တရုတ်နိုင်ငံ၊ ကင်ဆာရောဂါကုဆေးခန်း TCM လူနာ ၁၅ ဦးသေဆုံးမှုနဲ့ စုံစမ်းစစ်ဆေးမှုခံနေရ

 520

ရောင်နီ (NP News) - ဒီဇင်ဘာ ၆

တရုတ်နိုင်ငံမှာ ကင်ဆာရောဂါကုသပေးနိုင်တယ်ဆိုပြီး လူနာတွေကို ဆွဲဆောင်ခဲ့တဲ့ နာမည်ကြီး ဟူဘေးပြည်နယ်၊ တိုင်းရင်းဆေးဌာန (TCM) ကို လူနာ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ခြင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

ဘေဂျင်းနေ့စဉ်သတင်းစာမှ ထုတ်ဝေတဲ့ ဆောင်းပါးတစ်ခုအရ ဆေးခန်းဟာ ဧပြီလ ၁၈ ရက်က ဖွင့်လှစ်ခဲ့ပြီး လူနာ ၃၉၂ ဦးကို ကုသပေးခဲ့ကာ မေလ ၃၁ ရက်မှာ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဆေးခန်းဖွင့်ချိန်အတွင်း လူနာ ၁၅ ဦး သေဆုံးပြီး ၂၀ ဦး ပြင်းပြင်းထန်ထန် ဖျားနာခဲ့ကြတယ်လို့ သိရပါတယ်။ ဆေးခန်းကတော့ လူနာ ၃,၀၀၀ ကျော်ရဲ့ကင်ဆာအကျိတ်တွေ ပျောက်အောင် ကုသပေးနိုင်ပြီးဖြစ်ကြောင်း၊ ကုသနှုန်း ၈ဝ ရာခိုင်နှုန်းကျော်အောင်မြင်ကြောင်း အခိုင်အမာဆိုပြီး လူနာတွေကို ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။

အခုသေဆုံးခဲ့တဲ့လူနာတွေကတော့ ဆေးခန်းကပေးတဲ့ဆေးတွေသုံးစွဲပြီးနောက် ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အော့အန်ခြင်း စတဲ့ ဆိုးရွားတဲ့လက္ခဏာတွေ ခံစားရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အမည်မဖော်လိုတဲ့ဆေးခန်းမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာဝန်ဟောင်းတစ်ဦးက အရှေ့အာရှနဲ့ ရုရှားနိုင်ငံရှိ အဆိပ်ရှိသော အမြစ် Chinese aconite ကို ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဆေးခန်းဟာ ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ဖို့ ကျန်းမာရေးဌာနက မဟုတ်သူတွေကို ဝန်ထမ်းခန့်အပ်ထားခြင်း၊ ဆေးဝါးဝယ်ယူမှု၊ ဆေးညွှန်းမှတ်တမ်းများ သိမ်းဆည်းဖို့ ပျက်ကွက်ခြင်း စတဲ့ တရားမ၀င်လုပ်ရပ်တွေ လတ်တလော တွေ့ရှိထားပြီး ယွမ် ၄၁၇,၀၀၀ (အမေရိကန်ဒေါ်လာ ၅၇,၃၆၀) ဒဏ်ရိုက်ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ကင္ဆာေရာဂါကုေဆးခန္း TCM လူနာ ၁၅ ဦးေသဆုံးမႈနဲ႔ စုံစမ္းစစ္ေဆးမႈခံေနရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၆

တ႐ုတ္ႏိုင္ငံမွာ ကင္ဆာေရာဂါကုသေပးႏိုင္တယ္ဆိုၿပီး လူနာေတြကို ဆြဲေဆာင္ခဲ့တဲ့ နာမည္ႀကီး ဟူေဘးျပည္နယ္၊ တိုင္းရင္းေဆးဌာန (TCM) ကို လူနာ ၁၅ ဦးထက္မနည္း ေသဆုံးခဲ့ျခင္းနဲ႔ပတ္သက္ၿပီး အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနပါတယ္။

ေဘဂ်င္းေန႔စဥ္သတင္းစာမွ ထုတ္ေဝတဲ့ ေဆာင္းပါးတစ္ခုအရ ေဆးခန္းဟာ ဧၿပီလ ၁၈ ရက္က ဖြင့္လွစ္ခဲ့ၿပီး လူနာ ၃၉၂ ဦးကို ကုသေပးခဲ့ကာ ေမလ ၃၁ ရက္မွာ ပိတ္ခဲ့တယ္လို႔ သိရပါတယ္။ ေဆးခန္းဖြင့္ခ်ိန္အတြင္း လူနာ ၁၅ ဦး ေသဆုံးၿပီး ၂၀ ဦး ျပင္းျပင္းထန္ထန္ ဖ်ားနာခဲ့ၾကတယ္လို႔ သိရပါတယ္။ ေဆးခန္းကေတာ့ လူနာ ၃,၀၀၀ ေက်ာ္ရဲ႕ကင္ဆာအက်ိတ္ေတြ ေပ်ာက္ေအာင္ ကုသေပးႏိုင္ၿပီးျဖစ္ေၾကာင္း၊ ကုသႏႈန္း ၈ဝ ရာခိုင္ႏႈန္းေက်ာ္ေအာင္ျမင္ေၾကာင္း အခိုင္အမာဆိုၿပီး လူနာေတြကို ဆြဲေဆာင္ခဲ့တာျဖစ္ပါတယ္။

အခုေသဆုံးခဲ့တဲ့လူနာေတြကေတာ့ ေဆးခန္းကေပးတဲ့ေဆးေတြသုံးစြဲၿပီးေနာက္ ပင္ပန္းႏြမ္းနယ္ျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ေအာ့အန္ျခင္း စတဲ့ ဆိုး႐ြားတဲ့လကၡဏာေတြ ခံစားရၿပီး ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ အမည္မေဖာ္လိုတဲ့ေဆးခန္းမွာ လုပ္ကိုင္ခဲ့ဖူးတဲ့ ဆရာဝန္ေဟာင္းတစ္ဦးက အေရွ႕အာရွနဲ႔ ႐ုရွားႏိုင္ငံရွိ အဆိပ္ရွိေသာ အျမစ္ Chinese aconite ကို ေဆးဝါးထုတ္လုပ္ရာမွာ အသုံးျပဳခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါေဆးခန္းဟာ ေဆးဘက္ဆိုင္ရာလုပ္ထုံးလုပ္နည္းေတြ ေဆာင္႐ြက္ဖို႔ က်န္းမာေရးဌာနက မဟုတ္သူေတြကို ဝန္ထမ္းခန႔္အပ္ထားျခင္း၊ ေဆးဝါးဝယ္ယူမႈ၊ ေဆးၫႊန္းမွတ္တမ္းမ်ား သိမ္းဆည္းဖို႔ ပ်က္ကြက္ျခင္း စတဲ့ တရားမ၀င္လုပ္ရပ္ေတြ လတ္တေလာ ေတြ႕ရွိထားၿပီး ယြမ္ ၄၁၇,၀၀၀ (အေမရိကန္ေဒၚလာ ၅၇,၃၆၀) ဒဏ္႐ိုက္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.