင္သူ လယ္သမားမ်ား၏ဘဝ တိုးတက္လာႏိုင္ေစေရးအတြက္ ျပဳျပင္ ေျပာင္းလဲသင့္သည္မ်ား၊ စီမံခန႔္ခြဲမႈအေျခအေနမ်ားႏွင့္ ပတ္သက္၍ NP News က ဆက္သြယ္ေမးျမန္းထားသည့္ ယြန္းလွ်ံလယ္ယာအေထာက္ အကူျပဳစခန္းမွတာဝန္ရွိသူ ဦးေအာင္မ်ိဳးဦး၏ အႀကံျပဳခ်က္မ်ားကို ေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။

ေမး- လက္ရွိျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရး က႑အေပၚ အန္ကယ့္အေနနဲ႔ ဘယ္လိုျမင္မိလဲ။
ေျဖ-လက္ရွိ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာရွိတဲ့ စိုက္ ပ်ိဳးေရးနဲ႔ေမြးျမဴေရးလုပ္ငန္းကို ကြၽန္ေတာ္ရဲ႕ ပုဂၢလိ ကအျမင္အရ ကြၽန္ေတာ္တို႔ႏိုင္ငံက ပိုင္ဆိုင္ထားတဲ့ ေရ၊ ေျမ၊ သဘာဝ အရင္းအျမစ္ေတြၿပီးရင္ တိုင္းျပည္ လူဦးေရရဲ႕ (၇၀%) ခန႔္ရွိေသာ ေက်းလက္ေန ျပည္သူေတြ၊ ေတာင္သူလယ္သမားေတြရဲ႕ အရင္းအျမစ္ေပါ့ ဒီအရင္းအျမစ္ေတြအားလုံးအရ ကြၽန္ေတာ္တို႔ ရသင့္ရထိုက္တဲ့ ထုတ္လုပ္ႏိုင္တဲ့အရည္အေသြးရဲ႕ ပမာဏေတြထက္ အမ်ားႀကီးနိမ့္က်ေနတဲ့အေျခအေနျဖစ္ပါတယ္။

ေမး- ျမန္မာႏိုင္ငံအေနနဲ႔ ေရခံေျမခံလည္း ေကာင္းတယ္။ ၿပီးရင္ သဘာဝအရင္းအျမစ္ေတြ ရွိေနေပမယ့္ တျခားအိမ္နီး ခ်င္းႏိုင္ငံေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ စိုက္ပ်ိဳးေရးမွာ ေတာ္ေတာ္အားနည္းေနတာေတြ႕ရတယ္။ ဘာေၾကာင့္လဲ။
ေျဖ-ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြက ဘာေၾကာင့္ကြၽန္ေတာ္တို႔ထက္ပိုသာေနလဲ။ ကြၽန္ ေတာ္တို႔က ဘာေၾကာင့္ ကြၽန္ေတာ္တို႔ပိုင္ဆိုင္ထားတဲ့ ေရခံ၊ ေျမခံသဘာဝအရင္းအျမစ္ေတြ ရွိေနတာထက္ ဘာလို႔ဒီေလာက္ နိမ့္က်စြာ ထြက္ႏႈန္းရဲ႕ပမာဏနဲ႔ ထုတ္လုပ္ႏိုင္တဲ့ပမာဏနဲ႔ အရည္အေသြးေတြ နိမ့္က်ေနတာလဲဆိုတာကို ကြၽန္ေတာ့္ရဲ႕ ေတြ႕ရွိခ်က္ကေတာ့ ဒီလိုရွိပါတယ္။ ဘာလဲဆိုေတာ့ ပထမတစ္ခ်က္ကေတာ့ မ်ိဳးေစ့ေပါ့။ မ်ိဳးေစ့က ေလ့လာၾကည့္ သေလာက္ တ႐ုတ္ႏိုင္ငံဆိုရင္ မ်ိဳးေစ့တစ္ေစ့ကို သုံး၊ ေလးႏွစ္ေလာက္သုံးၿပီးရင္ သူ႔ထက္ေကာင္းတဲ့မ်ိဳးေစ့ ကို ထပ္ၿပီး ေတာ့ စဥ္ဆက္မျပတ္သုေတသနျပဳၿပီး ထုတ္လုပ္ႏိုင္ၾကတယ္။ ကြၽန္ေတာ္တို႔ဆီက စိုက္ပ်ိဳးေရးသုေတသနနဲ႔ စိုက္ပ်ိဳး ေရးပညာရွင္ေတြကလည္း ေဆာင္႐ြက္ၾကပါတယ္။ သို႔ေသာ္ ဘာကြာျခား ေနလဲဆိုေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံက မ်ိဳးေကာင္းမ်ိဳးသန႔္မ်ိဳးေစ့မ်ားသည္ တိုင္းျပည္စိုက္ပ်ိဳးထားတဲ့ ဧရိယာေတြအားလုံးရဲ႕ (၃၅% နဲ႔ ၄၀%) ထက္မပို ဘူးဗ်။ အဲဒီထက္ပိုၿပီးေတာ့ မ်ိဳးေကာင္းမ်ိဳးသန႔္ မ်ိဳးေစ့လႊမ္းၿခဳံႏိုင္မႈသည္ ကြၽန္ေတာ္က ပိုပိုသာသာ ေျပာတာပါ ဒီ့ထက္ နည္းႏိုင္ပါတယ္။ (၄၀%)ထက္ပိုၿပီးေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံစိုက္ပ်ိဳးေျမေတြကို မလႊမ္းၿခဳံႏိုင္ဘူး။ အဲဒီအခ်ိန္မွာ ဘာျဖစ္လဲဆိုေတာ့ တစ္ဧက ရဲ႕ထြက္ႏႈန္းသည္ မိ႐ိုးဖလာမ်ိဳးခ်န္တဲ့စနစ္နဲ႔စိုက္တာနဲ႔ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ိဳးေစ့စနစ္နဲ႔ စိုက္တာက တစ္ဧကထြက္ႏႈန္းသည္ အနည္းဆုံး (၁၀) တင္းကေန၊ (၁၅)တင္းၾကား ထြက္ႏႈန္းကြာျခားခ်က္ရွိပါတယ္။ ဒါ ေၾကာင့္ ကြၽန္ေတာ္တို႔ ပ်မ္းမွ်မွန္းဆရင္ တိုင္းျပည္ တစ္ျပည္လုံးကိုမ်ား သို႔မဟုတ္ တိုင္းျပည္ရဲ႕စိုက္ပ်ိဳးေျမဧရိယာရဲ႕ အမ်ားစုကိုမ်ား မ်ိဳးေကာင္းမ်ိဳးသန႔္မ်ိဳးေစ့မ်ား လႊမ္းၿခဳံျဖန႔္ျဖဴးႏိုင္မယ္ဆိုရင္ စပါးတင္းသန္း ေပါင္း (၁၀ဝ) ဝန္းက်င္ ေလာက္ ထြက္ႏႈန္း ယခုထက္ ပိုတက္လာမွာ။ ဒါက မ်ိဳးေစ့တစ္ခုတည္းကိုပဲ ေျပာတာေနာ္။ ထြက္ႏႈန္းတက္လာ မွာျဖစ္ပါတယ္။

ေမး- အဲဒါဆိုရင္ ခုနေျပာတဲ့စပါးတင္းသန္းေပါင္း (၁၀ဝ)ထြက္ႏႈန္းပိုတက္လာဖို႔အတြက္ လိုအပ္တဲ့ မ်ိဳးေစ့ကို ျပည္တြင္းမွာ မထုတ္ႏိုင္တာလား။ ဘယ္လို နည္းနဲ႔ထုတ္ရင္ရလဲ။
ေျဖ- ျပည္တြင္းမွာ စားသုံးတာပဲျဖစ္ေစ၊ ျပည္ပ ကိုတင္ပို႔တာအတြက္ပဲျဖစ္ေစ အရည္အေသြး ကလည္း ေဈးႏႈန္း အေပၚမွာအမ်ားႀကီး သက္ေရာက္သည့္အတြက္ ေတာင္သူလယ္သမားနဲ႔ေက်းလက္ေနျပည္သူတို႔ရဲ႕ ဝင္ေငြရရွိမႈ အေပၚမွာ ကြာျခားခ်က္မ်ားစြာျဖစ္ေပၚေစပါတယ္။ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ိဳးေစ့ တစ္ႏိုင္ငံလုံးကို လႊမ္းၿခဳံႏိုင္မႈ အားနည္း ခ်က္ရွိေနပါတယ္။ အဲဒါကို ဘယ္လိုကုစား မလဲဆိုတာ စဥ္းစားဖို႔လိုပါတယ္။ အဲဒီလိုကုစားဖို႔ဆိုရင္ ႏိုင္ငံေတာ္အစိုးရရဲ႕ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာန တစ္ခုတည္းအေပၚမွာ အကုန္ပုံခ်ထားရင္လည္း ရက္စက္လြန္းရာက်ပါတယ္။ တကယ္ဆိုရင္ ဒီကိစၥဟာ အစိုးရဌာနတစ္ခုတည္း တာဝန္ယူလို႔လည္းမႏိုင္ပါဘူး။ ျပည္သူလူထုျဖစ္တဲ့ ေက်းလက္ေန ေတာင္သူလယ္ သမားေတြက သူတို႔ပါပူးေပါင္းပါဝင္မွ တစ္ႏိုင္ငံလုံးကို covering ျဖစ္မွာပါ။ လုပ္လို႔ရတဲ့ နည္းလမ္းက ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ သီးႏွံျဖစ္တဲ့ ဥပမာ-စပါးေပါ့။ စပါးဆိုရင္ မိုးစပါးက ဧကအမ်ားႀကီးျဖစ္ပါတယ္။ (၁၃) သန္းခန႔္ရွိ တယ္လို႔ေျပာပါတယ္။ ဒါကေတာ့ ကြၽန္ေတာ္သိသေလာက္ေပါ့။ တကယ္ကေတာ့ ႏိုင္ငံေတာ္မွာ စာရင္းအတိအက်ရွိပါ တယ္။ အဲဒီေတာ့ မိုးစပါး စိုက္ဧကအမ်ားစုအတြက္ မ်ိဳးေစ့သည္ ေႏြစပါးရာသီ မွာထုတ္ရမွာပါ။ ေႏြရာသီမွာ ထုတ္တဲ့မ်ိဳးေစ့သည္ မိုးတြင္းမွာစိုက္ရမွာျဖစ္ပါတယ္။ အဲဒီေတာ့ မိုးစပါး စိုက္ပ်ိဳးႏိုင္တဲ့အတြက္ သူရဲ႕စိုက္ပ်ိဳးေရး အစီအစဥ္ကို ေနာက္ျပန္ဆြဲရင္ မိုးစပါးကိုပ်မ္းမွ်ဇြန္လမွာ စၿပီးစိုက္ ၾကမယ္ဆိုရင္ ေမလလယ္ေလာက္ကစၿပီး မ်ိဳးေကာင္း မ်ိဳးသန႔္မ်ိဳးေစ့ကို ေတာင္သူေတြလက္ထဲကို စတင္ ျဖန႔္ျဖဴးတဲ့ကိစၥကို စတင္ရမွာျဖစ္ပါတယ္။ အဲဒီလို စတင္ဖို႔ ဆိုရင္ (၅) လပိုင္း လလယ္ေလာက္မွာ မ်ိဳးေစ့ စခ်ႏိုင္ဖို႔ဆိုရင္ (၅) လပိုင္း လဆန္းေလာက္မွာ မ်ိဳး ေစ့မ်ားသည္ ရိတ္သိမ္း ၿပီးျဖစ္ထားရတဲ့အေျခအေန ျဖစ္ပါတယ္။ (၅) လပိုင္းလဆန္းေလာက္မွာ မ်ိဳးေစ့ထုတ္တဲ့စပါးခင္းေတြရိတ္သိမ္းဖို႔ဆိုရင္ ဇန္နဝါရီလ ပထမပတ္ေလာက္မွာတည္းကစၿပီးေတာ့ မ်ိဳးေစ့ထုတ္တဲ့ စိုက္ခင္းေတြကို ေကာက္စိုက္ရမွာျဖစ္တယ္။ ေကာက္ စိုက္ႏိုင္ဖို႔ဆိုရင္ သူ႔ကိုပ်ိဳးေထာင္ဖို႔သည္ ပ်ိဳးသက္ ရက္ (၂၀) နဲ႔ (၁၅) ရက္ၾကားလို႔ မွန္းဆၾကတဲ့အတြက္ ေနာက္ျပန္ဆုတ္ၿပီး ျပန္တြက္ရင္ မ်ိဳးေစ့ထုတ္စိုက္ခင္း မ်ားအတြက္ ပ်ိဳးေထာင္မယ့္ပ်ိဳးခင္းမ်ားသည္ ဇန္နဝါရီလ ပထမပတ္မွာ ေကာက္စိုက္ႏိုင္ဖို႔ဆိုရင္ ဒီဇင္ ဘာလ (၁၀) ရက္ဝန္းက်င္ေက်ာ္ရင္ ပ်ိဳးခင္းေတြကို ပ်ိဳးေထာင္ရမယ္ဆိုတဲ့ သေဘာကိုသြားေတြ႕ရတယ္။ ၿပီးရင္ ပ်ိဳးခင္းကို လယ္သမားစကားအရ တမန္းပုတ္ ေအာင္လုပ္ဖို႔ဆိုရင္ ထြန္ျခင္း၊ ယက္ျခင္းအဆင့္ဆင့္ကို လုပ္ဖို႔ဆိုရင္ ပ်ိဳးခင္းကို ႏိုဝင္ဘာ ဒုတိယပတ္ ေလာက္တည္းက ပ်ိဳးခင္းကို ထြန္မယ္၊ ယက္မယ္၊ ေရကဲ့ မယ္စသည္ျဖင့္ ေတာင္သူေတြလုပ္တဲ့ အဆင့္အတိုင္း လုပ္ရမယ္။ အဲဒီေတာ့ ႏိုဝင္ဘာ ဒုတိယပတ္မွာ ပ်ိဳးခင္း ေတြကိုေရေပးရမယ္။ အဲဒီလိုေရေပးရမယ့္အခ်ိန္မွာ Where is water ? ဆိုတဲ့ စကားလုံးေပၚလာၿပီ။ ႏိုဝင္ဘာလမွာ မိုးေပၚကေရမလာဘူး။ အေျဖတစ္ခုပဲရွိတယ္။ ဧရာဝတီ၊ ခ်င္းတြင္း၊ သံလြင္၊ ဒု႒ဝတီ အစရွိသျဖင့္ ေရခ်ိဳျမစ္ ေတြမ်ား စြာရွိတယ္။ ‌အေျဖကဘာ ထြက္လဲဆိုေတာ့ ေရခ်ိဳျမစ္ေတြရဲ႕ အနီးတစ္ဝိုက္ ျမစ္ေရတင္လို႔ရတဲ့အနီးတစ္ဝိုက္မွာ ေရလြယ္တဲ့ေနရာေတြမွာ မ်ိဳးေစ့ထုတ္ပ်ိဳးခင္းေတြလုပ္ရမယ္ဆိုတဲ့ အေျဖထြက္လာတယ္။ ေနာက္ထပ္တစ္ခုက အနယ္နယ္ အရပ္ရပ္မွာတည္ရွိေသာ ဆည္ေျမာင္းတာတမံေတြရဲ႕ အရင္းေတြမွာကပ္ၿပီးေတာ့ မ်ိဳးေစ့ထုတ္တဲ့ပ်ိဳးခင္း ေတြကို လုပ္ႏိုင္မယ္ဆိုရင္ လိုသေလာက္ေရေလးကို လိုတဲ့အခ်ိန္မွာ ဆြဲယူလို႔ရရင္ အဲဒီအခ်ိန္မွာ ေရစယူ ၿပီးစိုက္လိုက္တဲ့ ပ်ိဳးခင္းသည္ သၾကၤန္ၿပီးတာနဲ႔ ရိတ္လို႔ရၿပီ။ ရိတ္လို႔ရၿပီဆိုရင္ (၅) လပိုင္း လဆန္းတာနဲ႔ မ်ိဳးေစ့မ်ားသည္ သက္ဆိုင္ရာဂိုေဒါင္ထဲကိုေရာက္ၿပီ (၅) လပိုင္း လလယ္ေလာက္မွာ စၿပီးသက္ဆိုင္ရာ ေတာင္သူေတြဆီကို ျဖန႔္လို႔ရၿပီ။ အဲဒါကႏိုင္ငံေတာ္က စီမံမွရမယ့္ ကိစၥပါ။ ႏိုင္ငံေတာ္က မ်ိဳးေစ့ထုတ္လို႔ ေရရႏိုင္ေျခရွိေသာ ေနရာအားလုံးကို မ်ိဳးေစ့ထုတ္ႏိုင္ ဖို႔အတြက္ သတ္သတ္မွတ္မွတ္ကို စီမံရမယ္ဆိုတဲ့ သေဘာကို ေတြ႕ရပါတယ္။

ေမး- အဲဒီလို မ်ိဳးေစ့ထုတ္ဖို႔ဆိုရင္ ေတာင္သူလယ္ သမားေတြအတြက္ ကုန္က်စရိတ္ဆိုတာရွိမွာပဲေလ။ အဲဒီကုန္က် စရိတ္ကေကာ ေတာင္သူလယ္သမားေတြ အတြက္ အဆင္ေျပႏိုင္ပါ့မလား။
ေျဖ- မ်ိဳးေစ့ထုတ္ရင္ လက္ရွိစိုက္ပ်ိဳးစရိတ္အရ မ်ိဳးေစ့ထုတ္တဲ့စိုက္ခင္းတစ္ဧကသည္ စိုက္ပ်ိဳးစရိတ္က ပ်မ္းမွ်(၁၂)သိန္း ဝန္းက်င္ရွိပါတယ္။ ျမန္မာေငြ (၁၂) သိန္းက်ပ္ ရင္းမွရမွာပါ။ အဲဒီေတာ့ ေက်းလက္ေန ေတာင္သူလယ္သမားတိုင္းသည္ တစ္ဧကကို (၁၂) သိန္း ရင္းၿပီးေတာ့ မ်ိဳးေစ့ထုတ္ႏိုင္ဖို႔အတြက္ အခက္ အခဲမ်ားစြာရွိပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ ကုမၸဏီမ်ားသည္လည္း တစ္တိုင္းျပည္လုံး အတိုင္းအတာနဲ႔ သူတို႔လႊမ္းၿခဳံႏိုင္ဖို႔ မစြမ္းႏိုင္ပါဘူး။ ဒါကိုႏိုင္ငံေတာ္က နည္းလမ္းတစ္ခုနဲ႔ မ်ိဳးေစ့ထုတ္တဲ့ေတာင္သူေတြနဲ႔ တိုက္႐ိုက္ေဆာင္႐ြက္ရမယ္ဆိုတဲ့အေျဖလည္း ေတြ႕ ရပါတယ္။ ဒါကမ်ိဳးေစ့ေၾကာင့္ ထြက္ႏႈန္းတင္းေပါင္း သန္း (၁၀ဝ) ေလာက္ ေလ်ာ့ေနတာရယ္၊ ဒီဟာကို လုပ္လိုက္ႏိုင္ရင္ တိုးလာမွာရယ္ကို ေျပာျပတာပါ။ အဲဒီေတာ့ တစ္ဧကကို (၁၂) သိန္းေလာက္ဆိုတဲ့ ေငြေၾကးကိစၥက ႏိုင္ငံေတာ္က ဦး‌ေဆာင္ဆိုေပမယ့္ အရာခပ္သိမ္းကို ႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္ဆိုၿပီး ေခါင္းတင္ျပန္ရင္လည္း ႏိုင္ငံေတာ္မွာ ဝန္ေတြေလးလွပါတယ္။ ဒါသည္ ကမာၻလုံးဆိုင္ရာ Food Security ျဖစ္တဲ့အတြက္ စားနပ္ရိကၡာလုံၿခဳံေရး အေၾကာင္း အရာေခါင္းစဥ္နဲ႔ မိတ္ဖက္ျဖစ္ေသာ ႏိုင္ငံအခ်ိဳ႕ကေန ဒီလုပ္ငန္းအတြက္ ေသေသခ်ာခ်ာ ရည္႐ြယ္ၿပီးေတာ့ ေခ်းေငြကမ္းလွမ္းလို႔ရပါတယ္။ ေျပာခ်င္တာက တိုင္း ျပည္ရဲ႕ဘ႑ာေငြနဲ႔ မလုံေလာက္ခဲ့ရင္ေတာင္မွ ကမာၻလုံးဆိုင္ရာ Food Security ဆိုတာကို ေဖာ္ေဆာင္ဖို႔အတြက္ ဒီလုပ္ငန္းစဥ္ကို ေသေသခ်ာခ်ာ ခ်ျပၿပီးေတာ့ မိတ္ဖက္ႏိုင္ငံမ်ားနဲ႔ ေပါင္းစပ္၍ရႏိုင္တဲ့ ႏိုင္ငံျခားေခ်းေငြကို ေခ်းၿပီးေတာ့ တိုက္႐ိုက္ဒီလုပ္ငန္းထဲကို ထည့္ေပးမယ္ဆိုရင္ ေျပလည္သြားမယ့္ အခ်က္ပဲျဖစ္ တယ္။ စပါးတင္း သန္းေပါင္း (၁၀ဝ) ‌ေလာက္ပိုထြက္ လာမယ္ဆိုတဲ့ကိစၥျဖစ္ပါတယ္။

ေမး- အခုဆိုရင္ စိုက္ပ်ိဳးစရိတ္ႀကီးျမင့္မႈေတြကလည္းဆိုးလာတယ္။ ၿပီးရင္ ေတာင္သူလယ္သမား ေတြရဲ႕ဝင္ေငြက လည္း တိုးမလာတဲ့အတြက္ လယ္ယာလုပ္သားရွားပါးမႈကို ပိုၿပီးရင္ဆိုင္လာၾကရတယ္။ ဒီအေပၚမွာ ေကာ ဘယ္လိုျမင္ မိလဲ။
ေျဖ- လက္ရွိ ေတာင္သူလယ္သမားေတြရဲ႕ စိုက္ပ်ိဳးစရိတ္က အမွန္ဆိုရင္ ရိတ္သိမ္းခပါ အပါဆိုရင္ (၈)သိန္းခြဲ၊ (၉) သိန္းပတ္ဝန္းက်င္ေလာက္ရွိတယ္။ ရိတ္ေႁခြခ အပါေပါ့။ အဲဒီလိုမ်ိဳးရင္းႏွီးျမႇဳပ္ႏွံဖို႔နဲ႔ ျပန္ရတဲ့ အခ်ိန္မွာတင္း (၁၀ဝ) ရရင္ေတာင္မွတင္း (၁၀ဝ) တန္ဖိုးက ဥပမာ- (၁၆) သိန္းဆိုရင္ေတာင္ တစ္ရာ သီလုံးသူလုပ္တာ(၆)သိန္းက်န္မယ္။ သာမန္ ေတာင္ သူက (၃) ဧကပိုင္တယ္။ သူ႔အေနနဲ႔ ရာသီတစ္ရာသီမွာ (၁၈) သိန္းပဲရွိတယ္။ (၁၈) သိန္းကို တစ္ႏွစ္ပတ္ လုံးမစားေတာင္မွ (၈) လေလာက္နဲ႔စားရင္ ေတာင္သူလယ္သမား သာမန္မိသားစုတစ္စုရဲ႕ လယ္အေပၚ မွာအမွီျပဳၿပီး တစ္လ သူသုံးစြဲႏိုင္တဲ့ဝင္ေငြသည္ (၂) သိန္းဝန္းက်င္ပဲရွိတယ္။ လက္ရွိ လူေနမႈေခတ္ စနစ္ရဲ႕ကုန္ေဈးႏႈန္းနဲ႔ ဘယ္လိုမွ Cover မျဖစ္သည့္အတြက္ ေတာင္သူလယ္သမား New Gener- ation ေတြဟာ လယ္ယာေျမကို စြန႔္ခြာေနတာ အရွိန္ အဟုန္ႀကီးေနပါၿပီ။ အဲဒီေတာ့ ေတာင္သူလယ္သမား ေတြကို ဝင္ေငြတက္ေအာင္လုပ္ေပးရေတာ့မယ္။

ေမး- အဲဒီလို ဝင္ေငြတက္ေအာင္လုပ္ေပးဖို႔ဆိုရင္ ႏိုင္ငံေတာ္အေနနဲ႔ ေတာင္သူလယ္သမားေတြကို ဘာ လုပ္ေပးသင့္လဲ။ ဘယ္လိုစနစ္နဲ႔ စီမံခန႔္ခြဲေပးသင့္လဲ။
ေျဖ- ဝင္ေငြတက္ေအာင္လုပ္ဖို႔ဆိုရင္ သူတို႔ကို စိုက္ပ်ိဳးထြက္ရွိလာတဲ့ထြက္ရွိမႈႏႈန္းကိုလည္း တင္ေပးႏိုင္ ေအာင္ႀကိဳး စားရမွာျဖစ္သလို ေဈးႏႈန္းအျမင့္ဆုံး ရေအာင္လည္း အျမင့္ဆုံးရတဲ့ ေဈးကြက္အထိကို ေတာင္သူကိုဆြဲ ေခၚႏိုင္မယ့္ Strategy ေတြေရးဆြဲ ဖို႔လိုလာပါၿပီ။ ဥပမာ- ေတာင္သူနဲ႔ စားသုံးသူရဲ႕ ၾကားထဲမွာ နံပါတ္-(၁) ေအာက္ေျခမွာ ပြဲစားေလး ေတြရွိတယ္၊ ၿမိဳ႕နယ္ကပြဲ႐ုံေတြရွိတယ္၊ ၿပီးရင္ တိုင္းကသို႔မဟုတ္ႏိုင္ငံက ပြဲစားႀကီးေတြကုန္သည္ႀကီး ေတြရွိတယ္။ ၿပီးရင္ ေနာက္တစ္ဆင့္ ေနာက္တစ္ဆင့္နဲ႔ ေတာင္သူလယ္သမားနဲ႔ စားသုံးသူရဲ႕ၾကားထဲမွာ အဆင့္က အနည္းဆုံး (၆) ဆင့္ေလာက္ခံပါတယ္။ အဲဒီ(၆)ဆင့္၊ (၇)ဆင့္ရဲ႕ၾကားထဲမွာဆိုရင္ ေတာင္သူ ရဲ႕ရရွိတဲ့ေငြဟာ အမ်ားႀကီး ေလ်ာ့နည္းသြားပါတယ္။ တစ္ခ်ိဳ႕အဆင့္ေတြကို ေက်ာ္လြန္ပယ္ဖ်က္ႏိုင္ဖို႔ အတြက္သို႔မဟုတ္ေတာင္သူလယ္သမား ေတြရဲ႕အက်ိဳး စီးပြားအတြက္ႏိုင္ငံေတာ္ကို တစ္ႀကိမ္တင္ျပဖူးပါတယ္။ ေခတ္နဲ႔ေလ်ာ္ညီေသာ Server ေတြနဲ႔အတူ တစ္ႏိုင္ငံလုံးၿမိဳ႕နယ္တိုင္းကို Network ခ်ိတ္ဆက္ထားတဲ့ ေခတ္မီ Electronic ကုန္စည္ဒိုင္ေတြ ၿမိဳ႕နယ္တိုင္းမွာထား ေပးရေတာ့မယ္။ အဲဒီအခါက်ေတာ့ ကုန္ေရာင္းကုန္ဝယ္စနစ္ေတြ ေတာင္သူေတြရဲ႕ HR ေတြလည္း ျမင့္လာမယ္၊ သူတို႔စပါးေတြေရာင္းတာ ဝယ္တာေတြလည္း တျဖည္းျဖည္းမ်က္စိပြင့္၊ နားပြင့္ ျဖစ္လာမယ္။ ေဈးကြက္ကို အျမင့္ဆုံးရေအာင္ ေတာင္သူေတြစြမ္းေဆာင္လာႏိုင္မယ္။ ဒါကလည္း တစ္ဖက္က ကုန္အပ္လက္မွတ္စနစ္ေပါ့။ သီးႏွံကို သိုေလွာင္႐ုံ အပ္ႏွံၿပီးေတာ့မွ ေငြေခ်းတဲ့စနစ္ကို စီးပြားကူးသန္း ဝန္ႀကီးဌာနက ဦးေဆာင္ၿပီးေတာ့ ေဆာင္႐ြက္ေနတာ ရွိပါတယ္။ သို႔ေသာ္ အဲဒီစနစ္သည္ ေတာင္သူလယ္သမားမ်ား လက္လွမ္းမီေသာစနစ္ မဟုတ္ပါဘူး။ ေတာင္သူ လယ္သမားေတြ လက္လွမ္းမွီေသာစနစ္ကို ေဆာင္႐ြက္ေပးေစခ်င္ပါတယ္။ ဒါကေတာ့ စနစ္ ကိုေျပာတာပါ။ ေနာက္တစ္ခု အရည္အေသြးအတြက္ဆိုရင္ စိုက္ထယ္ေရးေကာင္းဖို႔ လိုတယ္။ သူတို႔သည္ ႀကီးျမင့္လာေသာ စက္သုံးဆီ ေဈးႏႈန္းနဲ႔ ထြန္ယက္ခမ်ားကိုအေၾကာင္းျပဳ၍ သုံးစက္ေလာက္ ထြန္ယက္ရ မယ့္ေနရာမွာ တစ္စက္ေလာက္ပဲ ခပ္ၾကမ္းၾကမ္း ထြန္ၿပီးေတာ့ ဒီတိုင္းအေျခာက္ႀကဲၾကတဲ့ လယ္သမားေတြ မ်ားလာတယ္။ သူသုံးစက္လုံးထြန္ႏိုင္ဖို႔ အတြက္ စက္မႈလယ္ယာဦးစီးဌာနတစ္ခုတည္းကိုပဲ ရွိသမွ်အရာအား လုံးပုံခ်ထားလို႔လည္း မႏိုင္ပါဘူး။ သူတို႔ရဲ႕ လူအင္ အား၊ စက္ယႏၲရားအင္အား၊ လုပ္ႏိုင္စြမ္းအားနဲ႔ တင္ ျပခ်င္တာက ဒီဦးစီးဌာနေတြနဲ႔အတူ ေက်းလက္ေန ျပည္သူေတြပါ ဝိုင္းလုပ္ရပါမယ္။ အဲဒီအတြက္ လိုအပ္တဲ့ ဘတ္ဂ်က္ေတြကို ခုနတင္ျပသလို ႏိုင္ငံ အေနနဲ႔ Food Security ကိုအေၾကာင္းျပဳၿပီး မိမိနဲ႔အဆင္ေျပေသာ ႏိုင္ငံရပ္ျခားက ေခ်းေငြတစ္ခုခုကို တိုက္႐ိုက္ရယူၿပီးေတာ့ ေဆာင္႐ြက္သင့္ပါ တယ္။ ဒါေပမယ့္ ႁခြင္းခ်က္အေနနဲ႔ စီမံမႈလြဲရင္ ကြၽန္ေတာ္တို႔မွာ နမူနာတစ္ခုရွိေနတယ္။ သမၼတႀကီးဦးသိန္းစိန္ လက္ ထက္က ဝန္ႀကီးဦးေက်ာ္ဆန္းဦးေဆာင္ၿပီးေတာ့ တ႐ုတ္ႏိုင္ငံက China Exim Bank ကေန ေခ်းေငြ ေတြရယူၿပီးေတာ့ သမဝါယမအသင္းေတြကို စိုက္ပ်ိဳးေမြးျမဴေရးေတြထူေထာင္ တိုးခ်ဲ႕ေပးတယ္။ ရည္႐ြယ္ ခ်က္လည္းအရမ္းေကာင္းတယ္။ ႏိုင္ငံ့အႀကီးအကဲ ေတြ အားထုတ္ႀကိဳးပမ္းတာေတြလည္း ေလးစားဖို႔ ေကာင္းတယ္။ သို႔ေသာ္ စီမံမႈသည္ လြဲေခ်ာ္သြားတဲ့ အခါ အခုအခ်ိန္ထိ ကြၽန္ေတာ္တို႔ၾကားသိရသေလာက္ Exim Bank ေခ်းေငြသည္ မေက်ႏိုင္ေသးတဲ့ အေျခ အေနအထိျဖစ္တယ္။ အဲဒီေတာ့ ႏိုင္ငံမွာရွိတဲ့ အေျခ ခံအက်ဆုံးေသာ ေတာင္သူလယ္သမား Layer သည္ လြတ္လပ္ေရး ရၿပီးကတည္းက ယေန႔အခ်ိန္အထိ ေတာင္သူလယ္သမားေတြရဲ႕ လူမႈစီးပြားဘဝသည္ ျမင့္တက္မလာႏိုင္တာက ျငင္းမရတဲ့ ပကတိ အရွိပါ။ ႏိုင္ငံတာဝန္ရွိသူေတြ အစြမ္းကုန္ႀကိဳးစားေနၾကပါ တယ္ သို႔ေသာ္ ျမင့္တက္မလာဘူး။ ဒါဆိုရင္ ျပဳျပင္ေျပာင္းလဲရေတာ့မယ္ဆိုတာကို အေျဖေတြ႕ပါတယ္။
ႏိုင္ငံတာဝန္ရွိသူလူႀကီးေတြဟာ ေစတနာလည္း ႀကီးမားပါတယ္။ ေမတၱာလည္းႀကီးမားပါတယ္။ အားသြန္ ခြန္စိုက္လုပ္ ၾကပါတယ္။ သို႔ေသာ္ ေလွႀကီးထိုး႐ိုး႐ိုး ဒီစနစ္ဒီပုံစံအတိုင္းလုပ္ေနတာ ေတာင္သူလယ္သမားရဲ႕ လူမႈစီးပြားဘဝ တက္မလာဘူးဆိုတာ မ်က္ျမင္ ကိုယ္ေတြ႕ျဖစ္ေနတယ္။ ေစတနာမွန္ေပမယ့္ လုပ္နည္းစနစ္ကို ျပင္ဖို႔သင့္တယ္။

ေမး- ခုနေျပာခဲ့တဲ့ လုပ္နည္းစနစ္ ျပင္ဖို႔လိုတယ္ဆို တာမ်ိဳးက ဘာကိုေျပာခ်င္တာလဲ။ ဘယ္လိုျပင္သင့္တာလဲ။
ေျဖ- လုပ္နည္းစနစ္ျပင္သင့္တယ္ဆိုတာ ေမြးျမဴေရး အတြက္ေရာ စိုက္ပ်ိဳးေရးအတြက္ေရာ ပတ္သက္ပါ တယ္။ ႏိုင္ငံေတာ္အစိုးရက ဌာနဆိုင္ရာရယ္၊ ေက်းလက္ေန ျပည္သူလူထုရယ္၊ စိုက္ပ်ိဳးေရးဆိုရင္ စိုက္ ပ်ိဳးေရးပညာရွင္၊ ေမြးျမဴေရးဆိုရင္ ေမြးျမဴေရး ပညာရွင္၊ စက္မႈလက္မႈဆိုရင္ စက္မႈလက္မႈပညာ ရွင္ေတြ ဒီလိုနယ္ပယ္အသီးသီးက ပညာရွင္ေတြရယ္၊ စီးပြားေရးလုပ္ငန္းရွင္ေတြရယ္ ဒီအလႊာေလးခုဟာ လက္တြဲေပါင္းစပ္ၿပီးေတာ့ အတူတူ တက္ညီလက္ ညီလုပ္မွရမယ္။
ကြၽန္ေတာ္တို႔ျမန္မာလူမ်ိဳးတို႔ရဲ႕ဓေလ့က ႏွစ္ေယာက္ရွိရင္ သုံးဖြဲ႕ကြဲၿပီး၊ သုံးေယာက္ရွိရင္ ေလးဖြဲ႕ ကြဲတဲ့ ဓေလ့ကရွိပါတယ္။ အဲဒီလိုမ်ိဳးလူတန္းစားေလး မ်ိဳးေပါင္းၿပီး လုပ္ဖို႔အတြက္ဆိုရင္ ခိုင္မာေသာ၊ လက္ ေတြ႕က်ေသာ၊ စစ္မွန္ေသာ အသင္းအဖြဲ႕စည္းမ်ဥ္းကို ကြၽန္ေတာ္တို႔ ေရးဆြဲရမွာျဖစ္ပါတယ္။ အသင္းအဖြဲ႕စည္းမ်ဥ္းေရးဆြဲတယ္ဆို တာက ကြၽန္ေတာ္ ၾကားဖူး တာတစ္ခုရွိတယ္။ ဟုတ္မဟုတ္ေတာ့ မေသခ်ာဘူး။ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံပို႔ကုန္မဟာဗ်ဴ ဟာ ေရးဆြဲ တဲ့အခါမွာ ဂ်ာမနီႏိုင္ငံတို႔ အပါအဝင္ ႏိုင္ငံရပ္ျခားက ပညာရွင္ေတြအမ်ားႀကီးပဲ ပါဝင္ၿပီးေတာ့ ေရးဆြဲထား ခဲ့တယ္လို႔ သိရပါတယ္။ ဟုတ္၏ မဟုတ္၏၊ မွန္၏မမွန္၏ မသုံးသပ္လိုေပမယ့္ ေသခ်ာတာကေတာ့ ဒီလိုမ်ိဳးအသင္းအဖြဲ႕ စည္းမ်ဥ္းေတြကို ေရးဆြဲတဲ့အခ်ိန္မွာ အဲကြန္းခန္းထဲကေန ေရးဆြဲလို႔မရဘူးဆိုတာ ကေတာ့ လုံးဝအေသအခ်ာပါ။ ေတာင္သူလယ္ သမားေတြနဲ႔ ကန္သင္း႐ိုးေပၚထိုင္ၿပီးေတာ့ ေရးဆြဲဖို႔ လိုအပ္တဲ့ အသင္းအဖြဲ႕စည္းမ်ဥ္းမ်ိဳးေတြနဲ႔ ခုနတင္ ျပတဲ့အလႊာေလးခုသည္ ေပါင္းလုပ္ရမယ္ဆိုတဲ့ အေျဖထြက္ပါတယ္။

(အပိုင္း ၂ ကို ဆက္လက္ေဖာ္ျပပါမည္။)

Related news

© 2021. All rights reserved.