ချင်းသူပုန်များပေးသော ဒုက္ခကို ခါးစည်းခံရသော ဖလမ်း မှ ဒေသခံများ

 1088

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၁

ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၅၀ဝဝ)ကျော်တွင်ရှိသော သာယာအေးချမ်းလှသည့် ချင်းပြည်နယ် ဖလမ်းမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၅)ရက်မှစတင်ကာ Chin brotherhood နှင့် လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက တိုက်ပွဲများစတင်ဖော်ဆောင်ခဲ့သည်။ ၎င်းတို့ဘက်မှစတင်ခဲ့သော တိုက်ပွဲများကြောင့် တည်ငြိမ်အေးချမ်းစွာနေထိုင်လာခဲ့သော ဖလမ်းမြို့ခံများစွာ နေရပ်စွန်ခွာစစ်ဘေးရှောင်ခဲ့ကြရပြီး မြို့တွင်းမှနေအိမ်အဆောက်အအုံအချို့ သည်လည်း တိုက်ပွဲကြောင့် ပျက်စီးဆုံရှုံးခဲ့ရသည်။ ထို့ပြင် လက်ရှိတွင်လည်း ချင်းလက်နက်ကိုင်များက အဆိုပါမြို့တွင် တိုက်ပွဲဖော်ဆောင်နေရာ စစ်ပွဲကြားမှ ပြည်သူများ၏ အခက်အခဲပြဿနာများအကြောင်း ဒေသခံတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-တိုက်ပွဲတွေမဖော်ဆောင်ခင်အချိန်က ဖလမ်း မြို့အခြေအနေကဘယ်လိုရှိပါသလဲ။
ဖြေ-ဖလမ်းကတော့ ကျွန်တော်(၂၀၁၃)ကတည်းက စပြီးနေခဲ့တာပေါ့။ ဖလမ်းက အဲဒီတုန်းကတော့ မတိုး တက်သေးဘူး။ အဲဒီနောက် သမ္မတဦးသိန်းစိန်လက် ထက်မှာပိုပြီးတိုးတက်လာတယ်။ အဲဒီနောက် (၂၀၁၄)(၂၀၁၅)ပေါ့လေ။ အဲဒီနောက်တောက် လျှောက်တိုးတက်လာခဲ့တယ်။ ဘာတွေတိုးတက်မှု ရှိလဲဆိုတော့ စီးပွားရေးကတော့ ဘာမှတိုးတက် မှုမရှိပါဘူး။ ဒေသခံတွေကတော့ အစိုးရဝန်ထမ်းတွေ ရှိတယ်လေ။ အဲဒါကိုမှီခိုပြီး ဈေးရောင်းပြီးတော့ နေရတဲ့ဝန်ထမ်းမျိုးပေါ့။ အကြွေးယူလိုက် အကြွေး ပေးလိုက်နဲ့ပေါ့။ အဲဒီမှာ စစ်တပ်ရှိတယ်။ ရဲရှိတယ်။ ထွေအုပ်ရှိတယ်။ ဆောက်လုပ်ရေးနဲ့ ကမ္ဘောဇဘဏ် တို့ပေါ့။ စတာတွေရှိတာပေါ့။ အဲဒီမြို့ကတော့ မှီခို ပြီးတော့ ရောင်းချတဲ့ဈေးကွက်စနစ်ပေါ့။ နိုင်ငံခြား သားတွေအလည်လာတယ်။ လိုက်ပို့ပေးတယ်။ တချို့ ကလည်း အေးအေးချမ်းချမ်းမို့လာတဲ့ အနေအထား ပေါ့နော်။ စီးပွားရေးကတော့ ကြီးကြီးကျယ်ကျယ်ကြီး ပို့ကုန်၊ သွင်းကုန်လုပ်တာတော့မရှိပါဘူး။ နိုင်ငံခြား ခရီးသွားတွေ မျက်စိကျတဲ့နေရာပေါ့။ ဖလမ်းတို့၊ ဟား ခါးတို့ကအေးချမ်းတဲ့နေရာဖြစ်တယ်။ တောင်ကုန်း တွေမြင်ရတယ်။ အဲဒီလိုပုံစံလေးဆိုတော့ တောင်ထိပ် မှာရှိတဲ့မြို့လိုလည်းဖြစ်တော့ အေးချမ်းတာပေါ့နော်။ နွေရာသီမှာလည်းမပူဘူး။ ဆောင်းတွင်းဆိုတော့ အေးတာပေါ့လေ။ ရေတွေတောင်ခဲတဲ့နေရာဖြစ်တဲ့ မြို့ပါ။

မေး-တိုက်ပွဲတွေစတင်ဖော်ဆောင်ခံရတော့ ဖလမ်း မြို့ကဘယ်လိုဖြစ်သွားလဲ။
ဖြေ-အရေးအခင်းတွေစဖြစ်တော့ ဖလမ်းမှာက တိုက်ပွဲတွေမဖြစ်သေးဘူးဗျ။ (၂၀၂၃) လောက်မှာ တော်တော်လေးဖြစ်လာတယ်။ အခုနှစ် (၂၀၂၄)ခုနှစ်မှာ အကြီးအကျယ်တွေ ဖော်ဆောင်လာတာပေါ့။ သူတို့ကလည်း ဒီတိုက်ပွဲအခြေအနေကို သုံးသပ်ရရင်တော့ အရင်တုန်းကလည်း ဖလမ်းမှာက PDF တွေ ဘာတွေကများတယ်။ အခုနောက်ပိုင်းကျ တော့ PDF တွေဘာတွေလည်းမရှိတော့ဘူး။ တစ်ဖက်အင်အားကလည်း လျှော့လာတာတွေ့ရ တယ်။ လျှော့လာတဲ့အခါမှာ အရင်နေ့က ထန်တလန် တိုက်တာမှာ အချို့သောအဖွဲ့တွေမပါတော့ဘူးလို့ ကြားတယ်။ AA တွေ ပေါ့။ ဖလမ်းမှာလည်း အရင် တုန်းကဖလမ်းကိုတိုက်တာမှာ (၂)ရက်၊ (၃)ရက် လောက်နေတော့ ထွန်းမြတ်နိုင်က ပြောတယ်လို့ကြား တယ်။ အဲဒါကတော့ ဗဗ တွေအကုန်ဌာနကိုပြန်စု ဖို့ပေါ့။ အဲဒီမှာ သူတို့ပြန်စုသွားတော့ PDF တွေကို ထားခဲ့ပုံရတယ်။ သူတို့က အရင်တုန်းက အမြောက်တို့ မီတာ(၁၀ဝ)တို့ (Anti aircraft gun) တွေကို သူတို့က ပစ်တတ်တယ်လေ။ AA က ငါတို့က ပစ်ကူပေးမယ်။ နောက်ကွယ်က ပါမယ်ဆိုတဲ့ ပုံစံမျိုး။ အဲဒီလိုလုပ်ထားတာ။ အဲဒီ အစီအစဉ်က ပျက်သွား တယ်လို့ သတင်းကြားတယ်။ AA ကပြန်မယ်ဆိုတော့ PDF တွေကလည်း နောက်မှပြန်ပါလားပေါ့။ ဟိုကလည်း ပြန်မယ်ဆိုတော့ ပြန်မယ်ဆိုလည်း ပြန် ပေါ့။ ငါတို့ကတော့ ချမယ်။ ဒီ ဟာကိုရအောင်ချမယ် ဆိုပြီး ကျန်ခဲ့တာထင်တယ်။ သူတို့အချင်းချင်းကြား ထဲမှာလည်း ပြဿနာလေးတွေရှိတယ်။ ဖလမ်းကို မတိုက်ခင်ကတည်းက စက်တင်ဘာလမှာ ရွာ(၅)ရွာလောက်ကိုဆင်းပြီးတော့ စစ်သားစု ဆောင်းတာ။ ကလေးတွေကိုလေ။ အဲဒီကနေပါ သွားတာတွေနဲ့ စုပြီးလာတိုက်တာပေါ့။ ကျွန်တော့် အထင်ကတော့ အင်အားမရှိတော့လို့ အင်အား စုပြီးပြန်လာတိုက်မယ်လို့ ကျွန်တော်ကတော့ ထင်တယ်။

မေး-ဖလမ်းကိုစပြီးတိုက်ပွဲဖော်ဆောင်တော့ ဘယ်ဘက်ကနေစပြီးတိုက်ပွဲဖော်ဆောင်တာလဲခင်ဗျ။
ဖြေ-စပြီးတိုက်ပွဲဖော်ဆောင်တာက အစကတော့ GPS ထောက်ကြည့်ရင် အဲဒီမှာဘားတိုက်ဆိုတာရှိ တယ်။ အဲဒီဘားတိုက်မှာ အဲဒီကနေ စဝင်လာတယ်။ အဲဒီမှာ အယောက်(၅၀)လောက်ဝင်လာတယ်။ အဲဒါ ကို တပ်ကအင်အား(၂၀)လောက်နဲ့ ချောင်ပိတ်ပြီး ပစ်တဲ့အခါမှာ ဟိုကောင်တွေကကျသွားတယ် အဲဒါ တစ်ချက်။ နောက်တစ်ချက်ကတော့ ဘုရားကုန်းရှိ တယ်လေ။ အဲဒီဘုရားကုန်းမှာက အမြောက်ထား တာ။ (၁၂၂)အမြောက်ဆိုတာက အဲဒီမှာ ကလေးမြို့ က လာထိုင်ထားတာ။ အဲဒီဘုရားကုန်းရဲ့တောင်ကနေ တက်လာတာ။ ဘုရားကုန်းအောက်ဘက်ကပေါ့။ အဲဒီ ဘက်ကနေ ခြုံခိုပြီးတက်လာတာပေါ့။ အဲဒါကို တပ် ကမြင်တော့ပစ်ကြတာပေါ့။ အဲဒီလိုမျိုးတွေ။ တစ် ယောက်ဆိုရင် တစ်ဖက်ကဖုန်းကိုကိုင်တယ်။ တစ်ဖက် သေနတ်ကိုင်ပြီးတက်တာ။ သူတို့ကရိုက်ပြီးတင် တာပေါ့။ ကျွန်တော်စဉ်းစားကြည့်မိတယ်။ ဖလမ်းမှာ ဖုန်းလိုင်းတွေဖြတ်ထားတာကို ဘယ်လိုတင်လဲပေါ့။ အဲဒါနဲ့တချို့ကိုမေးကြည့်တာမှာ သူတို့မှာက ကြိုးပျောက် Wifi(Starlink)တွေပါတယ်တဲ့။ အဲဒီက နေမှတစ်ဆင့်ကြိုးပျောက် Wifi(Starlink) တွေက နေ သူတို့အဖွဲ့တွေကိုပို့ပေးတယ်။ ပြီးရင်တင်တယ် ပေါ့။ တပ်မတော်ထက်တောင်သူတို့က Line ပိုသုံး နေရသေးတယ်။

မေး-ချင်းလက်နက်ကိုင်တွေက ဖလမ်းကိုတိုက်ပွဲ ဖော်ဆောင်တော့ ဒေသခံတွေအကုန်လုံးက စစ်ဘေး ရှောင်သွားကြရတာလား။
ဖြေ-ဒေသခံတွေကတော့ (၁၀)လပိုင်းတည်းက ထွက်သွားကြရတာလေ။ အဲဒီနောက် (၁၁)လပိုင်းမှ လုံးဝမရှိတော့ဘူး။ အဲဒီမှာသူတို့ကပဲ မြို့ခံတွေ အ ကုန်ထွက်ဆိုပြီးမောင်းထုတ်တာ။ တပ်ကတော့ မထွက်စေချင်ဘူး။ အဲဒီနောက်ပိုင်းမှာတော့ သူခိုး တွေက လွှတွေ၊ တူတွေနဲ့ အိမ်တံခါးတွေဖျက်ပြီး ဖောက်ဝင်ခိုးတာပေါ့။ သူတို့အဖွဲ့တွေလည်း အဲဒီလို ပဲလုပ်ကြတာ။ သူတို့မှာကားတွေပါရင် ကားတွေနဲ့ တင်ပြီး ယူသွားတာပေါ့။ အဲဒီကားတွေဆိုတာလည်း သူတို့မှာမှမရှိတာ သူများတွေဆီကနေပြီးတော့ ဓား ပြတိုက်ပြီးရထားတဲ့ကားတွေပေါ့။ ဒေသခံတွေက လည်း အဲဒီလိုယူတယ်လို့ပြောတယ်။

မေး-လက်ရှိမှာကော တပ်က တောင်ကုန်းပေါ်မှာပဲထိုင်နေတာဆိုတော့ မြို့ထဲမှာပူးပေါင်းအဖွဲ့တွေပဲရှိ တာလား။ တိုက်ပွဲကော ဆက်ဖြစ်လား။ ငြိမ်နေလား ခင်ဗျ။
ဖြေ-လောလောဆယ်တော့ တစ်ဖျောက်နှစ်ဖျောက် ပစ်လိုက်။ ငြိမ်နေလိုက်ပေါ့။ အင်အားစောင့်ပြီးတော့ ငြိမ်နေတာပေါ့။ သူတို့ကတော့ စားနပ်ရိက္ခာအကုန် ခံပြီး ဘယ်စောင့်မလဲ။ လုပ်မလို့စောင့်နေတာပေါ့။ ဖလမ်းကအရမ်းအေးတဲ့ဒေသတော့ဖြစ်တယ်။ တိုက် ပွဲတွေဖော်ဆောင်တော့ အခက်အခဲတော့ အရမ်းမရှိ ဘူး။ တစ်ဖက်ရန်သူကို ပြန်ကြည့်ရင်သူတို့အခက်အခဲနဲ့သူတို့တော့ရှိတယ်။ တပ်ကလို စစ်ကူတို့၊ လေယာဉ်တို့ကို အလွယ်တကူဘယ်လှမ်းတောင်း လို့ရပါ့မလဲ။ အဲဒီလိုပဲ စစ်ပွဲဆိုတာ အင်အားသာတဲ့ ဘက်ကနိုင်တာပဲ။ အဲဒီတော့ စောင့်နေတယ်။ လာရင် အင်းအားစုပြီး ပြင်ဆင်ပြီး ဒီတပ်ကိုအရသိမ်းမှာပေါ့။ တပ်ကလည်းပြောရမယ်ဆိုရင် စနစ်တကျချမယ်ဆို ရင်တော့ အကောင်းဆုံးအချိန်ပဲ။

မေး-ဖလမ်းမြို့သိမ်းတိုက်ပွဲစပြီးဖော်ဆောင်တာမှာ ပူးပေါင်းအဖွဲ့ဘက်က အင်အားဘယ်လောက်ရှိမလဲ။
ဖြေ-အရင်တုန်းက များတယ်။ (၈၀ဝဝ)လောက်ရှိ မယ်။ (၂၀၂၂)ခုနှစ်နဲ့ (၂၀၂၃)ခုနှစ်တုန်းကလည်း များသေးတယ်။ ဒီ (၂၀၂၄) ခုနှစ်ရောက်တော့ လျော့ သွားတယ်။ အခုသူတို့ရှိမယ်ဆိုရင် (၃၀ဝဝ)လောက် ပဲရှိလိမ့်မယ်ထင်တယ်။ AA ပါရင်တောင် နည်းနည်း လောက်ပဲပါမယ်။ AA ကတော့ အများကြီးမပါတော့ ဘူး။ ဒီကောင်တွေပါရင်တောင် ဆယ်ဂဏန်းလောက် ပဲရှိတော့တယ်။

မေး-ဖလမ်းမြို့ခံတွေကကော သူတို့မြို့မှာ တိုက်ပွဲ တွေဖော်ဆောင်ခံရတဲ့အပေါ်မှာ ဘယ်လိုခံစားချက် မျိုးတွေရှိကြလဲ။
ဖြေ-မြို့ခံတွေကတော့ သူတို့မြို့လေးကိုပြန်ဝင်ပြီး နေချင်ပြီပေါ့။ ဒါပေမဲ့ တိုက်ပွဲတွေကမရပ်သေးတဲ့ အခါမှာ နေလို့မရကြသေးဘူးလေ။ နောက်ဆုံးမှာ တော့ သူပုန်ဆိုတာသူပုန်လိုဖြစ်သွားမှာပဲလေ။ အချိန် တစ်ခါယူပြီး ကြာတာနဲ့မြန်တာပဲရှိတာပါ။ သူတို့တပ် ကနေပြီးတော့ ထိုးစစ်ဆင်မယ်ဆိုရင်တော့ ဟားခါး လိုပြည်သူတွေနေလို့ရမှာပါ။ အဲဒါကိုမရှင်းလင်းဘဲ နေရင်တော့ ဖလမ်းမြို့ကို ဒီတိုင်းမထားသင့်ဘူးလို့ တော့ ကျွန်တော်ထင်တယ်။ ဖလမ်းမြို့သာ အကုန်ပါ သွားရင် တောင်ကုန်းပေါ်ကတပ်တွေကလည်း ပစ် ကွင်းကောင်းတာတွေဆိုတော့ သူတို့ရသွားရင် တပ် ကပြန်တက်လာရင် ပစ်ချရုံပဲ။ လေကြောင်းနဲ့မှလည်း ရမှာ။ လေကြောင်းတောင်မှ သူတို့ခြေကုပ် ယူသွား ရင် ပစ်ဖို့ကတော့ ခက်သွားမယ်။ အခုကတော့ ဖလမ်း မှာတပ်မတော်စခန်းကုန်းက အမြောက်ကုန်းနဲ့ ခလရ(၂၆၈)ပဲရှိတော့တာ။ အဲဒါကို PDF တွေက ဝိုင်းတိုက်နေတာ။ အဲဒါကို ဟိုဘက်ကချောင်းပစ် တာတွေလုပ်နေတာ။

မေး-ဖလမ်းမှာက နိုဝင်ဘာလဆန်းပိုင်းတုန်းက ပြင်း ထန်ခဲ့တဲ့တိုက်ပွဲတွေကြားမှာ နေအိမ်တွေပျက်စီးခဲ့ ရတာတွေရှိတယ်လို့သိရတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။
ဖြေ-ဖလမ်းမှာက ရပ်ကွက်(၁၀)ခုလောက်ပဲရှိတာပါ။ ဒီလိုအရပ်သားတွေတော့ မသေဆုံးပါဘူး။ ကျွန်တော် ကြားတာတော့ မြို့ထဲမှာတောင် ဘယ်သူမှမရှိတော့ ဘူး။ ကျွန်တော့်အသိဆိုရင်တောင် အရင်ကမြို့ထဲမှာ ဆိုင်ကယ်လေးနဲ့ သူ့အိမ်ကိုလာတယ်။ အခုနောက် ပိုင်းတာ့ ခြေကျင်နဲ့လာပြီး တောထဲပြန်ဝင်သွားတာပဲ ရှိတယ်။ အခုကတော့ လုံခြုံတဲ့တောထဲမှာပဲ သွားနေ နေကြရတာပေါ့။ လူနေအိမ်ပျက်စီးတာတော့ရှိတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တော့ ပျက်စီးတာတွေရှိ တယ်။ တိုက်ပွဲကြားထဲမှာတော့ အိမ်တွေကတော့ ပျက်တယ်။ ဘယ်သူမှပြောလို့မရဘူး။ အရင်က လည်း ဖလမ်းနားကရွာထဲကို စစ်ကားအစီး (၅၀)လောက်ဖြတ်တော့ အဲဒီရွာကိုစစ်ကြောင်းကလာ မယ်ဆိုတာကို PDF တွေက သိတယ်လေ။ သိတော့ ရွာဥက္ကဋ္ဌကိုပြောတယ်တဲ့ မင်းတို့ရွာမှာတိုက်ပွဲဖော် မယ် မင်းတို့ဖယ်ပေးပေါ့။ အဲဒီတော့ ရွာဥက္ကဋ္ဌက ငါတို့ရွာမှာတော့မဖြစ်နဲ့လေ။ အပြင်မှာဖြစ်ပါလား လို့ပြောတော့ မင်းတို့အိမ်တွေပျက်သွားရင် NUG အစိုးရက ပြန်ဆောက်ပေးမှာလို့ပြောတယ်တဲ့။ ရွာက လည်း မဖယ်ရင်သတ်ခံရမှာစိုးလို့ ဖယ်ပေးလိုက်တာ ပေါ့လေ။ ဖယ်ပေးတော့ စစ်ကြောင်းတွေက ကားနဲ့ လာရော။ အဲဒီမှာ ရွာထဲကအိမ်တွေထဲကနေ တန်း စီပြီး သေနတ်နဲ့ပစ်ကြတာပေါ့။ အဲဒီတော့ တပ်က လည်း ပြန်ပစ်တာပေါ့။ အဲဒီမှာ PDF လည်းသေ။ အိမ်လည်းမီးလောင်တာပေါ့။

မေး-တိုက်ပွဲတွေဖြစ်တော့ ဖလမ်းမြို့ခံတွေက ဘယ် ဘက်ကို နေရပ်စွန်ခွာသွားခဲ့ကြရတာလဲ။
ဖြေ-ဖလမ်းကတော်တော်များများကတော့ ကလေး နဲ့နီးတော့ ကလေးဘက်ကိုပဲပြောင်းကြတာ။ ဖလမ်း ကကြာရင်တော့ ထန်တလန်လိုဖြစ်သွားမှာ။ ဝေဟင် ထိုးစစ်ကတော့ ထိရောက်မှုမရှိဘူး။ လေယာဉ်နဲ့ဆိုရင် တောင်ကုန်းတောင်တန်းတွေဆိုတော့ ဒီကောင်တွေ က ပုန်းနေရင်ထိရောက်မှုမရှိဘူး။ ဖလမ်းကတော့ ပစ်မထားသင့်ဘူး။ ချင်းပြည်နယ်မှာ အရေးကြီးတဲ့ အထဲတော့ပါတယ်။ စီးပွားရေးအရတော့ အရေးမကြီး ပါဘူး။ ဖလမ်းအသိမ်းခံရင်တော့ တီးတိန်ရယ် ထန် တလန်ရယ်ကို ထိန်းချုပ်လို့ရသွားပြီပေါ့။ ဟားခါး၊ ထန်တလန်နဲ့ ဖလမ်းက တြိဂံဒေသလိုဖြစ်နေတာပေါ့။

မေး-နောက်ဆုံးအနေနဲ့ ဖလမ်းမြို့ခံတွေက သူတို့မြို့ လေး ထန်တလန်လိုမပျက်စီးသွားအောင် ဘယ်လိုမျိုး ဆန္ဒရှိနေကြလဲခင်ဗျ။
ဖြေ-မြို့ထဲမှာ သူတို့ကအင်အား(၄၀ဝဝ)လောက် ရှိတယ်။ အဲဒါကို တပ်ကတိုက်မှာဆိုရင်တိုက်။ သူတို့ ကတော့ သူတို့မြို့လေးကိုပြန်နေချင်ကြပြီ။ သူတို့က တော့ ပြန်ဝင်ချင်နေကြပါပြီ။ ဖလမ်းမြို့နဲ့ပတ်သက် ရင်တော့ အခုလက်ရှိကျန်နေတဲ့ တပ်မိသားစုဝင်တွေနဲ့ ကလေးတွေက ဆေးဝါးကုသဖို့နဲ့ရိက္ခာပိုင်းမှာလို အပ်နေကြတယ်။ အဲဒါကိုလည်း အမြန်ဆုံးကူညီစေချင်တယ်ဗျာ။

ကျေးဇူးတင်ပါတယ်။

zawgyi version
ခ်င္းသူပုန္မ်ားေပးေသာ ဒုကၡကို ခါးစည္းခံရေသာ ဖလမ္း မွ ေဒသခံမ်ား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၁

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ(၅၀ဝဝ)ေက်ာ္တြင္ရွိေသာ သာယာေအးခ်မ္းလွသည့္ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕တြင္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၅)ရက္မွစတင္ကာ Chin brotherhood ႏွင့္ လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားက တိုက္ပြဲမ်ားစတင္ေဖာ္ေဆာင္ခဲ့သည္။ ၎တို႔ဘက္မွစတင္ခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ တည္ၿငိမ္ေအးခ်မ္းစြာေနထိုင္လာခဲ့ေသာ ဖလမ္းၿမိဳ႕ခံမ်ားစြာ ေနရပ္စြန္ခြာစစ္ေဘးေရွာင္ခဲ့ၾကရၿပီး ၿမိဳ႕တြင္းမွေနအိမ္အေဆာက္အအုံအခ်ိဳ႕ သည္လည္း တိုက္ပြဲေၾကာင့္ ပ်က္စီးဆုံရႈံးခဲ့ရသည္။ ထို႔ျပင္ လက္ရွိတြင္လည္း ခ်င္းလက္နက္ကိုင္မ်ားက အဆိုပါၿမိဳ႕တြင္ တိုက္ပြဲေဖာ္ေဆာင္ေနရာ စစ္ပြဲၾကားမွ ျပည္သူမ်ား၏ အခက္အခဲျပႆနာမ်ားအေၾကာင္း ေဒသခံတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-တိုက္ပြဲေတြမေဖာ္ေဆာင္ခင္အခ်ိန္က ဖလမ္း ၿမိဳ႕အေျခအေနကဘယ္လိုရွိပါသလဲ။
ေျဖ-ဖလမ္းကေတာ့ ကြၽန္ေတာ္(၂၀၁၃)ကတည္းက စၿပီးေနခဲ့တာေပါ့။ ဖလမ္းက အဲဒီတုန္းကေတာ့ မတိုး တက္ေသးဘူး။ အဲဒီေနာက္ သမၼတဦးသိန္းစိန္လက္ ထက္မွာပိုၿပီးတိုးတက္လာတယ္။ အဲဒီေနာက္ (၂၀၁၄)(၂၀၁၅)ေပါ့ေလ။ အဲဒီေနာက္ေတာက္ ေလွ်ာက္တိုးတက္လာခဲ့တယ္။ ဘာေတြတိုးတက္မႈ ရွိလဲဆိုေတာ့ စီးပြားေရးကေတာ့ ဘာမွတိုးတက္ မႈမရွိပါဘူး။ ေဒသခံေတြကေတာ့ အစိုးရဝန္ထမ္းေတြ ရွိတယ္ေလ။ အဲဒါကိုမွီခိုၿပီး ေဈးေရာင္းၿပီးေတာ့ ေနရတဲ့ဝန္ထမ္းမ်ိဳးေပါ့။ အေႂကြးယူလိုက္ အေႂကြး ေပးလိုက္နဲ႔ေပါ့။ အဲဒီမွာ စစ္တပ္ရွိတယ္။ ရဲရွိတယ္။ ေထြအုပ္ရွိတယ္။ ေဆာက္လုပ္ေရးနဲ႔ ကေမာၻဇဘဏ္ တို႔ေပါ့။ စတာေတြရွိတာေပါ့။ အဲဒီၿမိဳ႕ကေတာ့ မွီခို ၿပီးေတာ့ ေရာင္းခ်တဲ့ေဈးကြက္စနစ္ေပါ့။ ႏိုင္ငံျခား သားေတြအလည္လာတယ္။ လိုက္ပို႔ေပးတယ္။ တခ်ိဳ႕ ကလည္း ေအးေအးခ်မ္းခ်မ္းမို႔လာတဲ့ အေနအထား ေပါ့ေနာ္။ စီးပြားေရးကေတာ့ ႀကီးႀကီးက်ယ္က်ယ္ႀကီး ပို႔ကုန္၊ သြင္းကုန္လုပ္တာေတာ့မရွိပါဘူး။ ႏိုင္ငံျခား ခရီးသြားေတြ မ်က္စိက်တဲ့ေနရာေပါ့။ ဖလမ္းတို႔၊ ဟား ခါးတို႔ကေအးခ်မ္းတဲ့ေနရာျဖစ္တယ္။ ေတာင္ကုန္း ေတြျမင္ရတယ္။ အဲဒီလိုပုံစံေလးဆိုေတာ့ ေတာင္ထိပ္ မွာရွိတဲ့ၿမိဳ႕လိုလည္းျဖစ္ေတာ့ ေအးခ်မ္းတာေပါ့ေနာ္။ ေႏြရာသီမွာလည္းမပူဘူး။ ေဆာင္းတြင္းဆိုေတာ့ ေအးတာေပါ့ေလ။ ေရေတြေတာင္ခဲတဲ့ေနရာျဖစ္တဲ့ ၿမိဳ႕ပါ။

ေမး-တိုက္ပြဲေတြစတင္ေဖာ္ေဆာင္ခံရေတာ့ ဖလမ္း ၿမိဳ႕ကဘယ္လိုျဖစ္သြားလဲ။
ေျဖ-အေရးအခင္းေတြစျဖစ္ေတာ့ ဖလမ္းမွာက တိုက္ပြဲေတြမျဖစ္ေသးဘူးဗ်။ (၂၀၂၃) ေလာက္မွာ ေတာ္ေတာ္ေလးျဖစ္လာတယ္။ အခုႏွစ္ (၂၀၂၄)ခုႏွစ္မွာ အႀကီးအက်ယ္ေတြ ေဖာ္ေဆာင္လာတာေပါ့။ သူတို႔ကလည္း ဒီတိုက္ပြဲအေျခအေနကို သုံးသပ္ရရင္ေတာ့ အရင္တုန္းကလည္း ဖလမ္းမွာက PDF ေတြ ဘာေတြကမ်ားတယ္။ အခုေနာက္ပိုင္းက် ေတာ့ PDF ေတြဘာေတြလည္းမရွိေတာ့ဘူး။ တစ္ဖက္အင္အားကလည္း ေလွ်ာ့လာတာေတြ႕ရ တယ္။ ေလွ်ာ့လာတဲ့အခါမွာ အရင္ေန႔က ထန္တလန္ တိုက္တာမွာ အခ်ိဳ႕ေသာအဖြဲ႕ေတြမပါေတာ့ဘူးလို႔ ၾကားတယ္။ AA ေတြ ေပါ့။ ဖလမ္းမွာလည္း အရင္ တုန္းကဖလမ္းကိုတိုက္တာမွာ (၂)ရက္၊ (၃)ရက္ ေလာက္ေနေတာ့ ထြန္းျမတ္ႏိုင္က ေျပာတယ္လို႔ၾကား တယ္။ အဲဒါကေတာ့ ဗဗ ေတြအကုန္ဌာနကိုျပန္စု ဖို႔ေပါ့။ အဲဒီမွာ သူတို႔ျပန္စုသြားေတာ့ PDF ေတြကို ထားခဲ့ပုံရတယ္။ သူတို႔က အရင္တုန္းက အေျမာက္တို႔ မီတာ(၁၀ဝ)တို႔ (Anti aircraft gun) ေတြကို သူတို႔က ပစ္တတ္တယ္ေလ။ AA က ငါတို႔က ပစ္ကူေပးမယ္။ ေနာက္ကြယ္က ပါမယ္ဆိုတဲ့ ပုံစံမ်ိဳး။ အဲဒီလိုလုပ္ထားတာ။ အဲဒီ အစီအစဥ္က ပ်က္သြား တယ္လို႔ သတင္းၾကားတယ္။ AA ကျပန္မယ္ဆိုေတာ့ PDF ေတြကလည္း ေနာက္မွျပန္ပါလားေပါ့။ ဟိုကလည္း ျပန္မယ္ဆိုေတာ့ ျပန္မယ္ဆိုလည္း ျပန္ ေပါ့။ ငါတို႔ကေတာ့ ခ်မယ္။ ဒီ ဟာကိုရေအာင္ခ်မယ္ ဆိုၿပီး က်န္ခဲ့တာထင္တယ္။ သူတို႔အခ်င္းခ်င္းၾကား ထဲမွာလည္း ျပႆနာေလးေတြရွိတယ္။ ဖလမ္းကို မတိုက္ခင္ကတည္းက စက္တင္ဘာလမွာ ႐ြာ(၅)႐ြာေလာက္ကိုဆင္းၿပီးေတာ့ စစ္သားစု ေဆာင္းတာ။ ကေလးေတြကိုေလ။ အဲဒီကေနပါ သြားတာေတြနဲ႔ စုၿပီးလာတိုက္တာေပါ့။ ကြၽန္ေတာ့္ အထင္ကေတာ့ အင္အားမရွိေတာ့လို႔ အင္အား စုၿပီးျပန္လာတိုက္မယ္လို႔ ကြၽန္ေတာ္ကေတာ့ ထင္တယ္။

ေမး-ဖလမ္းကိုစၿပီးတိုက္ပြဲေဖာ္ေဆာင္ေတာ့ ဘယ္ဘက္ကေနစၿပီးတိုက္ပြဲေဖာ္ေဆာင္တာလဲခင္ဗ်။
ေျဖ-စၿပီးတိုက္ပြဲေဖာ္ေဆာင္တာက အစကေတာ့ GPS ေထာက္ၾကည့္ရင္ အဲဒီမွာဘားတိုက္ဆိုတာရွိ တယ္။ အဲဒီဘားတိုက္မွာ အဲဒီကေန စဝင္လာတယ္။ အဲဒီမွာ အေယာက္(၅၀)ေလာက္ဝင္လာတယ္။ အဲဒါ ကို တပ္ကအင္အား(၂၀)ေလာက္နဲ႔ ေခ်ာင္ပိတ္ၿပီး ပစ္တဲ့အခါမွာ ဟိုေကာင္ေတြကက်သြားတယ္ အဲဒါ တစ္ခ်က္။ ေနာက္တစ္ခ်က္ကေတာ့ ဘုရားကုန္းရွိ တယ္ေလ။ အဲဒီဘုရားကုန္းမွာက အေျမာက္ထား တာ။ (၁၂၂)အေျမာက္ဆိုတာက အဲဒီမွာ ကေလးၿမိဳ႕ က လာထိုင္ထားတာ။ အဲဒီဘုရားကုန္းရဲ႕ေတာင္ကေန တက္လာတာ။ ဘုရားကုန္းေအာက္ဘက္ကေပါ့။ အဲဒီ ဘက္ကေန ၿခဳံခိုၿပီးတက္လာတာေပါ့။ အဲဒါကို တပ္ ကျမင္ေတာ့ပစ္ၾကတာေပါ့။ အဲဒီလိုမ်ိဳးေတြ။ တစ္ ေယာက္ဆိုရင္ တစ္ဖက္ကဖုန္းကိုကိုင္တယ္။ တစ္ဖက္ ေသနတ္ကိုင္ၿပီးတက္တာ။ သူတို႔က႐ိုက္ၿပီးတင္ တာေပါ့။ ကြၽန္ေတာ္စဥ္းစားၾကည့္မိတယ္။ ဖလမ္းမွာ ဖုန္းလိုင္းေတြျဖတ္ထားတာကို ဘယ္လိုတင္လဲေပါ့။ အဲဒါနဲ႔တခ်ိဳ႕ကိုေမးၾကည့္တာမွာ သူတို႔မွာက ႀကိဳးေပ်ာက္ Wifi(Starlink)ေတြပါတယ္တဲ့။ အဲဒီက ေနမွတစ္ဆင့္ႀကိဳးေပ်ာက္ Wifi(Starlink) ေတြက ေန သူတို႔အဖြဲ႕ေတြကိုပို႔ေပးတယ္။ ၿပီးရင္တင္တယ္ ေပါ့။ တပ္မေတာ္ထက္ေတာင္သူတို႔က Line ပိုသုံး ေနရေသးတယ္။

ေမး-ခ်င္းလက္နက္ကိုင္ေတြက ဖလမ္းကိုတိုက္ပြဲ ေဖာ္ေဆာင္ေတာ့ ေဒသခံေတြအကုန္လုံးက စစ္ေဘး ေရွာင္သြားၾကရတာလား။
ေျဖ-ေဒသခံေတြကေတာ့ (၁၀)လပိုင္းတည္းက ထြက္သြားၾကရတာေလ။ အဲဒီေနာက္ (၁၁)လပိုင္းမွ လုံးဝမရွိေတာ့ဘူး။ အဲဒီမွာသူတို႔ကပဲ ၿမိဳ႕ခံေတြ အ ကုန္ထြက္ဆိုၿပီးေမာင္းထုတ္တာ။ တပ္ကေတာ့ မထြက္ေစခ်င္ဘူး။ အဲဒီေနာက္ပိုင္းမွာေတာ့ သူခိုး ေတြက လႊေတြ၊ တူေတြနဲ႔ အိမ္တံခါးေတြဖ်က္ၿပီး ေဖာက္ဝင္ခိုးတာေပါ့။ သူတို႔အဖြဲ႕ေတြလည္း အဲဒီလို ပဲလုပ္ၾကတာ။ သူတို႔မွာကားေတြပါရင္ ကားေတြနဲ႔ တင္ၿပီး ယူသြားတာေပါ့။ အဲဒီကားေတြဆိုတာလည္း သူတို႔မွာမွမရွိတာ သူမ်ားေတြဆီကေနၿပီးေတာ့ ဓား ျပတိုက္ၿပီးရထားတဲ့ကားေတြေပါ့။ ေဒသခံေတြက လည္း အဲဒီလိုယူတယ္လို႔ေျပာတယ္။

ေမး-လက္ရွိမွာေကာ တပ္က ေတာင္ကုန္းေပၚမွာပဲထိုင္ေနတာဆိုေတာ့ ၿမိဳ႕ထဲမွာပူးေပါင္းအဖြဲ႕ေတြပဲရွိ တာလား။ တိုက္ပြဲေကာ ဆက္ျဖစ္လား။ ၿငိမ္ေနလား ခင္ဗ်။
ေျဖ-ေလာေလာဆယ္ေတာ့ တစ္ေဖ်ာက္ႏွစ္ေဖ်ာက္ ပစ္လိုက္။ ၿငိမ္ေနလိုက္ေပါ့။ အင္အားေစာင့္ၿပီးေတာ့ ၿငိမ္ေနတာေပါ့။ သူတို႔ကေတာ့ စားနပ္ရိကၡာအကုန္ ခံၿပီး ဘယ္ေစာင့္မလဲ။ လုပ္မလို႔ေစာင့္ေနတာေပါ့။ ဖလမ္းကအရမ္းေအးတဲ့ေဒသေတာ့ျဖစ္တယ္။ တိုက္ ပြဲေတြေဖာ္ေဆာင္ေတာ့ အခက္အခဲေတာ့ အရမ္းမရွိ ဘူး။ တစ္ဖက္ရန္သူကို ျပန္ၾကည့္ရင္သူတို႔အခက္အခဲနဲ႔သူတို႔ေတာ့ရွိတယ္။ တပ္ကလို စစ္ကူတို႔၊ ေလယာဥ္တို႔ကို အလြယ္တကူဘယ္လွမ္းေတာင္း လို႔ရပါ့မလဲ။ အဲဒီလိုပဲ စစ္ပြဲဆိုတာ အင္အားသာတဲ့ ဘက္ကႏိုင္တာပဲ။ အဲဒီေတာ့ ေစာင့္ေနတယ္။ လာရင္ အင္းအားစုၿပီး ျပင္ဆင္ၿပီး ဒီတပ္ကိုအရသိမ္းမွာေပါ့။ တပ္ကလည္းေျပာရမယ္ဆိုရင္ စနစ္တက်ခ်မယ္ဆို ရင္ေတာ့ အေကာင္းဆုံးအခ်ိန္ပဲ။

ေမး-ဖလမ္းၿမိဳ႕သိမ္းတိုက္ပြဲစၿပီးေဖာ္ေဆာင္တာမွာ ပူးေပါင္းအဖြဲ႕ဘက္က အင္အားဘယ္ေလာက္ရွိမလဲ။
ေျဖ-အရင္တုန္းက မ်ားတယ္။ (၈၀ဝဝ)ေလာက္ရွိ မယ္။ (၂၀၂၂)ခုႏွစ္နဲ႔ (၂၀၂၃)ခုႏွစ္တုန္းကလည္း မ်ားေသးတယ္။ ဒီ (၂၀၂၄) ခုႏွစ္ေရာက္ေတာ့ ေလ်ာ့ သြားတယ္။ အခုသူတို႔ရွိမယ္ဆိုရင္ (၃၀ဝဝ)ေလာက္ ပဲရွိလိမ့္မယ္ထင္တယ္။ AA ပါရင္ေတာင္ နည္းနည္း ေလာက္ပဲပါမယ္။ AA ကေတာ့ အမ်ားႀကီးမပါေတာ့ ဘူး။ ဒီေကာင္ေတြပါရင္ေတာင္ ဆယ္ဂဏန္းေလာက္ ပဲရွိေတာ့တယ္။

ေမး-ဖလမ္းၿမိဳ႕ခံေတြကေကာ သူတို႔ၿမိဳ႕မွာ တိုက္ပြဲ ေတြေဖာ္ေဆာင္ခံရတဲ့အေပၚမွာ ဘယ္လိုခံစားခ်က္ မ်ိဳးေတြရွိၾကလဲ။
ေျဖ-ၿမိဳ႕ခံေတြကေတာ့ သူတို႔ၿမိဳ႕ေလးကိုျပန္ဝင္ၿပီး ေနခ်င္ၿပီေပါ့။ ဒါေပမဲ့ တိုက္ပြဲေတြကမရပ္ေသးတဲ့ အခါမွာ ေနလို႔မရၾကေသးဘူးေလ။ ေနာက္ဆုံးမွာ ေတာ့ သူပုန္ဆိုတာသူပုန္လိုျဖစ္သြားမွာပဲေလ။ အခ်ိန္ တစ္ခါယူၿပီး ၾကာတာနဲ႔ျမန္တာပဲရွိတာပါ။ သူတို႔တပ္ ကေနၿပီးေတာ့ ထိုးစစ္ဆင္မယ္ဆိုရင္ေတာ့ ဟားခါး လိုျပည္သူေတြေနလို႔ရမွာပါ။ အဲဒါကိုမရွင္းလင္းဘဲ ေနရင္ေတာ့ ဖလမ္းၿမိဳ႕ကို ဒီတိုင္းမထားသင့္ဘူးလို႔ ေတာ့ ကြၽန္ေတာ္ထင္တယ္။ ဖလမ္းၿမိဳ႕သာ အကုန္ပါ သြားရင္ ေတာင္ကုန္းေပၚကတပ္ေတြကလည္း ပစ္ ကြင္းေကာင္းတာေတြဆိုေတာ့ သူတို႔ရသြားရင္ တပ္ ကျပန္တက္လာရင္ ပစ္ခ်႐ုံပဲ။ ေလေၾကာင္းနဲ႔မွလည္း ရမွာ။ ေလေၾကာင္းေတာင္မွ သူတို႔ေျခကုပ္ ယူသြား ရင္ ပစ္ဖို႔ကေတာ့ ခက္သြားမယ္။ အခုကေတာ့ ဖလမ္း မွာတပ္မေတာ္စခန္းကုန္းက အေျမာက္ကုန္းနဲ႔ ခလရ(၂၆၈)ပဲရွိေတာ့တာ။ အဲဒါကို PDF ေတြက ဝိုင္းတိုက္ေနတာ။ အဲဒါကို ဟိုဘက္ကေခ်ာင္းပစ္ တာေတြလုပ္ေနတာ။

ေမး-ဖလမ္းမွာက ႏိုဝင္ဘာလဆန္းပိုင္းတုန္းက ျပင္း ထန္ခဲ့တဲ့တိုက္ပြဲေတြၾကားမွာ ေနအိမ္ေတြပ်က္စီးခဲ့ ရတာေတြရွိတယ္လို႔သိရတယ္။ အဲဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာျပေပးပါဦး။
ေျဖ-ဖလမ္းမွာက ရပ္ကြက္(၁၀)ခုေလာက္ပဲရွိတာပါ။ ဒီလိုအရပ္သားေတြေတာ့ မေသဆုံးပါဘူး။ ကြၽန္ေတာ္ ၾကားတာေတာ့ ၿမိဳ႕ထဲမွာေတာင္ ဘယ္သူမွမရွိေတာ့ ဘူး။ ကြၽန္ေတာ့္အသိဆိုရင္ေတာင္ အရင္ကၿမိဳ႕ထဲမွာ ဆိုင္ကယ္ေလးနဲ႔ သူ႔အိမ္ကိုလာတယ္။ အခုေနာက္ ပိုင္းတာ့ ေျခက်င္နဲ႔လာၿပီး ေတာထဲျပန္ဝင္သြားတာပဲ ရွိတယ္။ အခုကေတာ့ လုံၿခဳံတဲ့ေတာထဲမွာပဲ သြားေန ေနၾကရတာေပါ့။ လူေနအိမ္ပ်က္စီးတာေတာ့ရွိတယ္။ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္ေတာ့ ပ်က္စီးတာေတြရွိ တယ္။ တိုက္ပြဲၾကားထဲမွာေတာ့ အိမ္ေတြကေတာ့ ပ်က္တယ္။ ဘယ္သူမွေျပာလို႔မရဘူး။ အရင္က လည္း ဖလမ္းနားက႐ြာထဲကို စစ္ကားအစီး (၅၀)ေလာက္ျဖတ္ေတာ့ အဲဒီ႐ြာကိုစစ္ေၾကာင္းကလာ မယ္ဆိုတာကို PDF ေတြက သိတယ္ေလ။ သိေတာ့ ႐ြာဥကၠ႒ကိုေျပာတယ္တဲ့ မင္းတို႔႐ြာမွာတိုက္ပြဲေဖာ္ မယ္ မင္းတို႔ဖယ္ေပးေပါ့။ အဲဒီေတာ့ ႐ြာဥကၠ႒က ငါတို႔႐ြာမွာေတာ့မျဖစ္နဲ႔ေလ။ အျပင္မွာျဖစ္ပါလား လို႔ေျပာေတာ့ မင္းတို႔အိမ္ေတြပ်က္သြားရင္ NUG အစိုးရက ျပန္ေဆာက္ေပးမွာလို႔ေျပာတယ္တဲ့။ ႐ြာက လည္း မဖယ္ရင္သတ္ခံရမွာစိုးလို႔ ဖယ္ေပးလိုက္တာ ေပါ့ေလ။ ဖယ္ေပးေတာ့ စစ္ေၾကာင္းေတြက ကားနဲ႔ လာေရာ။ အဲဒီမွာ ႐ြာထဲကအိမ္ေတြထဲကေန တန္း စီၿပီး ေသနတ္နဲ႔ပစ္ၾကတာေပါ့။ အဲဒီေတာ့ တပ္က လည္း ျပန္ပစ္တာေပါ့။ အဲဒီမွာ PDF လည္းေသ။ အိမ္လည္းမီးေလာင္တာေပါ့။

ေမး-တိုက္ပြဲေတြျဖစ္ေတာ့ ဖလမ္းၿမိဳ႕ခံေတြက ဘယ္ ဘက္ကို ေနရပ္စြန္ခြာသြားခဲ့ၾကရတာလဲ။
ေျဖ-ဖလမ္းကေတာ္ေတာ္မ်ားမ်ားကေတာ့ ကေလး နဲ႔နီးေတာ့ ကေလးဘက္ကိုပဲေျပာင္းၾကတာ။ ဖလမ္း ကၾကာရင္ေတာ့ ထန္တလန္လိုျဖစ္သြားမွာ။ ေဝဟင္ ထိုးစစ္ကေတာ့ ထိေရာက္မႈမရွိဘူး။ ေလယာဥ္နဲ႔ဆိုရင္ ေတာင္ကုန္းေတာင္တန္းေတြဆိုေတာ့ ဒီေကာင္ေတြ က ပုန္းေနရင္ထိေရာက္မႈမရွိဘူး။ ဖလမ္းကေတာ့ ပစ္မထားသင့္ဘူး။ ခ်င္းျပည္နယ္မွာ အေရးႀကီးတဲ့ အထဲေတာ့ပါတယ္။ စီးပြားေရးအရေတာ့ အေရးမႀကီး ပါဘူး။ ဖလမ္းအသိမ္းခံရင္ေတာ့ တီးတိန္ရယ္ ထန္ တလန္ရယ္ကို ထိန္းခ်ဳပ္လို႔ရသြားၿပီေပါ့။ ဟားခါး၊ ထန္တလန္နဲ႔ ဖလမ္းက ႀတိဂံေဒသလိုျဖစ္ေနတာေပါ့။

ေမး-ေနာက္ဆုံးအေနနဲ႔ ဖလမ္းၿမိဳ႕ခံေတြက သူတို႔ၿမိဳ႕ ေလး ထန္တလန္လိုမပ်က္စီးသြားေအာင္ ဘယ္လိုမ်ိဳး ဆႏၵရွိေနၾကလဲခင္ဗ်။
ေျဖ-ၿမိဳ႕ထဲမွာ သူတို႔ကအင္အား(၄၀ဝဝ)ေလာက္ ရွိတယ္။ အဲဒါကို တပ္ကတိုက္မွာဆိုရင္တိုက္။ သူတို႔ ကေတာ့ သူတို႔ၿမိဳ႕ေလးကိုျပန္ေနခ်င္ၾကၿပီ။ သူတို႔က ေတာ့ ျပန္ဝင္ခ်င္ေနၾကပါၿပီ။ ဖလမ္းၿမိဳ႕နဲ႔ပတ္သက္ ရင္ေတာ့ အခုလက္ရွိက်န္ေနတဲ့ တပ္မိသားစုဝင္ေတြနဲ႔ ကေလးေတြက ေဆးဝါးကုသဖို႔နဲ႔ရိကၡာပိုင္းမွာလို အပ္ေနၾကတယ္။ အဲဒါကိုလည္း အျမန္ဆုံးကူညီေစခ်င္တယ္ဗ်ာ။

ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.