တာမွေမြို့နယ်ရှိ စည်ပင်ရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွား၍ အရပ်သား(၂)ဦးထိခိုက်ဒဏ်ရာရ
2530
NP News - ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွား၍ အရပ်သား(၂)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ပေါက်ကွဲမှုသည် ယမန်နေ့(ဒီဇင်ဘာလ ၁၀ ရက်)၊ ည ၇နာရီဝန်းကျင်အချိန်ခန့်က တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မလွှကုန်းလမ်းနှင့် ကျိုက္ကဆံလမ်းထောင့်ရှိ မြို့နယ်စည်ပင်သာရေးအုပ်ချုပ်ရေးမှူးရုံးအဝင်အထွက်ပေါက်နှင့် ပေ(၃၀)ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာများဖြစ်သည့် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဝမ်းဗိုက် ပေါက်ကွဲစထိမှန်ဒဏ်ရာနှင့် အမျိုးသမီးတစ်ဦး၌လည်း ညာဘက်ခြေသလုံး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သည့်အပြင် HYUNDAI GRAND STAREX ကား တစ်စီးတွင်လည်း ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
zawgyi version
တာေမြၿမိဳ႕နယ္ရွိ စည္ပင္႐ုံးအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြား၍ အရပ္သား(၂)ဦးထိခိုက္ဒဏ္ရာရ
NP News - ဒီဇင္ဘာ ၁၁
ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္ရွိ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြား၍ အရပ္သား(၂)ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ေပါက္ကြဲမႈသည္ ယမန္ေန႔(ဒီဇင္ဘာလ ၁၀ ရက္)၊ ည ၇နာရီဝန္းက်င္အခ်ိန္ခန႔္က တာေမြၿမိဳ႕နယ္၊ က်ားကြက္သစ္ရပ္ကြက္၊ မလႊကုန္းလမ္းႏွင့္ က်ိဳကၠဆံလမ္းေထာင့္ရွိ ၿမိဳ႕နယ္စည္ပင္သာေရးအုပ္ခ်ဳပ္ေရးမႉး႐ုံးအဝင္အထြက္ေပါက္ႏွင့္ ေပ(၃၀)ခန႔္အကြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေပါက္ကြဲမႈေၾကာင့္ လမ္းသြားလမ္းလာမ်ားျဖစ္သည့္ အသက္(၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတြင္ ဝမ္းဗိုက္ ေပါက္ကြဲစထိမွန္ဒဏ္ရာႏွင့္ အမ်ိဳးသမီးတစ္ဦး၌လည္း ညာဘက္ေျခသလုံး ေပါက္ကြဲစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သည့္အျပင္ HYUNDAI GRAND STAREX ကား တစ္စီးတြင္လည္း ထိခိုက္ပ်က္စီးမႈ အခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥေဒႏွင့္အညီ ထိေရာက္စြာအျပစ္ေပးအေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။