အကြောင်းအမျိုးမျိုးကြောင့် PJ စာအုပ်မလုပ်နိုင်သည့် ထိုင်းရောက်မြန်မာ‌ရွှေ့ပြောင်းလုပ်သားများအတွက် CI ပြန်လည်ထုတ်ပေးရေး ညှိနှိုင်းနေ

 371

ယွန်း (NP News) - ဒီဇင်ဘာ ၇

ယခုနှစ်(၂၀၂၄)တွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ပြီး PJ စာအုပ်မလုပ်နိုင်သည့် မြန်မာ‌ရွှေ့ပြောင်း လုပ်သားများအတွက် CI tO CI ပြန်လည်ထုတ်ပေးရေး ညှိနှိုင်းမှုများရှိနေသည်ဟု သိရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအရေးဆောင်ရွက်သူတစ်ဦးက NP News သို့ပြောသည်။
အဆိုပါ သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များကို အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဥ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဦးစီးဌာနနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး ကလည်း ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးထုတ်ပြန်ထားသည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်များကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ စတင်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ (၃)ကြိမ်တိုင်တိုင် ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ CI စာအုပ်မှာ သက်တမ်းကုန်ရန်(၁)နှစ်ခန့်သာ ကျန်ရှိတော့သည့်အတွက် ထိုင်းရောက်မြန်မာ လုပ်သားများအတွက် CI to CI ပြန်လည်ထုတ်ပေးနိုင်ရေးကို ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
"CI ထုတ်ပေးထားတော့ နေရပ်ကိုလည်း အလွယ်တကူပြန်လို့ရတယ်။ ပြီးတော့ PJ စာအုပ်လုပ်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြန်လုပ်လို့ရတယ်။ အခုနှစ်ကျတော့လည်း CI စာအုပ်လုပ်ပြီးတော့ အကြောင်းအမျိုး မျိုးကြောင့် အခုထိနေရပ်ပြန်ပြီး စာရွက်စာတမ်းတွေနဲ့ PJ စာအုပ်ပြန်မလုပ်နိုင်တဲ့သူကလည်းများနေသလို CI စာအုပ်သက်တမ်းကလည်း ကုန်ဖို့ ၁ နှစ်လောက်ပဲကျန်နေတော့ ဒီလူတွေကို CI to CIပြန်ထုတ်မို့ ညှိနှိုင်းနေ တော့လို့တော့ ကြားတယ်" ဟု အထက်ပါ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူက ဆိုသည်။

ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ စက်တင်ဘာ(၂၄)ရက် ထုတ်ပြန်ချက်အရ MOU လုပ်သားများကဲ့သို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ်(CI) ကိုင်ဆောင်ထားသောလုပ်သားများကို ထိုင်းနိုင်ငံအတွင်း (၂)နှစ်သက်တမ်းရှိ သည့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း အသိပေးထားပြီးဖြစ်သည်။

ထို့ပြင် ဆက်လက်၍ (၂)နှစ်သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း(၄)နှစ် ခွင့်ပြုမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
အထက်ပါလုပ်ငန်းစဥ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြချက်တွင် "မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်" ဟု ဖော်ပြနေပြီး မြန်မာသံရုံး(ဘန်ကောက်) အပါအဝင် ကောင်စစ်ဝန်ချုပ်ရုံး) ချင်းမိုင်နှင့် အလုပ်သမားသံမှူးရုံး(ဘန်ကောက်)တို့တွင် ငွကြေးကောက်ခံရန်မရှိကြောင်း ထိုင်းရှိ မြန်မာသံရုံးက ဆိုထားသည်။

ထို့ပြင် ၂ ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းနှင့်ပတ်သက်၍ သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ် နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဘန်ကောက်ဘဏ် နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ဆိုသည်။
အလားတူ အထောက်အထားမရှိသော မြန်မာလုပ်သားများအတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဥ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရန် စီစဥ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ PJ စာအုပ္မလုပ္ႏိုင္သည့္ ထိုင္းေရာက္ျမန္မာ‌ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအတြက္ CI ျပန္လည္ထုတ္ေပးေရး ညႇိႏႈိင္းေန
ယြန္း (NP News) - ဒီဇင္ဘာ ၇

ယခုႏွစ္(၂၀၂၄)တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနရပ္ျပန္ၿပီး PJ စာအုပ္မလုပ္ႏိုင္သည့္ ျမန္မာ‌ေ႐ႊ႕ေျပာင္း လုပ္သားမ်ားအတြက္ CI tO CI ျပန္လည္ထုတ္ေပးေရး ညႇိႏႈိင္းမႈမ်ားရွိေနသည္ဟု သိရေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအေရးေဆာင္႐ြက္သူတစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါ သက္တမ္းကုန္ခါနီးျဖစ္ေသာ CI စာအုပ္မ်ားကို အသစ္ျပဳလုပ္ေပးႏိုင္ေရးလုပ္ငန္းစဥ္ စတင္ႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံ၏ အလုပ္သမားဦးစီးဌာနႏွင့္ ညႇိႏႈိင္းထားၿပီးျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး ကလည္း ၿပီးခဲ့သည့္ရက္ပိုင္းက အသိေပးထုတ္ျပန္ထားသည္။

မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္(CI) စာအုပ္မ်ားကို ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္မွစ၍ စတင္ေဆာင္႐ြက္ ေပးခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ (၃)ႀကိမ္တိုင္တိုင္ ထုတ္ေပးၿပီးျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ CI စာအုပ္မွာ သက္တမ္းကုန္ရန္(၁)ႏွစ္ခန႔္သာ က်န္ရွိေတာ့သည့္အတြက္ ထိုင္းေရာက္ျမန္မာ လုပ္သားမ်ားအတြက္ CI to CI ျပန္လည္ထုတ္ေပးႏိုင္ေရးကို ညႇိႏႈိင္းလ်က္ရွိေၾကာင္း သိရသည္။
"CI ထုတ္ေပးထားေတာ့ ေနရပ္ကိုလည္း အလြယ္တကူျပန္လို႔ရတယ္။ ၿပီးေတာ့ PJ စာအုပ္လုပ္ဖို႔အတြက္ လိုအပ္တဲ့စာ႐ြက္စာတမ္းေတြ ျပန္လုပ္လို႔ရတယ္။ အခုႏွစ္က်ေတာ့လည္း CI စာအုပ္လုပ္ၿပီးေတာ့ အေၾကာင္းအမ်ိဳး မ်ိဳးေၾကာင့္ အခုထိေနရပ္ျပန္ၿပီး စာ႐ြက္စာတမ္းေတြနဲ႔ PJ စာအုပ္ျပန္မလုပ္ႏိုင္တဲ့သူကလည္းမ်ားေနသလို CI စာအုပ္သက္တမ္းကလည္း ကုန္ဖို႔ ၁ ႏွစ္ေလာက္ပဲက်န္ေနေတာ့ ဒီလူေတြကို CI to CIျပန္ထုတ္မို႔ ညႇိႏႈိင္းေန ေတာ့လို႔ေတာ့ ၾကားတယ္" ဟု အထက္ပါ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားအေရးေဆာင္႐ြက္သူက ဆိုသည္။

ထိုင္းႏိုင္ငံအစိုးရအဖြဲ႕၏ စက္တင္ဘာ(၂၄)ရက္ ထုတ္ျပန္ခ်က္အရ MOU လုပ္သားမ်ားကဲ့သို႔ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီ(၁၃)ရက္အထိ အလုပ္လုပ္ကိုင္ခြင့္ျပဳထားသည့္ ႏိုင္ငံကူးလက္မွတ္ (သို႔မဟုတ္) မည္သူမည္ဝါျဖစ္ ေၾကာင္း သက္ေသခံလက္မွတ္(CI) ကိုင္ေဆာင္ထားေသာလုပ္သားမ်ားကို ထိုင္းႏိုင္ငံအတြင္း (၂)ႏွစ္သက္တမ္းရွိ သည့္ ယာယီေနထိုင္အလုပ္လုပ္ကိုင္ခြင့္ျပဳခ်က္ကို ေလွ်ာက္ထားႏိုင္ေၾကာင္း အသိေပးထားၿပီးျဖစ္သည္။

ထို႔ျပင္ ဆက္လက္၍ (၂)ႏွစ္သက္တမ္းတိုးခြင့္ရွိၿပီး စုစုေပါင္း(၄)ႏွစ္ ခြင့္ျပဳမည္ျဖစ္ေၾကာင္းကိုလည္း ထည့္သြင္း ထုတ္ျပန္ထားၿပီးျဖစ္သည္။
အထက္ပါလုပ္ငန္းစဥ္ကို ေဆာင္႐ြက္ႏိုင္ေရးအတြက္ အခ်ိဳ႕ေသာ ေအဂ်င္စီမ်ား၏ ေဖာ္ျပခ်က္တြင္ "ျမန္မာသံ႐ုံးသို႔ စလစ္ေၾကး ၁၈၀၀ ဘတ္" ဟု ေဖာ္ျပေနၿပီး ျမန္မာသံ႐ုံး(ဘန္ေကာက္) အပါအဝင္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး) ခ်င္းမိုင္ႏွင့္ အလုပ္သမားသံမႉး႐ုံး(ဘန္ေကာက္)တို႔တြင္ ငြေၾကးေကာက္ခံရန္မရွိေၾကာင္း ထိုင္းရွိ ျမန္မာသံ႐ုံးက ဆိုထားသည္။

ထို႔ျပင္ ၂ ရာခိုင္ႏႈန္း အခြန္ေကာက္ခံျခင္းႏွင့္ပတ္သက္၍ သီးသန႔္ေကာက္ခံျခင္းမျပဳဘဲ ႏိုင္ငံကူးလက္မွတ္ ႏွင့္ CI စာအုပ္အသစ္လဲလွယ္ခ်ိန္တြင္သာ သတ္မွတ္ႏႈန္းထားမ်ားအတိုင္း ဘန္ေကာက္ဘဏ္ ႏွင့္ 7/11 ဆိုင္မ်ားသို႔ တိုက္႐ိုက္ေငြေပးသြင္းရမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးက ဆိုသည္။
အလားတူ အေထာက္အထားမရွိေသာ ျမန္မာလုပ္သားမ်ားအတြက္ ထိုင္းႏိုင္ငံမွ ပန္းေရာင္ကတ္ထုတ္ေပးေရးလုပ္ငန္းစဥ္ေဆာင္႐ြက္ခ်ိန္တြင္ ယခင္ႏွစ္မ်ားကဲ့သို႔ CI စာအုပ္ကိုပါ ပူးတြဲထုတ္ေပးႏိုင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.