ကြောက်မက်ဖွယ်ဗိုင်းရပ်စ်ပိုး ဖန်ပြွန်များ ပျောက်ဆုံးမှုနှင့် အတင်းဆက်စပ်၍ တရုတ်ပြည်တွင် နော်ရိုဗိုင်းရပ်စ်ရော ဂါ ကူးစက်ပျံ့နှံလျက်ရှိကြောင်း သတင်းမှားများ ပလူပျံနေ
12491
Htay Oung (NP News) - ဒီဇင်ဘာ ၁၃
ဇီဝလုံခြုံရေး ဓါတ်ခွဲခန်းတစ်ခုက ကြောက်မက်ဖွယ် ဗိုင်းရပ်စ်ပိုးများ ပါဝင်တဲ့ စမ်းသပ်ဖန်ပြွန် အချောင်း ၃၀၀ ကျော် ပျောက်ဆုံးနေတယ်ဆိုတာ သတင်းအမှန်ပါ။ အဲဒါ သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ် လူထုကျန်းမာရေးဌာန ဓါတ်ခွဲခန်းမှဖြစ်ပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် ၂၀၂၄ ခုနှစ် Fox News မှာ ဖော်ပြခြင်းကြောင့် သတင်းမှန် ဖြစ်ပါလိမ့်မယ်။
တိရစ္ဆာန်မှ လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုး ၃ မျိုးခန့်ပါ စမ်းသပ်ဖန်ပြွန် ၃၂၃ ချောင်း ပျောက်ဆုံးနေတာ လွန်ခဲ့တဲ့ ၂၀၂၃ နှစ် သြဂုတ်လ ကတည်းက ဖြစ်ပါတယ်။ ပျောက်ဆုံးနေကြောင်း အခုမှ သိကြပြီး ဘယ်ပုံဘယ်နည်း ပျောက်ဆုံးတယ်ဆိုတာ တာဝန်ရှိသူများ ကိုယ်တိုင် ရှင်းမပြနိုင်သေးပါ။
အဲဒီ ဗိုင်းရပ်စ်တွေ ကူးစက်ခံရရင် ကြောက်စရာကောင်းတဲ့ အပြင်းစားရောဂါလက္ခဏာများကို ပြသလေ့ရှိ တယ်လို့ ဆိုပါတယ်။ အဲဒီ ပျောက်ဆုံး ဗိုင်းရပ်စ်ပိုး ဖန်ပြွန်များနဲ့ တရုတ်ပြည်မှာ ဖြစ်ပွားနေတယ်ဆိုတဲ့ နော်ရိုဗိုင်းရပ်စ် Norovirus ရောဂါဆိုတာ ဘာအဆက်အစပ်မှ မရှိကြောင်း ဘက်လှမ်းမီသမျှ နိုင်ငံတကာသတင်းများအရ တွေ့ရှိရပါတယ်။
နော်ရိုဗိုင်းရပ်စ် (Norwalk နော်ဝေါ့လ်ခ် ဗိုင်းရပ်စ်) ဆိုတာ မစင်နဲ့ ခံတွင်းလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး အော့အန်၊ ဝမ်းဗိုက် မအီမသာဖြစ်၊ သွေးစ မပါဝင်တဲ့ ဝမ်းလျော၊ ခေါင်းကိုက်၊ ဖျားနာ ဝေဒနာများ ခံစားရလေ့ရှိ ပါတယ်။ ရောဂါပိုးနဲ့ ထိတွေ့ပြီး ၁၂ နာရီမှ ၄၈ နာရီအတွင်း ဝေဒနာ ခံစားရနိုင်ပါတယ်။ ပုံမှန်အားဖြင့် တစ်ရက်မှ ၃ ရက်အတွင်း ပျောက်ကင်းလေ့ရှိပြီး နောက်ဆက်တွဲပြဿနာ အလွန်နည်းပေမယ့် ရေဓါတ်ခန်းခြောက်လေ့ရှိတာ ကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ အခြားရောဂါအခံရှိသူများအတွက် ဂရုစိုက်သင့်ပါတယ်။
အဲဒီရောဂါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှာဖြစ်ပွားကြောင်း လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ တွေ့ရှိရပါတယ်။ တရုတ် နိုင်ငံရောဂါထိန်းချုပ်ရေး CDC ရဲ့ ကန်တုံပြည်နယ် မူလတန်းကျောင်းများအတွက် သတိပေးချက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်က ထုတ်ပြန်ပါတယ်။ တကယ်တော့ အဲဒီဗိုင်းရပ်စ်ရောဂါဟာ အစားအသောက်လတ်ဆတ်မှုနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိကြောင်း သိရှိရပါတယ်။ တရုတ်ပြည်ကျမှ အထူး စပါယ်ရှယ်ဖြစ်ပွားခြင်းလည်း မဟုတ်ပဲ တစ်နှစ်လျှင် ကမ္ဘာတစ်ဝှန်း ကူးစက်မှုပေါင်း ၆၈၅ သန်းနဲ့ သေဆုံးသူ ၂၀၀,၀၀၀ ခန့်ရှိပါတယ်။ အသက် ၅ နှစ်အောက် ကလေးငယ်များမှာ အများဆုံးဖြစ်တတ်ပြီး နော်ရိုဗိုင်းရပ်စ် ကူးစက်မှုကို ဆောင်းရာသီမှာ ပိုပြီး အဖြစ်များပါတယ်။
အမေရိကန်လို အစားအသောက်သန့်သန့် ဂရုစိုက်တဲ့ တိုင်းပြည်မျိုးမှာတောင် ဝါးတီးဆွဲလို့ ဖြစ်ပွားရတဲ့ရောဂါထက် ဝက်မှာ နော်ရိုဗိုင်းရပ်စ်ကြောင့်ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ် အမေရိကန် အိုဟိုင်းယိုးပြည်နယ် နော်ဝေါ့လ်ခ်မြို့မှာ စတင်တွေ့ရှိရလို့ ရောဂါပိုးနာမည်ကိုက အဲဒီအမည် တွင်နေခြင်းပါ။
အစားအသောက်သန့်သန့်နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်ရရှိပြီးသား အမေရိကန်လို ဖွံ့ဖြိုးပြီး တိုင်းပြည် ကြီးမှာတောင် အဲဒီလိုဖြစ်နေရင် ပုပ်နေသိုးနေသလား ဆိုးဆေးပါသလား သေချာမသိ ကောင်းလည်းစား၊ မကောင်းလည်းစား လက်ကို ရေဆွတ်ရုံဆွတ်ပြီး ကြုံသမျှ အကုန်ကြိတ်လေ့ရှိတဲ့ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ တိုင်းပြည်နေသူများဆို ဘယ့်နှယ့်ပြောရမှန်း မသိတော့ပါ။
ဆိုတော့ကာ သိပ်ကြောက်စရာမဟုတ်တဲ့ အာဂန္တုကူးစက်ရောဂါဖြစ်ပေမယ့် မဿေသင့်ပဲဿေရတာမျိုး မဖြစ်ရ အောင် သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ဖြစ်ဖို့၊ အစားအစာကိုင်တွယ်တဲ့အခါ တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်မှ တစ်ခါသေဖူး အထူးကုဆေးရုံဖိုး နားလည်မဖြစ်ပဲ ရှောင်ရှားနိုင်ပါလိမ့်မယ်။
အခုလို သတင်းတုသတင်းမှားများ ပျံ့လွင့်ရခြင်းဟာ YouTube မှ အစပြုကြောင်း တွေ့ရပါတယ်။ YouTube မှာ ပိုက်ဆံရှာလို့ ရကြောင်း သိသူတို့ဟာ Like များများ၊ ကြည့်ရှုသူ Viewer များများ ရရှိအောင် အခုလို ပြူးတူပြဲတဲ သတင်းများနဲ့ ဂျင်းထည့်တာဖြစ်နိုင်ပါတယ်။
ကျွန်တော့်အထင် YouTube သတင်းများရဲ့ ၈၅ ရာခိုင်နှုန်းဟာ ငပိန်းဖမ်းခြင်းတွေဖြစ်နိုင်ပါတယ်။ ဘူမသိ ကိုးမသိ ထူးဆန်းတယ်ထင်တိုင်း သိမ်းကြုံး ရှယ်နေရင်တော့ သူတို့အကုသိုလ်ထဲ ကိုယ်ပါ အမှုတွဲဖြစ်ရပါလိမ့်မယ်။
#HtayOung, #OungMarine #Norwalk #Norovirus #NorwalkVirus
Zawgyi Version;
ေၾကာက္မက္ဖြယ္ဗိုင္းရပ္စ္ပိုး ဖန္ႁပြန္မ်ား ေပ်ာက္ဆုံးမႈႏွင့္ အတင္းဆက္စပ္၍ တ႐ုတ္ျပည္တြင္ ေနာ္႐ိုဗိုင္းရပ္စ္ေရာ ဂါ ကူးစက္ပ်ံ႕ႏွံလ်က္ရွိေၾကာင္း သတင္းမွားမ်ား ပလူပ်ံေန
Htay Oung (NP News) - ဒီဇင္ဘာ ၁၃
ဇီဝလုံၿခဳံေရး ဓါတ္ခြဲခန္းတစ္ခုက ေၾကာက္မက္ဖြယ္ ဗိုင္းရပ္စ္ပိုးမ်ား ပါဝင္တဲ့ စမ္းသပ္ဖန္ႁပြန္ အေခ်ာင္း ၃၀၀ ေက်ာ္ ေပ်ာက္ဆုံးေနတယ္ဆိုတာ သတင္းအမွန္ပါ။ အဲဒါ ၾသစေၾတးလ်ႏိုင္ငံ ကြင္းစ္လန္းျပည္နယ္ လူထုက်န္းမာေရးဌာန ဓါတ္ခြဲခန္းမွျဖစ္ၿပီး လြန္ခဲ့တဲ့ ဒီဇင္ဘာလ ၁၀ ရက္ ၂၀၂၄ ခုႏွစ္ Fox News မွာ ေဖာ္ျပျခင္းေၾကာင့္ သတင္းမွန္ ျဖစ္ပါလိမ့္မယ္။
တိရစာၦန္မွ လူကို ကူးစက္ႏိုင္တဲ့ ဗိုင္းရပ္စ္ပိုး ၃ မ်ိဳးခန႔္ပါ စမ္းသပ္ဖန္ႁပြန္ ၃၂၃ ေခ်ာင္း ေပ်ာက္ဆုံးေနတာ လြန္ခဲ့တဲ့ ၂၀၂၃ ႏွစ္ ၾသဂုတ္လ ကတည္းက ျဖစ္ပါတယ္။ ေပ်ာက္ဆုံးေနေၾကာင္း အခုမွ သိၾကၿပီး ဘယ္ပုံဘယ္နည္း ေပ်ာက္ဆုံးတယ္ဆိုတာ တာဝန္ရွိသူမ်ား ကိုယ္တိုင္ ရွင္းမျပႏိုင္ေသးပါ။
အဲဒီ ဗိုင္းရပ္စ္ေတြ ကူးစက္ခံရရင္ ေၾကာက္စရာေကာင္းတဲ့ အျပင္းစားေရာဂါလကၡဏာမ်ားကို ျပသေလ့ရွိ တယ္လို႔ ဆိုပါတယ္။ အဲဒီ ေပ်ာက္ဆုံး ဗိုင္းရပ္စ္ပိုး ဖန္ႁပြန္မ်ားနဲ႔ တ႐ုတ္ျပည္မွာ ျဖစ္ပြားေနတယ္ဆိုတဲ့ ေနာ္႐ိုဗိုင္းရပ္စ္ Norovirus ေရာဂါဆိုတာ ဘာအဆက္အစပ္မွ မရွိေၾကာင္း ဘက္လွမ္းမီသမွ် ႏိုင္ငံတကာသတင္းမ်ားအရ ေတြ႕ရွိရပါတယ္။
ေနာ္႐ိုဗိုင္းရပ္စ္ (Norwalk ေနာ္ေဝါ့လ္ခ္ ဗိုင္းရပ္စ္) ဆိုတာ မစင္နဲ႔ ခံတြင္းလမ္းေၾကာင္းမွတဆင့္ ကူးစက္တတ္ၿပီး ေအာ့အန္၊ ဝမ္းဗိုက္ မအီမသာျဖစ္၊ ေသြးစ မပါဝင္တဲ့ ဝမ္းေလ်ာ၊ ေခါင္းကိုက္၊ ဖ်ားနာ ေဝဒနာမ်ား ခံစားရေလ့ရွိ ပါတယ္။ ေရာဂါပိုးနဲ႔ ထိေတြ႕ၿပီး ၁၂ နာရီမွ ၄၈ နာရီအတြင္း ေဝဒနာ ခံစားရႏိုင္ပါတယ္။ ပုံမွန္အားျဖင့္ တစ္ရက္မွ ၃ ရက္အတြင္း ေပ်ာက္ကင္းေလ့ရွိၿပီး ေနာက္ဆက္တြဲျပႆနာ အလြန္နည္းေပမယ့္ ေရဓါတ္ခန္းေျခာက္ေလ့ရွိတာ ေၾကာင့္ ကေလးငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ားနဲ႔ အျခားေရာဂါအခံရွိသူမ်ားအတြက္ ဂ႐ုစိုက္သင့္ပါတယ္။
အဲဒီေရာဂါနဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားေၾကာင္း လြန္ခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီမွာ ေတြ႕ရွိရပါတယ္။ တ႐ုတ္ ႏိုင္ငံေရာဂါထိန္းခ်ဳပ္ေရး CDC ရဲ႕ ကန္တုံျပည္နယ္ မူလတန္းေက်ာင္းမ်ားအတြက္ သတိေပးခ်က္ကို ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္က ထုတ္ျပန္ပါတယ္။ တကယ္ေတာ့ အဲဒီဗိုင္းရပ္စ္ေရာဂါဟာ အစားအေသာက္လတ္ဆတ္မႈနဲ႔ တစ္ကိုယ္ရည္သန႔္ရွင္းမႈအားနည္းျခင္းေၾကာင့္ ျဖစ္ပြားေလ့ရွိေၾကာင္း သိရွိရပါတယ္။ တ႐ုတ္ျပည္က်မွ အထူး စပါယ္ရွယ္ျဖစ္ပြားျခင္းလည္း မဟုတ္ပဲ တစ္ႏွစ္လွ်င္ ကမာၻတစ္ဝွန္း ကူးစက္မႈေပါင္း ၆၈၅ သန္းနဲ႔ ေသဆုံးသူ ၂၀၀,၀၀၀ ခန႔္ရွိပါတယ္။ အသက္ ၅ ႏွစ္ေအာက္ ကေလးငယ္မ်ားမွာ အမ်ားဆုံးျဖစ္တတ္ၿပီး ေနာ္႐ိုဗိုင္းရပ္စ္ ကူးစက္မႈကို ေဆာင္းရာသီမွာ ပိုၿပီး အျဖစ္မ်ားပါတယ္။
အေမရိကန္လို အစားအေသာက္သန႔္သန႔္ ဂ႐ုစိုက္တဲ့ တိုင္းျပည္မ်ိဳးမွာေတာင္ ဝါးတီးဆြဲလို႔ ျဖစ္ပြားရတဲ့ေရာဂါထက္ ဝက္မွာ ေနာ္႐ိုဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပါတယ္။ ၁၉၆၈ ခုႏွစ္ အေမရိကန္ အိုဟိုင္းယိုးျပည္နယ္ ေနာ္ေဝါ့လ္ခ္ၿမိဳ႕မွာ စတင္ေတြ႕ရွိရလို႔ ေရာဂါပိုးနာမည္ကိုက အဲဒီအမည္ တြင္ေနျခင္းပါ။
အစားအေသာက္သန႔္သန႔္နဲ႔ တစ္ကိုယ္ေရသန႔္ရွင္းမႈ အေလ့အက်င့္ရရွိၿပီးသား အေမရိကန္လို ဖြံ႕ၿဖိဳးၿပီး တိုင္းျပည္ ႀကီးမွာေတာင္ အဲဒီလိုျဖစ္ေနရင္ ပုပ္ေနသိုးေနသလား ဆိုးေဆးပါသလား ေသခ်ာမသိ ေကာင္းလည္းစား၊ မေကာင္းလည္းစား လက္ကို ေရဆြတ္႐ုံဆြတ္ၿပီး ႀကဳံသမွ် အကုန္ႀကိတ္ေလ့ရွိတဲ့ ကြၽန္ေတာ္တို႔လို ဖြံ႕ၿဖိဳးဆဲ တိုင္းျပည္ေနသူမ်ားဆို ဘယ့္ႏွယ့္ေျပာရမွန္း မသိေတာ့ပါ။
ဆိုေတာ့ကာ သိပ္ေၾကာက္စရာမဟုတ္တဲ့ အာဂႏၲဳကူးစက္ေရာဂါျဖစ္ေပမယ့္ မေႆသင့္ပဲေႆရတာမ်ိဳး မျဖစ္ရ ေအာင္ သန႔္ရွင္းၿပီး က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ျဖစ္ဖို႔၊ အစားအစာကိုင္တြယ္တဲ့အခါ တစ္ကိုယ္ရည္ သန႔္ရွင္းေရး ဂ႐ုစိုက္မွ တစ္ခါေသဖူး အထူးကုေဆး႐ုံဖိုး နားလည္မျဖစ္ပဲ ေရွာင္ရွားႏိုင္ပါလိမ့္မယ္။
အခုလို သတင္းတုသတင္းမွားမ်ား ပ်ံ႕လြင့္ရျခင္းဟာ YouTube မွ အစျပဳေၾကာင္း ေတြ႕ရပါတယ္။ YouTube မွာ ပိုက္ဆံရွာလို႔ ရေၾကာင္း သိသူတို႔ဟာ Like မ်ားမ်ား၊ ၾကည့္ရႈသူ Viewer မ်ားမ်ား ရရွိေအာင္ အခုလို ျပဴးတူၿပဲတဲ သတင္းမ်ားနဲ႔ ဂ်င္းထည့္တာျဖစ္ႏိုင္ပါတယ္။
ကြၽန္ေတာ့္အထင္ YouTube သတင္းမ်ားရဲ႕ ၈၅ ရာခိုင္ႏႈန္းဟာ ငပိန္းဖမ္းျခင္းေတြျဖစ္ႏိုင္ပါတယ္။ ဘူမသိ ကိုးမသိ ထူးဆန္းတယ္ထင္တိုင္း သိမ္းႀကဳံး ရွယ္ေနရင္ေတာ့ သူတို႔အကုသိုလ္ထဲ ကိုယ္ပါ အမႈတြဲျဖစ္ရပါလိမ့္မယ္။
#HtayOung, #OungMarine #Norwalk #Norovirus #NorwalkVirus