လောင်ကိုင်တွင် အမျိုးသမီး(၃)ဦး အပါအဝင် အပြစ်သား(၁၄)ဦးကို မြို့လှည့်ပြသပြီးနောက် (၆)ဦးကို သေဒဏ်ချမှတ်

 7655

လောင်ကိုင်တွင် အမျိုးသမီး(၃)ဦး အပါအဝင် အပြစ်သား(၁၄)ဦးကို မြို့လှည့်ပြသပြီးနောက် (၆)ဦးကို သေဒဏ်ချမှတ်
ချယ်ရီ (NP News) - ဒီဇင်ဘာ ၅

MNDAA က ၎င်းတို့ထိန်းချုပ်ရာ လောင်ကိုင်မြို့တွင် အမျိုးသမီး(၃)ဦး အပါအဝင် အပြစ်သား(၁၄)ဦးကို မြို့လှည့်ပြသပြီးနောက် (၆)ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပြစ်သား(၁၄)ဦးကို ယနေ့(ဒီဇင်ဘာ ၅ ရက်) နံနက်ပိုင်းက လောင်ကိုင်မြို့အတွင်းရှိ လူထုရှေ့တွင် လှည့်လည်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအတွင်း ဓားမြမှု၊ ခိုးမှု၊ လုယက်မှု၊ လိမ်လည်လှည့်ဖြားမှု၊ လူသတ်မှုတို့ ပါဝင်ပြီး (၆) ဦးကို သေဒဏ်ချမှတ်ခဲ့ကာ ကျန်(၇)ဦးကို နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းပြစ်မှုကျူးလွန်သူများကို လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ဟူး၊ ကွမ်းလုံ၊ ဟိုလီ စသည့်နေရာအသီးသီးသို့ခေါ်ဆောင်ကာ ဒေသခံ လူထုနှင့် ကျောင်းသူ/ ကျောင်းသားမျာအား တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု့စေခဲ့ကြောင်း သိရသည်။
အလားတူ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီး MNDAA အဖွဲ့က လောက်ကိုင်မြို့တွင် ပြစ်မှုအလိုက် ကျူးလွန်သူများအား လူထုရှေ့တွင် ပထမဆုံးအကြိမ် တရားစီရင်ခဲ့သလို သေဒဏ်လည်း ချမှတ်ခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေလာင္ကိုင္တြင္ အမ်ိဳးသမီး(၃)ဦး အပါအဝင္ အျပစ္သား(၁၄)ဦးကို ၿမိဳ႕လွည့္ျပသၿပီးေနာက္ (၆)ဦးကို ေသဒဏ္ခ်မွတ္
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၅

MNDAA က ၎တို႔ထိန္းခ်ဳပ္ရာ ေလာင္ကိုင္ၿမိဳ႕တြင္ အမ်ိဳးသမီး(၃)ဦး အပါအဝင္ အျပစ္သား(၁၄)ဦးကို ၿမိဳ႕လွည့္ျပသၿပီးေနာက္ (၆)ဦးကို ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အျပစ္သား(၁၄)ဦးကို ယေန႔(ဒီဇင္ဘာ ၅ ရက္) နံနက္ပိုင္းက ေလာင္ကိုင္ၿမိဳ႕အတြင္းရွိ လူထုေရွ႕တြင္ လွည့္လည္ျပသခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူမ်ားအတြင္း ဓားျမမႈ၊ ခိုးမႈ၊ လုယက္မႈ၊ လိမ္လည္လွည့္ျဖားမႈ၊ လူသတ္မႈတို႔ ပါဝင္ၿပီး (၆) ဦးကို ေသဒဏ္ခ်မွတ္ခဲ့ကာ က်န္(၇)ဦးကို ႏွစ္ရွည္ေထာင္ဒဏ္မ်ား အသီးသီးခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎ျပစ္မႈက်ဴးလြန္သူမ်ားကို ေလာက္ကိုင္၊ ခ်င္းေ႐ႊေဟာ္၊ နမ့္ဟူး၊ ကြမ္းလုံ၊ ဟိုလီ စသည့္ေနရာအသီးသီးသို႔ေခၚေဆာင္ကာ ေဒသခံ လူထုႏွင့္ ေက်ာင္းသူ/ ေက်ာင္းသားမ်ာအား တစ္အိမ္တစ္ေယာက္ လာေရာက္ၾကည့္ရႈ႕ေစခဲ့ေၾကာင္း သိရသည္။
အလားတူ ၁၀၂၇ စစ္ဆင္ေရး ပထမလႈိင္းအၿပီး MNDAA အဖြဲ႕က ေလာက္ကိုင္ၿမိဳ႕တြင္ ျပစ္မႈအလိုက္ က်ဴးလြန္သူမ်ားအား လူထုေရွ႕တြင္ ပထမဆုံးအႀကိမ္ တရားစီရင္ခဲ့သလို ေသဒဏ္လည္း ခ်မွတ္ခဲ့ဖူးၿပီး ယခုအႀကိမ္သည္ ဒုတိယအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.