လက်နက်ကိုင်များသည် ဖက်ဒရယ်ဒီမိုကရေစီစကားလုံးဖြင့် မိတ်ကပ်လိမ်းထားသည့် ဘီလူးခေါင်းများသာဖြစ်ဟု ဝေဖန်
823
မြူနစ် (NP News) - ဒီဇင်ဘာ ၁၂
လက်နက်ကိုင်အဖွဲ့များသည် ဖက်ဒရယ်၊ ဒီမိုကရေစီစကားလုံးကို မိတ်ကပ်သဖွယ် လိမ်းထား သော ဘီလူးခေါင်းများသာဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ က ဝေဖန်ပြောကြားသည်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ NP News ကို အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ မည်သည့် လက် နက်ကိုင်အဖွဲ့မဆို ၎င်းတို့သည်ကိုယ်ကျိုးစီးပွားအတွက် အဓိကထားလုပ်ဆောင်နေလျက်ရှိပြီး ဖက်ဒရယ် ဒီမိုကရေစီရရှိရေးဆိုသော စကားလုံးသည်နားထောင်ကောင်းရန်သာ ပြောဆိုခြင်းဖြစ်ကြောင်း ဦးစိုင်းဌေးအောင်က ဆိုသည်။ “တိုင်းပြည်ရဲ့ သယံဇာတကို ထုတ်ရောင်းတယ်ဆိုတာက လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လောက်ပဲ ကြီးပွားကြတာ။ အောက်ခြေကလူက သေပေးနေကြရတာ။ ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့ဆိုတာက သူတို့အနေနဲ့ကတော့ ပြောရမယ်ဆိုရင် မိတ်ကပ်လိမ်းတာပေါ့။ အ နောက်မှာတော့ ဘီလူးခေါင်းပါပဲ။ ဘယ်လောက်ပဲ မိတ်ကပ်လိမ်းလိမ်း ဘီလူးခေါင်းက ပေါ်နေပြီးသား ပါ” ဟုရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးစိုင်းဌေးအောင်က ပြောသည်။
နိုင်ငံအတွင်း၌ လက်နက်ကိုင်တစ်ဖွဲ့တိုးသည့်အခါတိုင်းတွင် ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး ပိုကြီးစေကြောင်းလည်း ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌက ဝေဖန်ထားသည်။ "လက် နက်ကိုင်တစ်ဖွဲ့ တိုးလာပြီဆိုရင်တော့ သူတို့ရဲ့ပစ်မှတ်က ပြည်သူပဲလေ။ လူအင်အားလိုရင်လည်း ပြည်သူ့ဆီမှာပဲ ကောက်တယ်။ နောက်ပြီးတော့ သူတို့အနေနဲ့ ရိက္ခာတွေ၊ ငွေရေးကြေးရေးတွေ လိုအပ်ရင်လည်း ပြည်သူ့ဆီမှာပဲ ကောက်တယ်။ ဒါကြောင့်မိုလို့ ပြည်သူဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာရတယ်။ နောက်ပြီးတော့ တိုင်းပြည်ရဲ့သယံဇာတ တွေဆိုရင်လည်း အောက်လမ်းကနေ အကုန်ခိုး ထုတ် ကြတာက လက်နက်ကိုင်အဖွဲ့အစည်းတွေပါ။ လက်နက်ကိုင်အဖွဲ့အစည်းလို့ပြောရင် တပ်မတော်လည်း ပါပါတယ်။ နိုင်ငံကို ချစ်တယ်ဆိုရင်တော့ မြေပေါ်မြေအောက်သယံဇာတတွေကို ထိန်းသိမ်း စောင့် ရှောက်ရမှာပါ လက်နက်ကိုင်တွေက။ အခုဟာက လက်နက်ကိုင်တဲ့သူတွေက အကုန်ခိုးထုတ်တယ်။ နောက်ပြီးတော့ ပြည်သူတွေကိုလည်း နှိပ်စက်ကြတယ်။ အဲဒါကြောင့် လက်နက်ကိုင်တစ်ဖွဲ့ တိုးတိုင်း၊ တိုးတိုင်းမှာ ပြည်သူမှာ ဝန်ထုပ်ဝန်ပိုးပိုကြီးလာတယ် လို့ကျွန်တော့်အနေနဲ့ပြောချင်တာပါ” ဟု ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။
လက်ရှိ နစကအစိုးရလက်ထက်အတွင်း၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် လက်နက်မဲ့ အ ရပ်သားပြည်သူ (၁၀ဝဝဝ) နီးပါးကို လက်နက်ကိုင်အဖွဲ့အစည်းများက ခေါင်းစဉ်အမျိုးမျိုးဖြင့် စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်ထားသည်။ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစ၍ (၂၀၂၄) ခုနှစ် စက်တင်ဘာလ အထိ စစ်ကိုင်းတိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၀၉) ဦး၊ စစ်မှုထမ်းဟောင်း (၁၈) ဦးနှင့် ဒလန်ဟု စွပ်စွဲခံခဲ့ရသော အရပ်သားပြည်သူ (၁၈၈၄) ဦး စုစုပေါင်း (၂၀၁၁) ဦးကို အကြမ်းဖက် လက်နက်ကိုင်များ က သတ်ဖြတ်ခဲ့သည်။ ထို့အတူ မန္တလေးတိုင်းတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး(၂၇၂)ဦး၊ စစ်မှုထမ်း ဟောင်း (၁၂)ဦးနှင့် ဒလန်ဟုစွပ်စွဲခံရသော အရပ်သားပြည်သူ (၁၁၂၂)ဦး စုစုပေါင်း (၁၄၀၆)ဦးကို အကြမ်း ဖက်လက်နက်ကိုင်များကပင် သတ်ဖြတ်ခဲ့ကြသည်။
“ဒီပဋိပက္ခကို ကျွန်တော့်အမြင်ကတော့ စားပွဲဝိုင်း ပေါ်မှာပဲ ဖြေရှင်းစေချင်ပါတယ်။ လိုအပ်တာရှိရင်လည်း တပ်မတော်ဘက်က မလိုက်လျောတာ မဟုတ် ဘူး။ လိုက်လျောပေးတယ်။ အကောင်အထည် ဖော်မှုတွေလည်း တောက်လျှောက်လုပ်ပေးနေတာရှိ တယ်။ အခုကတော့ လက်နက်နဲ့ နှစ်ဦးနှစ်ဖက် တိုက်နေတဲ့အခါကျတော့ သေကျေပျက်စီးတဲ့သူ အားလုံးက မြန်မာနိုင်ငံသားတွေလေ။ အဲဒီအခါကျတော့ လူသားအရင်းအမြစ်တွေအများကြီးဆုံးရှုံးတာပေါ့။ ဒါကြောင့်မိုလို့ ဒီပဋိပက္ခ ပြေငြိမ်းသွားအောင် လက်နက်နဲ့ဖြေရှင်းလို့မရပါဘူး။ စားပွဲဝိုင်းနဲ့ပဲ ဖြေရှင်း ရမယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ရှမ်းနီ အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။
zawgyi version
လက္နက္ကိုင္မ်ားသည္ ဖက္ဒရယ္ဒီမိုကေရစီစကားလုံးျဖင့္ မိတ္ကပ္လိမ္းထားသည့္ ဘီလူးေခါင္းမ်ား သာ ျဖစ္ဟု ေဝဖန္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၂
လက္နက္ကိုင္အဖြဲ႕မ်ားသည္ ဖက္ဒရယ္၊ ဒီမိုကေရစီစကားလုံးကို မိတ္ကပ္သဖြယ္ လိမ္းထား ေသာ ဘီလူးေခါင္းမ်ားသာျဖစ္ေၾကာင္း တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီဥကၠ႒ က ေဝဖန္ေျပာၾကားသည္။
တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီဥကၠ႒ ဦးစိုင္းေဌးေအာင္က လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ပတ္သက္၍ NP News ကို အထက္ပါကဲ့သို႔ ေျပာဆိုထားျခင္းျဖစ္သည္။ မည္သည့္ လက္ နက္ကိုင္အဖြဲ႕မဆို ၎တို႔သည္ကိုယ္က်ိဳးစီးပြားအတြက္ အဓိကထားလုပ္ေဆာင္ေနလ်က္ရွိၿပီး ဖက္ဒရယ္ ဒီမိုကေရစီရရွိေရးဆိုေသာ စကားလုံးသည္နားေထာင္ေကာင္းရန္သာ ေျပာဆိုျခင္းျဖစ္ေၾကာင္း ဦးစိုင္းေဌးေအာင္က ဆိုသည္။ “တိုင္းျပည္ရဲ႕ သယံဇာတကို ထုတ္ေရာင္းတယ္ဆိုတာက လက္နက္ကိုင္အဖြဲ႕အစည္းရဲ႕ ေခါင္းေဆာင္ေလာက္ပဲ ႀကီးပြားၾကတာ။ ေအာက္ေျခကလူက ေသေပးေနၾကရတာ။ ဖက္ဒရယ္တို႔၊ ဒီမိုကေရစီတို႔ဆိုတာက သူတို႔အေနနဲ႔ကေတာ့ ေျပာရမယ္ဆိုရင္ မိတ္ကပ္လိမ္းတာေပါ့။ အ ေနာက္မွာေတာ့ ဘီလူးေခါင္းပါပဲ။ ဘယ္ေလာက္ပဲ မိတ္ကပ္လိမ္းလိမ္း ဘီလူးေခါင္းက ေပၚေနၿပီးသား ပါ” ဟုရွမ္းနီအမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ဦးစိုင္းေဌးေအာင္က ေျပာသည္။
ႏိုင္ငံအတြင္း၌ လက္နက္ကိုင္တစ္ဖြဲ႕တိုးသည့္အခါတိုင္းတြင္ ျပည္သူလူထုအတြက္ ဝန္ထုပ္ဝန္ပိုး ပိုႀကီးေစေၾကာင္းလည္း ရွမ္းနီအမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီဥကၠ႒က ေဝဖန္ထားသည္။ "လက္ နက္ကိုင္တစ္ဖြဲ႕ တိုးလာၿပီဆိုရင္ေတာ့ သူတို႔ရဲ႕ပစ္မွတ္က ျပည္သူပဲေလ။ လူအင္အားလိုရင္လည္း ျပည္သူ႔ဆီမွာပဲ ေကာက္တယ္။ ေနာက္ၿပီးေတာ့ သူတို႔အေနနဲ႔ ရိကၡာေတြ၊ ေငြေရးေၾကးေရးေတြ လိုအပ္ရင္လည္း ျပည္သူ႔ဆီမွာပဲ ေကာက္တယ္။ ဒါေၾကာင့္မိုလို႔ ျပည္သူဟာ ဝန္ထုပ္ဝန္ပိုးတစ္ခုျဖစ္လာရတယ္။ ေနာက္ၿပီးေတာ့ တိုင္းျပည္ရဲ႕သယံဇာတ ေတြဆိုရင္လည္း ေအာက္လမ္းကေန အကုန္ခိုး ထုတ္ ၾကတာက လက္နက္ကိုင္အဖြဲ႕အစည္းေတြပါ။ လက္နက္ကိုင္အဖြဲ႕အစည္းလို႔ေျပာရင္ တပ္မေတာ္လည္း ပါပါတယ္။ ႏိုင္ငံကို ခ်စ္တယ္ဆိုရင္ေတာ့ ေျမေပၚေျမေအာက္သယံဇာတေတြကို ထိန္းသိမ္း ေစာင့္ ေရွာက္ရမွာပါ လက္နက္ကိုင္ေတြက။ အခုဟာက လက္နက္ကိုင္တဲ့သူေတြက အကုန္ခိုးထုတ္တယ္။ ေနာက္ၿပီးေတာ့ ျပည္သူေတြကိုလည္း ႏွိပ္စက္ၾကတယ္။ အဲဒါေၾကာင့္ လက္နက္ကိုင္တစ္ဖြဲ႕ တိုးတိုင္း၊ တိုးတိုင္းမွာ ျပည္သူမွာ ဝန္ထုပ္ဝန္ပိုးပိုႀကီးလာတယ္ လို႔ကြၽန္ေတာ့္အေနနဲ႔ေျပာခ်င္တာပါ” ဟု ဥကၠ႒ ဦးစိုင္းေဌးေအာင္က ေျပာသည္။
လက္ရွိ နစကအစိုးရလက္ထက္အတြင္း၌ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ လက္နက္မဲ့ အ ရပ္သားျပည္သူ (၁၀ဝဝဝ) နီးပါးကို လက္နက္ကိုင္အဖြဲ႕အစည္းမ်ားက ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ စြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္ထားသည္။ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ (၂၀၂၄) ခုႏွစ္ စက္တင္ဘာလ အထိ စစ္ကိုင္းတိုင္းတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး (၁၀၉) ဦး၊ စစ္မႈထမ္းေဟာင္း (၁၈) ဦးႏွင့္ ဒလန္ဟု စြပ္စြဲခံခဲ့ရေသာ အရပ္သားျပည္သူ (၁၈၈၄) ဦး စုစုေပါင္း (၂၀၁၁) ဦးကို အၾကမ္းဖက္ လက္နက္ကိုင္မ်ား က သတ္ျဖတ္ခဲ့သည္။ ထို႔အတူ မႏၲေလးတိုင္းတြင္လည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး(၂၇၂)ဦး၊ စစ္မႈထမ္း ေဟာင္း (၁၂)ဦးႏွင့္ ဒလန္ဟုစြပ္စြဲခံရေသာ အရပ္သားျပည္သူ (၁၁၂၂)ဦး စုစုေပါင္း (၁၄၀၆)ဦးကို အၾကမ္း ဖက္လက္နက္ကိုင္မ်ားကပင္ သတ္ျဖတ္ခဲ့ၾကသည္။
“ဒီပဋိပကၡကို ကြၽန္ေတာ့္အျမင္ကေတာ့ စားပြဲဝိုင္း ေပၚမွာပဲ ေျဖရွင္းေစခ်င္ပါတယ္။ လိုအပ္တာရွိရင္လည္း တပ္မေတာ္ဘက္က မလိုက္ေလ်ာတာ မဟုတ္ ဘူး။ လိုက္ေလ်ာေပးတယ္။ အေကာင္အထည္ ေဖာ္မႈေတြလည္း ေတာက္ေလွ်ာက္လုပ္ေပးေနတာရွိ တယ္။ အခုကေတာ့ လက္နက္နဲ႔ ႏွစ္ဦးႏွစ္ဖက္ တိုက္ေနတဲ့အခါက်ေတာ့ ေသေက်ပ်က္စီးတဲ့သူ အားလုံးက ျမန္မာႏိုင္ငံသားေတြေလ။ အဲဒီအခါက်ေတာ့ လူသားအရင္းအျမစ္ေတြအမ်ားႀကီးဆုံးရႈံးတာေပါ့။ ဒါေၾကာင့္မိုလို႔ ဒီပဋိပကၡ ေျပၿငိမ္းသြားေအာင္ လက္နက္နဲ႔ေျဖရွင္းလို႔မရပါဘူး။ စားပြဲဝိုင္းနဲ႔ပဲ ေျဖရွင္း ရမယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္ပါတယ္” ဟု ရွမ္းနီ အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီဥကၠ႒ ဦးစိုင္းေဌးေအာင္က ေျပာသည္။