အေးသာယာမြို့တွင် အိမ်စီးကားတစ်စီးက အရှိန်လွန်ပြီး လမ်းဖြတ်ကူးမည့်အမျိုးသားကို ဝင်တိုက်မိ၍ ပွဲချင်းပြီး သေဆုံး
1369
ချယ်ရီ (NP News) - ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့တွင် အိမ်စီးကားတစ်စီးက အရှိန်လွန်ပြီး လမ်းဖြတ်ကူးမည့်အမျိုးသားကို ဝင်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မဟာဝီရရက္ခိတလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်)၊ ညနေ ၅နာရီဝန်းကျင် အချိန်ခန့်က တောင်ကြီး-ရွှေညောင် ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့ ဂေါက်ကွင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အေးသာယာဂေါက်ကွင်းအရှေ့နားမှာ အဲဒီလူက လမ်းဖြတ်ကူးဖို့ လုပ်တဲ့အချိန် PAJERO အဖြူကနေ တိုက်မိတာ ပွဲချင်းပြီး သေသွားတယ်။ အဲဒီကားက ဘယ်လောက်အထိအရှိန်များသလဲဆိုရင် လူကိုတိုက်ပြီးတော့ သစ်တောဝင်းထဲက ခြံစည်းရိုးကို ဝင်တိုက်တယ်။ အဲဒီကနေတဆင့် ခြံစည်းရိုးထဲမှာမှ အဆောက်အအုံလေးရှိတယ်။ အဲဒီအိမ်လေးကို ဝင်ကြုံးပစ်တယ်။ အဲဒီလောက်အထိ အရှိန်လွန်သွားတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကျူးလွန်သူ အမျိုးသားမှာ အသက်(၆၇)နှစ်အရွယ်ရှိ တောင်ကြီးမြို့တွင် နေထိုင်သော တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်ကြောင်း သိရသည်။ သေဆုံးသူအမျိုးသားမှာ ရွှေညောင်မြို့၊ အောင်သပြေ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော အသက် (၄၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး အဆိုပါ ယာဉ်တိုက်ခံရမှုကြောင့် ဦးခေါင်းနောက်စေ့ခွံကွဲဒဏ်ရာ၊ ခါးအရိုးကျိုးသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သူက အောင်သပြေ အမှတ်(၂)ရပ်ကွက်ထဲမှာပဲ နေတာ။ သူတို့က ဒီမှာနေတာ (၃)၊ (၄)နှစ်လောက် ရှိပြီ။ သူ့မှာ(၈)နှစ်အရွယ်နဲ့ (၁၀)နှစ်အရွယ် သမီးလေး (၂)ယောက်ရှိတယ်။ အခု သူ့ကို ဒီနေ့သဂြိုဟ်မှာပါ။ ကလေးလေးတွေအတွက်တော့ စိတ်မကောင်းစရာပေါ့” ဟု ၎င်းကဆိုသည်။
သေဆုံးသူရုပ်အလောင်းကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ယာဉ်မောင်း အမျိုးသားကို အေးသာယာရဲစခန်းတွင် အမှုဖွင့် အရေးယူဖမ်းဆီးထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်( နိုဝင်ဘာ ၂၁ ရက်)ကလည်း တစ်ရက်တည်းမှာပင် ရွှေညောင်မြို့ရှိ တောင်ကြီး- ရွှေညောင်ပြည်ထောင်စုလမ်းမကြီး၊ တာယော အကြော်ဆိုင်အနီးနှင့် ရွှေညောင်- ညောင်ရွှေကားလမ်းရှိ Denko ဆီဆိုင်အနီးတို့တွင် ယာဉ်တိုက်မှုများဖြစ်ပွားရာမှ လူ(၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
zawgyi version
ေအးသာယာၿမိဳ႕တြင္ အိမ္စီးကားတစ္စီးက အရွိန္လြန္ၿပီး လမ္းျဖတ္ကူးမည့္အမ်ိဳးသားကို ဝင္တိုက္မိ၍ ပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၆
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေအးသာယာၿမိဳ႕တြင္ အိမ္စီးကားတစ္စီးက အရွိန္လြန္ၿပီး လမ္းျဖတ္ကူးမည့္အမ်ိဳးသားကို ဝင္တိုက္မိ၍ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း မဟာဝီရရကၡိတလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၅ ရက္)၊ ညေန ၅နာရီဝန္းက်င္ အခ်ိန္ခန႔္က ေတာင္ႀကီး-ေ႐ႊေညာင္ ျပည္ေထာင္စုလမ္းမႀကီး၊ ေအးသာယာၿမိဳ႕ ေဂါက္ကြင္းေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေအးသာယာေဂါက္ကြင္းအေရွ႕နားမွာ အဲဒီလူက လမ္းျဖတ္ကူးဖို႔ လုပ္တဲ့အခ်ိန္ PAJERO အျဖဴကေန တိုက္မိတာ ပြဲခ်င္းၿပီး ေသသြားတယ္။ အဲဒီကားက ဘယ္ေလာက္အထိအရွိန္မ်ားသလဲဆိုရင္ လူကိုတိုက္ၿပီးေတာ့ သစ္ေတာဝင္းထဲက ၿခံစည္း႐ိုးကို ဝင္တိုက္တယ္။ အဲဒီကေနတဆင့္ ၿခံစည္း႐ိုးထဲမွာမွ အေဆာက္အအုံေလးရွိတယ္။ အဲဒီအိမ္ေလးကို ဝင္ႀကဳံးပစ္တယ္။ အဲဒီေလာက္အထိ အရွိန္လြန္သြားတယ္”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈက်ဴးလြန္သူ အမ်ိဳးသားမွာ အသက္(၆၇)ႏွစ္အ႐ြယ္ရွိ ေတာင္ႀကီးၿမိဳ႕တြင္ ေနထိုင္ေသာ တရားလႊတ္ေတာ္ ေရွ႕ေနတစ္ဦးျဖစ္ေၾကာင္း သိရသည္။ ေသဆုံးသူအမ်ိဳးသားမွာ ေ႐ႊေညာင္ၿမိဳ႕၊ ေအာင္သေျပ အမွတ္(၂)ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္ (၄၃)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အဆိုပါ ယာဥ္တိုက္ခံရမႈေၾကာင့္ ဦးေခါင္းေနာက္ေစ့ခြံကြဲဒဏ္ရာ၊ ခါးအ႐ိုးက်ိဳးသည့္ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“သူက ေအာင္သေျပ အမွတ္(၂)ရပ္ကြက္ထဲမွာပဲ ေနတာ။ သူတို႔က ဒီမွာေနတာ (၃)၊ (၄)ႏွစ္ေလာက္ ရွိၿပီ။ သူ႔မွာ(၈)ႏွစ္အ႐ြယ္နဲ႔ (၁၀)ႏွစ္အ႐ြယ္ သမီးေလး (၂)ေယာက္ရွိတယ္။ အခု သူ႔ကို ဒီေန႔သၿဂိဳဟ္မွာပါ။ ကေလးေလးေတြအတြက္ေတာ့ စိတ္မေကာင္းစရာေပါ့” ဟု ၎ကဆိုသည္။
ေသဆုံးသူ႐ုပ္အေလာင္းကို ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး အဆိုပါ ယာဥ္ေမာင္း အမ်ိဳးသားကို ေအးသာယာရဲစခန္းတြင္ အမႈဖြင့္ အေရးယူဖမ္းဆီးထားေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္( ႏိုဝင္ဘာ ၂၁ ရက္)ကလည္း တစ္ရက္တည္းမွာပင္ ေ႐ႊေညာင္ၿမိဳ႕ရွိ ေတာင္ႀကီး- ေ႐ႊေညာင္ျပည္ေထာင္စုလမ္းမႀကီး၊ တာေယာ အေၾကာ္ဆိုင္အနီးႏွင့္ ေ႐ႊေညာင္- ေညာင္ေ႐ႊကားလမ္းရွိ Denko ဆီဆိုင္အနီးတို႔တြင္ ယာဥ္တိုက္မႈမ်ားျဖစ္ပြားရာမွ လူ(၂)ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။