နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ကို အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)တွင် တစ်လတိုင်တိုင် ကျင်းပသွားမည်
2195
စော (NP News) - ဒီဇင်ဘာ ၅
နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်ကို အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)တွင် တစ်လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ်က ထုတ်ပြန်ထားသည်။
အဆိုပါနှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၊ နံနက် (၈)နာရီမှ ညနေ (၅)နာရီအထိ တစ်လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဥယျာဉ်ဖွင့်ချိန်ပဲရှင့်။ ဝင်ကြေးကတော့ မသတ်မှတ်ရသေးဘူး။ Entertainment ပါပါတယ်။ ဈေးပွဲတော်လည်း ရှိပါတယ်”ဟု National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ် မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ရှိကာ ၁၉၂၄ ခုနှစ်တွင် အစိုးရမှ ကာကွယ်ထိန်းသိမ်းသည့် ဥယျာဉ်အဖြစ် ကြေညာခဲ့ကြောင်း သိရသည်။ ထို့ပြင် ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် သစ်တောရေးရာဝန်ကြီးဌာနမှ “ဘေးမဲ့သစ်တော” အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် အဆိုပါဥယျာဉ်ကို “ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်” အဖြစ် ပြောင်းလဲခဲ့ကြောင်း သိရသည်။
zawgyi version
ႏွစ္(၁၀၀)ျပည့္ အထိမ္းအမွတ္ ပန္းပြဲေတာ္ကို အမ်ိဳးသားကန္ေတာ္ႀကီး ဥယ်ာဥ္(ျပင္ဦးလြင္)တြင္ တစ္လတိုင္တိုင္ က်င္းပသြားမည္
ေစာ (NP News) - ဒီဇင္ဘာ ၅
ႏွစ္(၁၀၀)ျပည့္ အထိမ္းအမွတ္ (၁၇)ႀကိမ္ေျမာက္ ပန္းပြဲေတာ္ကို အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ (ျပင္ဦးလြင္)တြင္ တစ္လတိုင္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း National Kandawgyi Gardens - အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္က ထုတ္ျပန္ထားသည္။
အဆိုပါႏွစ္ (၁၀၀)ျပည့္ အထိမ္းအမွတ္ ပန္းပြဲေတာ္ကို လာမည့္ ဒီဇင္ဘာလ ၁၄ ရက္မွ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁၂ ရက္၊ နံနက္ (၈)နာရီမွ ညေန (၅)နာရီအထိ တစ္လတိုင္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဥယ်ာဥ္ဖြင့္ခ်ိန္ပဲရွင့္။ ဝင္ေၾကးကေတာ့ မသတ္မွတ္ရေသးဘူး။ Entertainment ပါပါတယ္။ ေဈးပြဲေတာ္လည္း ရွိပါတယ္”ဟု National Kandawgyi Gardens - အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္(ျပင္ဦးလြင္)သည္ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕တြင္ တည္ရွိကာ ၁၉၂၄ ခုႏွစ္တြင္ အစိုးရမွ ကာကြယ္ထိန္းသိမ္းသည့္ ဥယ်ာဥ္အျဖစ္ ေၾကညာခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ၁၉၄၂ ခုႏွစ္၊ ဒီဇင္ဘာ ၁ ရက္တြင္ သစ္ေတာေရးရာဝန္ႀကီးဌာနမွ “ေဘးမဲ့သစ္ေတာ” အျဖစ္ သတ္မွတ္ခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ ၁ ရက္ေန႔တြင္ အဆိုပါဥယ်ာဥ္ကို “ကန္ေတာ္ႀကီး အမ်ိဳးသား ႐ုကၡေဗဒ ဥယ်ာဥ္” အျဖစ္ ေျပာင္းလဲခဲ့ေၾကာင္း သိရသည္။