ရေးဘီလူး (သို့မဟုတ်) NUG လက်အောက်ခံ အကြမ်းဖက်သမား

 931

သုတကျော် (NP News) - ဒီဇင်ဘာ ၈

ဒီဇင်ဘာ(၃)ရက် နေ့လယ်ပိုင်း၌ တယ်လီဂရမ်လူမှုကွန်ရက်တွင် လူအများ အော့နှလုံးနာစရာ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
လူမှုကွန်ရက် ဖေ့စ်ဘွတ်အကောင့်များတွင် ‘အသဲ’ ဆိုသောစကားလုံးကို အသဲပုံ Emoji သင်္ကေတဖြင့် Follower များအား ခေါ်ဝေါ်ရေးသားတတ်သော ရေးဘီလူးက ဗွီဒီယိုအတွင်း လူတစ်ဦး၏ခေါင်းကို ဓားဖြင့်ရက်ရက် စက်စက် ခုတ်ဖြတ်သတ်နေခြင်းဖြစ်သည်။
ခေါင်းဖြတ်သည်သာမက ရေးဘီလူး၏ လူများကလည်း လူစိတ်ပျောက်နေသူများသဖွယ် အလောင်းကို ခြေလက်များအပိုင်းပိုင်းခုတ်ဖြတ်၊ ဗိုက်ခွဲပြီး သရော်ခဲ့ကြသည်။ အဆိုပါ ဗီဒီယိုသည် တယ်လီဂရမ် လူမှုကွန်ရက် တွင် စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုလေးခုပါရှိရာ ဗီဒီယိုတစ်ခုတွင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က အထူးစစ်ဆင်ရေးတပ်ခွဲတစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့ခေါင်း ဆောင်ရေးဘီလူးကိုယ်တိုင် အကြမ်းဖက်သမား ဆန်စွာဖြင့် ခေါင်းကိုခုတ်ဖြတ်နေသည့် ဗီဒီယိုပါဝင်နေခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုအတွင်း “ငါ့မိဘတွေ ပြေးနေရတယ်၊ အခုချိန်အထိ၊ အခုချိန်အထိ” ဆိုသော စကားကို ရွတ်ရင်း ရေးဘီလူးက လူတစ်ဦး၏လည်ပင်းကို ဓားဖြင့် တရစပ်ခုတ်ဖြတ်နေခဲ့ပြီး ခေါင်းပြတ်သွားချိန်တွင် ဦးခေါင်းမဲ့ ခန္ဓာ ကိုယ်ကို ဆဲဆိုကာ ခြေထောက်ဖြင့် ကန်လိုက်သေး၏။ ပြတ်သွားသည့် ဦးခေါင်းမှဆံပင်ကို ဆွဲကိုင်ကာ ရေးဘီးလူး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ကင်မရာဘက်လှည့်ပြီး လက်နှစ်ချောင်း ထောင်ပြခဲ့သည်။ အဆိုပါအဖွဲ့ဝင်ကပင် ဦးခေါင်းပြတ်ကို အလောင်းပေါ်တင်ပြီးချိန် ရေးဘီလူးက ထပ်မံဆဲဆိုကာ ဦးခေါင်းပြတ်ကို ဘောလုံးကန်သကဲ့သို့ ကန်လိုက်ကြောင်း ဗီဒီယိုအတွင်း မြင်ရသည်။
အခြားဗီဒီယိုတစ်ခုတွင် ဗိုက်ခွဲခံထားရသည့်အပြင် ခြေလက်များခုတ်ဖြတ်ခံထားရသော အထက်ပါ အလောင်းကို တွေ့မြင်ရသည်။ “ဒါ ဘာလေးလဲ” ဟု ရေးဘီးလူး၏အဖွဲ့ဝင်တစ်ဦးက အလောင်းမှ အသားစတစ်ခုကို ကိုင်ပြပြီး ကျန်တစ်ဦးကလည်း “လတ်လတ်ဆတ်ဆတ်တွေ ရမယ်”ဟု ပြောချိန် အခြားတစ်ဦးက “တောဝက်သား လတ်လတ်ဆတ်ဆတ်တွေရမယ်” ဟု ပြောကြားသံကို ဗီဒီယိုအတွင်း ကြားရသည်။
အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်နေသော အလောင်းကို မြေကျင်းအတွင်းထည့်ကာ မီးရှို့ရန်အတွက် ခွဲထားသော ဝမ်းဗိုက်အတွင်း မီးလောင်စေသော အရည်တစ်ခုခုကိုလောင်းနေချိန်တွင် ဦးခေါင်းပြတ်ကို ကျင်းဘေးတင်ထားပြီး ရေးဘီးလူး၏ အဖွဲ့ဝင်များ က အမျိုးမျိုးလှောင်ပြောင်ခဲ့ကြသည်။
“ခေါင်းတစ်လုံး လှတယ် ဟမ်”၊ “အရက်လောင်းပေးတာ ဖြေပေးတာ” ၊ “နဖူးမှာ ဂေါက်ရိုက်ထားတဲ့ အရာတွေနဲ့” စသည်ဖြင့် ရေးဘီလူး၏ လူများက ဝိုင်းပြောနေကြသည်ကိုလည်း ဗီဒီယိုအတွင်း တွေ့မြင်ရသည်။ ဗီဒီယိုဖိုင်အတွင်း ရေးဘီလူး၏ အဖွဲ့ဝင်တစ်ဦးက ဦးခေါင်းပြတ်မှ နှာခေါင်းကို ဖြတ်ရန် ဓားဖြင့်လှီးနေသည် ကိုလည်း မြင်ရပြီး ဓားမထက်သောကြောင့် နှာခေါင်းမှာမူ ပြတ်မသွားခဲ့ပေ။ ဗီဒီယိုတွင် ဦးခေါင်းပြတ်၏နဖူးကို ရေးဘီလူး၏ လူများက ခြေထောက်ဖြင့် နင်းနေသည့် မြင်ကွင်းလည်းပါဝင်ပြီး မကြားဝံ့မနာသာစကားလုံးများ ကိုလည်း တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းပြောဆိုခဲ့ကြသည်။
ပြီးနောက် မီးရှို့ရန်အလောင်း၏ ခွဲထားသော ဝမ်းဗိုက်အပေါ် ဦးခေါင်းပြတ်ကို တင်လိုက်ပြန် ၏။ သို့သော် မီးတန်းမရှို့သေးဘဲ ဦးခေါင်းပြတ်အပေါ် အလောင်းမှ ကိုယ်တွင်းအင်္ဂါတစ်ခုကိုတင်ကာ “...လေးကို ထိပ်မှာ ရွက်ကာ” ဟု တစ်ဦးက သီချင်း ဆန်ဆန်သီဆိုပြီး ကျန်တစ်ဦးက အလောင်းမှအရေပြားပါ အသားစိုင်တစ်ခုကို ဦးခေါင်းပြတ်အနား ထားပြီး “စားစား ကျွေးတယ်နော်” ဟု ပြောလိုက် သေးသည်။
အားလုံးပြီးစီး၍ ရေးဘီလူး၏ အဖွဲ့ဝင်တစ်ဦးက ဦးခေါင်းပြတ်ကို ခွဲထားသောဝမ်းဗိုက်အတွင်း မီးရှို့ရန် ဖိသိပ်ထည့်နေချိန် ကျန်တစ်ဦးက “အေး မင်းခေါင်းကို မင်းဗိုက်ထဲ ထည့်ထားလိုက်” ဟု ပြောသည့်အသံလည်း ဗီဒီယိုအတွင်း ပါဝင်သည်။ အဆိုပါရုပ်သံဖိုင်ကို ၂၇-၈-၂၀၂၄ ရက်က ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ရိုက်ကူးခဲ့သော ဖုန်း၏ မှတ်တမ်း၌ပါရှိခဲ့ပြီး ရေးဘီလူးတို့အဖွဲ့သတ်ဖြတ်ခဲ့သူမှာ ယခုနှစ်ဇွန်လအတွင်းက ဖမ်းဆီးခဲ့သည့် ဦးခေါင်းဖြူ(ခ) ဦးမင်းဇံ ဆိုသူဖြစ်ကြောင်း သိရသည်။
ယခုလုပ်ရပ်သည် ရေးဘီလူး၏ အကြမ်းဖက်သမားစိတ်ကို ပေါ်လွင်သထက် ပေါ်လွင်စေသော ဒုတိယ လုပ်ရပ်ဟုဆိုနိုင်ပြီး ပထမလုပ်ရပ်မှာမူ (၂၀၂၂)ခုနှစ်အတွင်းက ဗီဒီယိုဖိုင်တစ်ခုတွင် ကျောင်းဆရာ၊ ဆရာမများကို သတ်မည်၊ ကျောင်းများကို ဖောက်ခွဲမည်ဟု ရေးဘီလူးကိုယ်တိုင်က ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
“လာမယ့် လ(၁)ရက် ခင်ဗျားတို့ CDM လုပ်ရင်လုပ်၊ မလုပ်လို့ကတော့ ကျွန်တော်တို့ရေး တစ်မြို့လုံးမှာရှိ တဲ့ စာသင်ကျောင်းတွေ၊ ကျောင်းဆရာမတွေ၊ ဆရာတွေအကုန်လုံးကို အကုန်လုံး ရှင်းလင်းသွားမယ်။ မိုင်းတွေ အကုန်ခွဲ ပစ်မှာဖြစ်လို့ ကျွန်တော်တို့ ကြိုပြီးသတိပေးတာဖြစ်ပါတယ်” ဟု ရေးဘီလူးက ပြောကြားခဲ့ဖူးသည်။
ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လုပ်ကြံသတ်ဖြတ်တတ်သော ရေးဘီလူးသည် ၎င်းလှုပ်ရှားရာ နယ်မြေအတွင်း လူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသူဖြစ်ပြီး ယခုထွက်ပေါ်လာသောရုပ်သံအရ ရေးဘီလူး အနေဖြင့် ယခင်က လည်း ၎င်းလူသတ်စဉ် အလားတူလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ဖူးလိမ့်မည်ဟု ယူဆချက်များလည်း ရှိနေသည်။
“သူတို့နဲ့ မတည့်တဲ့လူတွေဆိုရင် သူလျှို၊ ဒလန်လို့စွပ်စွဲပြီးတော့ ရက်စက်စွာသတ်ဖြတ်နေတာမျိုးရှိတယ်။ ဒါရာဇဝတ်မှု ကျူးလွန်နေတာပဲဖြစ် ပါတယ်။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေအရင်ဖိတ်ခေါ်တဲ့အထဲမှာလည်း ရှိပါတယ်။ အဲဒီအထဲမှာလည်း လာရောက်ဆက်သွယ်နိုင်တယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကိုတော့ ရာဇဝတ်မှု အရ အရေးယူမယ်။ ဒါတွေဟာ ဘယ်တော့မှပျောက်သွားမှာလည်း မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့ ပြည်သူလူထုကို ပိုမိုပြီး အကာအကွယ်ပေးနိုင်အောင်၊ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေကိုလည်း ဖော်ထုတ်ချေမှုန်းနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရေးဘီလူး၏လုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက NP News သို့ သုံးသပ်ပြောကြားသည်။
ယခုကဲ့သို့ ရေးဘီလူးနှင့် ၎င်းအဖွဲ့၏လုပ်ရပ်မှာ အကြမ်းဖက်သမားထက်ပင် အဆင့်ကျော်လွန်နေပြီး ရက်စက်ကြမ်းကြုတ်သောအဆင့်အထိ ရောက်နေပြီဖြစ်ကြောင်းနှင့် လူကျင့်ဝတ်အရ မလျော်ညီကြောင်း အငြိမ်းစား ရဲမှူးကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။
“ဘာခေါ်မလဲဆိုတော့ လူသားမဆန်တာ ပေါ့နော်။ လူ့ကျင့်ဝတ်နဲ့ မလျော်ညီတာ။ ဒါတွေကတော့ ပြောမယ်ဆိုရင် တော်တော်လေးကိုဆိုးတဲ့ ဥစ္စာပေါ့နော်။ ကမ္ဘာမှာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့အဖွဲ့ တွေ၊ နိုင်ငံတွေမှာ အများကြီးရှိတာပဲ။ ရုပ်ရှင်တွေလည်း ကြည့်ရတာရှိတာပဲ။ အဲဒီမှာတောင် နိုင်ငံရေးရည်ရွယ် ချက်နဲ့လုပ်ကြတဲ့ တော်လှန်ရေးသမားတွေဆိုတာ လူမဆန်တဲ့လုပ်ရပ်လုပ်တာမတွေ့ရဘူး။ ရှိရင်လည်း အရေးယူ တာတွေလုပ်ကြတာ ရှိတာပေါ့။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ အကြမ်းဖက်တာနဲ့ ချိန်ထိုးပြီးပြောဖို့တောင် မလိုဘူး။ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ပေါ့” ဟု ၎င်းက ဆိုသည်။
ဗမာပြည်ကွန်မြူနစ်က ပဲခူးရိုးမအတွင်း လူသတ်ပွဲများ ကျင်းပစဉ်ကလည်း ဝါးရင်းတုတ်ဖြင့် ရိုက်သတ် ခြင်း အပါအဝင် ရက်စက်သောဖြစ်စဉ်များ ဖြစ်စဉ်ပွားခဲ့ဖူးသည့်တိုင် ထိုစဉ်ကလုပ်ရပ်များသည် ယခုလုပ်ရပ်ကဲ့သို့ ကြမ်းကြုတ်သောလုပ်ရပ် မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ရေးဘီလူးအနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲပြီး ဆောင်ရွက်ခြင်းဖြစ်မည်ဟု အင်တာနက်လူမှုကွန်ရက် သုံးစွဲသူအချို့က အထက်ပါလုပ်ရပ်နှင့်ပတ်သက်၍ မှတ်ချက်ပေးပြောကြားမှုများရှိနေသည့်အပေါ် အငြိမ်းစား ရဲမှူးကြီးက ရေးဘီလူး၏လုပ်ရပ်သည် သာမန်စိတ်ဖြင့်လုပ်သောလုပ်ရပ် မဖြစ်နိုင်ကြောင်း NP News ၏မေးမြန်းမှု အပေါ် သုံးသပ်ပြောကြားသည်။
“သူ့ရဲ့အပြုအမူကို ကြည့်လိုက်ခြင်း အားဖြင့် သာမန်တော့မဟုတ်ဘူးဆိုတာ သိနိုင်တယ်။ မူးယစ်ဆေးဝါး သုံးတယ်၊ မသုံးဘူးဆိုတာကတော့ ပြောဖို့ခက်တာပေါ့နော်။ သူ့ရဲ့ဆီးတွေဘာတွေ စစ်မှပဲ ပြောလို့ရမှာပေါ့။ ဒါပေမဲ့ သူကသာမန်တော့ မဟုတ်ဘူး။ တစ်ခုခုပေါ့နော်။ ဒါသူတို့က အရက်မူးရုံနဲ့ လုပ်တဲ့ကိစ္စမဟုတ်ဘူး။ အခုဟာကတော့ တစ်ခါတည်း တက်ကြွပြီးတော့မှဖြစ်နေတယ်။ လက်ရဲဇက်ရဲလုပ်ရဲတယ်ဆိုတော့ ဘီလူးသရဲစီးသလို ဖြစ်နေတယ်။ ဆေးဝါးသုံးတယ် မသုံးဘူးဆိုတာက ကာယကံရှင် အပေါ်မှာပဲ မူတည်မှာပေါ့။ ဒါပေမဲ့ သူ့ရဲ့ အပြုအမူ ကတော့ သာမန် မဟုတ်ဘူး ဆိုတာ သိသာပါတယ်” ဟု အထက်ပါ အငြိမ်းစားရဲမှူးကြီးက ဆိုသည်။
ရေးဘီလူးအဖွဲ့သည် NUG ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံအထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခု အဖြစ် ပူးပေါင်းစဉ်ကလည်း MOD လက်အောက်မှသွားပါကစနစ်ကျလာမည်၊ ခဲယမ်းများ အားကောင်းလာမည်ဟု မျှော်လင့်ကြောင်း ရေးဘီလူးက ပြောကြားခဲ့ဖူးသည်။ သို့သော် ယခုလုပ်ရပ်က သက်သေပြလိုက်ခြင်းပင်။
ရေးဘီလူးအဖွဲ့၏ ယခုကဲ့သို့ဥပဒေမဲ့ ခေါင်းဖြတ်သတ်ဖြတ်သည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး ရေးခုံရုံးဖွင့်ကာ စစ်ဆေးမည်ဖြစ် ကြောင်းနှင့် တွေ့ရှိချက်များအပေါ် တရားဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း NUG မှ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောကြားထားကာ NP News က စုံစမ်းသိရှိရသော အချက်အလက်များအရ စစ်ဆေးမှုများစတင်နေပြီ ဖြစ်ကြောင်း သိရသည်။
သို့သော် NUG ၏ အရေးယူမည်ဆို သောကိစ္စနှင့် ပတ်သက်၍ မယုံကြည်မှုများလည်း ရှိနေသည်။ NUG က စုံစမ်းစစ်ဆေးပြီးနောက် မည်သည့် အခြေအနေသို့ရောက်မှန်းမသိဘဲ စုံးစုံးမြုပ် သွားသော အမှုများလည်းရှိသည်။
အဆိုပါအမှုများအတွင်း ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် ဧပြီလအတွင်းက ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖြစ်ပွားခဲ့ သော ရန်ကုန်တက္ကသိုလ်မှ CDM တွဲဖက်ပါမောက္ခ အမျိုးသမီးတစ်ဦး၏သမီးငယ် ကို တွံတေး NLD ပါတီ ၏ အတွင်းရေးမှူးအောင်မင်းက သက်ငယ်မုဒိမ်း ပြုကျင့်ခဲ့သောဖြစ်စဉ်တွင် NUG က အောင်မင်းကို မဲဆောက်မြို့တွင် လျှို့ဝှက်စစ်ဆင်ရေးဆန်ဆန် ဖမ်းဆီးခဲ့သော်လည်း NUG လက်မှ အောင်မင်း ထွက်ပြေးလွတ်မြောက်သွားပြီး ယခုထက်တိုင် ဖမ်းမိခြင်း မရှိတော့ပေ။
ထို့ပြင် တမူးမြို့နယ်၌ အမျိုးသမီးတစ်ဦး ကို ဒလန်ဟုစွပ်စွဲကာ အမျိုးသမီး (၂)ဦးအပါအဝင် PDF (၁၀) ဦးက ရိုက်နှက်ထိုးကြိတ်ပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့သော ဖြစ်စဉ်တစ်ခု (၂၀၂၂)ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော် လည်း အဆိုပါဖြစ်စဉ်ကို စစ်ဆေး မည်ဆိုသော NUG ထံမှ ယခုထက်တိုင်ရလဒ် တစ်စုံတစ်ရာ ထွက်လာခြင်း မရှိသေးကြောင်း သိရသည်။ ထို့ပြင် အခြားသောအမှုများစွာတို့မှာမူ NUG လက်တွင်းသို့ပင် မရောက်တော့ဘဲ ၎င်းတို့ လက်အောက်ခံ ပသုံးလုံး အဖွဲ့များ၏ လက်တွင်းမှာပင် ပျောက်ဆုံးသွားသည့်အမှုများစွာလည်း ရှိနေသေး သည်။ ရေးဘီလူး၏ လုပ်ရပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာများထက်တွင် ဝေဖန်မှုများရှိနေ ကြောင်းတွေ့မြင်ရသည်။ သို့သော် ယခုရေးဘီလူး၏လုပ်ဆောင်ချက်ကို ထောက်ခံကြောင်း အကြမ်းဖက်အားပေး အချို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေးသားမှုများလည်းရှိသည်။ အချို့ကဆိုလျှင် ယခုကဲ့သို့ ပေါက်ကြားမှုကိုပင် အပြစ်တင်လိုက်သေး၏။
ရေးဘီလူး၏လုပ်ရပ်မှာ ကုလပဋိညာဉ်နှင့် လူ့အခွင့်အရေးကြေညာစာတမ်းအရဖြစ်စေ လူသားကျင့်ဝတ် မှ သွေဖည်ပြီး အကြမ်းဖက်လုပ်ရပ်သို့ ဖြောင့်ဖြောင့်တန်းတန်းသွားနေသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ထင်ရှားနေ သည်မှာ သိသာလှသည်။ သို့သော် ယခုလုပ်ရပ်ကို NUG အနေဖြင့် မည်သို့ကိုင်တွယ်မည်ဆိုခြင်းမှာလည်း စိတ်ဝင်စားစရာကောင်းပြီး ရေးဘီလူး၏ အနာဂတ်မှာလည်း ပို၍ပင် စောင့်ကြည့်ရမည့်အခြေအနေပင် ဖြစ်ပါတော့ သည်။

Zawgyi Version;
ေရးဘီလူး (သို႔မဟုတ္) NUG လက္ေအာက္ခံ အၾကမ္းဖက္သမား
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၈

ဒီဇင္ဘာ(၃)ရက္ ေန႔လယ္ပိုင္း၌ တယ္လီဂရမ္လူမႈကြန္ရက္တြင္ လူအမ်ား ေအာ့ႏွလုံးနာစရာ ဗီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာခဲ့သည္။
လူမႈကြန္ရက္ ေဖ့စ္ဘြတ္အေကာင့္မ်ားတြင္ ‘အသဲ’ ဆိုေသာစကားလုံးကို အသဲပုံ Emoji သေကၤတျဖင့္ Follower မ်ားအား ေခၚေဝၚေရးသားတတ္ေသာ ေရးဘီလူးက ဗြီဒီယိုအတြင္း လူတစ္ဦး၏ေခါင္းကို ဓားျဖင့္ရက္ရက္ စက္စက္ ခုတ္ျဖတ္သတ္ေနျခင္းျဖစ္သည္။
ေခါင္းျဖတ္သည္သာမက ေရးဘီလူး၏ လူမ်ားကလည္း လူစိတ္ေပ်ာက္ေနသူမ်ားသဖြယ္ အေလာင္းကို ေျခလက္မ်ားအပိုင္းပိုင္းခုတ္ျဖတ္၊ ဗိုက္ခြဲၿပီး သေရာ္ခဲ့ၾကသည္။ အဆိုပါ ဗီဒီယိုသည္ တယ္လီဂရမ္ လူမႈကြန္ရက္ တြင္ စတင္ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္ၿပီး ဗီဒီယိုေလးခုပါရွိရာ ဗီဒီယိုတစ္ခုတြင္ NUG ၏ ကာကြယ္ေရးဝန္ႀကီးဌာန လက္ေအာက္က အထူးစစ္ဆင္ေရးတပ္ခြဲတစ္ခုျဖစ္သည့္ ေရးဘီလူးအဖြဲ႕ေခါင္း ေဆာင္ေရးဘီလူးကိုယ္တိုင္ အၾကမ္းဖက္သမား ဆန္စြာျဖင့္ ေခါင္းကိုခုတ္ျဖတ္ေနသည့္ ဗီဒီယိုပါဝင္ေနခဲ့ျခင္းျဖစ္သည္။
ဗီဒီယိုအတြင္း “ငါ့မိဘေတြ ေျပးေနရတယ္၊ အခုခ်ိန္အထိ၊ အခုခ်ိန္အထိ” ဆိုေသာ စကားကို ႐ြတ္ရင္း ေရးဘီလူးက လူတစ္ဦး၏လည္ပင္းကို ဓားျဖင့္ တရစပ္ခုတ္ျဖတ္ေနခဲ့ၿပီး ေခါင္းျပတ္သြားခ်ိန္တြင္ ဦးေခါင္းမဲ့ ခႏၶာ ကိုယ္ကို ဆဲဆိုကာ ေျခေထာက္ျဖင့္ ကန္လိုက္ေသး၏။ ျပတ္သြားသည့္ ဦးေခါင္းမွဆံပင္ကို ဆြဲကိုင္ကာ ေရးဘီးလူး အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးက ကင္မရာဘက္လွည့္ၿပီး လက္ႏွစ္ေခ်ာင္း ေထာင္ျပခဲ့သည္။ အဆိုပါအဖြဲ႕ဝင္ကပင္ ဦးေခါင္းျပတ္ကို အေလာင္းေပၚတင္ၿပီးခ်ိန္ ေရးဘီလူးက ထပ္မံဆဲဆိုကာ ဦးေခါင္းျပတ္ကို ေဘာလုံးကန္သကဲ့သို႔ ကန္လိုက္ေၾကာင္း ဗီဒီယိုအတြင္း ျမင္ရသည္။
အျခားဗီဒီယိုတစ္ခုတြင္ ဗိုက္ခြဲခံထားရသည့္အျပင္ ေျခလက္မ်ားခုတ္ျဖတ္ခံထားရေသာ အထက္ပါ အေလာင္းကို ေတြ႕ျမင္ရသည္။ “ဒါ ဘာေလးလဲ” ဟု ေရးဘီးလူး၏အဖြဲ႕ဝင္တစ္ဦးက အေလာင္းမွ အသားစတစ္ခုကို ကိုင္ျပၿပီး က်န္တစ္ဦးကလည္း “လတ္လတ္ဆတ္ဆတ္ေတြ ရမယ္”ဟု ေျပာခ်ိန္ အျခားတစ္ဦးက “ေတာဝက္သား လတ္လတ္ဆတ္ဆတ္ေတြရမယ္” ဟု ေျပာၾကားသံကို ဗီဒီယိုအတြင္း ၾကားရသည္။
အပိုင္းပိုင္းအျပတ္ျပတ္ျဖစ္ေနေသာ အေလာင္းကို ေျမက်င္းအတြင္းထည့္ကာ မီးရႈိ႕ရန္အတြက္ ခြဲထားေသာ ဝမ္းဗိုက္အတြင္း မီးေလာင္ေစေသာ အရည္တစ္ခုခုကိုေလာင္းေနခ်ိန္တြင္ ဦးေခါင္းျပတ္ကို က်င္းေဘးတင္ထားၿပီး ေရးဘီးလူး၏ အဖြဲ႕ဝင္မ်ား က အမ်ိဳးမ်ိဳးေလွာင္ေျပာင္ခဲ့ၾကသည္။
“ေခါင္းတစ္လုံး လွတယ္ ဟမ္”၊ “အရက္ေလာင္းေပးတာ ေျဖေပးတာ” ၊ “နဖူးမွာ ေဂါက္႐ိုက္ထားတဲ့ အရာေတြနဲ႔” စသည္ျဖင့္ ေရးဘီလူး၏ လူမ်ားက ဝိုင္းေျပာေနၾကသည္ကိုလည္း ဗီဒီယိုအတြင္း ေတြ႕ျမင္ရသည္။ ဗီဒီယိုဖိုင္အတြင္း ေရးဘီလူး၏ အဖြဲ႕ဝင္တစ္ဦးက ဦးေခါင္းျပတ္မွ ႏွာေခါင္းကို ျဖတ္ရန္ ဓားျဖင့္လွီးေနသည္ ကိုလည္း ျမင္ရၿပီး ဓားမထက္ေသာေၾကာင့္ ႏွာေခါင္းမွာမူ ျပတ္မသြားခဲ့ေပ။ ဗီဒီယိုတြင္ ဦးေခါင္းျပတ္၏နဖူးကို ေရးဘီလူး၏ လူမ်ားက ေျခေထာက္ျဖင့္ နင္းေနသည့္ ျမင္ကြင္းလည္းပါဝင္ၿပီး မၾကားဝံ့မနာသာစကားလုံးမ်ား ကိုလည္း တစ္ေယာက္တစ္ေပါက္ ဝိုင္းဝန္းေျပာဆိုခဲ့ၾကသည္။
ၿပီးေနာက္ မီးရႈိ႕ရန္အေလာင္း၏ ခြဲထားေသာ ဝမ္းဗိုက္အေပၚ ဦးေခါင္းျပတ္ကို တင္လိုက္ျပန္ ၏။ သို႔ေသာ္ မီးတန္းမရႈိ႕ေသးဘဲ ဦးေခါင္းျပတ္အေပၚ အေလာင္းမွ ကိုယ္တြင္းအဂၤါတစ္ခုကိုတင္ကာ “...ေလးကို ထိပ္မွာ ႐ြက္ကာ” ဟု တစ္ဦးက သီခ်င္း ဆန္ဆန္သီဆိုၿပီး က်န္တစ္ဦးက အေလာင္းမွအေရျပားပါ အသားစိုင္တစ္ခုကို ဦးေခါင္းျပတ္အနား ထားၿပီး “စားစား ေကြၽးတယ္ေနာ္” ဟု ေျပာလိုက္ ေသးသည္။
အားလုံးၿပီးစီး၍ ေရးဘီလူး၏ အဖြဲ႕ဝင္တစ္ဦးက ဦးေခါင္းျပတ္ကို ခြဲထားေသာဝမ္းဗိုက္အတြင္း မီးရႈိ႕ရန္ ဖိသိပ္ထည့္ေနခ်ိန္ က်န္တစ္ဦးက “ေအး မင္းေခါင္းကို မင္းဗိုက္ထဲ ထည့္ထားလိုက္” ဟု ေျပာသည့္အသံလည္း ဗီဒီယိုအတြင္း ပါဝင္သည္။ အဆိုပါ႐ုပ္သံဖိုင္ကို ၂၇-၈-၂၀၂၄ ရက္က ႐ိုက္ကူးခဲ့ျခင္းျဖစ္ေၾကာင္း ႐ိုက္ကူးခဲ့ေသာ ဖုန္း၏ မွတ္တမ္း၌ပါရွိခဲ့ၿပီး ေရးဘီလူးတို႔အဖြဲ႕သတ္ျဖတ္ခဲ့သူမွာ ယခုႏွစ္ဇြန္လအတြင္းက ဖမ္းဆီးခဲ့သည့္ ဦးေခါင္းျဖဴ(ခ) ဦးမင္းဇံ ဆိုသူျဖစ္ေၾကာင္း သိရသည္။
ယခုလုပ္ရပ္သည္ ေရးဘီလူး၏ အၾကမ္းဖက္သမားစိတ္ကို ေပၚလြင္သထက္ ေပၚလြင္ေစေသာ ဒုတိယ လုပ္ရပ္ဟုဆိုႏိုင္ၿပီး ပထမလုပ္ရပ္မွာမူ (၂၀၂၂)ခုႏွစ္အတြင္းက ဗီဒီယိုဖိုင္တစ္ခုတြင္ ေက်ာင္းဆရာ၊ ဆရာမမ်ားကို သတ္မည္၊ ေက်ာင္းမ်ားကို ေဖာက္ခြဲမည္ဟု ေရးဘီလူးကိုယ္တိုင္က ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္သည္။
“လာမယ့္ လ(၁)ရက္ ခင္ဗ်ားတို႔ CDM လုပ္ရင္လုပ္၊ မလုပ္လို႔ကေတာ့ ကြၽန္ေတာ္တို႔ေရး တစ္ၿမိဳ႕လုံးမွာရွိ တဲ့ စာသင္ေက်ာင္းေတြ၊ ေက်ာင္းဆရာမေတြ၊ ဆရာေတြအကုန္လုံးကို အကုန္လုံး ရွင္းလင္းသြားမယ္။ မိုင္းေတြ အကုန္ခြဲ ပစ္မွာျဖစ္လို႔ ကြၽန္ေတာ္တို႔ ႀကိဳၿပီးသတိေပးတာျဖစ္ပါတယ္” ဟု ေရးဘီလူးက ေျပာၾကားခဲ့ဖူးသည္။
ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ကာ လုပ္ႀကံသတ္ျဖတ္တတ္ေသာ ေရးဘီလူးသည္ ၎လႈပ္ရွားရာ နယ္ေျမအတြင္း လူအမ်ားအျပားကို သတ္ျဖတ္ခဲ့ဖူးသူျဖစ္ၿပီး ယခုထြက္ေပၚလာေသာ႐ုပ္သံအရ ေရးဘီလူး အေနျဖင့္ ယခင္က လည္း ၎လူသတ္စဥ္ အလားတူလုပ္ရပ္မ်ိဳး လုပ္ေဆာင္ခဲ့ဖူးလိမ့္မည္ဟု ယူဆခ်က္မ်ားလည္း ရွိေနသည္။
“သူတို႔နဲ႔ မတည့္တဲ့လူေတြဆိုရင္ သူလွ်ိဳ၊ ဒလန္လို႔စြပ္စြဲၿပီးေတာ့ ရက္စက္စြာသတ္ျဖတ္ေနတာမ်ိဳးရွိတယ္။ ဒါရာဇဝတ္မႈ က်ဴးလြန္ေနတာပဲျဖစ္ ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရအရင္ဖိတ္ေခၚတဲ့အထဲမွာလည္း ရွိပါတယ္။ အဲဒီအထဲမွာလည္း လာေရာက္ဆက္သြယ္ႏိုင္တယ္။ ရာဇဝတ္မႈ က်ဴးလြန္တဲ့သူေတြကိုေတာ့ ရာဇဝတ္မႈ အရ အေရးယူမယ္။ ဒါေတြဟာ ဘယ္ေတာ့မွေပ်ာက္သြားမွာလည္း မဟုတ္ပါဘူး။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ တပ္မေတာ္အေနနဲ႔ ျပည္သူလူထုကို ပိုမိုၿပီး အကာအကြယ္ေပးႏိုင္ေအာင္၊ ရက္စက္ ၾကမ္းၾကဳတ္မႈေတြ က်ဴးလြန္ခဲ့တဲ့သူေတြကိုလည္း ေဖာ္ထုတ္ေခ်မႈန္းႏိုင္ေအာင္ ေဆာင္႐ြက္လ်က္ရွိပါတယ္” ဟု ေရးဘီလူး၏လုပ္ရပ္ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက NP News သို႔ သုံးသပ္ေျပာၾကားသည္။
ယခုကဲ့သို႔ ေရးဘီလူးႏွင့္ ၎အဖြဲ႕၏လုပ္ရပ္မွာ အၾကမ္းဖက္သမားထက္ပင္ အဆင့္ေက်ာ္လြန္ေနၿပီး ရက္စက္ၾကမ္းၾကဳတ္ေသာအဆင့္အထိ ေရာက္ေနၿပီျဖစ္ေၾကာင္းႏွင့္ လူက်င့္ဝတ္အရ မေလ်ာ္ညီေၾကာင္း အၿငိမ္းစား ရဲမႉးႀကီးတစ္ဦးက သုံးသပ္ေျပာၾကားသည္။
“ဘာေခၚမလဲဆိုေတာ့ လူသားမဆန္တာ ေပါ့ေနာ္။ လူ႔က်င့္ဝတ္နဲ႔ မေလ်ာ္ညီတာ။ ဒါေတြကေတာ့ ေျပာမယ္ဆိုရင္ ေတာ္ေတာ္ေလးကိုဆိုးတဲ့ ဥစၥာေပါ့ေနာ္။ ကမာၻမွာ လက္နက္ကိုင္ေတာ္လွန္ေရး လုပ္ေနၾကတဲ့အဖြဲ႕ ေတြ၊ ႏိုင္ငံေတြမွာ အမ်ားႀကီးရွိတာပဲ။ ႐ုပ္ရွင္ေတြလည္း ၾကည့္ရတာရွိတာပဲ။ အဲဒီမွာေတာင္ ႏိုင္ငံေရးရည္႐ြယ္ ခ်က္နဲ႔လုပ္ၾကတဲ့ ေတာ္လွန္ေရးသမားေတြဆိုတာ လူမဆန္တဲ့လုပ္ရပ္လုပ္တာမေတြ႕ရဘူး။ ရွိရင္လည္း အေရးယူ တာေတြလုပ္ၾကတာ ရွိတာေပါ့။ သူ႔ရဲ႕လုပ္ေဆာင္ခ်က္ကေတာ့ အၾကမ္းဖက္တာနဲ႔ ခ်ိန္ထိုးၿပီးေျပာဖို႔ေတာင္ မလိုဘူး။ ရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္ေပါ့” ဟု ၎က ဆိုသည္။
ဗမာျပည္ကြန္ျမဴနစ္က ပဲခူး႐ိုးမအတြင္း လူသတ္ပြဲမ်ား က်င္းပစဥ္ကလည္း ဝါးရင္းတုတ္ျဖင့္ ႐ိုက္သတ္ ျခင္း အပါအဝင္ ရက္စက္ေသာျဖစ္စဥ္မ်ား ျဖစ္စဥ္ပြားခဲ့ဖူးသည့္တိုင္ ထိုစဥ္ကလုပ္ရပ္မ်ားသည္ ယခုလုပ္ရပ္ကဲ့သို႔ ၾကမ္းၾကဳတ္ေသာလုပ္ရပ္ မရွိခဲ့ေၾကာင္း ၎က ဆိုသည္။
ေရးဘီလူးအေနျဖင့္ မူးယစ္ေဆးဝါး သုံးစြဲၿပီး ေဆာင္႐ြက္ျခင္းျဖစ္မည္ဟု အင္တာနက္လူမႈကြန္ရက္ သုံးစြဲသူအခ်ိဳ႕က အထက္ပါလုပ္ရပ္ႏွင့္ပတ္သက္၍ မွတ္ခ်က္ေပးေျပာၾကားမႈမ်ားရွိေနသည့္အေပၚ အၿငိမ္းစား ရဲမႉးႀကီးက ေရးဘီလူး၏လုပ္ရပ္သည္ သာမန္စိတ္ျဖင့္လုပ္ေသာလုပ္ရပ္ မျဖစ္ႏိုင္ေၾကာင္း NP News ၏ေမးျမန္းမႈ အေပၚ သုံးသပ္ေျပာၾကားသည္။
“သူ႔ရဲ႕အျပဳအမူကို ၾကည့္လိုက္ျခင္း အားျဖင့္ သာမန္ေတာ့မဟုတ္ဘူးဆိုတာ သိႏိုင္တယ္။ မူးယစ္ေဆးဝါး သုံးတယ္၊ မသုံးဘူးဆိုတာကေတာ့ ေျပာဖို႔ခက္တာေပါ့ေနာ္။ သူ႔ရဲ႕ဆီးေတြဘာေတြ စစ္မွပဲ ေျပာလို႔ရမွာေပါ့။ ဒါေပမဲ့ သူကသာမန္ေတာ့ မဟုတ္ဘူး။ တစ္ခုခုေပါ့ေနာ္။ ဒါသူတို႔က အရက္မူး႐ုံနဲ႔ လုပ္တဲ့ကိစၥမဟုတ္ဘူး။ အခုဟာကေတာ့ တစ္ခါတည္း တက္ႂကြၿပီးေတာ့မွျဖစ္ေနတယ္။ လက္ရဲဇက္ရဲလုပ္ရဲတယ္ဆိုေတာ့ ဘီလူးသရဲစီးသလို ျဖစ္ေနတယ္။ ေဆးဝါးသုံးတယ္ မသုံးဘူးဆိုတာက ကာယကံရွင္ အေပၚမွာပဲ မူတည္မွာေပါ့။ ဒါေပမဲ့ သူ႔ရဲ႕ အျပဳအမူ ကေတာ့ သာမန္ မဟုတ္ဘူး ဆိုတာ သိသာပါတယ္” ဟု အထက္ပါ အၿငိမ္းစားရဲမႉးႀကီးက ဆိုသည္။
ေရးဘီလူးအဖြဲ႕သည္ NUG ကာကြယ္ေရး ဝန္ႀကီးဌာန လက္ေအာက္ခံအထူးစစ္ဆင္ေရးတပ္ဖြဲ႕တစ္ခု အျဖစ္ ပူးေပါင္းစဥ္ကလည္း MOD လက္ေအာက္မွသြားပါကစနစ္က်လာမည္၊ ခဲယမ္းမ်ား အားေကာင္းလာမည္ဟု ေမွ်ာ္လင့္ေၾကာင္း ေရးဘီလူးက ေျပာၾကားခဲ့ဖူးသည္။ သို႔ေသာ္ ယခုလုပ္ရပ္က သက္ေသျပလိုက္ျခင္းပင္။
ေရးဘီလူးအဖြဲ႕၏ ယခုကဲ့သို႔ဥပေဒမဲ့ ေခါင္းျဖတ္သတ္ျဖတ္သည့္ ကိစၥႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆး ေရးခုံ႐ုံးဖြင့္ကာ စစ္ေဆးမည္ျဖစ္ ေၾကာင္းႏွင့္ ေတြ႕ရွိခ်က္မ်ားအေပၚ တရားဥပေဒႏွင့္အညီ အေရးယူသြားမည္ ျဖစ္ေၾကာင္း NUG မွ ဒုတိယအတြင္းဝန္ ဦးေမာင္ေမာင္ေဆြက ေျပာၾကားထားကာ NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ စစ္ေဆးမႈမ်ားစတင္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ NUG ၏ အေရးယူမည္ဆို ေသာကိစၥႏွင့္ ပတ္သက္၍ မယုံၾကည္မႈမ်ားလည္း ရွိေနသည္။ NUG က စုံစမ္းစစ္ေဆးၿပီးေနာက္ မည္သည့္ အေျခအေနသို႔ေရာက္မွန္းမသိဘဲ စုံးစုံးျမဳပ္ သြားေသာ အမႈမ်ားလည္းရွိသည္။
အဆိုပါအမႈမ်ားအတြင္း ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ ဧၿပီလအတြင္းက ထိုင္းႏိုင္ငံ၊ မဲေဆာက္တြင္ ျဖစ္ပြားခဲ့ ေသာ ရန္ကုန္တကၠသိုလ္မွ CDM တြဲဖက္ပါေမာကၡ အမ်ိဳးသမီးတစ္ဦး၏သမီးငယ္ ကို တြံေတး NLD ပါတီ ၏ အတြင္းေရးမႉးေအာင္မင္းက သက္ငယ္မုဒိမ္း ျပဳက်င့္ခဲ့ေသာျဖစ္စဥ္တြင္ NUG က ေအာင္မင္းကို မဲေဆာက္ၿမိဳ႕တြင္ လွ်ိဳ႕ဝွက္စစ္ဆင္ေရးဆန္ဆန္ ဖမ္းဆီးခဲ့ေသာ္လည္း NUG လက္မွ ေအာင္မင္း ထြက္ေျပးလြတ္ေျမာက္သြားၿပီး ယခုထက္တိုင္ ဖမ္းမိျခင္း မရွိေတာ့ေပ။
ထို႔ျပင္ တမူးၿမိဳ႕နယ္၌ အမ်ိဳးသမီးတစ္ဦး ကို ဒလန္ဟုစြပ္စြဲကာ အမ်ိဳးသမီး (၂)ဦးအပါအဝင္ PDF (၁၀) ဦးက ႐ိုက္ႏွက္ထိုးႀကိတ္ၿပီး ေသနတ္ျဖင့္ ပစ္သတ္ခဲ့ေသာ ျဖစ္စဥ္တစ္ခု (၂၀၂၂)ခုႏွစ္ အတြင္းက ျဖစ္ပြားခဲ့ေသာ္ လည္း အဆိုပါျဖစ္စဥ္ကို စစ္ေဆး မည္ဆိုေသာ NUG ထံမွ ယခုထက္တိုင္ရလဒ္ တစ္စုံတစ္ရာ ထြက္လာျခင္း မရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ အျခားေသာအမႈမ်ားစြာတို႔မွာမူ NUG လက္တြင္းသို႔ပင္ မေရာက္ေတာ့ဘဲ ၎တို႔ လက္ေအာက္ခံ ပသုံးလုံး အဖြဲ႕မ်ား၏ လက္တြင္းမွာပင္ ေပ်ာက္ဆုံးသြားသည့္အမႈမ်ားစြာလည္း ရွိေနေသး သည္။ ေရးဘီလူး၏ လုပ္ရပ္ႏွင့္ပတ္သက္၍ လူမႈကြန္ရက္ေဖ့စ္ဘြတ္စာမ်က္ႏွာမ်ားထက္တြင္ ေဝဖန္မႈမ်ားရွိေန ေၾကာင္းေတြ႕ျမင္ရသည္။ သို႔ေသာ္ ယခုေရးဘီလူး၏လုပ္ေဆာင္ခ်က္ကို ေထာက္ခံေၾကာင္း အၾကမ္းဖက္အားေပး အခ်ိဳ႕က ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ ေရးသားမႈမ်ားလည္းရွိသည္။ အခ်ိဳ႕ကဆိုလွ်င္ ယခုကဲ့သို႔ ေပါက္ၾကားမႈကိုပင္ အျပစ္တင္လိုက္ေသး၏။
ေရးဘီလူး၏လုပ္ရပ္မွာ ကုလပဋိညာဥ္ႏွင့္ လူ႔အခြင့္အေရးေၾကညာစာတမ္းအရျဖစ္ေစ လူသားက်င့္ဝတ္ မွ ေသြဖည္ၿပီး အၾကမ္းဖက္လုပ္ရပ္သို႔ ေျဖာင့္ေျဖာင့္တန္းတန္းသြားေနေသာ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ထင္ရွားေန သည္မွာ သိသာလွသည္။ သို႔ေသာ္ ယခုလုပ္ရပ္ကို NUG အေနျဖင့္ မည္သို႔ကိုင္တြယ္မည္ဆိုျခင္းမွာလည္း စိတ္ဝင္စားစရာေကာင္းၿပီး ေရးဘီလူး၏ အနာဂတ္မွာလည္း ပို၍ပင္ ေစာင့္ၾကည့္ရမည့္အေျခအေနပင္ ျဖစ္ပါေတာ့ သည္။

Related news

© 2021. All rights reserved.