အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ အကျိုးစီးပွားဦးစားပေးတဲ့မူဝါဒကို ရုရှားသမ္မတပူတင် ချီးကျူး

 667

Pika (NP News) - ဒီဇင်ဘာ ၅

နိုင်ငံအကျိုးစီးပွားကို ဦးစားပေးတဲ့မူဝါဒတွေကနေတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တည်ငြိမ်တဲ့အခြေအနေတွေကိုဖော်ဆောင်ဖို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ရုရှားသမ္မတပူတင်က ချီးကျူးခဲ့တယ်လို့ သိရပါတယ်။

မော်စကိုမြို့မှာ ဒီဇင်ဘာလ(၄)ရက်က ကျင်းပခဲ့တဲ့ VTB ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပူတင်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အိန္ဒိယနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ချဲ့ထွင်မယ့် ရုရှားရဲ့ဆန္ဒတွေကို ပူတင်က ထုတ်ဖော်ပြသခဲ့တယ်လို့လည်း သိရပါတယ်။ ပူတင်က "အိန္ဒိယနိုင်ငံတွင်းမှာ ကျွန်တော်တို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ချဲ့ထွင်ဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့အစိုးရဟာ တည်ငြိမ်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာနဲ့အတူ အိန္ဒိယနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံတာက အကျိုးအမြတ်တွေရရှိစေလိ့မ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာ အချို့ထုတ်လုပ်ရေးစက်ရုံတွေကို တည်ဆောက်ဖို့ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မိုဒီက ယခုလိုစိတ်ချယုံကြည်ရပြီး တည်ငြိမ်တဲ့အခြေအနေတွေကို ဖန်တီးနေတာဟာ စီးပွားရေး အပါအဝင် နယ်ပယ်အားလုံးကို အလေးထားတဲ့မူဝါဒရှိနေတာကြောင့်ဖြစ်တယ်လို့ ပူတင်က ထပ်မံပြောဆိုခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်လာမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယနဲ့ရုရှားနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ဟာ ပိုမိုတိုးမြင့်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အိန္ဒိယအစိုးရဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေရှိနေတဲ့ကြားက လျှော့ဈေးပေးထားတဲ့ ရုရှားရေနံတွေဝယ်ယူမှုကို အရှိန်မြှင့်တင်ခဲ့ပြီး နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ(၆၅)ဘီလျံကျော်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

zawgyi version
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ အက်ိဳးစီးပြားဦးစားေပးတဲ့မူဝါဒကို ႐ုရွားသမၼတပူတင္ ခ်ီးက်ဴး
Pika (NP News) - ဒီဇင္ဘာ ၅

ႏိုင္ငံအက်ိဳးစီးပြားကို ဦးစားေပးတဲ့မူဝါဒေတြကေနတစ္ဆင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ တည္ၿငိမ္တဲ့အေျခအေနေတြကိုေဖာ္ေဆာင္ဖို႔ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီအစိုးရရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို ႐ုရွားသမၼတပူတင္က ခ်ီးက်ဴးခဲ့တယ္လို႔ သိရပါတယ္။

ေမာ္စကိုၿမိဳ႕မွာ ဒီဇင္ဘာလ(၄)ရက္က က်င္းပခဲ့တဲ့ VTB ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္မွာ ပူတင္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အိႏၵိယႏိုင္ငံတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ခ်ဲ႕ထြင္မယ့္ ႐ုရွားရဲ႕ဆႏၵေတြကို ပူတင္က ထုတ္ေဖာ္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။ ပူတင္က "အိႏၵိယႏိုင္ငံတြင္းမွာ ကြၽန္ေတာ္တို႔ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ခ်ဲ႕ထြင္ဖို႔ ဆႏၵရွိပါတယ္။ ၿပီးေတာ့ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီရဲ႕အစိုးရဟာ တည္ၿငိမ္တဲ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ေဖာ္ေဆာင္ဖို႔ ႀကိဳးပမ္းေနတာနဲ႔အတူ အိႏၵိယႏိုင္ငံတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံတာက အက်ိဳးအျမတ္ေတြရရွိေစလိ့မ္မယ္လို႔ ကြၽန္ေတာ္တို႔ယုံၾကည္ပါတယ္။ အိႏၵိယႏိုင္ငံတြင္းမွာ အခ်ိဳ႕ထုတ္လုပ္ေရးစက္႐ုံေတြကို တည္ေဆာက္ဖို႔ကြၽန္ေတာ္တို႔ဘက္က အဆင္သင့္ျဖစ္ေနပါၿပီ"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ မိုဒီက ယခုလိုစိတ္ခ်ယုံၾကည္ရၿပီး တည္ၿငိမ္တဲ့အေျခအေနေတြကို ဖန္တီးေနတာဟာ စီးပြားေရး အပါအဝင္ နယ္ပယ္အားလုံးကို အေလးထားတဲ့မူဝါဒရွိေနတာေၾကာင့္ျဖစ္တယ္လို႔ ပူတင္က ထပ္မံေျပာဆိုခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံေတြက ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြလုပ္ေဆာင္လာမႈနဲ႔အတူ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အိႏၵိယနဲ႔႐ုရွားႏိုင္ငံၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္ဟာ ပိုမိုတိုးျမင့္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အိႏၵိယအစိုးရဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ဖိအားေပးမႈေတြရွိေနတဲ့ၾကားက ေလွ်ာ့ေဈးေပးထားတဲ့ ႐ုရွားေရနံေတြဝယ္ယူမႈကို အရွိန္ျမႇင့္တင္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ကုန္သြယ္မႈဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အေမရိကန္ေဒၚလာ(၆၅)ဘီလ်ံေက်ာ္ထိ ရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.