၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ်ပွဲစဉ်(၁၄) ပွဲကြိုသုံးသပ်ချက်များ (အားကစားဆောင်းပါး)

 455

ရဲထက် (NP News) - နိုဝင်ဘာ ၆

ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အနေ အထားတွေအရ ဆောင်းတွင်းဝင်လာတဲ့အခါမှာ အ သင်းတော်တော်များများက ပွဲကျပ်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းရတော့မှာဖြစ်ပြီး နိုင်ပွဲရဖို့လည်း တော် တော်လေး ရုန်းကန်ရလေ့ရှိတာကိုတွေ့ရပါတယ်။ လက်ရှိအမှတ်ပေးဇယားကိုတော့ လီဗာပူးလ်အသင်း က ရမှတ်အသာစီးနဲ့ဦးဆောင်ထားပြီး မန်စီးတီး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေကတော့ ရမှတ် သိပ်မကွာတဲ့အနေအထားမှာ အကြိတ်အနယ်ပွဲစဉ် တွေကို ကိုယ်စီယှဉ်ပြိုင်ကစားကြဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း ပရိသတ်အကြိုက်တွေ့မယ့် ပွဲစဉ် (၁၄)ရဲ့အကောင်းဆုံးပွဲဖြစ်လာမယ့် အာဆင် နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကလည်း အကြိတ်အနယ်ရှိလှတဲ့ ပွဲကောင်းတစ်ပွဲဖြစ် လာဦးမှာပါ။ ဒါကြောင့် ွှ့န ှအအေနျာညေ ဂျာနယ် ကနေ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)ရဲ့ ခြေစွမ်းနဲ့နိုင်ပွဲရယူမှု ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

အာဆင်နယ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၂ - ဝ အာဆင်နယ် (၁၂-၅-၂၀၂၄)
အာဆင်နယ် ၁ - ၄ မန်ယူ (၃-၉-၂၀၂၃)
အာဆင်နယ် ၃ - ၂ မန်ယူ (၂၂-၁-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၂ မန်ယူ
အာဆင်နယ် ၃ - ၂ မန်ယူ

ဒီဘက်နှစ်တွေမှာ မန်ယူအသင်းက အာ ဆင်နယ်အသင်းကို မနိုင်တော့တာဟာ ထိပ်တိုက် တွေ့ဆုံမှု(၄)ပွဲဆက်တိုက်ဖြစ်နေပြီပဲဖြစ်ပါတယ်။ မနှစ်ကရာသီ ထိပ်တိုက်တွေ့ဆုံမှု(၂)ကြိမ်လုံးမှာ လည်း အာဆင်နယ်အသင်းက အနိုင်ရထားတာဖြစ်ပြီး မန်ယူအသင်းရဲ့ စွမ်းဆောင်ရည်ကလည်း ဒီနှစ်ရာ သီမှာ အခုရာသီလောက် မဆိုးရွားသေးတဲ့ခြေစွမ်းရှိနေတဲ့အချိန်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မန်ယူ အသင်းက နည်းပြအပြောင်းအလဲလုပ်ပြီးတဲ့နောက်ပိုင်း ကစားပုံပိုကောင်းလာတာကိုတွေ့ရပြီး အရင် ထက်အမှားနည်းလာတာကိုတွေ့ရပါတယ်။ မန်ယူအ သင်းရဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ဆိုရင်လည်း အရင်ကထက်ပေးဆပ်ကစားလိုမှုတွေ၊ ပွဲထွက်ခွင့်ရဖို့ ခြေစွမ်းပြမှရမယ်ဆိုတဲ့စိတ်က ကြီး စိုးနေတာကြောင့် ပိုကောင်းတဲ့ခြေစွမ်းတွေ ပြသဖို့ရှိ နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ဒီရာသီမှာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်လိုစိတ်ကြီး စိုးလွန်းတာကြောင့် နည်းပြနဲ့ ကစားသမားတွေကြားမှာ ဘယ်လောက်ပဲအချိတ်အဆက်ကောင်းတယ်ဆိုပေမယ့် ရုန်းကန်နေရသေးတဲ့အနေအထားပါ။ ဒီနေရာ မှာ အာဆင်နယ်အသင်းက စိတ်ပိုင်းဆိုင်ရာမှာပြင်ဆင် ဖို့လိုအပ်နေတဲ့အရာကဘာလဲဆိုရင် ပရိသတ် တွေရော နည်းပြနဲ့ကစားသမားတွေအားလုံးဟာ ငါတို့ က ချန်ပီယံခြေစွမ်းရနေပြီ။ ချန်ပီယံဖြစ်ရမယ်။ ဖလား တစ်ခုခုရကိုရစေရမယ်ဆိုတဲ့ ဖိအားတွေဟာ အသင်း ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်စေ တယ်လို့မြင်မိပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ ချန်ပီယံ ဆုအနားရောက်ခါနီးမှ ဖြေသိမ့်ခဲ့ရမှုတွေက ဒီနှစ် ရာသီ အာဆင်နယ်အသင်းကို အနည်းငယ်စိတ်ပိုင်း ဆိုင်ရာ အနှောင့်အယှက်ဖြစ်စေခဲ့ဟန်ရှိနေပါတယ်။ ဒီအချက်တွေကို အာဆင်နယ်အသင်းပြင်ဆင်နိုင်ရင် ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ဆုအတွက် နောက်မကျသေးဘူးလို့ပြောလို့ရနေပါသေးတယ်။ မန်ယူအသင်း နဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာလည်း အသာစီးရယူ ထားတယ်ဆိုပေမယ့် တိုက်စစ်ပိုင်းမှာ ဂိုးရဖို့လိုအပ် ချက်ရှိနေတဲ့ အာဆင်နယ်အသင်းအတွက် နိုင်ပွဲရဖို့ ခက်ခဲနိုင်ပြီး သရေကျဖို့များတဲ့ပွဲစဉ်ဖြစ်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေကိုတော့ တွေ့မြင်ရနိုင်ခြေ ရှိပြီး နိုင်ဖို့ဆိုရင်တော့ အာဆင်နယ်ဘက်က နေချင် ပါတယ်။

လီဗာပူးလ် Vs နယူးကာဆယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၄ - ၂ နယူးကာဆယ် (၂-၁-၂၀၂၄)
နယူးကာဆယ် ၁ - ၂ လီဗာပူးလ် (၂၇-၈-၂၀၂၃)
နယူးကာဆယ် ၂ - ဝ လီဗာပူးလ် (၁၉-၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ၁ နယူးကာဆယ်
လီဗာပူးလ် ၃ - ၁ နယူးကာဆယ်

လီဗာပူးလ်အသင်းရဲ့ ဒီရာသီစွမ်းဆောင် ရည်တွေဟာ (၁၉)သင်းပရိသတ်တွေအားလုံး ဩချရ လောက်တဲ့အထိကို ကောင်းမွန်နေပါတယ်။ ရာသီ အစမှာကတည်းက တောက်လျှောက်ခြေစွမ်းပြလာ ပေမယ့် အစမို့လို့ပါဆိုတဲ့ခန့်မှန်းမှုတွေအပြင် နည်းပြ အသစ်လက်ထက်မှာ ကစားကွက်ပျက်သွားနိုင် တယ် လို ထင်ကြေးပေးထားတဲ့အသင်းက ဒီလိုပရီးမီ ယား လိဂ်ချန်ပီယံဆုရဲ့ပြေးလမ်းပေါ်မှာ ရမှတ်အသာစီးနဲ့ ဖြတ်ထားနိုင်တာဟာ တကယ်ကိုချီးကျူးချင်စရာ ကောင်းပါတယ်။ ဒီရာသီလူခေါ်ယူမှု များများစားစားမလုပ်ထားတဲ့အသင်းလည်းဖြစ်သလို ရှိတဲ့လူနဲ့အ ကောင်းဆုံးဖြတ်သန်းနိုင်တာကလည်း နည်းပြသစ် အာနဲ့စလော့အတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ပြောလို့ရနေပါတယ်။ အခုဆိုရင် လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကနေဦးဆောင်နေသလို ဖိအားကင်းကင်းနဲ့ ပွဲစဉ်တိုင်းကို ကစားနိုင်နေပြီ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဆိုတာကလည်း တခြားအသင်းတွေအတွက် ခက်ခဲနိုင်ပေမယ့် လီဗာ ပူးလ်အသင်းအတွက်ကတော့ ငယ်နိုင်အသင်းလို့ဆို နိုင်ပြီး ကန်တိုင်းနိုင်နေတာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (၂၀၁၆) ခုနှစ်ကစပြီး (၂၀၂၄) ခုနှစ်အထိ ပွဲပေါင်း(၁၄)ပွဲအထိ နယူးကာဆယ် အသင်းက လီဗာပူးလ်ကို တစ်ပွဲမှမနိုင်ထားဖူးသေး ပါဘူး။ ဒါဟာ အိမ်ကွင်းရောအဝေးကွင်းမှာပါဖြစ်ပါတယ်။ ပိုဆိုးတာက လီဗာပူးလ်အသင်းကပဲ အသာစီး နဲ့ ဂိုးပြတ်အနိုင်ရတဲ့ပွဲကများတာကြောင့် နယူးကာ ဆယ်အသင်းကိုရင်ဆိုင်ဖို့ လီဗာပူးလ်အနေနဲ့ ခက်ခဲ မယ်မထင်ပါဘူး။ တစ်ပွဲရှုံးရင်တောင် ဘာမှမဖြစ်တဲ့ လီဗာပူးလ်အသင်းအတွက် ဒီပွဲစဉ်ကလည်း နိုင်ပွဲရ ဖို့များပြီး နယူးကာဆယ်အသင်းက ပိတ်ကန်မယ်ဆို ရင်တော့ သ‌ရေကျဖို့များပါတယ်။

မန်စီးတီး Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ် ဝ - ၂ မန်စီးတီး (၂၈-၄-၂၀၂၄)
မန်စီးတီး ၂ - ဝ ဖောရက်စ် (၂၃ -၉-၂၀ ၂၃)
ဖောရက်စ် ဝ - ၁ မန်စီးတီး (၁၈-၂-၂၀ ၂၁)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ဝ ဖောရက်စ်
မန်စီးတီး ၄ - ၂ ဖောရက်စ်

မန်စီးတီးအသင်းအတွက် ဒီရာသီရုန်းကန် ရမှုက သက်ရောက်မှုကြီးမားတယ်လို့ ပြောလို့ရနေ ပါပြီ။ နည်းပြနဲ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ပိုင်းက အဓိကကျတယ်ဆိုပေမယ့် မန်စီးတီးဆိုတဲ့အ သင်းဟာ (၄)နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့အသင်းပါ။ ဥရောပဖလားအစုံသိမ်းပိုက်နိုင်ခဲ့အပြီးမှာတော့ မန်စီးတီးအသင်းဟာ အသင်းတိုင်းရဲ့ ပစ်မှတ်ထားကစားတာကို ခံရတဲ့အသင်းဖြစ်လာခဲ့ပါ တယ်။ အသင်းတိုင်းက မန်စီးတီးအသင်းကိုဆိုရင် အချိန်ယူပြင်ဆင်မှုတွေ သေသေချာချာလုပ်ဆောင် လာတဲ့အပြင် ငါတို့အသင်းသရေလောက်ကစားနိုင် ခဲ့ရင်တောင် ကျေနပ်စရာအဖြစ် ခံယူလာကြအပြီးမှာ တော့ မန်စီးတီးအသင်းအတွက် အရာရာဟာခက်ခဲ နေခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းရရှိခဲ့တဲ့အောင်မြင်မှုတွေက လွယ်လွယ်ကူကူရထားတာမဟုတ်တာကြောင့် ဒီအချိန်မှာပြောဖို့စောနေသေးပါ တယ်။ အကောင်းဆုံးသောစွမ်းဆောင်ရည်တွေနဲ့ မန် စီးတီးအသင်းပြန်လာနိုင်မလားဆိုတာက ဒီပွဲစဉ်အ ပေါ်မှာ အများကြီးမူတည်သွားပါပြီ။ ဒါကြောင့် ဒီပွဲစဉ် အတွက် မန်စီးတီးက အချိန်ယူပြင်ဆင်လာဖို့ရှိနေတဲ့ အပြင် အနိုင်ကန်ဖို့အတွက်ပါ တွေးထားပြီးလောက် ပါပြီ။ ဒါပေမဲ့ခက်တာက နော်တင်ဖောရက်စ်ဖြစ်နေ ပါတယ်။ နော်တင်ဖောရက်စ်က အသင်းကြီးတွေ အ နိုင်ကစားဖို့ခက်ခဲတဲ့အသင်းအဖြစ် ဒီရာသီမှာခြေ စွမ်းပြနေတာကြောင့် မန်စီးတီးအသင်းကိုလျှော့တွက် ရင်တော့ ပေးဆပ်မှုထပ်ပြီးကြီးမားသွားရဖို့ရှိသလို ချန်ပီယံဆုအတွက် မျှော်လင့်ချက်ပါ မှေးမိန်သွားနိုင် ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကိုခန့်မှန်းရရင် မန်စီးတီးအ သင်းကပဲ အနိုင်(၃)မှတ်ရဖို့များပါတယ်။ သွင်းဂိုးတွေ တော့ များများစားစားမြင်တွေ့ရဖို့မရှိပါဘူး။

ဆောက်သမ်တန် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ဝ - ၁ ဆောက်သမ်တန် (၁၈-၂-၂၀၂၄)
ဆောက်သမ်တန် ၂ - ၁ ချဲလ်ဆီး (၃၁-၈-၂၀၂၂)
ဆောက်သမ်တန် ဝ - ၆ ချဲလ်ဆီး (၉-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဆောက်သမ်တန် ၁ - ၂ ချဲလ်ဆီး ဆောက်သမ်တန် ဝ - ၁ ချဲလ်ဆီး

ဒီပွဲစဉ်က ချဲလ်ဆီးအသင်းအတွက် ခက်ခဲ ဖို့ရှိနေပြီး ဆောက်သမ်တန်အိမ်ကွင်းမှာ နိုင်ပွဲရဖို့ လွယ်ကူမနေတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဆောက်သမ်တန် အသင်းက တန်းဆင်းရဖို့သေချာသလောက်ရှိနေ တယ်ဆိုပေမယ့် တန်းဆင်းဇုန်ရုန်းအားက ဘယ်အ သင်းကြီးတွေကိုမဆို ဒုက္ခပေးနိုင်တာကြောင့် ဆောက်သမ်တန်အိမ်ကွင်းမှာဆိုရင် ချဲလ်ဆီးအသင်း အတွက် ရင်ဆိုင်ရခက်ခဲတဲ့အသင်းဖြစ်ပါတယ်။ ချဲလ် ဆီးအသင်းကတော့ ဖြည်းဖြည်းနဲ့မှန်မှန်နိုင်ပွဲရနေ ပေမယ့် အသင်းကြီးတွေတွေ့တိုင်း နိုင်ပွဲရဖို့ခက်ခဲ တာက ချန်ပီယံဆုကိုစိန်ခေါ်ဖို့ လုံလောက်တဲ့ ခြေစွမ်း မဟုတ်သေးတာသေချာနေပါတယ်။ အခုအချိန်အထိ ပွဲထွက်လူစာရင်းအမှန်က ဘာမှန်းမသိဖြစ်တာတွေ ရယ် ‌နောက်တန်းနဲ့ ခံစစ်မှာရော ဂိုးသမားပါအမှားများ နေတဲ့ ချဲလ်ဆီးအသင်းအတွက် ဒီရာသီမှာအများကြီး မျှော်လင့်ထားလို့မရသေးဘူးဆိုတာ သေချာနေပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ချဲလ်ဆီးက ဆောက်သမ်တန်ကို ရှုံးထားတာကြောင့် ချဲလ်ဆီးအ သင်းအနေနဲ့ ဒီပွဲစဉ်မှာ ပြန်လည်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်မလားဆိုတာကလည်း စောင့်ကြည့် ရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ခန့်မှန်းရမယ်ဆိုရင် ဆောက်သမ်တန်က အိမ်ကွင်းဖြစ်လို့ ချဲလ်ဆီးက ခက်ခဲမယ်ဆိုပေမယ့် ကစားသမားတစ်ယောက်ချင်း စီမှာရော အသင်းရဲ့စွမ်းဆောင်ရည်ပါ ကွာခြားလွန်း တာကြောင့် ဒီပွဲစဉ်ကချဲလ်ဆီးအသင်းအတွက် အနိုင်နဲ့သရေပဲရှိပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

ဘုန်းမောက်စ် Vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် ၃ - ၁ ဘုန်းမောက်စ် (၃၁-၁၂-၂၀၂၄)
ဘုန်းမောက်စ် ဝ - ၂ စပါးစ် (၂၆-၈-၂၀၂၃)
စပါးစ် ၂ - ၃ ဘုန်းမောက်စ် (၁၅-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘုန်းမောက်စ် ၁ - ၂ စပါးစ်
ဘုန်းမောက်စ် ဝ - ၂ စပါးစ်

စပါးစ်အသင်းအတွက် ဒီပွဲစဉ်ကအရေး ကြီးတဲ့ပွဲစဉ်လို့ပြောလို့ရနေပြီး နိုင်ပွဲရရင် ဥရောပဝင် ခွင့်အတွက်ရော အဆင့်(၅)ထဲကိုဝင်ရောက်ဖို့ အ ကောင်းဆုံးအနေအထားတစ်ရပ်ကို ပိုင်ဆိုင်လာတော့ မှာဖြစ်ပါတယ်။ မန်းစီးတီးအသင်းကို (၄)ဂိုးပြတ်နဲ့နိုင် ပွဲရပြီးကတည်းက အရာရာကောင်းမွန်လာခဲ့တဲ့ စပါးစ်အသင်းအတွက် နောက်ပိုင်းပွဲစဉ်တွေမှာသာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုပြသနိုင်ရင် မနှစ်က ထက်ပိုကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းသွားနိုင် ဖို့ရှိနေပါတယ်။ ဘုန်းမောက်စ်အသင်းကတော့ ဒီရာ သီမှာ ပုံမှန်ခြေစွမ်းထက် အနည်းငယ်ပိုကောင်းတယ် လို့ ပြောလို့ရနေပြီး အိမ်ကွင်းမှာစပါးစ်ကိုရင်ဆိုင်ရ မှာဖြစ်တာကြောင့်လည်း သေချာပြင်ဆင်ထားဖို့ရှိ နေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က စပါးစ်အသင်းအ တွက် နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး အပြန်အလှန်သွင်းဂိုး တွေနဲ့သရေကျဖို့များပါတယ်။ နိုင်ပွဲအတွက်ကတော့ စပါးစ်ဘက်ကနေချင်ပါတယ်။

၅ - ၁၂ -၂၀၂၄ (ကြာသပတေးနံနက်ပိုင်း)
နံနက်(၂းဝဝ) မန်စီးတီး Vs နော်တင်ဖောရက်စ်
နံနက်(၂းဝဝ) နယူးကာဆယ် Vs လီဗာပူးလ်
နံနက်(၂းဝဝ) ဆောက်သမ်တန် Vs ချဲလ်ဆီး
နံနက်(၂း၄၅) အာဆင်နယ် Vs မန်ယူ

၆ - ၁၂ -၂၀၂၄ (သောကြာနံနက်ပိုင်း)
နံနက်(၂းဝဝ) ဘုန်းမောက်စ် Vs စပါးစ်

zawgyi version
၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ္ပြဲစဥ္(၁၄) ပြဲႀကိဳသုံးသပ္ခ်က္မ်ား (အားကစားေဆာင္းပါး)
ရဲထက္ (NP News) - ႏိုဝင္ဘာ ၆

ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္ပြဲစဥ္အေန အထားေတြအရ ေဆာင္းတြင္းဝင္လာတဲ့အခါမွာ အ သင္းေတာ္ေတာ္မ်ားမ်ားက ပြဲက်ပ္ကာလေတြကို ရင္ဆိုင္ျဖတ္သန္းရေတာ့မွာျဖစ္ၿပီး ႏိုင္ပြဲရဖို႔လည္း ေတာ္ ေတာ္ေလး ႐ုန္းကန္ရေလ့ရွိတာကိုေတြ႕ရပါတယ္။ လက္ရွိအမွတ္ေပးဇယားကိုေတာ့ လီဗာပူးလ္အသင္း က ရမွတ္အသာစီးနဲ႔ဦးေဆာင္ထားၿပီး မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္အသင္းေတြကေတာ့ ရမွတ္ သိပ္မကြာတဲ့အေနအထားမွာ အႀကိတ္အနယ္ပြဲစဥ္ ေတြကို ကိုယ္စီယွဥ္ၿပိဳင္ကစားၾကဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း ပရိသတ္အႀကိဳက္ေတြ႕မယ့္ ပြဲစဥ္ (၁၄)ရဲ႕အေကာင္းဆုံးပြဲျဖစ္လာမယ့္ အာဆင္ နယ္အသင္းနဲ႔ မန္ယူအသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈ ကလည္း အႀကိတ္အနယ္ရွိလွတဲ့ ပြဲေကာင္းတစ္ပြဲျဖစ္ လာဦးမွာပါ။ ဒါေၾကာင့္ ႊ႕န ွအေအန်ာေည ဂ်ာနယ္ ကေန အမွတ္ေပးဇယားရဲ႕ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ အသင္းႀကီးေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ (၁၄)ရဲ႕ ေျခစြမ္းနဲ႔ႏိုင္ပြဲရယူမႈ ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

အာဆင္နယ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၂ - ဝ အာဆင္နယ္ (၁၂-၅-၂၀၂၄)
အာဆင္နယ္ ၁ - ၄ မန္ယူ (၃-၉-၂၀၂၃)
အာဆင္နယ္ ၃ - ၂ မန္ယူ (၂၂-၁-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ၂ မန္ယူ
အာဆင္နယ္ ၃ - ၂ မန္ယူ

ဒီဘက္ႏွစ္ေတြမွာ မန္ယူအသင္းက အာ ဆင္နယ္အသင္းကို မႏိုင္ေတာ့တာဟာ ထိပ္တိုက္ ေတြ႕ဆုံမႈ(၄)ပြဲဆက္တိုက္ျဖစ္ေနၿပီပဲျဖစ္ပါတယ္။ မႏွစ္ကရာသီ ထိပ္တိုက္ေတြ႕ဆုံမႈ(၂)ႀကိမ္လုံးမွာ လည္း အာဆင္နယ္အသင္းက အႏိုင္ရထားတာျဖစ္ၿပီး မန္ယူအသင္းရဲ႕ စြမ္းေဆာင္ရည္ကလည္း ဒီႏွစ္ရာ သီမွာ အခုရာသီေလာက္ မဆိုး႐ြားေသးတဲ့ေျခစြမ္းရွိေနတဲ့အခ်ိန္မွာျဖစ္ပါတယ္။ ဒါေပမဲ့လည္း မန္ယူ အသင္းက နည္းျပအေျပာင္းအလဲလုပ္ၿပီးတဲ့ေနာက္ပိုင္း ကစားပုံပိုေကာင္းလာတာကိုေတြ႕ရၿပီး အရင္ ထက္အမွားနည္းလာတာကိုေတြ႕ရပါတယ္။ မန္ယူအ သင္းရဲ႕ ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ ဆိုရင္လည္း အရင္ကထက္ေပးဆပ္ကစားလိုမႈေတြ၊ ပြဲထြက္ခြင့္ရဖို႔ ေျခစြမ္းျပမွရမယ္ဆိုတဲ့စိတ္က ႀကီး စိုးေနတာေၾကာင့္ ပိုေကာင္းတဲ့ေျခစြမ္းေတြ ျပသဖို႔ရွိ ေနတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းကေတာ့ ဒီရာသီမွာ ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္လိုစိတ္ႀကီး စိုးလြန္းတာေၾကာင့္ နည္းျပနဲ႔ ကစားသမားေတြၾကားမွာ ဘယ္ေလာက္ပဲအခ်ိတ္အဆက္ေကာင္းတယ္ဆိုေပမယ့္ ႐ုန္းကန္ေနရေသးတဲ့အေနအထားပါ။ ဒီေနရာ မွာ အာဆင္နယ္အသင္းက စိတ္ပိုင္းဆိုင္ရာမွာျပင္ဆင္ ဖို႔လိုအပ္ေနတဲ့အရာကဘာလဲဆိုရင္ ပရိသတ္ ေတြေရာ နည္းျပနဲ႔ကစားသမားေတြအားလုံးဟာ ငါတို႔ က ခ်န္ပီယံေျခစြမ္းရေနၿပီ။ ခ်န္ပီယံျဖစ္ရမယ္။ ဖလား တစ္ခုခုရကိုရေစရမယ္ဆိုတဲ့ ဖိအားေတြဟာ အသင္း ရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာကို အမ်ားႀကီးထိခိုက္ေစ တယ္လို႔ျမင္မိပါတယ္။ ၿပီးခဲ့တဲ့ရာသီေတြမွာ ခ်န္ပီယံ ဆုအနားေရာက္ခါနီးမွ ေျဖသိမ့္ခဲ့ရမႈေတြက ဒီႏွစ္ ရာသီ အာဆင္နယ္အသင္းကို အနည္းငယ္စိတ္ပိုင္း ဆိုင္ရာ အေႏွာင့္အယွက္ျဖစ္ေစခဲ့ဟန္ရွိေနပါတယ္။ ဒီအခ်က္ေတြကို အာဆင္နယ္အသင္းျပင္ဆင္ႏိုင္ရင္ ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္ဆုအတြက္ ေနာက္မက်ေသးဘူးလို႔ေျပာလို႔ရေနပါေသးတယ္။ မန္ယူအသင္း နဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာလည္း အသာစီးရယူ ထားတယ္ဆိုေပမယ့္ တိုက္စစ္ပိုင္းမွာ ဂိုးရဖို႔လိုအပ္ ခ်က္ရွိေနတဲ့ အာဆင္နယ္အသင္းအတြက္ ႏိုင္ပြဲရဖို႔ ခက္ခဲႏိုင္ၿပီး သေရက်ဖို႔မ်ားတဲ့ပြဲစဥ္ျဖစ္ပါတယ္။ အျပန္အလွန္သြင္းဂိုးေတြကိုေတာ့ ေတြ႕ျမင္ရႏိုင္ေျခ ရွိၿပီး ႏိုင္ဖို႔ဆိုရင္ေတာ့ အာဆင္နယ္ဘက္က ေနခ်င္ ပါတယ္။

လီဗာပူးလ္ Vs နယူးကာဆယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၄ - ၂ နယူးကာဆယ္ (၂-၁-၂၀၂၄)
နယူးကာဆယ္ ၁ - ၂ လီဗာပူးလ္ (၂၇-၈-၂၀၂၃)
နယူးကာဆယ္ ၂ - ဝ လီဗာပူးလ္ (၁၉-၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ၁ နယူးကာဆယ္
လီဗာပူးလ္ ၃ - ၁ နယူးကာဆယ္

လီဗာပူးလ္အသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ ရည္ေတြဟာ (၁၉)သင္းပရိသတ္ေတြအားလုံး ဩခ်ရ ေလာက္တဲ့အထိကို ေကာင္းမြန္ေနပါတယ္။ ရာသီ အစမွာကတည္းက ေတာက္ေလွ်ာက္ေျခစြမ္းျပလာ ေပမယ့္ အစမို႔လို႔ပါဆိုတဲ့ခန႔္မွန္းမႈေတြအျပင္ နည္းျပ အသစ္လက္ထက္မွာ ကစားကြက္ပ်က္သြားႏိုင္ တယ္ လို ထင္ေၾကးေပးထားတဲ့အသင္းက ဒီလိုပရီးမီ ယား လိဂ္ခ်န္ပီယံဆုရဲ႕ေျပးလမ္းေပၚမွာ ရမွတ္အသာစီးနဲ႔ ျဖတ္ထားႏိုင္တာဟာ တကယ္ကိုခ်ီးက်ဴးခ်င္စရာ ေကာင္းပါတယ္။ ဒီရာသီလူေခၚယူမႈ မ်ားမ်ားစားစားမလုပ္ထားတဲ့အသင္းလည္းျဖစ္သလို ရွိတဲ့လူနဲ႔အ ေကာင္းဆုံးျဖတ္သန္းႏိုင္တာကလည္း နည္းျပသစ္ အာနဲ႔စေလာ့အတြက္ ေကာင္းမြန္တဲ့ရလဒ္တစ္ခုလို႔ ေျပာလို႔ရေနပါတယ္။ အခုဆိုရင္ လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးကေနဦးေဆာင္ေနသလို ဖိအားကင္းကင္းနဲ႔ ပြဲစဥ္တိုင္းကို ကစားႏိုင္ေနၿပီ ျဖစ္ပါတယ္။ နယူးကာဆယ္အသင္းဆိုတာကလည္း တျခားအသင္းေတြအတြက္ ခက္ခဲႏိုင္ေပမယ့္ လီဗာ ပူးလ္အသင္းအတြက္ကေတာ့ ငယ္ႏိုင္အသင္းလို႔ဆို ႏိုင္ၿပီး ကန္တိုင္းႏိုင္ေနတာကိုေတြ႕ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ (၂၀၁၆) ခုႏွစ္ကစၿပီး (၂၀၂၄) ခုႏွစ္အထိ ပြဲေပါင္း(၁၄)ပြဲအထိ နယူးကာဆယ္ အသင္းက လီဗာပူးလ္ကို တစ္ပြဲမွမႏိုင္ထားဖူးေသး ပါဘူး။ ဒါဟာ အိမ္ကြင္းေရာအေဝးကြင္းမွာပါျဖစ္ပါတယ္။ ပိုဆိုးတာက လီဗာပူးလ္အသင္းကပဲ အသာစီး နဲ႔ ဂိုးျပတ္အႏိုင္ရတဲ့ပြဲကမ်ားတာေၾကာင့္ နယူးကာ ဆယ္အသင္းကိုရင္ဆိုင္ဖို႔ လီဗာပူးလ္အေနနဲ႔ ခက္ခဲ မယ္မထင္ပါဘူး။ တစ္ပြဲရႈံးရင္ေတာင္ ဘာမွမျဖစ္တဲ့ လီဗာပူးလ္အသင္းအတြက္ ဒီပြဲစဥ္ကလည္း ႏိုင္ပြဲရ ဖို႔မ်ားၿပီး နယူးကာဆယ္အသင္းက ပိတ္ကန္မယ္ဆို ရင္ေတာ့ သ‌ေရက်ဖို႔မ်ားပါတယ္။

မန္စီးတီး Vs ေနာ္တင္ေဖာရက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဖာရက္စ္ ဝ - ၂ မန္စီးတီး (၂၈-၄-၂၀၂၄)
မန္စီးတီး ၂ - ဝ ေဖာရက္စ္ (၂၃ -၉-၂၀ ၂၃)
ေဖာရက္စ္ ဝ - ၁ မန္စီးတီး (၁၈-၂-၂၀ ၂၁)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ဝ ေဖာရက္စ္
မန္စီးတီး ၄ - ၂ ေဖာရက္စ္

မန္စီးတီးအသင္းအတြက္ ဒီရာသီ႐ုန္းကန္ ရမႈက သက္ေရာက္မႈႀကီးမားတယ္လို႔ ေျပာလို႔ရေန ပါၿပီ။ နည္းျပနဲ႔ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ ပိုင္းက အဓိကက်တယ္ဆိုေပမယ့္ မန္စီးတီးဆိုတဲ့အ သင္းဟာ (၄)ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ခဲ့တဲ့အသင္းပါ။ ဥေရာပဖလားအစုံသိမ္းပိုက္ႏိုင္ခဲ့အၿပီးမွာေတာ့ မန္စီးတီးအသင္းဟာ အသင္းတိုင္းရဲ႕ ပစ္မွတ္ထားကစားတာကို ခံရတဲ့အသင္းျဖစ္လာခဲ့ပါ တယ္။ အသင္းတိုင္းက မန္စီးတီးအသင္းကိုဆိုရင္ အခ်ိန္ယူျပင္ဆင္မႈေတြ ေသေသခ်ာခ်ာလုပ္ေဆာင္ လာတဲ့အျပင္ ငါတို႔အသင္းသေရေလာက္ကစားႏိုင္ ခဲ့ရင္ေတာင္ ေက်နပ္စရာအျဖစ္ ခံယူလာၾကအၿပီးမွာ ေတာ့ မန္စီးတီးအသင္းအတြက္ အရာရာဟာခက္ခဲ ေနခဲ့ရၿပီျဖစ္ပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္းရရွိခဲ့တဲ့ေအာင္ျမင္မႈေတြက လြယ္လြယ္ကူကူရထားတာမဟုတ္တာေၾကာင့္ ဒီအခ်ိန္မွာေျပာဖို႔ေစာေနေသးပါ တယ္။ အေကာင္းဆုံးေသာစြမ္းေဆာင္ရည္ေတြနဲ႔ မန္ စီးတီးအသင္းျပန္လာႏိုင္မလားဆိုတာက ဒီပြဲစဥ္အ ေပၚမွာ အမ်ားႀကီးမူတည္သြားပါၿပီ။ ဒါေၾကာင့္ ဒီပြဲစဥ္ အတြက္ မန္စီးတီးက အခ်ိန္ယူျပင္ဆင္လာဖို႔ရွိေနတဲ့ အျပင္ အႏိုင္ကန္ဖို႔အတြက္ပါ ေတြးထားၿပီးေလာက္ ပါၿပီ။ ဒါေပမဲ့ခက္တာက ေနာ္တင္ေဖာရက္စ္ျဖစ္ေန ပါတယ္။ ေနာ္တင္ေဖာရက္စ္က အသင္းႀကီးေတြ အ ႏိုင္ကစားဖို႔ခက္ခဲတဲ့အသင္းအျဖစ္ ဒီရာသီမွာေျခ စြမ္းျပေနတာေၾကာင့္ မန္စီးတီးအသင္းကိုေလွ်ာ့တြက္ ရင္ေတာ့ ေပးဆပ္မႈထပ္ၿပီးႀကီးမားသြားရဖို႔ရွိသလို ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ပါ ေမွးမိန္သြားႏိုင္ ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကိုခန႔္မွန္းရရင္ မန္စီးတီးအ သင္းကပဲ အႏိုင္(၃)မွတ္ရဖို႔မ်ားပါတယ္။ သြင္းဂိုးေတြ ေတာ့ မ်ားမ်ားစားစားျမင္ေတြ႕ရဖို႔မရွိပါဘူး။

ေဆာက္သမ္တန္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ဝ - ၁ ေဆာက္သမ္တန္ (၁၈-၂-၂၀၂၄)
ေဆာက္သမ္တန္ ၂ - ၁ ခ်ဲလ္ဆီး (၃၁-၈-၂၀၂၂)
ေဆာက္သမ္တန္ ဝ - ၆ ခ်ဲလ္ဆီး (၉-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဆာက္သမ္တန္ ၁ - ၂ ခ်ဲလ္ဆီး ေဆာက္သမ္တန္ ဝ - ၁ ခ်ဲလ္ဆီး

ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းအတြက္ ခက္ခဲ ဖို႔ရွိေနၿပီး ေဆာက္သမ္တန္အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ လြယ္ကူမေနတဲ့ ပြဲစဥ္ျဖစ္ပါတယ္။ ေဆာက္သမ္တန္ အသင္းက တန္းဆင္းရဖို႔ေသခ်ာသေလာက္ရွိေန တယ္ဆိုေပမယ့္ တန္းဆင္းဇုန္႐ုန္းအားက ဘယ္အ သင္းႀကီးေတြကိုမဆို ဒုကၡေပးႏိုင္တာေၾကာင့္ ေဆာက္သမ္တန္အိမ္ကြင္းမွာဆိုရင္ ခ်ဲလ္ဆီးအသင္း အတြက္ ရင္ဆိုင္ရခက္ခဲတဲ့အသင္းျဖစ္ပါတယ္။ ခ်ဲလ္ ဆီးအသင္းကေတာ့ ျဖည္းျဖည္းနဲ႔မွန္မွန္ႏိုင္ပြဲရေန ေပမယ့္ အသင္းႀကီးေတြေတြ႕တိုင္း ႏိုင္ပြဲရဖို႔ခက္ခဲ တာက ခ်န္ပီယံဆုကိုစိန္ေခၚဖို႔ လုံေလာက္တဲ့ ေျခစြမ္း မဟုတ္ေသးတာေသခ်ာေနပါတယ္။ အခုအခ်ိန္အထိ ပြဲထြက္လူစာရင္းအမွန္က ဘာမွန္းမသိျဖစ္တာေတြ ရယ္ ‌ေနာက္တန္းနဲ႔ ခံစစ္မွာေရာ ဂိုးသမားပါအမွားမ်ား ေနတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ဒီရာသီမွာအမ်ားႀကီး ေမွ်ာ္လင့္ထားလို႔မရေသးဘူးဆိုတာ ေသခ်ာေနပါ တယ္။ ထိပ္တိုက္ေတြ႕ဆုံမႈမွာလည္း ခ်ဲလ္ဆီးက ေဆာက္သမ္တန္ကို ရႈံးထားတာေၾကာင့္ ခ်ဲလ္ဆီးအ သင္းအေနနဲ႔ ဒီပြဲစဥ္မွာ ျပန္လည္အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္မလားဆိုတာကလည္း ေစာင့္ၾကည့္ ရမွာျဖစ္ပါတယ္။ ဒီပြဲစဥ္ကို ခန႔္မွန္းရမယ္ဆိုရင္ ေဆာက္သမ္တန္က အိမ္ကြင္းျဖစ္လို႔ ခ်ဲလ္ဆီးက ခက္ခဲမယ္ဆိုေပမယ့္ ကစားသမားတစ္ေယာက္ခ်င္း စီမွာေရာ အသင္းရဲ႕စြမ္းေဆာင္ရည္ပါ ကြာျခားလြန္း တာေၾကာင့္ ဒီပြဲစဥ္ကခ်ဲလ္ဆီးအသင္းအတြက္ အႏိုင္နဲ႔သေရပဲရွိပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။

ဘုန္းေမာက္စ္ Vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ ၃ - ၁ ဘုန္းေမာက္စ္ (၃၁-၁၂-၂၀၂၄)
ဘုန္းေမာက္စ္ ဝ - ၂ စပါးစ္ (၂၆-၈-၂၀၂၃)
စပါးစ္ ၂ - ၃ ဘုန္းေမာက္စ္ (၁၅-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘုန္းေမာက္စ္ ၁ - ၂ စပါးစ္
ဘုန္းေမာက္စ္ ဝ - ၂ စပါးစ္

စပါးစ္အသင္းအတြက္ ဒီပြဲစဥ္ကအေရး ႀကီးတဲ့ပြဲစဥ္လို႔ေျပာလို႔ရေနၿပီး ႏိုင္ပြဲရရင္ ဥေရာပဝင္ ခြင့္အတြက္ေရာ အဆင့္(၅)ထဲကိုဝင္ေရာက္ဖို႔ အ ေကာင္းဆုံးအေနအထားတစ္ရပ္ကို ပိုင္ဆိုင္လာေတာ့ မွာျဖစ္ပါတယ္။ မန္းစီးတီးအသင္းကို (၄)ဂိုးျပတ္နဲ႔ႏိုင္ ပြဲရၿပီးကတည္းက အရာရာေကာင္းမြန္လာခဲ့တဲ့ စပါးစ္အသင္းအတြက္ ေနာက္ပိုင္းပြဲစဥ္ေတြမွာသာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကိုျပသႏိုင္ရင္ မႏွစ္က ထက္ပိုေကာင္းတဲ့ ရာသီတစ္ခုကို ျဖတ္သန္းသြားႏိုင္ ဖို႔ရွိေနပါတယ္။ ဘုန္းေမာက္စ္အသင္းကေတာ့ ဒီရာ သီမွာ ပုံမွန္ေျခစြမ္းထက္ အနည္းငယ္ပိုေကာင္းတယ္ လို႔ ေျပာလို႔ရေနၿပီး အိမ္ကြင္းမွာစပါးစ္ကိုရင္ဆိုင္ရ မွာျဖစ္တာေၾကာင့္လည္း ေသခ်ာျပင္ဆင္ထားဖို႔ရွိ ေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က စပါးစ္အသင္းအ တြက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး အျပန္အလွန္သြင္းဂိုး ေတြနဲ႔သေရက်ဖို႔မ်ားပါတယ္။ ႏိုင္ပြဲအတြက္ကေတာ့ စပါးစ္ဘက္ကေနခ်င္ပါတယ္။

၅ - ၁၂ -၂၀၂၄ (ၾကာသပေတးနံနက္ပိုင္း)
နံနက္(၂းဝဝ) မန္စီးတီး Vs ေနာ္တင္ေဖာရက္စ္
နံနက္(၂းဝဝ) နယူးကာဆယ္ Vs လီဗာပူးလ္
နံနက္(၂းဝဝ) ေဆာက္သမ္တန္ Vs ခ်ဲလ္ဆီး
နံနက္(၂း၄၅) အာဆင္နယ္ Vs မန္ယူ

၆ - ၁၂ -၂၀၂၄ (ေသာၾကာနံနက္ပိုင္း)
နံနက္(၂းဝဝ) ဘုန္းေမာက္စ္ Vs စပါးစ္

Related news

© 2021. All rights reserved.