အများပိုင်ကုမ္ပဏီတစ်ခုက EV Taxi အစီးရေ(၁၀၀) စတင်ပြေးဆွဲရန် စီစဉ်နေ
1231
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၁၁
Public Transportation Company တစ်ခုဖြစ်သော E - Choice Taxi Co,Ltd. သည် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် EV Taxi အစီးရေ (၁၀၀)ဖြင့် ရန်ကုန်မြို့၌ စတင်ပြေးဆွဲမည်ဖြစ် ကြောင်း သိရသည်။
" ရည်ရွယ်ချက်ကတော့ကျွန်တော်တို့က အများပြည်သူသယ်ယူပို့ဆောင်ဖို့အတွက် YBS ယာဉ်တွေလည်းလုပ်တာဖြစ်လို့ city taxi ကိုလည်းထူထောင်ဖို့ကြိုးစားတာဖြစ်ပါတယ်။ အခုက စက်သုံးဆီတွေကလည်းဈေးကြီးတော့ EV ကားတွေ ပြေးဆွဲဖို့ စီစဉ်တာဖြစ်ပါတယ်။ စီးတဲ့လူတွေကိုလည်း service ကောင်းကောင်းပေးချင်တယ်။ အဲဒါကြောင့်မို့လို့ကျွန်တော်တို့ EV တွေ တင်သွင်းပြီးတော့ E - Choice ဆိုတဲ့ ကုမ္ပဏီတည်ထောင်ထားတာဖြစ်ပါတယ်"ဟု E - Choice Taxi Co,Ltd. ၏တာဝန်ရှိသူတစ်ဦးကပြောသည်။
ကနဦး ပိုင်းလော့ပရောဂျက်အနေဖြင့် ကားအစီးရေ(၁၀၀)ဖြင့်ပြေးဆွဲပေးမည်ဖြစ်ပြီး လက်ရှိတွင် (၁၈) စီးရောက်ရှိနေကြောင်း သိရသည်။ နိုင်ငံခြားကရောက်ရှိထားသည့် EV ယာဉ်များအား ကညန မှတ်ပုံ တင်ခြင်းနှင့် ပြေးဆွဲခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။
“လက်ရှိကိစ္စတွေလုပ်ဆောင်ပြီးရင်တော့ ဒီဇင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဇန်နဝါရီ ပထမပတ်ဝန်းကျင်လောက်မှာ စတင်ပြေးဆွဲတာတွေလုပ်ဆောင်သွားမယ်"ဟု E - Choice Taxi Co,Ltd မှတာဝန်ရှိသူတစ်ဦးက ပြောသည်။။
ယာဉ်စီးခနှုန်းထားများအား ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ရေးဌာနများ၏ သတ်မှတ်လမ်းညွှန်သောဈေးနှုန်းများ အတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
အမ်ားပိုင္ကုမၸဏီတစ္ခုက EV Taxi အစီးေရ(၁၀၀) စတင္ေျပးဆြဲရန္ စီစဥ္ေန
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၁၁
Public Transportation Company တစ္ခုျဖစ္ေသာ E - Choice Taxi Co,Ltd. သည္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက႑အတြက္ EV Taxi အစီးေရ (၁၀၀)ျဖင့္ ရန္ကုန္ၿမိဳ႕၌ စတင္ေျပးဆြဲမည္ျဖစ္ ေၾကာင္း သိရသည္။
" ရည္႐ြယ္ခ်က္ကေတာ့ကြၽန္ေတာ္တို႔က အမ်ားျပည္သူသယ္ယူပို႔ေဆာင္ဖို႔အတြက္ YBS ယာဥ္ေတြလည္းလုပ္တာျဖစ္လို႔ city taxi ကိုလည္းထူေထာင္ဖို႔ႀကိဳးစားတာျဖစ္ပါတယ္။ အခုက စက္သုံးဆီေတြကလည္းေဈးႀကီးေတာ့ EV ကားေတြ ေျပးဆြဲဖို႔ စီစဥ္တာျဖစ္ပါတယ္။ စီးတဲ့လူေတြကိုလည္း service ေကာင္းေကာင္းေပးခ်င္တယ္။ အဲဒါေၾကာင့္မို႔လို႔ကြၽန္ေတာ္တို႔ EV ေတြ တင္သြင္းၿပီးေတာ့ E - Choice ဆိုတဲ့ ကုမၸဏီတည္ေထာင္ထားတာျဖစ္ပါတယ္"ဟု E - Choice Taxi Co,Ltd. ၏တာဝန္ရွိသူတစ္ဦးကေျပာသည္။
ကနဦး ပိုင္းေလာ့ပေရာဂ်က္အေနျဖင့္ ကားအစီးေရ(၁၀၀)ျဖင့္ေျပးဆြဲေပးမည္ျဖစ္ၿပီး လက္ရွိတြင္ (၁၈) စီးေရာက္ရွိေနေၾကာင္း သိရသည္။ ႏိုင္ငံျခားကေရာက္ရွိထားသည့္ EV ယာဥ္မ်ားအား ကညန မွတ္ပုံ တင္ျခင္းႏွင့္ ေျပးဆြဲခြင့္ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္းသိရသည္။
“လက္ရွိကိစၥေတြလုပ္ေဆာင္ၿပီးရင္ေတာ့ ဒီဇင္ဘာ ေနာက္ဆုံးပတ္ ဒါမွမဟုတ္ ဇန္နဝါရီ ပထမပတ္ဝန္းက်င္ေလာက္မွာ စတင္ေျပးဆြဲတာေတြလုပ္ေဆာင္သြားမယ္"ဟု E - Choice Taxi Co,Ltd မွတာဝန္ရွိသူတစ္ဦးက ေျပာသည္။။
ယာဥ္စီးခႏႈန္းထားမ်ားအား ရန္ကုန္တိုင္းေဒသႀကီး ေမာ္ေတာ္ယာဥ္ႀကီးၾကပ္ေရးဌာနမ်ား၏ သတ္မွတ္လမ္းၫႊန္ေသာေဈးႏႈန္းမ်ား အတိုင္းေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။