ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်

 996

NP News - ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့(ဒီဇင်ဘာ ၅ ရက်) နံနက် ၆နာရီခွဲအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၆ x ၁၃၃ လမ်းထောင့်ရှိ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ PDF အဖွဲ့ဝင် အမျိုးသား(၂)ဦးက CZI ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ထိုသို့ ပစ်ပေါက်မှုကြောင့် (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့် အဆောက်အအုံထိခိုက်မှုတစ်စုံတရာ မရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်ကလည်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကားတစ်စီးသည်လည်း ပျက်စီးထိခိုက်မှုအချို့ ရှိခဲ့သည်။

zawgyi version
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ (ဇ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို PDF အဖြဲ႕က လက္လုပ္မိုင္းျဖင့္ ပစ္ေပါက္
NP News - ဒီဇင္ဘာ ၅

မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ (ဇ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို PDF အဖြဲ႕က လက္လုပ္မိုင္းျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ယေန႔(ဒီဇင္ဘာ ၅ ရက္) နံနက္ ၆နာရီခြဲအခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္၊ ၅၆ x ၁၃၃ လမ္းေထာင့္ရွိ (ဇ)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕သို႔ PDF အဖြဲ႕ဝင္ အမ်ိဳးသား(၂)ဦးက CZI ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး ကြန္က်ဴးပိုက္ျဖင့္ျပဳလုပ္ထားေသာ လက္လုပ္မိုင္းတစ္လုံးျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း သိရသည္။ထိုသို႔ ပစ္ေပါက္မႈေၾကာင့္ (ဇ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕သို႔ က်ေရာက္ေပါက္ကြဲခဲ့ေသာ္လည္း လူႏွင့္ အေဆာက္အအုံထိခိုက္မႈတစ္စုံတရာ မရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃၀ ရက္ကလည္း အဆိုပါ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို PDF အဖြဲ႕က လက္လုပ္မိုင္းျဖင့္ ပစ္ေပါက္ခဲ့ရာ ကေလးငယ္တစ္ဦးအပါအဝင္ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည့္အျပင္ ကားတစ္စီးသည္လည္း ပ်က္စီးထိခိုက္မႈအခ်ိဳ႕ ရွိခဲ့သည္။

Related news

© 2021. All rights reserved.