ကမ္ဘောဒီးယား၏ အထင်ကရ တူးမြောင်း တရုတ်ချေးငွေမရသဖြင့် ပေါက်ပြားရာ တစ်ချက်ပင် မရှိသေး

 2419

Htay Oung (NP News) - ဒီဇင်ဘာ ၁ဝ

လွန်ခဲ့တဲ့ ဩဂုတ်(၂၁)ရက် ကမ္ဘောဒီးယား အခမ်းအနားတစ်ခုမှာ ရွှေဝါရောင်သင်္ကန်းလွှမ်းခြုံထားတဲ့ သံဃာ တော်တို့ရှေ့မှောက် ဝန်ကြီးချုပ် ဟွန်မာနက်ကို ဒူးထောက်လျက်သားတွေ့မြင်ရပါတယ်။ အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်အပြီး တိုင်းပြည်ရဲ့ စီးပွားရေးကံကြမ္မာကို ပြောင်းလဲစေမယ့် တူးမြောင်းဖောက်လုပ်မှုကို မီးရှူး မီးပန်းတွေပစ် ဖောက်ခြင်း မိုးပျံပူဖောင်းတွေ လွှတ်တင်ခြင်းဖြင့် စတင်လိုက်ကြတယ်လို့ “ရိုက်တာ သတင်းအေဂျင်စီ” က နိုဝင်ဘာလမှာ ရေးသားပါတယ်။

မဲခေါင်မြစ်ကို ကမ္ဘောဒီးယားနိုင်ငံအတွင်း ဖြတ်သန်းပြီး ထိုင်းပင်လယ်ကွေ့နဲ့ဆက်သွယ်ပေးမယ့် “ဖူနန် တက်ချိုတူးမြောင်း”အတွက် ရန်ပုံငွေ (၄၉)ရာခိုင်နှုန်းကို တရုတ်နိုင်ငံကပံ့ပိုးပေးမှာဖြစ် ကြောင်း၊ ကမ္ဘောဒီးယားရဲ့ သင်္ဘောတင်ပို့မှုက အိမ်နီးချင်း ဗီယက်နမ်အပေါ် မှီခိုအားထားနေရမှုကို လျှော့ချသွားမယ်လို့ ကမ္ဘောဒီးယား နိုင်ငံအလံများ ဝှေ့ရမ်းရင်း အခမ်းအနားတက်ရောက်သူ လူရာပေါင်းများစွာတို့ကို ဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။

အရေးပါပေမယ့် အငြင်းပွားဖွယ် အဲဒီပ ရောဂျက်ဟာ အမေရိကန်ဒေါ်လာ(၁.၇)ဘီလျံ ကုန်ကျမှာဖြစ်ပြီး နိုင်ငံတစ်နှစ်ပတ်လုံး ကုန်ထုတ်လုပ်မှု ရဲ့ (၄%) ခန့်ရှိလိမ့်မယ်လို့ ကမ္ဘောဒီယားအစိုးရက မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ လအနည်းငယ်အကြာ မှာတော့ တရုတ်နိုင်ငံက သူတို့ကတိပြုထားတဲ့ ရန်ပုံ ငွေကို တကယ်ပေး မပေး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေမှာ ပါဝင် ပတ်သက်သူလေးဦးတို့ရဲ့အဆိုအရ ပေကျင်းအနေနဲ့ အဲဒီစီမံကိန်းအတွက် စိုးရိမ်မှုတွေရှိနေပြီး ငွေကြေးဘယ်လောက်ထည့်ဝင်မယ့်အကြောင်း အခိုင်အမာ ကတိပေးခဲ့ခြင်းလည်းမရှိဘူးလို့ သိရှိရပါတယ်။ တူးမြောင်းကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားရဲ့ရေလမ်း အရင်းအမြစ်စီမံကိန်းတွေမှာ တရုတ် ကုမ္ပဏီ တွေက ကူညီရှာဖွေပေးတာဟာ ဈေးကွက်စီးပွားရေးသဘော သဘာဝနဲ့အညီ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ကြောင်း ရိုက်တာသတင်းဌာနရဲ့မေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်ဖြင့် ပြန်လည် ဖြေဆိုပါတယ်။ ငွေကြေး အထောက်အပံ့ပေးတဲ့အ ကြောင်းနဲ့ပတ်သက်ပြီး တိုက်ရိုက်ပြောကြားခြင်းမရှိပေမယ့် ပေကျင်းနဲ့ဖနွမ်းပင်ဟာ သံမဏိမိတ်ဆွေ တွေပါပဲလို့ လွန်ခဲ့တဲ့ အောက်တိုဘာလက ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့လေသံအတိုင်း မှတ်ချက်ပေးပါတယ်။

တွေ့ဆုံမေးမြန်းခွင့်ပြုရန် မေတ္တာရပ်ခံမှုတွေကို ကမ္ဘောဒီးယားအစိုးရကငြင်းဆိုခဲ့ပြီး ဖနွမ်းပင် စာနယ်ဇင်း အရာရှိတွေကလည်း တူးမြောင်းရန်ပုံငွေ ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို မကြာသေးမီ သီတင်းပတ်တွေအထိ အကြောင်း ပြန်ကြားခြင်းမရှိခဲ့ပါဘူး။ ဘယ်ရွေ့ဘယ်မျှ ငွေကြေး ထည့်ဝင်မယ့်အကြောင်း တရုတ် နိုင်ငံရဲ့ရှင်းလင်း ပြတ်သားတဲ့ ကတိကဝတ်မရှိတာဟာ စီမံကိန်းကုန် ကျစရိတ်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှုတွေမှာ ဘဏ္ဍာရေးဆိုင်ရာ မရေရာမှု တွေပေါင်းစပ်ပြီး အစီအစဉ်တစ်ခုလုံးကို ထိခိုက်စေ နိုင်ကြောင်း ကျွမ်းကျင်သူတွေ၊ တာဝန်ရှိသူတွေနဲ့ သံတမန်တွေကပြောပါတယ်။

ကမ္ဘောဒီးယားလို မဟာဗျူဟာမိတ်ဖက် နိုင်ငံတွေဖြစ်တဲ့တိုင် ပေကျင်းအနေနဲ့သူရဲ့ပြည်တွင်း စီးပွားရေးရုန်း ကန်မှုတွေကြောင့် ပြည်ပရင်းနှီး မြှုပ်နှံ မှုတွေကို သိသိသာသာလျှော့ချနေပုံရကြောင်း ညွှန်ပြ နေပါတယ်။ ရှည်လျားတဲ့ ပြည်တွင်းစစ်အပြီးကျဆုံး ခမာနီအစိုးရအလွန် အနောက်နိုင်ငံ ကျောထောက် နောက်ခံပြု “နိုင်ငံတော်တည် ဆောက်ရေး”မှာ အဓိက စံနမူနာပြ တိုင်းပြည်ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘောဒီးယားဟာ မကြာသေးမီကာလမှာတော့ ပေကျင်းကို ပေးဆပ်ရ မယ့်အကြွေးတွေဟာ နိုင်ငံ့ကြွေးမြီစုစုပေါင်းရဲ့ သုံးပုံ တစ်ပုံကျော်ဖြစ်လာတဲ့အထိ တရုတ်ရဲ့ ဖောက်သည် နိုင်ငံဖြစ်လာကြောင်း သံတမန်တွေနဲ့ နိုင်ငံခြားရေးမူ ဝါဒ ကျွမ်းကျင်သူတွေက ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခဲ့ ကြပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ မအောင် မြင်တဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေ၊ တောင် အာရှနိုင်ငံအတွင်း တရုတ်လူမျိုးတွေကိုပစ်မှတ်ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ခရီးသွားလုပ်ငန်းထိခိုက်တာကြောင့် ပေကျင်းရဲ့ရင်းနှီး မြှုပ်နှံမှုတွေဟာ ကျဆင်း နေပါတယ်။
(၁၁၂)မိုင်ရှည်လျားမယ့် “ဖူနန်တက် ချိုတူးမြောင်း”ဟာ ဆန်စပါးစိုက်ပျိုးဖြစ်ထွန်းရာ အရေး ပါလှတဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှရေတွေကို ထိုင်းပင်လယ်ကွေ့သို့ လမ်းကြောင်းပြောင်း စီးဆင်း စေခြင်းအားဖြင့် လက်ရှိရေ လမ်းကြောင်းကို ချဲ့ထွင်ပြီး ဗီယက်နမ်ဆိပ်ကမ်းတွေကတစ်ဆင့် ကမ္ဘောဒီးယား သင်္ဘောတွေနဲ့ ကုန်တင်ပို့နေရတာ ကိုလည်း ရပ်ဆိုင်း စေပါလိမ့်မယ်။

တရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးကုမ္ပဏီ ဖြစ်တဲ့ “ချိုင်းနား လမ်းနှင့်တံတား ကော်ပိုရေးရှင်း ” (CRBC)နဲ့ ကမ္ဘောဒီးယားအစိုးရဟာ (၂၀၂၃)ခုနှစ် အောက်တိုဘာလမှာ “ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက်”ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖူနန်တက်ချိုတူးမြောင်းမှာ တရုတ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာပါ ဝင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားတာဝန်ရှိသူတွေက လူသိရှင်ကြားထုတ်ဖော်ပြော ကြားခဲ့ပါတယ်။ တကယ်တော့ သဘောတူညီချက်ပါ စာသားတွေဟာ အများသူငါ အသိပေးဖို့အဆင့်အထိ တော့မဟုတ်ခဲ့ပါဘူး။ တရုတ် CRBC ကုမ္ပဏီဟာ တူးမြောင်းစီမံကိန်းကို အပြည့်အဝ တာဝန်ယူဆောင် ရွက်မှာဖြစ်ပြီး ကုန်ကျစရိတ်တွေကို ဆယ်စုနှစ်ပေါင်း များစွာကာလအတွင်း အကြေပြန်လည်ပေးဆပ်ဖို့ လိုက်လျောမှာဖြစ်ကြောင်း လွန်ခဲ့တဲ့ မေလရိုက်တာ သတင်း အေဂျင်စီနဲ့တွေ့ဆုံစဉ် ကမ္ဘောဒီးယားစီမံကိန်း တာဝန်ခံဝန်ကြီး ဒုတိယဝန်ကြီးချုပ် ဆမ်ချန်သိုက ပြောပြပါတယ်။ ဒါပေမဲ့ ဩဂုတ်လဆန်းပိုင်းရောက် တဲ့အခါ တူးမြောင်းစီမံကိန်းမှာ CRBC က ရှယ်ယာ (၄၉)ရာခိုင်နှုန်းကိုပိုင်ဆိုင်ပြီး ကျန်ရှယ်ယာတွေကို တော့ ကမ္ဘောဒီးယားကုမ္ပဏီတွေကပိုင်ဆိုင်လိမ့်မယ် လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြော ပြန်ပါတယ်။ အဲဒီနေ့မှာပဲ သူရဲ့ဖခင် ဟွန်ဆန်ပြော ကြားချက်နဲ့ ကွဲလွဲနေပါတယ်။ တူးမြောင်းစီမံကိန်းမှာ ဂျပန်နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့က ကမ္ဘောဒီးယားရဲ့ဆယ်စုနှစ်ပေါင်းများစွာ ခေါင်းဆောင်ဖြစ်ခဲ့သူက ဖေ့စ်ဘွတ်ခ်မှာ ကြေညာချက်တစ်စောင် လွှင့်တင် လိုက်တာပဲဖြစ်ပါတယ်။ တရုတ်ရဲ့ တရားဝင် “ဆင် ဟွာ” သတင်းဌာနကတော့ ကမ္ဘောဒီးယား တူးမြောင်း ကိစ္စမှာ တရုတ်ကပါဝင်ကြောင်း သတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာကို ဖော်ပြခြင်း မရှိပါဘူး။

ရက်အနည်းငယ်ကြာမြင့်ပြီးနောက် တူးမြောင်းကိစ္စမှာ CRBC နဲ့အတူ ပိုင်ဆိုင်မှု လျှော့ချ သတ်မှတ်ဖို့ ကျန်ရှိနေ သေးတယ်လို့ ရိုက်တာနဲ့တွေ့ ဆုံစဉ် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်ရဲ့ဆက်သွယ် ရေးအရာရှိတစ်ဦးကဆိုပါတယ်။ တရုတ်ကုမ္ပဏီက ရှယ်ယာ (၄၉%) ပိုင်ဆိုင်ကြောင်း ကမ္ဘောဒီးယားရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီးမေး မြန်းတဲ့အခါ လူသိရှင်ကြားပျံ့နှံ့နေတဲ့ ကိန်းဂဏန်းတွေဟာ အတိအကျမဟုတ်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြန်လည်ဖြေဆိုပါတယ်။ ဒီကိစ္စဟာ အလွန်ရှုပ်ထွေး တယ်လို့ဆိုပေမယ့် အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။ CRBC နဲ့ သူရဲ့မိခင်ကုမ္ပဏီကတော့ မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံချက်တွေကို အကြောင်းပြန်ခြင်း မရှိပါဘူး။

ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေမှာ တိုက်ရိုက် ပါဝင်သူတစ်ဦးက နိုဝင်ဘာလစောစောပိုင်း ရိုက်တာ သတင်း ဌာနကိုပြောပြရာမှာ အဲဒီကိစ္စအတွက် တရုတ်မှာ ငွေအဆင်သင့်မရှိဘူးလို့ပြောပါတယ်။ တခြားအရာရှိတစ်ဦးကလည်း အဲဒါအမှန်ပဲလို့ အတည်ပြု လိုက်ပြီး ဒီတူးမြောင်းကိစ္စမှာ တရုတ်အနေနဲ့ တစ်ပြားတစ်ချပ်မှမပါဝင်ဘူးဆိုရင်တောင် အံ့ဩစရာ မရှိဘူးလို့ပြောပါတယ်။ တူးမြောင်းကိစ္စမှာ သူတို့ပါဝင် တဲ့အခန်းကဏ္ဍကို အတည်ပြုဖို့ CRBC ကုမ္ပဏီက ငြင်းဆိုခဲ့ပြီး တရုတ်က ငွေချေးပါမယ်လို့ အာမခံခြင်း မရှိကြောင်း တခြားတာဝန်ရှိသူတွေက စောင်းပါးရိပ် ခြည်ပြော ပါတယ်။ နိုဝင်ဘာလအထိ တူးမြောင်းပရော ဂျက်ဧရိယာဟာ မြေကြီးတောင် ပေါက်ပြားတစ်ချက် မပေါက်ရသေး ဘဲရှိနေပြီး တရုတ်မီဒီယာတွေက လည်း ပေကျင်းရဲ့ပါဝင်ပတ်သက်မှုကို လျှော့ပေါ့ရေး သားနေကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အခြေခံအဆောက် အအုံတွေ တရုတ်ကချေးငွေထုတ်ပေးမှုဟာ သိသိ သာသာကျ ဆင်းသွားပါတယ်။ (၂၀၂၁)ခုနှစ် ကန်ဒေါ်လာ သန်း (၄၂၀) ရှိရာမှ (၂၀၂၆) ခုနှစ်မှာ ဒေါ် လာ (၃၅) သန်းအထိဖြစ်သွား လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ အဲဒီအထဲမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ကိုရုပ်သိမ်းသွားခဲ့တဲ့ ဖနွမ်းပင်လေဆိပ် သစ်တည် ဆောက်ရေးမျိုးလို အဓိကစီမံကိန်းတွေပါဝင်နေပါတယ်။ သီဟာနုဗီလာ အမြန်လမ်းနဲ့ အန်ကောဝပ် ကျောင်းတော်ကြီးအနီးရှိ လေဆိပ်တို့လို လက်ရှိပ ရောဂျက်တွေဟာ အသုံးပြုမှုနည်းပါးတဲ့အတွက် အမြတ်အစွန်းရရှိဖို့ အတော်ဖန်တီးရပါလိမ့်မယ်။

တရုတ်ပုဂ္ဂလိက တစ်ဦးချင်းစီ ရင်းနှီးမြှုပ်နှံ မှုများမှာ သိသိသာသာများပြားနေပေမယ့် လောင်း ကစားလုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို ဦးလှည့် နေပါတယ်။ တစ်ချိန်က တရုတ်ဧည့်သည်တွေ အား ပေးအားမြှောက်ပြုခဲ့တဲ့ ခရီးသွား လုပ်ငန်းဟာ ကမ္ဘောဒီးယားရှိ တရုတ်လူမျိုးတွေကိုပစ်မှတ်ထားတဲ့ “ကျားဖျန့်” လိမ်လည်လှည့်ဖြားမှု သတိပေးချက် တွေကြောင့် ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပြန်လည်ကောင်းမွန်လာ ခြင်းမရှိပါဘူး။ ခုလိုအချိန်မျိုးမှာ တရုတ်နဲ့ပတ်သက် ပြီး လူသိရှင်ကြားပြောဆိုတဲ့ ဖနွမ်းပင်ကို ပေကျင်းက အတော်လေးဝေဖန်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တူးမြောင်းစီမံကိန်းဟာ ကမ္ဘောဒီးယား-တရုတ်ဆက်ဆံရေးမှာ ပိုမိုကျယ်ပြန့်တဲ့စိန်ခေါ်မှုတွေရှိနေကြောင်း ထင်ဟပ်နေ ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ချီတုံချတုံဖြစ်နေပုံရပြီး ပရောဂျက်ရဲ့ကိုယ်တိုင်ရှင်သန်နိုင် စွမ်းနဲ့ပတ်သက်ပြီး သံသယတွေ ဆက်လက်ကြီးထွားနေတာက ဖူနန် တက်ချိုတူးမြောင်းရဲ့ အနာဂတ်ကို မသေမချာဖြစ်စေပါတယ်။

zawgyi version
ကေမာၻဒီးယား၏ အထင္ကရ တူးေျမာင္း တ႐ုတ္ေခ်းေငြမရသျဖင့္ ေပါက္ျပားရာ တစ္ခ်က္ပင္ မရွိေသး
Htay Oung (NP News) - ဒီဇင္ဘာ ၁ဝ

လြန္ခဲ့တဲ့ ဩဂုတ္(၂၁)ရက္ ကေမာၻဒီးယား အခမ္းအနားတစ္ခုမွာ ေ႐ႊဝါေရာင္သကၤန္းလႊမ္းၿခဳံထားတဲ့ သံဃာ ေတာ္တို႔ေရွ႕ေမွာက္ ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္ကို ဒူးေထာက္လ်က္သားေတြ႕ျမင္ရပါတယ္။ အႏၲရာယ္ကင္းပရိတ္ တရားေတာ္မ်ား႐ြတ္ဖတ္အၿပီး တိုင္းျပည္ရဲ႕ စီးပြားေရးကံၾကမၼာကို ေျပာင္းလဲေစမယ့္ တူးေျမာင္းေဖာက္လုပ္မႈကို မီးရႉး မီးပန္းေတြပစ္ ေဖာက္ျခင္း မိုးပ်ံပူေဖာင္းေတြ လႊတ္တင္ျခင္းျဖင့္ စတင္လိုက္ၾကတယ္လို႔ “႐ိုက္တာ သတင္းေအဂ်င္စီ” က ႏိုဝင္ဘာလမွာ ေရးသားပါတယ္။

မဲေခါင္ျမစ္ကို ကေမာၻဒီးယားႏိုင္ငံအတြင္း ျဖတ္သန္းၿပီး ထိုင္းပင္လယ္ေကြ႕နဲ႔ဆက္သြယ္ေပးမယ့္ “ဖူနန္ တက္ခ်ိဳတူးေျမာင္း”အတြက္ ရန္ပုံေငြ (၄၉)ရာခိုင္ႏႈန္းကို တ႐ုတ္ႏိုင္ငံကပံ့ပိုးေပးမွာျဖစ္ ေၾကာင္း၊ ကေမာၻဒီးယားရဲ႕ သေဘၤာတင္ပို႔မႈက အိမ္နီးခ်င္း ဗီယက္နမ္အေပၚ မွီခိုအားထားေနရမႈကို ေလွ်ာ့ခ်သြားမယ္လို႔ ကေမာၻဒီးယား ႏိုင္ငံအလံမ်ား ေဝွ႔ရမ္းရင္း အခမ္းအနားတက္ေရာက္သူ လူရာေပါင္းမ်ားစြာတို႔ကို ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က ေျပာပါတယ္။

အေရးပါေပမယ့္ အျငင္းပြားဖြယ္ အဲဒီပ ေရာဂ်က္ဟာ အေမရိကန္ေဒၚလာ(၁.၇)ဘီလ်ံ ကုန္က်မွာျဖစ္ၿပီး ႏိုင္ငံတစ္ႏွစ္ပတ္လုံး ကုန္ထုတ္လုပ္မႈ ရဲ႕ (၄%) ခန႔္ရွိလိမ့္မယ္လို႔ ကေမာၻဒီယားအစိုးရက ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမဲ့ လအနည္းငယ္အၾကာ မွာေတာ့ တ႐ုတ္ႏိုင္ငံက သူတို႔ကတိျပဳထားတဲ့ ရန္ပုံ ေငြကို တကယ္ေပး မေပး ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ရင္းႏွီးျမႇဳပ္ႏွံမႈအစီအစဥ္ေတြမွာ ပါဝင္ ပတ္သက္သူေလးဦးတို႔ရဲ႕အဆိုအရ ေပက်င္းအေနနဲ႔ အဲဒီစီမံကိန္းအတြက္ စိုးရိမ္မႈေတြရွိေနၿပီး ေငြေၾကးဘယ္ေလာက္ထည့္ဝင္မယ့္အေၾကာင္း အခိုင္အမာ ကတိေပးခဲ့ျခင္းလည္းမရွိဘူးလို႔ သိရွိရပါတယ္။ တူးေျမာင္းကိစၥနဲ႔ပတ္သက္ၿပီး ကေမာၻဒီးယားရဲ႕ေရလမ္း အရင္းအျမစ္စီမံကိန္းေတြမွာ တ႐ုတ္ ကုမၸဏီ ေတြက ကူညီရွာေဖြေပးတာဟာ ေဈးကြက္စီးပြားေရးသေဘာ သဘာဝနဲ႔အညီ ပုံမွန္လုပ္႐ိုးလုပ္စဥ္တစ္ခုသာျဖစ္ေၾကာင္း ႐ိုက္တာသတင္းဌာနရဲ႕ေမးခြန္းကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အီးေမးလ္ျဖင့္ ျပန္လည္ ေျဖဆိုပါတယ္။ ေငြေၾကး အေထာက္အပံ့ေပးတဲ့အ ေၾကာင္းနဲ႔ပတ္သက္ၿပီး တိုက္႐ိုက္ေျပာၾကားျခင္းမရွိေပမယ့္ ေပက်င္းနဲ႔ဖႏြမ္းပင္ဟာ သံမဏိမိတ္ေဆြ ေတြပါပဲလို႔ လြန္ခဲ့တဲ့ ေအာက္တိုဘာလက ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ေလသံအတိုင္း မွတ္ခ်က္ေပးပါတယ္။

ေတြ႕ဆုံေမးျမန္းခြင့္ျပဳရန္ ေမတၱာရပ္ခံမႈေတြကို ကေမာၻဒီးယားအစိုးရကျငင္းဆိုခဲ့ၿပီး ဖႏြမ္းပင္ စာနယ္ဇင္း အရာရွိေတြကလည္း တူးေျမာင္းရန္ပုံေငြ ကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို မၾကာေသးမီ သီတင္းပတ္ေတြအထိ အေၾကာင္း ျပန္ၾကားျခင္းမရွိခဲ့ပါဘူး။ ဘယ္ေ႐ြ႕ဘယ္မွ် ေငြေၾကး ထည့္ဝင္မယ့္အေၾကာင္း တ႐ုတ္ ႏိုင္ငံရဲ႕ရွင္းလင္း ျပတ္သားတဲ့ ကတိကဝတ္မရွိတာဟာ စီမံကိန္းကုန္ က်စရိတ္ေတြ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အက်ိဳး သက္ေရာက္မႈေတြမွာ ဘ႑ာေရးဆိုင္ရာ မေရရာမႈ ေတြေပါင္းစပ္ၿပီး အစီအစဥ္တစ္ခုလုံးကို ထိခိုက္ေစ ႏိုင္ေၾကာင္း ကြၽမ္းက်င္သူေတြ၊ တာဝန္ရွိသူေတြနဲ႔ သံတမန္ေတြကေျပာပါတယ္။

ကေမာၻဒီးယားလို မဟာဗ်ဴဟာမိတ္ဖက္ ႏိုင္ငံေတြျဖစ္တဲ့တိုင္ ေပက်င္းအေနနဲ႔သူရဲ႕ျပည္တြင္း စီးပြားေရး႐ုန္း ကန္မႈေတြေၾကာင့္ ျပည္ပရင္းႏွီး ျမႇဳပ္ႏွံ မႈေတြကို သိသိသာသာေလွ်ာ့ခ်ေနပုံရေၾကာင္း ၫႊန္ျပ ေနပါတယ္။ ရွည္လ်ားတဲ့ ျပည္တြင္းစစ္အၿပီးက်ဆုံး ခမာနီအစိုးရအလြန္ အေနာက္ႏိုင္ငံ ေက်ာေထာက္ ေနာက္ခံျပဳ “ႏိုင္ငံေတာ္တည္ ေဆာက္ေရး”မွာ အဓိက စံနမူနာျပ တိုင္းျပည္ျဖစ္ခဲ့ဖူးတဲ့ ကေမာၻဒီးယားဟာ မၾကာေသးမီကာလမွာေတာ့ ေပက်င္းကို ေပးဆပ္ရ မယ့္အေႂကြးေတြဟာ ႏိုင္ငံ့ေႂကြးၿမီစုစုေပါင္းရဲ႕ သုံးပုံ တစ္ပုံေက်ာ္ျဖစ္လာတဲ့အထိ တ႐ုတ္ရဲ႕ ေဖာက္သည္ ႏိုင္ငံျဖစ္လာေၾကာင္း သံတမန္ေတြနဲ႔ ႏိုင္ငံျခားေရးမူ ဝါဒ ကြၽမ္းက်င္သူေတြက က်ယ္က်ယ္ျပန႔္ျပန႔္ရႈျမင္ခဲ့ ၾကပါတယ္။ ဒါေပမဲ့ ကေမာၻဒီးယားႏိုင္ငံရဲ႕ မေအာင္ ျမင္တဲ့ အေျခခံအေဆာက္အအုံစီမံကိန္းေတြ၊ ေတာင္ အာရွႏိုင္ငံအတြင္း တ႐ုတ္လူမ်ိဳးေတြကိုပစ္မွတ္ထားတဲ့ ရာဇဝတ္ဂိုဏ္းေတြနဲ႔ ခရီးသြားလုပ္ငန္းထိခိုက္တာေၾကာင့္ ေပက်င္းရဲ႕ရင္းႏွီး ျမႇဳပ္ႏွံမႈေတြဟာ က်ဆင္း ေနပါတယ္။
(၁၁၂)မိုင္ရွည္လ်ားမယ့္ “ဖူနန္တက္ ခ်ိဳတူးေျမာင္း”ဟာ ဆန္စပါးစိုက္ပ်ိဳးျဖစ္ထြန္းရာ အေရး ပါလွတဲ့ မဲေခါင္ျမစ္ဝကြၽန္းေပၚေဒသမွေရေတြကို ထိုင္းပင္လယ္ေကြ႕သို႔ လမ္းေၾကာင္းေျပာင္း စီးဆင္း ေစျခင္းအားျဖင့္ လက္ရွိေရ လမ္းေၾကာင္းကို ခ်ဲ႕ထြင္ၿပီး ဗီယက္နမ္ဆိပ္ကမ္းေတြကတစ္ဆင့္ ကေမာၻဒီးယား သေဘၤာေတြနဲ႔ ကုန္တင္ပို႔ေနရတာ ကိုလည္း ရပ္ဆိုင္း ေစပါလိမ့္မယ္။

တ႐ုတ္ႏိုင္ငံပိုင္ေဆာက္လုပ္ေရးကုမၸဏီ ျဖစ္တဲ့ “ခ်ိဳင္းနား လမ္းႏွင့္တံတား ေကာ္ပိုေရးရွင္း ” (CRBC)နဲ႔ ကေမာၻဒီးယားအစိုးရဟာ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလမွာ “ရင္းႏွီးျမႇဳပ္ႏွံမႈ မူေဘာင္သေဘာတူညီခ်က္”ကို လက္မွတ္ေရးထိုးခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ဖူနန္တက္ခ်ိဳတူးေျမာင္းမွာ တ႐ုတ္ရဲ႕ ဘ႑ာေရးဆိုင္ရာပါ ဝင္မႈနဲ႔ ပတ္သက္ၿပီး ကေမာၻဒီးယားတာဝန္ရွိသူေတြက လူသိရွင္ၾကားထုတ္ေဖာ္ေျပာ ၾကားခဲ့ပါတယ္။ တကယ္ေတာ့ သေဘာတူညီခ်က္ပါ စာသားေတြဟာ အမ်ားသူငါ အသိေပးဖို႔အဆင့္အထိ ေတာ့မဟုတ္ခဲ့ပါဘူး။ တ႐ုတ္ CRBC ကုမၸဏီဟာ တူးေျမာင္းစီမံကိန္းကို အျပည့္အဝ တာဝန္ယူေဆာင္ ႐ြက္မွာျဖစ္ၿပီး ကုန္က်စရိတ္ေတြကို ဆယ္စုႏွစ္ေပါင္း မ်ားစြာကာလအတြင္း အေၾကျပန္လည္ေပးဆပ္ဖို႔ လိုက္ေလ်ာမွာျဖစ္ေၾကာင္း လြန္ခဲ့တဲ့ ေမလ႐ိုက္တာ သတင္း ေအဂ်င္စီနဲ႔ေတြ႕ဆုံစဥ္ ကေမာၻဒီးယားစီမံကိန္း တာဝန္ခံဝန္ႀကီး ဒုတိယဝန္ႀကီးခ်ဳပ္ ဆမ္ခ်န္သိုက ေျပာျပပါတယ္။ ဒါေပမဲ့ ဩဂုတ္လဆန္းပိုင္းေရာက္ တဲ့အခါ တူးေျမာင္းစီမံကိန္းမွာ CRBC က ရွယ္ယာ (၄၉)ရာခိုင္ႏႈန္းကိုပိုင္ဆိုင္ၿပီး က်န္ရွယ္ယာေတြကို ေတာ့ ကေမာၻဒီးယားကုမၸဏီေတြကပိုင္ဆိုင္လိမ့္မယ္ လို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က ေျပာ ျပန္ပါတယ္။ အဲဒီေန႔မွာပဲ သူရဲ႕ဖခင္ ဟြန္ဆန္ေျပာ ၾကားခ်က္နဲ႔ ကြဲလြဲေနပါတယ္။ တူးေျမာင္းစီမံကိန္းမွာ ဂ်ပန္ႏိုင္ငံအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံဖို႔က ကေမာၻဒီးယားရဲ႕ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေခါင္းေဆာင္ျဖစ္ခဲ့သူက ေဖ့စ္ဘြတ္ခ္မွာ ေၾကညာခ်က္တစ္ေစာင္ လႊင့္တင္ လိုက္တာပဲျဖစ္ပါတယ္။ တ႐ုတ္ရဲ႕ တရားဝင္ “ဆင္ ဟြာ” သတင္းဌာနကေတာ့ ကေမာၻဒီးယား တူးေျမာင္း ကိစၥမွာ တ႐ုတ္ကပါဝင္ေၾကာင္း သတင္းနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာကို ေဖာ္ျပျခင္း မရွိပါဘူး။

ရက္အနည္းငယ္ၾကာျမင့္ၿပီးေနာက္ တူးေျမာင္းကိစၥမွာ CRBC နဲ႔အတူ ပိုင္ဆိုင္မႈ ေလွ်ာ့ခ် သတ္မွတ္ဖို႔ က်န္ရွိေန ေသးတယ္လို႔ ႐ိုက္တာနဲ႔ေတြ႕ ဆုံစဥ္ ကေမာၻဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္ရဲ႕ဆက္သြယ္ ေရးအရာရွိတစ္ဦးကဆိုပါတယ္။ တ႐ုတ္ကုမၸဏီက ရွယ္ယာ (၄၉%) ပိုင္ဆိုင္ေၾကာင္း ကေမာၻဒီးယားရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္ၿပီးေမး ျမန္းတဲ့အခါ လူသိရွင္ၾကားပ်ံ႕ႏွံ႔ေနတဲ့ ကိန္းဂဏန္းေတြဟာ အတိအက်မဟုတ္ေၾကာင္း အစိုးရအရာရွိတစ္ဦးက ျပန္လည္ေျဖဆိုပါတယ္။ ဒီကိစၥဟာ အလြန္ရႈပ္ေထြး တယ္လို႔ဆိုေပမယ့္ အေသးစိတ္ေျပာၾကားျခင္းမရွိပါဘူး။ CRBC နဲ႔ သူရဲ႕မိခင္ကုမၸဏီကေတာ့ မွတ္ခ်က္ေပးဖို႔ ေမတၱာရပ္ခံခ်က္ေတြကို အေၾကာင္းျပန္ျခင္း မရွိပါဘူး။

ရင္းႏွီးျမႇဳပ္ႏွံမႈအစီအစဥ္ေတြမွာ တိုက္႐ိုက္ ပါဝင္သူတစ္ဦးက ႏိုဝင္ဘာလေစာေစာပိုင္း ႐ိုက္တာ သတင္း ဌာနကိုေျပာျပရာမွာ အဲဒီကိစၥအတြက္ တ႐ုတ္မွာ ေငြအဆင္သင့္မရွိဘူးလို႔ေျပာပါတယ္။ တျခားအရာရွိတစ္ဦးကလည္း အဲဒါအမွန္ပဲလို႔ အတည္ျပဳ လိုက္ၿပီး ဒီတူးေျမာင္းကိစၥမွာ တ႐ုတ္အေနနဲ႔ တစ္ျပားတစ္ခ်ပ္မွမပါဝင္ဘူးဆိုရင္ေတာင္ အံ့ဩစရာ မရွိဘူးလို႔ေျပာပါတယ္။ တူးေျမာင္းကိစၥမွာ သူတို႔ပါဝင္ တဲ့အခန္းက႑ကို အတည္ျပဳဖို႔ CRBC ကုမၸဏီက ျငင္းဆိုခဲ့ၿပီး တ႐ုတ္က ေငြေခ်းပါမယ္လို႔ အာမခံျခင္း မရွိေၾကာင္း တျခားတာဝန္ရွိသူေတြက ေစာင္းပါးရိပ္ ျခည္ေျပာ ပါတယ္။ ႏိုဝင္ဘာလအထိ တူးေျမာင္းပေရာ ဂ်က္ဧရိယာဟာ ေျမႀကီးေတာင္ ေပါက္ျပားတစ္ခ်က္ မေပါက္ရေသး ဘဲရွိေနၿပီး တ႐ုတ္မီဒီယာေတြက လည္း ေပက်င္းရဲ႕ပါဝင္ပတ္သက္မႈကို ေလွ်ာ့ေပါ့ေရး သားေနၾကပါတယ္။

ကေမာၻဒီးယားႏိုင္ငံ အေျခခံအေဆာက္ အအုံေတြ တ႐ုတ္ကေခ်းေငြထုတ္ေပးမႈဟာ သိသိ သာသာက် ဆင္းသြားပါတယ္။ (၂၀၂၁)ခုႏွစ္ ကန္ေဒၚလာ သန္း (၄၂၀) ရွိရာမွ (၂၀၂၆) ခုႏွစ္မွာ ေဒၚ လာ (၃၅) သန္းအထိျဖစ္သြား လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ အဲဒီအထဲမွာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ကို႐ုပ္သိမ္းသြားခဲ့တဲ့ ဖႏြမ္းပင္ေလဆိပ္ သစ္တည္ ေဆာက္ေရးမ်ိဳးလို အဓိကစီမံကိန္းေတြပါဝင္ေနပါတယ္။ သီဟာႏုဗီလာ အျမန္လမ္းနဲ႔ အန္ေကာဝပ္ ေက်ာင္းေတာ္ႀကီးအနီးရွိ ေလဆိပ္တို႔လို လက္ရွိပ ေရာဂ်က္ေတြဟာ အသုံးျပဳမႈနည္းပါးတဲ့အတြက္ အျမတ္အစြန္းရရွိဖို႔ အေတာ္ဖန္တီးရပါလိမ့္မယ္။

တ႐ုတ္ပုဂၢလိက တစ္ဦးခ်င္းစီ ရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားမွာ သိသိသာသာမ်ားျပားေနေပမယ့္ ေလာင္း ကစားလုပ္ငန္းနဲ႔ အိမ္ၿခံေျမလုပ္ငန္းေတြကို ဦးလွည့္ ေနပါတယ္။ တစ္ခ်ိန္က တ႐ုတ္ဧည့္သည္ေတြ အား ေပးအားေျမႇာက္ျပဳခဲ့တဲ့ ခရီးသြား လုပ္ငန္းဟာ ကေမာၻဒီးယားရွိ တ႐ုတ္လူမ်ိဳးေတြကိုပစ္မွတ္ထားတဲ့ “က်ားဖ်န႔္” လိမ္လည္လွည့္ျဖားမႈ သတိေပးခ်က္ ေတြေၾကာင့္ ကိုဗစ္ကပ္ေရာဂါေနာက္ပိုင္း ျပန္လည္ေကာင္းမြန္လာ ျခင္းမရွိပါဘူး။ ခုလိုအခ်ိန္မ်ိဳးမွာ တ႐ုတ္နဲ႔ပတ္သက္ ၿပီး လူသိရွင္ၾကားေျပာဆိုတဲ့ ဖႏြမ္းပင္ကို ေပက်င္းက အေတာ္ေလးေဝဖန္ခဲ့ေၾကာင္းသတင္းေတြထြက္ေပၚခဲ့ပါတယ္။ တူးေျမာင္းစီမံကိန္းဟာ ကေမာၻဒီးယား-တ႐ုတ္ဆက္ဆံေရးမွာ ပိုမိုက်ယ္ျပန႔္တဲ့စိန္ေခၚမႈေတြရွိေနေၾကာင္း ထင္ဟပ္ေန ပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ ခ်ီတုံခ်တုံျဖစ္ေနပုံရၿပီး ပေရာဂ်က္ရဲ႕ကိုယ္တိုင္ရွင္သန္ႏိုင္ စြမ္းနဲ႔ပတ္သက္ၿပီး သံသယေတြ ဆက္လက္ႀကီးထြားေနတာက ဖူနန္ တက္ခ်ိဳတူးေျမာင္းရဲ႕ အနာဂတ္ကို မေသမခ်ာျဖစ္ေစပါတယ္။

Related news

© 2021. All rights reserved.