ဒဂုံမြို့သစ်(အရှေ့ပိုင်း)စက်မှုဇုန်ရှိ ကော်စေ့စက်ရုံမီးလောင်မှုကို (၉)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ

 928

ချယ်ရီ (NP News) - ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)စက်မှုဇုန်ရှိ ကော်စေ့စက်ရုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက အချိန်(၉)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးလောင်ပြင်သို့ သွားရောက်ကူညီပေးခဲ့သော ပရဟိတအသင်းများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်) ညနေ ၆နာရီ ၅၇ မိနစ် အချိန်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကော်တွေကို Recycle ပြန်လုပ်တာပေါ့။ အဟောင်းတွေကို ပြန်ပြီး အသစ်ပြန်လုပ်တဲ့ဟာပါ။ တီဗွီအခွံတို့၊ ပလက်စတစ်အခွံတို့ အဲဒီဟာတွေ ပုံထားတဲ့အမှိုက်တွေပေါ့။ မီးက လောင်တာအားကြီးတော့ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ငြှိမ်းသတ်ခဲ့ရတာပေါ့။ မီးက လက်စသတ်နေတော့ အခုချိန်အထိလည်း နေပူထဲမှာပါ”ဟု ဒဂုံအရှေ့ပိုင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ မီးလောင်မှုမှာ Level-2 အဆင့်ထိဖြစ်ခဲ့ပြီး (၉)နာရီကျော်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရကာ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

“မီးလောင်တာ (၉)နာရီကျော်လောက် ကြာတယ်။ ကူညီကယ်ဆယ်ရေး လုပ်တဲ့သူတွေ၊ မီးသတ်တွေကတော့ ထိခိုက်မှု၊ ပွန်းပဲ့မှုတွေတော့ အနည်းနဲ့အများတော့ ရှိတယ်။ မီးလောင်တဲ့အကြောင်းရင်ကိုတော့ မသိသေးပါဘူး”ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

စက်ရုံ အလုပ်ရုံများအနေဖြင့်လည်း မီးဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော မီးဘေးလုံခြုံရေးစနစ်များကို တိကျစွာ လိုက်နာ၍ ပြည့်စုံစွာဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း အထက်ပါ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက အကြံပြု ပြောကြားသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)စက္မႈဇုန္ရွိ ေကာ္ေစ့စက္႐ုံမီးေလာင္မႈကို (၉)နာရီေက်ာ္ၾကာ မီးျငႇိမ္းသတ္ခဲ့ရ
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၆

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)စက္မႈဇုန္ရွိ ေကာ္ေစ့စက္႐ုံ မီးေလာင္မႈကို မီးသတ္တပ္ဖြဲ႕ဝင္မ်ားက အခ်ိန္(၉)နာရီေက်ာ္ၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း မီးေလာင္ျပင္သို႔ သြားေရာက္ကူညီေပးခဲ့ေသာ ပရဟိတအသင္းမ်ားထံမွ သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၅ ရက္) ညေန ၆နာရီ ၅၇ မိနစ္ အခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ဒဂုံအေရွ႕စက္မႈဇုန္၊ ျပင္စည္မင္းသားႀကီးလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေကာ္ေတြကို Recycle ျပန္လုပ္တာေပါ့။ အေဟာင္းေတြကို ျပန္ၿပီး အသစ္ျပန္လုပ္တဲ့ဟာပါ။ တီဗြီအခြံတို႔၊ ပလက္စတစ္အခြံတို႔ အဲဒီဟာေတြ ပုံထားတဲ့အမႈိက္ေတြေပါ့။ မီးက ေလာင္တာအားႀကီးေတာ့ ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားၿပီး ျငႇိမ္းသတ္ခဲ့ရတာေပါ့။ မီးက လက္စသတ္ေနေတာ့ အခုခ်ိန္အထိလည္း ေနပူထဲမွာပါ”ဟု ဒဂုံအေရွ႕ပိုင္း မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ မီးေလာင္မႈမွာ Level-2 အဆင့္ထိျဖစ္ခဲ့ၿပီး (၉)နာရီေက်ာ္ၾကာျမင့္စြာ မီးျငႇိမ္းသတ္ခဲ့ရကာ စတင္ေလာင္ကြၽမ္းရသည့္အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တာ (၉)နာရီေက်ာ္ေလာက္ ၾကာတယ္။ ကူညီကယ္ဆယ္ေရး လုပ္တဲ့သူေတြ၊ မီးသတ္ေတြကေတာ့ ထိခိုက္မႈ၊ ပြန္းပဲ့မႈေတြေတာ့ အနည္းနဲ႔အမ်ားေတာ့ ရွိတယ္။ မီးေလာင္တဲ့အေၾကာင္းရင္ကိုေတာ့ မသိေသးပါဘူး”ဟု ေ႐ႊေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

စက္႐ုံ အလုပ္႐ုံမ်ားအေနျဖင့္လည္း မီးေဘးအႏၲရာယ္မ်ားမွ ကာကြယ္ႏိုင္ရန္ မီးသတ္ဦးစီးဌာနမွ သတ္မွတ္ထားေသာ မီးေဘးလုံၿခဳံေရးစနစ္မ်ားကို တိက်စြာ လိုက္နာ၍ ျပည့္စုံစြာေဆာင္႐ြက္ထားၾကရန္ လိုအပ္ေၾကာင္း အထက္ပါ မီးသတ္တပ္ဖြဲ႕ တာဝန္ရွိသူက အႀကံျပဳ ေျပာၾကားသည္။

Related news

© 2021. All rights reserved.