ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့် ပြန်လည်လွတ်မြောက်
9122
EP (NP News) - ဒီဇင်ဘာ ၅
ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်နှင့် ဒါရိုက်တာတို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဗညားဘုန်းပြည့်က "ဒီနေ့ ကျွန်တော် နေကောင်းကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီ။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဒီကြားထဲ ပရိသတ်နဲ့ ချစ်ရသူအားလုံးကို စိတ်ပူစေခဲ့မိလို့လည်း တောင်းပန်ပါတယ်ခင်ဗျာ။ အားလုံးကို လွမ်းနေခဲ့တာပါဗျာ" ဟု ၄င်း၏ ဖေ့ဘွတ်စ်ပေ့ချ်တွင် ယနေ့ ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းက ရေးသားဖော်ပြထားသည်။
ဗညားဘုန်းပြည့်သည် ရုပ်ရှင်သရုပ်ဆောင်ဖူးပွင့်သခင် ထုတ်လုပ်၊သီဆို၊သရုပ်ဆောင်ထားသည့် အချစ်ခံကြည့် သီချင်းတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
အချစ်ခံကြည့် သီချင်းအား ဗီဒီယိုရိုက်ကူးမှုတွင် လိင်အသားပေးရိုက်ကူးခဲ့ခြင်း၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့ခြင်းတို့ ကြောင့်ဟုဆိုကာ ဗညားဘုန်းပြည့်ကို ပုစွန်တောင် မြို့နယ်ရဲစခန်းက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၃(က) နှင့် အမှုဖွင့်ကာ ၂ဝ၂၄ ခုနှစ် မေလ ၁ဝ ရက် ညပိုင်းတွင် ရုပ်ရှင်ပရီမီယံရှိုးပြပွဲ တက်ရောက်ပြီးအပြန်လမ်းခရီး၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အချစ်ခံကြည့် သီချင်းပိုင်ရှင်ဖြစ်သူ ဖူးပွင့်သခင်သည် ကိုယ်လွတ်ရုန်းသွားကြောင်း ကနဦး သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ၄င်းအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ တတ်အားသရွေ့ ငွေအား ၊ လူအား ညှိနှိုင်း ပေးမှုများ၊ ဖြေရှင်းပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ ပြန်လည်ကြားသိခဲ့ရသည်။
အဆိုပါဖြစ်စဥ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသား နှင့် ဒါရိုက်တာတို့သာ ဖမ်းဆီးခံခဲ့ရခြင်းမျိုးဖြစ်ပြီး၊ ထုတ်လုပ်၊သီဆိုသူ မင်းသမီးကိုယ်တိုင် နှင့် တေးရေးမင်းစည်သူတို့က အမှုက တိမ်းရှောင်ကင်းလွတ်သွားသည့် အတွက် လူအများပြစ်တင်ပြောဆိုခြင်းများကို ခံနေရဆဲပင်ဖြစ်သည်။
ဗညားဘုန်းပြည့်နှင့် ဒါရိုက်တာဖြစ်သူတို့သည် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး (၇) လအကြာဖြစ်သည့် ဒီဇင်ဘာလ ၅ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းမျိုးဖြစ်သည်။
Zawgyi Version;
႐ုပ္ရွင္သ႐ုပ္ေဆာင္ ဗညားဘုန္းျပည့္ ျပန္လည္လြတ္ေျမာက္
EP (NP News) - ဒီဇင္ဘာ ၅
႐ုပ္ရွင္သ႐ုပ္ေဆာင္ ဗညားဘုန္းျပည့္ႏွင့္ ဒါ႐ိုက္တာတို႔ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ဗညားဘုန္းျပည့္က "ဒီေန႔ ကြၽန္ေတာ္ ေနေကာင္းက်န္းမာစြာနဲ႔ အိမ္ျပန္ေရာက္ပါၿပီ။ ေက်းဇူးတင္ထိုက္သူအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ။ ဒီၾကားထဲ ပရိသတ္နဲ႔ ခ်စ္ရသူအားလုံးကို စိတ္ပူေစခဲ့မိလို႔လည္း ေတာင္းပန္ပါတယ္ခင္ဗ်ာ။ အားလုံးကို လြမ္းေနခဲ့တာပါဗ်ာ" ဟု ၄င္း၏ ေဖ့ဘြတ္စ္ေပ့ခ်္တြင္ ယေန႔ ဒီဇင္ဘာလ ၅ ရက္ ညေနပိုင္းက ေရးသားေဖာ္ျပထားသည္။
ဗညားဘုန္းျပည့္သည္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ဖူးပြင့္သခင္ ထုတ္လုပ္၊သီဆို၊သ႐ုပ္ေဆာင္ထားသည့္ အခ်စ္ခံၾကည့္ သီခ်င္းတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့မႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရျခင္းျဖစ္သည္။
အခ်စ္ခံၾကည့္ သီခ်င္းအား ဗီဒီယို႐ိုက္ကူးမႈတြင္ လိင္အသားေပး႐ိုက္ကူးခဲ့ျခင္း၊ ဟီရိဩတၱပၸတရားကင္းမဲ့ျခင္းတို႔ ေၾကာင့္ဟုဆိုကာ ဗညားဘုန္းျပည့္ကို ပုစြန္ေတာင္ ၿမိဳ႕နယ္ရဲစခန္းက အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ ေရးဥပေဒပုဒ္မ ၃၃(က) ႏွင့္ အမႈဖြင့္ကာ ၂ဝ၂၄ ခုႏွစ္ ေမလ ၁ဝ ရက္ ညပိုင္းတြင္ ႐ုပ္ရွင္ပရီမီယံရႈိးျပပြဲ တက္ေရာက္ၿပီးအျပန္လမ္းခရီး၌ ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္း ျဖစ္သည္။
အခ်စ္ခံၾကည့္ သီခ်င္းပိုင္ရွင္ျဖစ္သူ ဖူးပြင့္သခင္သည္ ကိုယ္လြတ္႐ုန္းသြားေၾကာင္း ကနဦး သတင္းမ်ား ထြက္ေပၚခဲ့ ေသာ္လည္း ၄င္းအေနျဖင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံကာ တတ္အားသေ႐ြ႕ ေငြအား ၊ လူအား ညႇိႏႈိင္း ေပးမႈမ်ား၊ ေျဖရွင္းေပးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း အႏုပညာအသိုင္းအဝိုင္းထံမွ ျပန္လည္ၾကားသိခဲ့ရသည္။
အဆိုပါျဖစ္စဥ္တြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည့္ မင္းသား ႏွင့္ ဒါ႐ိုက္တာတို႔သာ ဖမ္းဆီးခံခဲ့ရျခင္းမ်ိဳးျဖစ္ၿပီး၊ ထုတ္လုပ္၊သီဆိုသူ မင္းသမီးကိုယ္တိုင္ ႏွင့္ ေတးေရးမင္းစည္သူတို႔က အမႈက တိမ္းေရွာင္ကင္းလြတ္သြားသည့္ အတြက္ လူအမ်ားျပစ္တင္ေျပာဆိုျခင္းမ်ားကို ခံေနရဆဲပင္ျဖစ္သည္။
ဗညားဘုန္းျပည့္ႏွင့္ ဒါ႐ိုက္တာျဖစ္သူတို႔သည္ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး (၇) လအၾကာျဖစ္သည့္ ဒီဇင္ဘာလ ၅ ရက္တြင္ ျပန္လည္လြတ္ေျမာက္ခဲ့ျခင္းမ်ိဳးျဖစ္သည္။