aerial hoop ပြကွက်တွေပြသခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုချိုးဖျက်နိုင်ခဲ့တဲ့ ဩစတြေးလျ ဆပ်ကပ်ဖျော်ဖြေသူအမျိုးသမီး

 246

Pika (NP News) - ဒီဇင်ဘာ ၁၃

ဩစတြေးလျနိုင်ငံရှိ ဆပ်ကပ်ဖျော်ဖြေသူ တစ်ဦးသည် aerial hoop ပြကွက်များပြသကာ တစ်ရက်အတွင်း ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၂၃)နှစ်အရွယ် ချာလီမက်ဆိုသည့်အမျိုးသမီးသည် ဂီလောင်းမြို့ရှိ အားကစားရုံတွင် longest duration shoulder blade hang on aerial hoop နှင့် အချိန်တစ်မိနစ်အတွင်း aerial hoop somersaults အများဆုံး ပြနိုင်သည့် (အမျိုးသမီး) ဂင်းနစ်စံချိန်တို့ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချာလီမက်က “တစ်ယောက်ယောက်က ဝေဟင်ပြကွက်တွေကို ကျွမ်းကျွမ်းကျင်ကျင်ပြသနေတာကို အင်စတာဂရမ်မှာ ကျွန်မတွေ့ခဲ့ပါတယ်။ ပြီးတော့ အသက် (၇)နှစ်၊ (၈)နှစ် လောက်တည်းက လုပ်ခဲ့တဲ့ ကျွမ်းကျင်မှုတစ်ခုက ကျွန်မအတွက်လွယ်ကူတဲ့ လေ့ကျင့်မှုတစ်ခုလို့ တွေးမိပါတယ်။ အဲဒါ ကြောင့် ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပြီး ဘယ် လောက်လုပ်နိုင်လဲဆိုတာ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟုပြောဆိုခဲ့သည်။

အဆိုပါပြကွက်များကို လုပ်ဆောင်ခဲ့ပြီးနောက် ၎င်း၏တံကောက်ကြောတွင် ဒဏ်ရာများရရှိခဲ့ပြီး ကြွက်တက်ခြင်းကဲ့သို့ အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း ချာလီမက်က ပြောဆိုခဲ့သည်။ ချာလီမက် က “ဒီပြကွက်ကို ပြခဲ့ပြီးတော့ ကျွန်မမူးဝေသွားပြီး မတ်တတ်တောင်မရပ်နိုင်တော့ပါဘူး” ဟု ပြောဆိုခဲ့ သည်။ ချာလီမက်သည် စုစုပေါင်း ကျွမ်းပစ်မှု (၅၃)ကြိမ်အထိ လုပ်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုး ဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူသည် ကျွမ်းပစ်မှု(၄၇)ကြိမ်အထိ လုပ်ပြခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ချာလီမက်က “ဒီစံချိန်တွေနဲ့ ပတ်သက်ပြီး အခက်ခဲဆုံးအပိုင်းကတော့ အကောင်းဆုံးလုပ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အားပေးခဲ့ရတာပါပဲ။ ပြီးတော့ ဒီလိုမျိုး ဂင်းနစ်စံချိန်တွေ ချိုးဖျက်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာမိပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
Pika (NP News) - ဒီဇင်ဘာ ၁၃





Related news

© 2021. All rights reserved.