ရုရှားနိုင်ငံ၊ Kalmykia ပြည်နယ်အကြီးအကဲက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအား ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ရန် လျှောက်ထားပင့်ဖိတ်
4011
နာမူ (NP News) - ဒီဇင်ဘာ ၁၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Kalmykia ပြည်နယ်အကြီးအကဲက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးအား ၂၀၂၅ ခုနှစ် ဗုဒ္ဓဘာသာဖိုရမ်သို့တက်ရောက်ရန် လျှောက်ထားပင့်ဖိတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov က ဒီဇင်ဘာလ ၉ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကဘုရားခန်း၌ သွားရောက်ဖူးမြော်စဉ် အထက်ပါကဲ့သို့ လျှောက်ထားပင့်ဖိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Kalmykia ပြည်နယ်သည် ဗုဒ္ဓဘာသာပြန့်ပွားရေးဆောင်ရွက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာထွန်းကားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအား ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ဗုဒ္ဓဘာသာဖိုရမ်သို့ ပင့်ဖိတ်လိုကြောင်း Mr. Batu Sergeyevich Khassikov က ပြောကြားသည်။
ထို့ပြင် မိမိတို့ပြည်နယ်၌ မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာပြန့်ပွားရေးကို ဆောင်ရွက်နိုင်ရန် ယုံကြည်ကြောင်းနှင့် ဗုဒ္ဓဘာသာထွန်းကားရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၈ရက်၊ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ Kalmykia ပြည်နယ် လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ပြည်နယ်တွင်းတွင် ဗုဒ္ဓဘာသာနှင့် ဆက်စပ်သော စေတီများ၊ ရုပ်ပွားတော်များနှင့်အခြားသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အဆောက်အအုံများစွာလည်း တည်ရှိကြောင်း သိရသည်။
၂၀၀၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် The Golden Abode of Shakyamuni Buddha သည် ရုရှားနိုင်ငံတွင်တည်ရှိပြီး ဥရောပဒေသတွင် အကြီးမားဆုံး ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုဖြစ်သည်။
zawgyi version
႐ုရွားႏိုင္ငံ၊ Kalmykia ျပည္နယ္အႀကီးအကဲက ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ ဆရာေတာ္ႀကီးအား ဗုဒၶဘာသာဖိုရမ္သို႔ တက္ေရာက္ရန္ ေလွ်ာက္ထားပင့္ဖိတ္
နာမူ (NP News) - ဒီဇင္ဘာ ၁၀
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ Kalmykia ျပည္နယ္အႀကီးအကဲက ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ဆရာေတာ္ႀကီးအား ၂၀၂၅ ခုႏွစ္ ဗုဒၶဘာသာဖိုရမ္သို႔တက္ေရာက္ရန္ ေလွ်ာက္ထားပင့္ဖိတ္ခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
Kalmykia ျပည္နယ္အႀကီးအကဲ Mr. Batu Sergeyevich Khassikov က ဒီဇင္ဘာလ ၉ ရက္တြင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ ဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ ေဒါက္တာဘဒၵႏၲစႏၵိမာဘိဝံသ အမႉးျပဳေသာ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဆရာေတာ္ႀကီးမ်ားအား ကမာၻေအးကုန္းေျမရွိ ႏိုင္ငံေတာ္သံဃမဟာနာယကဘုရားခန္း၌ သြားေရာက္ဖူးေျမာ္စဥ္ အထက္ပါကဲ့သို႔ ေလွ်ာက္ထားပင့္ဖိတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Kalmykia ျပည္နယ္သည္ ဗုဒၶဘာသာျပန႔္ပြားေရးေဆာင္႐ြက္သည့္ ျပည္နယ္တစ္ခုျဖစ္ၿပီး ဗုဒၶဘာသာထြန္းကားၿပီး ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ ဆရာေတာ္ႀကီးအား ၂၀၂၅ ခုႏွစ္တြင္ က်င္းပမည့္ ဗုဒၶဘာသာဖိုရမ္သို႔ ပင့္ဖိတ္လိုေၾကာင္း Mr. Batu Sergeyevich Khassikov က ေျပာၾကားသည္။
ထို႔ျပင္ မိမိတို႔ျပည္နယ္၌ ျမန္မာႏိုင္ငံကဲ့သို႔ ဗုဒၶဘာသာျပန႔္ပြားေရးကို ေဆာင္႐ြက္ႏိုင္ရန္ ယုံၾကည္ေၾကာင္းႏွင့္ ဗုဒၶဘာသာထြန္းကားေရးအတြက္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
Kalmykia ျပည္နယ္အႀကီးအကဲ Mr. Batu Sergeyevich Khassikov ႏွင့္ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔ ဒီဇင္ဘာလ ၈ရက္၊ ညပိုင္းက ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။ Kalmykia ျပည္နယ္ လူဦးေရ၏ ၅၃ ရာခိုင္ႏႈန္းခန႔္သည္ ဗုဒၶဘာသာဝင္မ်ားျဖစ္ၾကၿပီး ျပည္နယ္တြင္းတြင္ ဗုဒၶဘာသာႏွင့္ ဆက္စပ္ေသာ ေစတီမ်ား၊ ႐ုပ္ပြားေတာ္မ်ားႏွင့္အျခားေသာ ဗုဒၶဘာသာႏွင့္ သက္ဆိုင္သည့္ အေဆာက္အအုံမ်ားစြာလည္း တည္ရွိေၾကာင္း သိရသည္။
၂၀၀၅ ခုႏွစ္တြင္ တည္ေဆာက္ခဲ့သည့္ The Golden Abode of Shakyamuni Buddha သည္ ႐ုရွားႏိုင္ငံတြင္တည္ရွိၿပီး ဥေရာပေဒသတြင္ အႀကီးမားဆုံး ဗုဒၶဘာသာဘုရားေက်ာင္းတစ္ခုျဖစ္သည္။