စင်ကာပူမှာ အိမ်မွေးတိရစ္ဆာန် salon မှာ ခွေးတစ်ကောင်သေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ရှိ မန်နေဂျာ တရားစွဲခံရ
402
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂
စင်ကာပူမှာ အိမ်မွေးတိရစ္ဆာန် Salon တစ်ခုမှာ ခွေးတစ်ကောင်သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၁ ရက်က ဆိုင်မန်နေဂျာကို ခရိုင်တရားရုံးက တရားစွဲခဲ့တယ်လို့ သိရပါတယ်။
Pawkins SG အမည်ရှိ ခွေး salon တစ်ခုမှာ မန်နေဂျာတစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဗက်နာဆာချီ ယူရန်အာဟာ ဇူလိုင်လ ၂၄ ရက်၊ နေ့လည် ၁ နာရီ ၄၅ မိနစ် ဝန်းကျင်က ဖန်ဒီ လို့ခေါ်တဲ့ ခွေးတစ်ကောင်ကို မလိုအပ်ဘဲ နာကျင်သေဆုံးစေမှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပွားခဲ့တာဖြစ်ပြီး ခွေးဟာ ဆိုင်မှာလူမရှိတုန်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသလိုဖြစ်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ တရားရုံး စာရွက်စာတမ်းတွေအရ ချီယူဟာ ဖန်ဒီကို ပြုစုရသူဖြစ်ပြီး ခွေးကို လုံခြုံအောင် ထိန်းသိမ်းထားဖို့ ပျက်ကွက်ခဲ့ပါ တယ်။ ဒါကြောင့် ခွေးဟာ အခန်းထဲ လှည့်လည်ကြည့်ရှုရင်း လည်ပင်းမှာ ကြိုးဆွဲချသလိုဖြစ်ကာ သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်က အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ အညိုရောင် ခွေးတစ်ကောင်ဟာ စားပွဲပေါ်မှာ လည်ပင်းကို ကြိုးချည်နှောင်မိပြီး အဲဒီနေ့ နေ့လည် ၁ နာရီ ၄၂ မိနစ်က စားပွဲအောက်ပြုတ်ကျကာ ကြိုးဆွဲချသလိုဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ခွေးလေးဟာ အဲဒီနေ့ ညနေ ၃နာရီ ၁၄ မိနစ်ချိန်မှာ သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။
စင်ကာပူမှာ တိရစ္ဆာန်ကို မလိုလားအပ်ပဲ နာကျင်စေအောင် ကျူးလွန်မိသူဟာ ထောင်ဒဏ် ၂ နှစ်၊ ဒဏ်ငွေ ဒေါ်လာ ၄၀,၀၀၀ အထိ ချမှတ်ခံရနိုင်ပါတယ်။
Zawgyi Version;
စင္ကာပူမွာ အိမ္ေမြးတိရစာၦန္ salon မွာ ေခြးတစ္ေကာင္ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး တာဝန္ရွိ မန္ေနဂ်ာ တရားစြဲခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
စင္ကာပူမွာ အိမ္ေမြးတိရစာၦန္ Salon တစ္ခုမွာ ေခြးတစ္ေကာင္ေသဆုံးမႈနဲ႔ပတ္သက္ၿပီး ဒီဇင္ဘာ ၁၁ ရက္က ဆိုင္မန္ေနဂ်ာကို ခ႐ိုင္တရား႐ုံးက တရားစြဲခဲ့တယ္လို႔ သိရပါတယ္။
Pawkins SG အမည္ရွိ ေခြး salon တစ္ခုမွာ မန္ေနဂ်ာတစ္ဦးျဖစ္တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ဗက္နာဆာခ်ီ ယူရန္အာဟာ ဇူလိုင္လ ၂၄ ရက္၊ ေန႔လည္ ၁ နာရီ ၄၅ မိနစ္ ဝန္းက်င္က ဖန္ဒီ လို႔ေခၚတဲ့ ေခြးတစ္ေကာင္ကို မလိုအပ္ဘဲ နာက်င္ေသဆုံးေစမႈနဲ႔ တရားစြဲခံခဲ့ရပါတယ္။ ျဖစ္ရပ္ကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လက ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေခြးဟာ ဆိုင္မွာလူမရွိတုန္း ကိုယ့္ကိုယ္ကိုယ္ ႀကိဳးဆြဲခ်သလိုျဖစ္ၿပီး ေသဆုံးခဲ့တာျဖစ္ပါတယ္။ တရား႐ုံး စာ႐ြက္စာတမ္းေတြအရ ခ်ီယူဟာ ဖန္ဒီကို ျပဳစုရသူျဖစ္ၿပီး ေခြးကို လုံၿခဳံေအာင္ ထိန္းသိမ္းထားဖို႔ ပ်က္ကြက္ခဲ့ပါ တယ္။ ဒါေၾကာင့္ ေခြးဟာ အခန္းထဲ လွည့္လည္ၾကည့္ရႈရင္း လည္ပင္းမွာ ႀကိဳးဆြဲခ်သလိုျဖစ္ကာ ေသဆုံးခဲ့ပါတယ္။ ဇူလိုင္ ၂၄ ရက္က အင္စတာဂရမ္မွာ တင္ထားတဲ့ ဗီဒီယိုတစ္ခုမွာေတာ့ အညိဳေရာင္ ေခြးတစ္ေကာင္ဟာ စားပြဲေပၚမွာ လည္ပင္းကို ႀကိဳးခ်ည္ေႏွာင္မိၿပီး အဲဒီေန႔ ေန႔လည္ ၁ နာရီ ၄၂ မိနစ္က စားပြဲေအာက္ျပဳတ္က်ကာ ႀကိဳးဆြဲခ်သလိုျဖစ္သြားခဲ့ပါတယ္။ အဲဒီေနာက္ေခြးေလးဟာ အဲဒီေန႔ ညေန ၃နာရီ ၁၄ မိနစ္ခ်ိန္မွာ ေသဆုံးသြားခဲ့ တယ္လို႔ သိရပါတယ္။
စင္ကာပူမွာ တိရစာၦန္ကို မလိုလားအပ္ပဲ နာက်င္ေစေအာင္ က်ဴးလြန္မိသူဟာ ေထာင္ဒဏ္ ၂ ႏွစ္၊ ဒဏ္ေငြ ေဒၚလာ ၄၀,၀၀၀ အထိ ခ်မွတ္ခံရႏိုင္ပါတယ္။