စမ်းချောင်းမြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားရာ တစ်ဦးတည်းနေထိုင်သူ အမျိုးသားတစ်ဦး မီးခိုးမွှန်သေဆုံး

 1408

သန့်ဇင် (NP News) - ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားရာ တစ်ဦးတည်းနေထိုင်သူအမျိုးသားတစ်ဦး မီးခိုးမွှန်သေဆုံးသွားခဲ့ကြောင်း ပြည်သူ+လူရွှင်တော်လူမှုကူညီရေး အသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့ (ဒီဇင်ဘာ ၇ ရက်)၊ နံနက် ၃ နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကောင်လေးက အရင်တစ်ခါကလည်း အိမ်ကို မီးရှို့မယ် ဘာညာဖြစ်သေးတယ်။ အခုက ရှို့လိုက်တော့ လောင်သွားတယ်ပေါ့။ လောင်သွားတဲ့အချိန်မှာ မီးလောင်ဒဏ်ရာနည်းနည်းပဲရတယ်။ အဓိကသေသွားရတာက မီးခိုးမွှန်ပြီး အသက်ရှုမွန်းကြပ်ပြီးသေသွားတာ။ လောင်တဲ့အချိန်မှာ ထွက်ပြေးဖို့ အချိန်မရဘူးနဲ့ တူပါတယ်” ဟု ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် (၃)ထပ်တိုက်နေအိမ်၏ ဒုတိယထပ်မှ အခန်း(၂)မီးလောင် ပျက်စီးခဲ့ရပြီး အသက်(၃၄)နှစ်အရွယ် အမျိုးသားမှာ သေဆုံးသွားခဲ့ရကြောင်း သိရသည်။
“သူ့ရဲ့အလောင်းနံပါတ်က PRက(001) ပါ။ သူ့အမျိုးတွေအကုန်လုံးကတောင်ကြီးမှာ။ တောင်ကြီးသားပါ။ သူပဲ ဆုံးသွားတာ။ အိမ်မှာလည်း သူတစ်ယောက်ပဲနေတာ။ လုံးချင်း(၃)ကို အလယ်ထပ်မှာဖြစ်တာ။ အရင်က ရပ်ကွက်နိုင်တော့ မီးနိုင်ခဲ့တယ်။ မီးကတော့ (၅)နာရီလောက်မှ အားလုံးပြီးသွားတယ်။ အကြံပြုချင်တာကတော့ မီးဘေးအန္တရာယ်ဖြစ်လာမယ့် ရာသီဖြစ်တော့ အားလုံးသတိဝီရိယနဲ့နေဖို့လိုတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး မီးလောင်မှုကို စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်ကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)စက်မှုဇုန်ရှိ ကော်စေ့စက်ရုံတွင် Level 2 အဆင့်ဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အချိန်(၉)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေနအိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြားရာ တစ္ဦးတည္းေနထိုင္သူ အမ်ိဳးသားတစ္ဦး မီးခိုးမႊန္ေသဆုံး
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၇

ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေနအိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြားရာ တစ္ဦးတည္းေနထိုင္သူအမ်ိဳးသားတစ္ဦး မီးခိုးမႊန္ေသဆုံးသြားခဲ့ေၾကာင္း ျပည္သူ+လူ႐ႊင္ေတာ္လူမႈကူညီေရး အသင္းထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔ (ဒီဇင္ဘာ ၇ ရက္)၊ နံနက္ ၃ နာရီအခ်ိန္ခန႔္က စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာရပ္ကြက္၊ သီရိမဂၤလာလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေကာင္ေလးက အရင္တစ္ခါကလည္း အိမ္ကို မီးရႈိ႕မယ္ ဘာညာျဖစ္ေသးတယ္။ အခုက ရႈိ႕လိုက္ေတာ့ ေလာင္သြားတယ္ေပါ့။ ေလာင္သြားတဲ့အခ်ိန္မွာ မီးေလာင္ဒဏ္ရာနည္းနည္းပဲရတယ္။ အဓိကေသသြားရတာက မီးခိုးမႊန္ၿပီး အသက္ရႈမြန္းၾကပ္ၿပီးေသသြားတာ။ ေလာင္တဲ့အခ်ိန္မွာ ထြက္ေျပးဖို႔ အခ်ိန္မရဘူးနဲ႔ တူပါတယ္” ဟု ျပည္သူ+လူ႐ႊင္ေတာ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ (၃)ထပ္တိုက္ေနအိမ္၏ ဒုတိယထပ္မွ အခန္း(၂)မီးေလာင္ ပ်က္စီးခဲ့ရၿပီး အသက္(၃၄)ႏွစ္အ႐ြယ္ အမ်ိဳးသားမွာ ေသဆုံးသြားခဲ့ရေၾကာင္း သိရသည္။
“သူ႔ရဲ႕အေလာင္းနံပါတ္က PRက(001) ပါ။ သူ႔အမ်ိဳးေတြအကုန္လုံးကေတာင္ႀကီးမွာ။ ေတာင္ႀကီးသားပါ။ သူပဲ ဆုံးသြားတာ။ အိမ္မွာလည္း သူတစ္ေယာက္ပဲေနတာ။ လုံးခ်င္း(၃)ကို အလယ္ထပ္မွာျဖစ္တာ။ အရင္က ရပ္ကြက္ႏိုင္ေတာ့ မီးႏိုင္ခဲ့တယ္။ မီးကေတာ့ (၅)နာရီေလာက္မွ အားလုံးၿပီးသြားတယ္။ အႀကံျပဳခ်င္တာကေတာ့ မီးေဘးအႏၲရာယ္ျဖစ္လာမယ့္ ရာသီျဖစ္ေတာ့ အားလုံးသတိဝီရိယနဲ႔ေနဖို႔လိုတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ျပည္သူ+လူ႐ႊင္ေတာ္လူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး မီးေလာင္မႈကို စမ္းေခ်ာင္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားအသင္းအဖြဲ႕မ်ားက ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၅ ရက္ကလည္း ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)စက္မႈဇုန္ရွိ ေကာ္ေစ့စက္႐ုံတြင္ Level 2 အဆင့္ျဖင့္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး မီးသတ္တပ္ဖြဲ႕ဝင္မ်ားက အခ်ိန္(၉)နာရီေက်ာ္ၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.