“ရေဘေးသင့်ပြည်သူတွေအတွက် ခိုင်နှင်းဝေရဲ့ကျပ်သိန်း(၃၆၀ဝဝ) လှူဒါန်းနိုင်ခဲ့မှု”

 197

အိဖြူ (NP News) - ဒီဇင်ဘာ ၉

“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေ ကို ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် “မေသန်းနုရဲ့အိမ်ထောင်ရေးသတင်း၊ ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၃၆,ဝဝဝ လှူဒါန်းနိုင်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ဦးဆောင်မှု” အစရှိတဲ့ အနုပညာ ဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။
ရေဘေးသင့်ပြည်သူတွေအတွက် သိန်းပေါင်း(၃၆၀ဝဝ) လှူဒါန်းနိုင်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ဦးဆောင်မှု
ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေ ဦးစီးဦးဆောင်ကာ ရာဂီမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် အလှူရှင် များကိုယ်စား သိန်းပေါင်း (၃၆၀ဝဝ) လှူဒါန်းမှုပြုလုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေက ရေဘေး အတွက် စုပေါင်းလှူဒါန်းထားတဲ့အလှူရှင်များအားလုံး သာဓုခေါ်ဆိုနိုင်စေဖို့ရည်ရွယ်ကာ ရေဘေးသင့်မြို့နယ် အသီးသီးမှဒေသခံတွေထံပေးအပ်လှူဒါန်းခဲ့တဲ့ အလှူငွေကျပ် သိန်းပေါင်း(၃၆၀ဝဝ)အတွက် ရေစက်သွန်းချ တရားတော်နာအလှူပွဲ အခမ်းအနားနဲ့ လူအယောက် (၁၀ဝဝ) စာ ကြက်ဆီထမင်းကျွေးမွေးခြင်းကို (၂၀၂၄) ခုနှစ် ဒီဇင်ဘာလ (၃)ရက်က တောင်ဒဂုံမြို့နယ်ရှိ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ ပြုလုပ်ခဲ့ပါတယ်။
ရာဂီမုန်တိုင်းဒဏ်သင့်ပြည်သူတို့အတွက် ခိုင်နှင်းဝေက ကျပ်သိန်း (၃၀ဝ) မတည်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များစွာ၊ လုပ်ငန်းရှင်များစွာ အလှူငွေ၊ ပစ္စည်းများ ထည့်ဝင်လှူဒါန်းခဲ့ကြခြင်းဖြစ်ပါတယ်။ (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၁၁)ရက်က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်းရာဂီ ကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြုံတွေ့ခဲ့ ရတာပါ။ ရေလွှမ်းမိုးမှုတွေကြောင့် လူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြရပြီး လူပေါင်း (၆၃၁ယဝဝဝ) ခန့် ရေဘေးသင့်ခဲ့ ကြရပါတယ်။
ခိုင်နှင်းဝေကိုယ်တိုင်က ရေဘေးသင့်မြို့နယ်တွေအထိအရောက်သွားကာ ရေဘေးသင့် အလှူငွေတွေကို ဒေသခံတွေထံ ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ သူရဲ့ကူညီလှူဒါန်းမှုမြင်ကွင်းတွေအပေါ် လူအများက သာဓုခေါ်ဆိုခဲ့ကြ သလို အကြမ်းဖက်အားပေးပြည်ပြေးအုပ်စုတွေရဲ့ဝေဖန်ခြိမ်းခြောက်မှုဒဏ်ကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ ခိုင်နှင်းဝေ ကတော့ ဒုက္ခရောက်သူမည်သူ့ကိုမဆို သူတတ်အားသရွေ့ ကူညီသွားမှာဖြစ်ကြောင်း အခိုင်အမာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အသက်(၂၀)အရွယ်အမျိုးသားနဲ့အိမ်ထောင်ပြုမယ်ဆိုတဲ့သတင်းအပေါ် ထပ်ဆင့်အကယ်ဒမီမင်းသမီးရဲ့ တုံ့ပြန်ချက်
ထပ်ဆင့်အကယ်ဒမီမင်းသမီးကြီး မေသန်းနုဟာ (၂၀၂၄)ခုနှစ်အတွက် ရွှေကြိုရွေးချယ်ထားတဲ့ လူငယ် အမျိုးသားတစ်ဦးနဲ့အတူ အင်တာဗျူးဖြေဆိုမိရာမှ အိမ်ထောင်ရေးသတင်းအဖြစ် ခေါင်းစီးတပ်ခံလိုက်ရပါတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အမှီပြုလုပ်ကိုင်နေကြတဲ့ပေ့ချ်တွေက ၎င်းတို့ပေ့ချ် လူကြည့်များဖို့ အတွက်သာ စဉ်းစားလေ့ရှိကြပြီး တာဝန်ယူမှုကင်းမဲ့လွန်းစွာ တစ်ဖက်လူပုဂ္ဂိုလ်ရဲ့ဂုဏ်သိက္ခာကို ချနင်းရေးသားမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။
“ထပ်ဆင့်အကယ်ဒမီမေသန်းနု အသက်(၂၀)အရွယ်ကောင်လေးနဲ့အိမ်ထောင်ပြုတော့မယ်” ဆိုပြီး ဖေ့ဘွတ်စ်ပေ့ချ်တစ်ခုက Clickbait ဆန်ဆန် ခေါင်းစဉ်တပ်ရေးသားခဲ့တာပါ။ အဆိုပါသတင်းအပေါ် မင်းသမီးကြီး မေသန်းနုက “အနုပညာအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်တာကြောင့် ကောလာဟလသတင်းတွေအပေါ် လျစ်လျူရှုထားလေ့ရှိပေမယ့် ကိုယ့်အပေါ် တိုက်ရိုက်ထိခိုက်မှုမရှိကြောင်း၊ ကိုယ့်ကို အားပေးနေတဲ့ပရိသတ်ကို တော့ အားနာမိကြောင်း၊ တစ်ဖက်က ဆယ်ကျော်သက်ကလေးကိုလည်း အားနာဖို့ကောင်းကြောင်း၊ သတင်းနယ် ပယ်ကျယ်ပြန့်တဲ့ပရိသတ်တွေက ကောလာဟလ သတင်း မှန်းသိကြပေမယ့် နယ်ပရိသတ်တွေက ရိုးသားကြတော့ သတင်းတစ်ခုတက်လာပြီဆိုရင် အလွယ်တကူ ယုံကြည်သွားတတ်ကြတယ်။ အရိုအသေတန်စေလို့ မကြိုက် ကြောင်း၊ လူတစ်ယောက်ရဲ့အကြောင်းအရာကို မှန်ကန်စွာရေးသားဖော်ပြစေလိုကြောင်း ” အနုပညာမီဒီယာ တွေထံ ပြန်လည်ဖြေရှင်းထားပါတယ်။
(၂၀၂၄) ခုနှစ်အတွက် ရွှေကြိုရွေးချယ်ခံထားရသူ အသက် (၂၀)အရွယ် ရွှေကြိုမောင်တစ်ဦးက မင်းသမီးကြီး မေသန်းနုနဲ့ အင်တာဗျူးအတူဖြေဆိုလိုကြောင်း တောင်းဆိုမှုကြောင့် မေသန်းနုအနေနဲ့ အတူယှဉ်တွဲ အင်တာဗျူးဖြေဆိုပေးခဲ့ခြင်းသာဖြစ်တယ်လို့သိရပါတယ်။
ထပ်ဆင့်အကယ်ဒမီမင်းသမီး မေသန်းနုရဲ့တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်က အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိမှာ သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိကာ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိကြောင်း အသိပေးထားပါတယ်။


ထပ်ဆင့်အကယ်ဒမီနေတိုး နဲ့ တေးသံရှင် နီနီခင်ဇော်တို့ရဲ့ ပထမဆုံး Musical ရုပ်ရှင်
တေးသံရှင်နီနီခင်ဇော်ကိုယ်တိုင် ဇာတ်လမ်းရေးသားထားတဲ့ “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားမှာ ထပ်ဆင့်အကယ်ဒမီနေတိုး ပါဝင်သရုပ်ဆောင်ထားပြီး ဂီတ၊ ရုပ်ရှင်နယ်ပယ်နှစ်ခုက အနုပညာရှင်များစွာ ပါဝင် ထားတာကြောင့် လူစိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။ နီနီခင်ဇော်က ရုပ်ရှင်လောကမှာ အဆိုတော်တွေ ကိုယ်တိုင်ပါဝင်တဲ့ Musical ရုပ်ရှင်ဇာတ်ကားတစ်ကားရှိစေချင်ခဲ့ပြီး၊ မျိုးဆက်သစ်ဝါသနာရှင်လေးတွေအတွက် လည်း ကြိုးစားမှုတစ်ခုအဖြစ် ပြသချင်ခဲ့ကြောင်း ဆိုထားပါတယ်။
ဒီဇာတ်ကားထဲမှာ ဂီတ၊ ရုပ်ရှင်အနုပညာပေါင်းစပ်မှုများသာမက မြန်မာသံစဉ်၊ မြန်မာ့ဂီတ၊ မြန်မာ့ ဆိုင်းဝိုင်း၊ Pop music ၊ Rock music စတဲ့ ဂီတသံစဉ်အမျိုးအစားအစုံကို ကြည့်ရှုခံစားရမယ့်အပြင် လူငယ်တွေရဲ့ ဝါသနာအပေါ်ရူးသွပ် ကြိုးစားမှုတွေကိုပါ ထည့်သွင်းပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
“ အနုပညာသက်တမ်းတစ်လျှောက် Musical ရုပ်ရှင်ရိုက်ကူးမှုက ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး နောက် တစ်ကြိမ် ထပ်မံရိုက်ကူးဖို့ မလွယ်ကူလောက်ကြောင်း” ထပ်ဆင့်အကယ်ဒမီနေတိုးက ပြောပြဖူးပါတယ်။ “အိပ်မက်ကာရန်” ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဇာတ်လမ်း နီနီခင်ဇော်၊ ဇာတ်ညွှန်း မိုးနီလွင်၊ Music Director ဓိရာမိုရ်၊ ဒါရိုက်တာဝင်းလွင်ထက်၊ ရက်ဒ်ဒီ ရုပ်ရှင်ထုတ်လုပ်ရေးတို့က (၂၀၂၀)ပြည့်နှစ်မှာ စတင်ရိုက်ကူးခဲ့ပေမယ့် (၂၀၂၄) ခုနှစ်မှ ရိုက်ကူးမှုပြီးစီးခဲ့ခြင်းဖြစ်ပါတယ်။ “အိပ်မက်ကာရန်”ရုပ်ရှင်က နီနီခင်ဇော်ရဲ့ဂီတမှတ်တိုင် တစ်ခုစိုက်ထူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ နီနီခင်ဇော်ရဲ့စိတ်ကူး ဇာတ် လမ်း ကို ထပ်ဆင့်အကယ်ဒမီနေတိုး၊ အဆိုတော်လွှမ်းပိုင်၊ တေးသံရှင်ချောစုခင်၊ မေခလာ၊ အောင်ထက်၊ ဝိုင်းလေး၊ သရုပ်ဆောင်ယွန်းရွှေရည်၊ စင်ဒီယာ၊ ဆွိ အပါအဝင် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ “အိပ်မက်ကာရန်” ရုပ်ရှင်က လတ်တလော ရုံတင်ဇာတ်ကားတွေအကြား လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားဖြစ်ပြီး အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ မှတ်ချက်ကောင်း တွေ ရရှိထားတာပဲဖြစ်ပါတယ်။ “အိမ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ(၆)ရက်က စတင်ပြီး ရုံတင်ပြသခဲ့ခြင်းဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version;
“ေရေဘးသင့္ျပည္သူေတြအတြက္ ခိုင္ႏွင္းေဝရဲ႕က်ပ္သိန္း(၃၆၀ဝဝ) လႉဒါန္းႏိုင္ခဲ့မႈ”
အိျဖဴ (NP News) - ဒီဇင္ဘာ ၉

“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြ ကို ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ “ေမသန္းႏုရဲ႕အိမ္ေထာင္ေရးသတင္း၊ ေရေဘးသင့္ျပည္သူေတြအတြက္ က်ပ္သိန္း ၃၆,ဝဝဝ လႉဒါန္းႏိုင္ခဲ့တဲ့ ခိုင္ႏွင္းေဝရဲ႕ဦးေဆာင္မႈ” အစရွိတဲ့ အႏုပညာ ဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။
ေရေဘးသင့္ျပည္သူေတြအတြက္ သိန္းေပါင္း(၃၆၀ဝဝ) လႉဒါန္းႏိုင္ခဲ့တဲ့ ခိုင္ႏွင္းေဝရဲ႕ဦးေဆာင္မႈ
႐ုပ္ရွင္သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝ ဦးစီးဦးေဆာင္ကာ ရာဂီမုန္တိုင္းဒဏ္သင့္ျပည္သူေတြအတြက္ အလႉရွင္ မ်ားကိုယ္စား သိန္းေပါင္း (၃၆၀ဝဝ) လႉဒါန္းမႈျပဳလုပ္ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ခိုင္ႏွင္းေဝက ေရေဘး အတြက္ စုေပါင္းလႉဒါန္းထားတဲ့အလႉရွင္မ်ားအားလုံး သာဓုေခၚဆိုႏိုင္ေစဖို႔ရည္႐ြယ္ကာ ေရေဘးသင့္ၿမိဳ႕နယ္ အသီးသီးမွေဒသခံေတြထံေပးအပ္လႉဒါန္းခဲ့တဲ့ အလႉေငြက်ပ္ သိန္းေပါင္း(၃၆၀ဝဝ)အတြက္ ေရစက္သြန္းခ် တရားေတာ္နာအလႉပြဲ အခမ္းအနားနဲ႔ လူအေယာက္ (၁၀ဝဝ) စာ ၾကက္ဆီထမင္းေကြၽးေမြးျခင္းကို (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလ (၃)ရက္က ေတာင္ဒဂုံၿမိဳ႕နယ္ရွိ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာမွာ ျပဳလုပ္ခဲ့ပါတယ္။
ရာဂီမုန္တိုင္းဒဏ္သင့္ျပည္သူတို႔အတြက္ ခိုင္ႏွင္းေဝက က်ပ္သိန္း (၃၀ဝ) မတည္ခဲ့ျခင္းျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပမွ အလႉရွင္မ်ားစြာ၊ လုပ္ငန္းရွင္မ်ားစြာ အလႉေငြ၊ ပစၥည္းမ်ား ထည့္ဝင္လႉဒါန္းခဲ့ၾကျခင္းျဖစ္ပါတယ္။ (၂၀၂၄) ခုႏွစ္ စက္တင္ဘာလ (၁၁)ရက္က ျမန္မာႏိုင္ငံကို ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ စူပါတိုင္ဖြန္းမုန္တိုင္းရာဂီ ေၾကာင့္ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ေနျပည္ေတာ္၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ မြန္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ မိုးႀကီးမႈမ်ား၊ ေရႀကီးေရလွ်ံမႈမ်ားႏွင့္ ေျမၿပိဳမႈမ်ားႀကဳံေတြ႕ခဲ့ ရတာပါ။ ေရလႊမ္းမိုးမႈေတြေၾကာင့္ လူေပါင္းရာနဲ႔ခ်ီေသဆုံးခဲ့ၾကရၿပီး လူေပါင္း (၆၃၁ယဝဝဝ) ခန႔္ ေရေဘးသင့္ခဲ့ ၾကရပါတယ္။
ခိုင္ႏွင္းေဝကိုယ္တိုင္က ေရေဘးသင့္ၿမိဳ႕နယ္ေတြအထိအေရာက္သြားကာ ေရေဘးသင့္ အလႉေငြေတြကို ေဒသခံေတြထံ ေပးအပ္ခဲ့ျခင္းျဖစ္ပါတယ္။ သူရဲ႕ကူညီလႉဒါန္းမႈျမင္ကြင္းေတြအေပၚ လူအမ်ားက သာဓုေခၚဆိုခဲ့ၾက သလို အၾကမ္းဖက္အားေပးျပည္ေျပးအုပ္စုေတြရဲ႕ေဝဖန္ၿခိမ္းေျခာက္မႈဒဏ္ကိုလည္း ခံခဲ့ရတာျဖစ္ပါတယ္။ ခိုင္ႏွင္းေဝ ကေတာ့ ဒုကၡေရာက္သူမည္သူ႔ကိုမဆို သူတတ္အားသေ႐ြ႕ ကူညီသြားမွာျဖစ္ေၾကာင္း အခိုင္အမာ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

အသက္(၂၀)အ႐ြယ္အမ်ိဳးသားနဲ႔အိမ္ေထာင္ျပဳမယ္ဆိုတဲ့သတင္းအေပၚ ထပ္ဆင့္အကယ္ဒမီမင္းသမီးရဲ႕ တုံ႔ျပန္ခ်က္
ထပ္ဆင့္အကယ္ဒမီမင္းသမီးႀကီး ေမသန္းႏုဟာ (၂၀၂၄)ခုႏွစ္အတြက္ ေ႐ႊႀကိဳေ႐ြးခ်ယ္ထားတဲ့ လူငယ္ အမ်ိဳးသားတစ္ဦးနဲ႔အတူ အင္တာဗ်ဴးေျဖဆိုမိရာမွ အိမ္ေထာင္ေရးသတင္းအျဖစ္ ေခါင္းစီးတပ္ခံလိုက္ရပါတယ္။ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားကို အမွီျပဳလုပ္ကိုင္ေနၾကတဲ့ေပ့ခ်္ေတြက ၎တို႔ေပ့ခ်္ လူၾကည့္မ်ားဖို႔ အတြက္သာ စဥ္းစားေလ့ရွိၾကၿပီး တာဝန္ယူမႈကင္းမဲ့လြန္းစြာ တစ္ဖက္လူပုဂၢိဳလ္ရဲ႕ဂုဏ္သိကၡာကို ခ်နင္းေရးသားမႈေတြ ျပဳလုပ္ေလ့ရွိၾကပါတယ္။
“ထပ္ဆင့္အကယ္ဒမီေမသန္းႏု အသက္(၂၀)အ႐ြယ္ေကာင္ေလးနဲ႔အိမ္ေထာင္ျပဳေတာ့မယ္” ဆိုၿပီး ေဖ့ဘြတ္စ္ေပ့ခ်္တစ္ခုက Clickbait ဆန္ဆန္ ေခါင္းစဥ္တပ္ေရးသားခဲ့တာပါ။ အဆိုပါသတင္းအေပၚ မင္းသမီးႀကီး ေမသန္းႏုက “အႏုပညာအလုပ္လုပ္ကိုင္ေနသူတစ္ဦးျဖစ္တာေၾကာင့္ ေကာလာဟလသတင္းေတြအေပၚ လ်စ္လ်ဴရႈထားေလ့ရွိေပမယ့္ ကိုယ့္အေပၚ တိုက္႐ိုက္ထိခိုက္မႈမရွိေၾကာင္း၊ ကိုယ့္ကို အားေပးေနတဲ့ပရိသတ္ကို ေတာ့ အားနာမိေၾကာင္း၊ တစ္ဖက္က ဆယ္ေက်ာ္သက္ကေလးကိုလည္း အားနာဖို႔ေကာင္းေၾကာင္း၊ သတင္းနယ္ ပယ္က်ယ္ျပန႔္တဲ့ပရိသတ္ေတြက ေကာလာဟလ သတင္း မွန္းသိၾကေပမယ့္ နယ္ပရိသတ္ေတြက ႐ိုးသားၾကေတာ့ သတင္းတစ္ခုတက္လာၿပီဆိုရင္ အလြယ္တကူ ယုံၾကည္သြားတတ္ၾကတယ္။ အ႐ိုအေသတန္ေစလို႔ မႀကိဳက္ ေၾကာင္း၊ လူတစ္ေယာက္ရဲ႕အေၾကာင္းအရာကို မွန္ကန္စြာေရးသားေဖာ္ျပေစလိုေၾကာင္း ” အႏုပညာမီဒီယာ ေတြထံ ျပန္လည္ေျဖရွင္းထားပါတယ္။
(၂၀၂၄) ခုႏွစ္အတြက္ ေ႐ႊႀကိဳေ႐ြးခ်ယ္ခံထားရသူ အသက္ (၂၀)အ႐ြယ္ ေ႐ႊႀကိဳေမာင္တစ္ဦးက မင္းသမီးႀကီး ေမသန္းႏုနဲ႔ အင္တာဗ်ဴးအတူေျဖဆိုလိုေၾကာင္း ေတာင္းဆိုမႈေၾကာင့္ ေမသန္းႏုအေနနဲ႔ အတူယွဥ္တြဲ အင္တာဗ်ဴးေျဖဆိုေပးခဲ့ျခင္းသာျဖစ္တယ္လို႔သိရပါတယ္။
ထပ္ဆင့္အကယ္ဒမီမင္းသမီး ေမသန္းႏုရဲ႕တစ္ဦးတည္းေသာသား မင္းသန႔္ေမာင္ေမာင္က အသက္ (၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး လက္ရွိမွာ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္နဲ႔အတူ ေပ်ာ္႐ႊင္စြာေနထိုင္လ်က္ရွိကာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိေၾကာင္း အသိေပးထားပါတယ္။

ထပ္ဆင့္အကယ္ဒမီေနတိုး နဲ႔ ေတးသံရွင္ နီနီခင္ေဇာ္တို႔ရဲ႕ ပထမဆုံး Musical ႐ုပ္ရွင္
ေတးသံရွင္နီနီခင္ေဇာ္ကိုယ္တိုင္ ဇာတ္လမ္းေရးသားထားတဲ့ “အိပ္မက္ကာရန္” ႐ုပ္ရွင္ဇာတ္ကားမွာ ထပ္ဆင့္အကယ္ဒမီေနတိုး ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဂီတ၊ ႐ုပ္ရွင္နယ္ပယ္ႏွစ္ခုက အႏုပညာရွင္မ်ားစြာ ပါဝင္ ထားတာေၾကာင့္ လူစိတ္ဝင္စားမႈျမင့္တက္လ်က္ရွိပါတယ္။ နီနီခင္ေဇာ္က ႐ုပ္ရွင္ေလာကမွာ အဆိုေတာ္ေတြ ကိုယ္တိုင္ပါဝင္တဲ့ Musical ႐ုပ္ရွင္ဇာတ္ကားတစ္ကားရွိေစခ်င္ခဲ့ၿပီး၊ မ်ိဳးဆက္သစ္ဝါသနာရွင္ေလးေတြအတြက္ လည္း ႀကိဳးစားမႈတစ္ခုအျဖစ္ ျပသခ်င္ခဲ့ေၾကာင္း ဆိုထားပါတယ္။
ဒီဇာတ္ကားထဲမွာ ဂီတ၊ ႐ုပ္ရွင္အႏုပညာေပါင္းစပ္မႈမ်ားသာမက ျမန္မာသံစဥ္၊ ျမန္မာ့ဂီတ၊ ျမန္မာ့ ဆိုင္းဝိုင္း၊ Pop music ၊ Rock music စတဲ့ ဂီတသံစဥ္အမ်ိဳးအစားအစုံကို ၾကည့္ရႈခံစားရမယ့္အျပင္ လူငယ္ေတြရဲ႕ ဝါသနာအေပၚ႐ူးသြပ္ ႀကိဳးစားမႈေတြကိုပါ ထည့္သြင္းပုံေဖာ္႐ိုက္ကူးထားျခင္းျဖစ္ပါတယ္။
“ အႏုပညာသက္တမ္းတစ္ေလွ်ာက္ Musical ႐ုပ္ရွင္႐ိုက္ကူးမႈက ပထမဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး ေနာက္ တစ္ႀကိမ္ ထပ္မံ႐ိုက္ကူးဖို႔ မလြယ္ကူေလာက္ေၾကာင္း” ထပ္ဆင့္အကယ္ဒမီေနတိုးက ေျပာျပဖူးပါတယ္။ “အိပ္မက္ကာရန္” ႐ုပ္ရွင္ျဖစ္ေျမာက္ေရးအတြက္ ဇာတ္လမ္း နီနီခင္ေဇာ္၊ ဇာတ္ၫႊန္း မိုးနီလြင္၊ Music Director ဓိရာမိုရ္၊ ဒါ႐ိုက္တာဝင္းလြင္ထက္၊ ရက္ဒ္ဒီ ႐ုပ္ရွင္ထုတ္လုပ္ေရးတို႔က (၂၀၂၀)ျပည့္ႏွစ္မွာ စတင္႐ိုက္ကူးခဲ့ေပမယ့္ (၂၀၂၄) ခုႏွစ္မွ ႐ိုက္ကူးမႈၿပီးစီးခဲ့ျခင္းျဖစ္ပါတယ္။ “အိပ္မက္ကာရန္”႐ုပ္ရွင္က နီနီခင္ေဇာ္ရဲ႕ဂီတမွတ္တိုင္ တစ္ခုစိုက္ထူႏိုင္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ နီနီခင္ေဇာ္ရဲ႕စိတ္ကူး ဇာတ္ လမ္း ကို ထပ္ဆင့္အကယ္ဒမီေနတိုး၊ အဆိုေတာ္လႊမ္းပိုင္၊ ေတးသံရွင္ေခ်ာစုခင္၊ ေမခလာ၊ ေအာင္ထက္၊ ဝိုင္းေလး၊ သ႐ုပ္ေဆာင္ယြန္းေ႐ႊရည္၊ စင္ဒီယာ၊ ဆြိ အပါအဝင္ အႏုပညာရွင္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ ထားတာျဖစ္ပါတယ္။ “အိပ္မက္ကာရန္” ႐ုပ္ရွင္က လတ္တေလာ ႐ုံတင္ဇာတ္ကားေတြအၾကား လူစိတ္ဝင္စားမႈျမင့္တက္ေနတဲ့ ဇာတ္ကားျဖစ္ၿပီး အႏုပညာရွင္၊ အတတ္ပညာရွင္ေတြရဲ႕ မွတ္ခ်က္ေကာင္း ေတြ ရရွိထားတာပဲျဖစ္ပါတယ္။ “အိမ္မက္ကာရန္” ႐ုပ္ရွင္ဇာတ္ကားကို ဒီဇင္ဘာလ(၆)ရက္က စတင္ၿပီး ႐ုံတင္ျပသခဲ့ျခင္းျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.