အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၁၈)ဦးနှင့် မြန်မာနိုင်ငံသား(၂၇)ဦးကို လက်နက်ပစ္စည်းများနှင့်အတူ တန့်ယန်းမြို့နယ်၌ ဖမ်းမိ
816
နာမူ (NP News) - ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၈)ဦးနှင့် မြန်မာနိုင်ငံသား (၂၇)ဦးကို လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်အဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်အတွင်းတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ အသက်(၃၀)နှစ်အရွယ် ချိန်လှအပါအဝင် တရုတ်နိုင်ငံသား အမျိုးသား(၁၈)ဦးနှင့်အတူ လောက်ကိုင်မြို့နယ်နေ မြန်မာနိုင်ငံသား အသက်(၃၅)နှစ်အရွယ် အားဖျင်(ခ)စောက်ရီချုံနှင့်အတူ အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။ ထို့နောက် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ(၂၆)လုံး၊ ဆက်စပ်ပစ္စည်း(၂၆)မျိုး၊ Starlink (၁)စုံ၊ ဖုန်း (၁၃၀) လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် CZ 75 D 9mm အမျိုးအစား ပစ္စတိုသေနတ် (၁) လက်၊ ကျည် (၈) တောင့်၊ Beretta 9mm အမျိုးအစား ပစ္စတို သေနတ် (၁) လက်၊ ကျည် (၇) တောင့်၊ Type-81 အမျိုးအစား သေနတ်(၂) လက်၊ ကျည်အိမ် (၃) ခု၊ ကျည် (၄၀) တောင့်၊ ၄၀ မမ ပြောင်း (၁) ခု၊ စကားပြော စက် (၆) လုံး၊ ဆိုင်ကယ် (၂) စီး၊ မီးစက် (၁) လုံး၊ WiFi စက် (၃) လုံး၊ DONG FENG ခြောက်ဘီးယာဉ် (၁) စီးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
ထို့ကြောင့် ဖမ်းဆီးရမိသည့် ချိန်လှ အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား(၁၈)ဦးနှင့် မြန်မာနိုင်ငံသား (၂၇)ဦးကို တန့်ယန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ (က) ၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) တို့ဖြင့် အမှုဖွင့်ထားကာ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
zawgyi version
အြန္လိုင္းေငြလိမ္လုပ္ငန္းလုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသား(၁၈)ဦးႏွင့္ ျမန္မာႏိုင္ငံသား(၂၇)ဦးကို လက္နက္ပစၥည္းမ်ားႏွင့္အတူ တန႔္ယန္းၿမိဳ႕နယ္၌ ဖမ္းမိ
နာမူ (NP News) - ဒီဇင္ဘာ ၆
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ တန႔္ယန္းၿမိဳ႕နယ္တြင္ အြန္လိုင္းေငြလိမ္လုပ္ငန္းလုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသား (၁၈)ဦးႏွင့္ ျမန္မာႏိုင္ငံသား (၂၇)ဦးကို လက္နက္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အဆိုပါ အြန္လိုင္းေငြလိမ္လုပ္ငန္းလုပ္ကိုင္ေနသည့္အဖြဲ႕ကို ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂ ရက္၊ မြန္းလြဲ ၁ နာရီ ၁၅ မိနစ္အခ်ိန္က တန႔္ယန္းၿမိဳ႕နယ္၊ ေနာင္ဟီးေက်း႐ြာရွိ ေနအိမ္တစ္အိမ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေနအိမ္ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြစစ္ေဆးရာ ေနအိမ္အတြင္းတြင္ အြန္လိုင္းေငြလိမ္လုပ္ငန္းလုပ္ကိုင္ေနသူ အသက္(၃၀)ႏွစ္အ႐ြယ္ ခ်ိန္လွအပါအဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၁၈)ဦးႏွင့္အတူ ေလာက္ကိုင္ၿမိဳ႕နယ္ေန ျမန္မာႏိုင္ငံသား အသက္(၃၅)ႏွစ္အ႐ြယ္ အားဖ်င္(ခ)ေစာက္ရီခ်ဳံႏွင့္အတူ အမ်ိဳးသား(၁၇)ဦးႏွင့္ အမ်ိဳးသမီး (၁၀)ဦးတို႔ကို ဖမ္းဆီးရမိခဲ့ ေၾကာင္း သိရသည္။ ထို႔ေနာက္ အြန္လိုင္းေငြလိမ္လုပ္ငန္းလုပ္ကိုင္ရာတြင္ အသုံးျပဳသည့္ ကြန္ပ်ဴတာ(၂၆)လုံး၊ ဆက္စပ္ပစၥည္း(၂၆)မ်ိဳး၊ Starlink (၁)စုံ၊ ဖုန္း (၁၃၀) လုံးကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ CZ 75 D 9mm အမ်ိဳးအစား ပစၥတိုေသနတ္ (၁) လက္၊ က်ည္ (၈) ေတာင့္၊ Beretta 9mm အမ်ိဳးအစား ပစၥတို ေသနတ္ (၁) လက္၊ က်ည္ (၇) ေတာင့္၊ Type-81 အမ်ိဳးအစား ေသနတ္(၂) လက္၊ က်ည္အိမ္ (၃) ခု၊ က်ည္ (၄၀) ေတာင့္၊ ၄၀ မမ ေျပာင္း (၁) ခု၊ စကားေျပာ စက္ (၆) လုံး၊ ဆိုင္ကယ္ (၂) စီး၊ မီးစက္ (၁) လုံး၊ WiFi စက္ (၃) လုံး၊ DONG FENG ေျခာက္ဘီးယာဥ္ (၁) စီးတို႔ကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသည့္ ခ်ိန္လွ အပါအဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၁၈)ဦးႏွင့္ ျမန္မာႏိုင္ငံသား (၂၇)ဦးကို တန႔္ယန္းၿမိဳ႕မရဲစခန္းတြင္ အီလက္ထေရာနစ္ဆက္သြယ္ေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၃ (က) ၊ လဝကအက္ဥပေဒပုဒ္မ ၁၃(၁) တို႔ျဖင့္ အမႈဖြင့္ထားကာ စစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။