ကျိုင်းတုံတွင် (၁၂)ဘီးတွဲကားဘရိတ်ပေါက်သောကြောင့် ယာဉ်မောင်းဖြစ်သူခုန်ချရာ ကားကြိတ်မိ၍ ပွဲချင်းပြီးသေဆုံး

 1001

ချယ်ရီ (NP News)- ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ စပါယ်ရှယ်တောင်တွင် (၁၂)ဘီးတွဲကားဘရိတ်ပေါက်သောကြောင့် ယာဉ် မောင်းဖြစ်သူခုန်ချရာ အဆိုပါကားကပြန်ကြိတ်မိ၍ ပွဲချင်းပြီးသေဆုံးသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်)၊ နံနက်ပိုင်း ၈ နာရီဝန်းကျင်အချိန်ခန့်က ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးလမ်း၊ စပါယ်ရှယ်တောင် အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက (၁၂)ဘီးတွဲကားပါ။ ကားဘရိတ်ပေါက်လို့ ကားဒါရိုက်ဘာက ခုန်ချတာပေါ့။ ခုန်ချပြီးမှ ကားကပြန်ကြိတ်မိသွားတာပါ။ ကားက အဆင်းမှာ ဖြစ်သွားတာ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အခင်းဖြစ်ချိန်၌ အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂)ဦးပါရှိသည့်အနက် အသက်(၃၀)အရွယ်ဝန်းကျင်ရှိ ယာဉ်မောင်းသူ အမျိုးသားမှာ ဦးခေါင်းပိုင်းကားကြိတ် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားမှာမူ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

“ကားက မျက်နှာပိုင်းကို ကြိတ်မိပြီး ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။ ထို့နောက် သေဆုံးသူ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရှိသူတို့ကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ စပါရှယ်တောင်တွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

zawgyi version
က်ိဳင္းတုံတြင္ (၁၂)ဘီးတြဲကားဘရိတ္ေပါက္ေသာေၾကာင့္ ယာဥ္ေမာင္းျဖစ္သူခုန္ခ်ရာ ကားႀကိတ္မိ၍ ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News)- ဒီဇင္ဘာ ၁၁

ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္ရွိ စပါယ္ရွယ္ေတာင္တြင္ (၁၂)ဘီးတြဲကားဘရိတ္ေပါက္ေသာေၾကာင့္ ယာဥ္ ေမာင္းျဖစ္သူခုန္ခ်ရာ အဆိုပါကားကျပန္ႀကိတ္မိ၍ ပြဲခ်င္းၿပီးေသဆုံးသည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း တိုင္းေနနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာလ ၁၀ ရက္)၊ နံနက္ပိုင္း ၈ နာရီဝန္းက်င္အခ်ိန္ခန႔္က က်ိဳင္းတုံၿမိဳ႕နယ္၊ က်ိဳင္းတုံ-ေတာင္ႀကီးလမ္း၊ စပါယ္ရွယ္ေတာင္ အဆင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားက (၁၂)ဘီးတြဲကားပါ။ ကားဘရိတ္ေပါက္လို႔ ကားဒါ႐ိုက္ဘာက ခုန္ခ်တာေပါ့။ ခုန္ခ်ၿပီးမွ ကားကျပန္ႀကိတ္မိသြားတာပါ။ ကားက အဆင္းမွာ ျဖစ္သြားတာ” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

အခင္းျဖစ္ခ်ိန္၌ အဆိုပါယာဥ္ေပၚတြင္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ (၂)ဦးပါရွိသည့္အနက္ အသက္(၃၀)အ႐ြယ္ဝန္းက်င္ရွိ ယာဥ္ေမာင္းသူ အမ်ိဳးသားမွာ ဦးေခါင္းပိုင္းကားႀကိတ္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ၿပီး ယာဥ္ေနာက္လိုက္ အမ်ိဳးသားမွာမူ ပြန္းပဲ့ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ေၾကာင္း သိရသည္။

“ကားက မ်က္ႏွာပိုင္းကို ႀကိတ္မိၿပီး ဆုံးသြားတာ” ဟု ၎က ေျပာသည္။ ထို႔ေနာက္ ေသဆုံးသူ ႐ုပ္အေလာင္းႏွင့္ ထိခိုက္ဒဏ္ရာရွိသူတို႔ကို က်ိဳင္းတုံျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ စပါရွယ္ေတာင္တြင္ ယာဥ္မေတာ္တဆမႈမ်ား မၾကာခဏ ျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.