၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်များ

 387

ရဲထက် (NP News) - ဒီဇင်ဘာ ၁၃

၂၀၂၄-၂၀၂၅ ခုနှစ်ရဲ့ အင်္ဂလန်ပရီးမီး ယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၁၆)ကိုရောက်ရှိလာချိန်မှာ‌တော့ ပရီးမီးယား လိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေအပြင် ဥရောပဝင်ခွင့်တစ်နေရာအတွက်ပါ ပြိုင်ဆိုင်မှုတွေကို မြင်တွေ့လာရ တော့မှာဖြစ်ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ လီဗာပူးလ် အသင်းက ရမှတ်(၉)မှတ်ဖြတ်ကာ အမှတ် ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ပြီး အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကတော့ ရမှတ်(၂၅)မှတ်တူအနေအထားမှာ လီဗာပူးလ်အသင်းကို အနီးကပ်ဖိအားပေးဖို့ရှိနေပါတယ်။ မန်စီးတီးအသင်း ကတော့ ပြိုင်ပွဲစုံ(၇)ပွဲဆက် နိုင်ပွဲမရပျောက်နေသလို (၆)ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုရဲ့ ပြေးလမ်း ပေါ်ကနေခြေချော်ဖို့ အလားအလာတွေကို မြင်တွေ့လာရပါတယ်။ ဒါ့ပြင် မန်စီး တီးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲ ကောင်းလည်းရှိနေတာကြောင့် ဒီတစ်ပတ်မှာတော့ NP News ကနေ ပရီးမီးယားလိဂ် အသင်းကြီး (၅)သင်းရဲ့ ပွဲစဉ်(၁၆)ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင်ဆက်ပေးသွားချင်ပါတယ်။

မန်စီးတီး Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၃ - ၁ မန်ယူ (၃-၃-၂၀၂၄)
မန်ယူ ၁ - ၁ မန်စီးတီး (၂၉-၁၀-၂၀၂၃)
မန်စီးတီး ၄ - ၁ မန်ယူ (၁၄-၁-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ မန်ယူ
မန်စီးတီး ၃ - ၂ မန်ယူ

မန်စီးတီးအသင်းဟာ ဒီရာသီမှာ အဘက်ဘက်က ကျဆင်းမှုတွေနဲ့အတူ မန်စီးတီးအသင်းရဲ့ ကျရှုံးချိန်တွေ ရောက်လာခဲ့ပြီလားဆိုတဲ့ အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ်မှာ(၄)ပွဲရှုံးနိမ့်ထားသလို ချန်ပီယံ လိဂ်မှာ(၁)ပွဲရှုံးနိမ့်ထားပြီး တစ်ပွဲသရေကျထားကာ FA Cup မှာလည်း (၁)ပွဲ ရှုံးနိမ့်ထားတာတွေ့ရပါတယ်။ ဒါဟာ မန်စီးတီးအ သင်းနည်းပြ ပတ်ဂွာဒီယိုလာရဲ့ အဆိုးရွားဆုံးရလဒ် တစ်ခုလို့ပြောလို့ရနေပြီး ပြိုင်ပွဲစုံ(၇)ပွဲမှာ (၆)ပွဲတိတိ ရှုံးထားတာလည်းဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ ဂန်ဒိုဂမ်ပြန်ရောက်လာတယ်ဆိုပေမယ့် ရိုဒရီရဲ့နေရာကို အစားမထိုး နိုင်တာက အဓိကလိုအပ်ချက်ဖြစ်သွားခဲ့ပါတယ်။ ဒီဘရိုင်းပွဲချိန်ပြည့်ပါဝင်နိုင်မှုမရှိသေးတာနဲ့ ဖိုဒန်ကလည်း ပုံမှန်ခြေစွမ်း အောက်ရောက်နေတဲ့ အခြေအနေမှာ မန်စီးတီးအသင်းဟာ ဖန်တီးနိုင်မှုအပိုင်းမှာအားနည်းသွားပြီး ဟာလန်း တစ်ယောက် ဘာမှမလုပ်နိုင်တဲ့နောက်မှာတော့မန်စီးတီးအသင်းရဲ့နိုင် ပွဲလိုအပ်ချက်တွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကတော့ နည်းပြအပြောင်းအလဲလုပ်ပြီး တဲ့နောက်ပိုင်းမှာ ခြေစွမ်းပိုင်းရောရလဒ်ပိုင်းမှာပါ သိသိသာသာ ကောင်းမွန်လာခဲ့ပြီး ပရီးမီယားလိဂ်မှာရော ယူရိုပါလိဂ်မှာပါ နိုင်ပွဲတွေပြန်လည်ရှာတွေလာခဲ့တာက အကောင်းမြင်‌ ပေးရမယ့်အချက်ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ ဆုံမှုအရကြည့်ရင် မနှစ်ကရာသီ တွေ့ဆုံမှုနှစ်ကြိမ်လုံးနဲ့ ပြီးခဲ့တဲ့ နှစ်ပွဲစဉ်အားလုံးမှာ မန်စီးတီးအသင်းက မန်ယူအသင်းကို ခြေစွမ်းပိုင်းသိ သိသာသာကွာခြားမှုနဲ့အတူ ဂိုးပြတ် နိုင်ပွဲအများစုရ ရှိထားတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တွေ့ ဆုံမှုကတော့ မန်စီးတီးအသင်းရဲ့ ကျဆင်းလာတဲ့ ခြေစွမ်းပိုင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ မန်ယူအသင်းအတွက် အရမ်းကြီးဖိအား မရှိနိုင်ပါဘူး။ ဒါကြောင့် ဒီပွဲစဉ်က မန်းစီးတီး အသင်း အတွက်မဖြစ်မနေနိုင်မှဖြစ်မယ့် ပွဲစဉ်ဖြစ်သလို မန်ယူအသင်းအတွက်လည်း အခွင့် အရေးတစ်ခုဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုး တွေနဲ့သရေကျဖို့များပြီး နိုင်မယ်ဆိုရင်တော့ မန်စီးတီးဘက်ကနေချင်ပါတယ်။

အာဆင်နယ် Vs အဲဗာတန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၂ - ၁ အဲဗာတန် (၁၉-၅-၂၀၂၄)
အဲဗာတန် ဝ - ၁ အာဆင်နယ် (၁၇-၉-၂၀၂၃)
အာဆင်နယ် ၂ - ဝ အဲဗာတန် (၂-၃-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၃ - ဝ အဲဗာတန်
အာဆင်နယ် ၂ - ဝ အဲဗာတန်

ဒီပွဲစဉ်ကတော့ အာဆင်နယ်အသင်းအတွက် အများကြီးမခက်ခဲနိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရတာကြောင့် နိုင်ပွဲရဖို့ အခွင့်အရေးပိုများပါတယ်။ အာဆင်နယ်အသင်းက ဒီရာသီမှာအမှတ်ပေးဇယား ကနေခြေချော်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ပုံမှန်အတိုင်း ပရီးမီးယားလိဂ်မှာ ဥရောပဝင်ခွင့်တစ်နေရာရရှိထား သလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ အစောပိုင်းရှုံးပွဲတွေနဲ့ နိုင်ပွဲမရရှိမှုတွေရဲ့ အဓိကအချက်ကတော့ အာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင် အိုဒီဂတ် ဖြစ်ပါတယ်။ အိုဒီဂတ်မပါတဲ့ အာဆင်နယ်အသင်းဟာ ဆားမပါတဲ့ ဟင်းလိုဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်ပြီး ပွဲအခြေ အနေကို အကဲဖြတ်နိုင်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ ကစားသမားတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်ပိုင်းကို နိုင်ပွဲရအောင် ဦးဆောင် ပေနိုင်စွမ်းရှိတဲ့ အိုဒီဂတ်လိုကစားသမားကို လိုအပ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။ လက်ရှိမှာ အိုဒီဂတ်ပြန်ပါ လာပြီး ဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ နိုင်ပွဲတွေဆီကိုပြန်လည်ရောက်ရှိလာ နိုင်တော့မှာဖြစ်ပြီး အမှတ်ပေး ဇယား ကိုလည်း အကောင်းဆုံးခြိမ်းခြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ အဲဗာတန်အသင်းကတော့ တန်းမဆင်းရဖို့ ရုန်းကန် လာရနိုင်တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်ကိုတော့ အာဆင်နယ်အသင်းရဲ့ အနိုင်(၃)မှတ်ရမယ့်ပွဲလို့ ခန့်မှန်းချင်ပါတယ်။

လီဗာပူးလ် Vs ဖူဟမ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖူဟမ် ၁ - ၃ လီဗာပူးလ် (၂၁ -၄-၂၀၂၄)
လီဗာပူးလ် ၄ - ၃ ဖူဟမ် (၃-၁၂-၂၀၂၃)
လီဗာပူးလ် ၁ - ဝ ဖူဟမ် (၄-၅-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၃ - ၁ ဖူဟမ်
လီဗာပူးလ် ၂ - ဝ ဖူဟမ်

လီဗာပူးလ်အသင်းရဲ့ စွမ်းဆောင် ရည်တွေနဲ့နိုင်ပွဲရရှိမှုတွေက ဒီရာသီမှာ အကောင်း ဆုံးအနေအထားမှာရှိနေပြီး ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ ကစားခဲ့တဲ့ပွဲစဉ်(၂၀)လုံးမှာ အာဆင်နယ်အသင်းကို သ‌ရေကျထားသလို (၁၈)ပွဲအထိ နိုင်ပွဲရထားပြီး ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ နော်တင်ဖောရက်စ်တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားတာ ကိုတွေ့ရပါတယ်။ ဒါဟာ လီဗာပူးလ်အသင်းအတွက် နည်းပြသစ်လက်ထက် ပထမဆုံးကိုင်တဲ့ရာသီတစ် ခုရဲ့ ပွဲစဉ် တွေဖြစ်တာကြောင့် လီဗာပူးလ်အသင်းရဲ့ တည်ငြိမ်မှုတွေက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိတ်ချထားလို့ရနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို ရမှတ် များများဖြတ်လိုက်နိုင်တာကလည်း လီဗာပူးလ် အသင်းအတွက် ဖိအားကင်းသွားစေပြီး ယုံကြည်ချက် လည်းပိုရှိသွားနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်လိုအသင်းကို(၂)ဂိုးပြတ်နဲ့အနိုင်ယူထားပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ပိုင်ဆိုင်ထားသလို ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးနေရာကို ဦးဆောင်ထားနိုင်တာကြောင့် ပြိုင်ဆိုင်မှု အားကောင်းလှပါတယ်ဆိုတဲ့ပြိုင်ပွဲ နှစ်ခုလုံးမှာ အဆင့်(၁) ရရှိထားတဲ့အသင်းလည်းဖြစ်နေပါတယ်။ လက်ရှိခြေစွမ်းအရတော့ ကစားသမားအားလုံးအပြစ် ပြောစရာမရှိအောင်ကောင်းနေပြီး အကောင်းဆုံးခြေစွမ်းတွေကိုပြသထားပေမယ့် ဒဏ်ရာပြဿနာတွေသာ နှိပ်စက် လာခဲ့ရင်တော့ လီဗာပူးလ်အတွက်အနည်း ငယ်ခက်ခဲလာနိုင်ပါတယ်။ ဖူဟမ်အသင်းကလည်း လီဗာပူးလ်အသင်း တွေ့တိုင်း နိုင်ပွဲရတဲ့အသင်းဖြစ်ပြီး (၂၀၁၂) ခုနှစ်ကစပြီး လက်ရှိအချိန်အထိ လီဗာပူးလ် အသင်းကို ဖူဟမ်အသင်းက နိုင်ပွဲမရခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်နဲ့ဆိုရင် အနည်းဆုံး(၂)ဂိုးပြတ်နဲ့ လီဗာပူးလ်အသင်း က နိုင် သွားပါမယ်။

ချဲလ်ဆီး Vs ဘရန်းဖိုဒ့်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရန်းဖို့ဒ် ၂ - ဝ ချဲလ်ဆီး (၂-၃-၂၀၂၄)
ချဲလ်ဆီး ဝ - ၂ ဘရန်းဖို့ဒ် (၂၈-၁၀-၂၀၂၃)
ချဲလ်ဆီး ဝ - ၂ ဘရန်းဖို့ဒ် (၂၇-၄-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၃ - ၂ ဘရန်းဖိုဒ့်
ချဲလ်ဆီး ၂ - ဝ ဘရန်းဖိုဒ့်

ချဲလ်ဆီးအသင်းအတွက် ဒီရာသီစွမ်း ဆောင်ရည်တွေက နည်းပြသစ်လက်ထက်မှာ မနှစ်ကထက်ပိုကောင်းတဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေရှိနေပါတယ်။ အဘက်ဘက်က တိုးတက်လာမှုနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်လာဖို့ရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အကောင်းဆုံးအနေ အထားမှာရှိ နေပါတယ်။ မန်စီးတီးအသင်းနဲ့အာဆင်နယ်အသင်းတို့ကို လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလမ်းကြောင်းမှာ အဓိက ပြိုင်ဘက်တွေလို့ ပြောနေကြပေမယ့် သတိထားစရာအချက်က ချဲလ်ဆီးအသင်းမှာ ဥရောပပြိုင်ပွဲကြီး ကြီးမားမား မရှိသလို ကွန်ဖရန့်လိဂ်ဆိုတာကလည်း ချဲလ်ဆီးအသင်းက အရန်လူစာရင်းနဲ့ ကန်နေတာတောင် နိုင်ပွဲရနေပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ အဓိကကစားသမားတွေကို ပရီးမီးယားလိဂ်မှာသာ သုံးလေ့ရှိတာကို တွေ့ရပြီး ဒီအချက်က အာဆင်နယ်နဲ့မန်စီးတီးအသင်းတွေထက် ပိုသာတဲ့အနေအထားဖြစ်တာကြောင့် လီဗာပူးလ် အသင်း အတွက်သတိထားစရာထဲမှာ ချဲလ်ဆီးအသင်းကို ချန် ထားလို့မရတာသေချာနေပါတယ်။ ဒါပေမဲ့ အခုပွဲစဉ် က ချဲလ်ဆီးအသင်းကိုနှစ်တိုင်း ဒုက္ခပေးလေ့ရှိတဲ့ ဘရန်းဖို့ဒ်အသင်းနဲ့ဖြစ်နေပါတယ်။ မနှစ်ကရာသီ အပြင် (၂၀၂၂) ခုနှစ်ကစပြီး နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲစဉ်(၅)ပွဲမှာ ချဲလ်ဆီးအသင်းက ဘရန်းဖို့ဒ်ကို တစ်ပွဲ မှမနိုင်ထားတာကိုတွေ့ ရပါတယ်။ ဒါကြောင့် ဒီပွဲစဉ် ကိုခန့်မှန်းရရင် ချဲလ်ဆီးအသင်းအတွက် ဒီမှတ်တမ်းကို ချေဖျက်ပြနိုင်မလားဆိုတဲ့ အခွင့်အရေးကရှိနေတဲ့အပြင် ဒီရာသီဘရန်းဖိုဒ့်အသင်းရဲ့ စွမ်းဆောင် ရည်အရ ချဲလ်ဆီးအသင်းက နိုင်ဖို့ခက်ပေမယ့် သရေ လည်းကျသွားနိုင်သလို နိုင်ပွဲရမယ့်ဆိုရင်တော့ ချဲလ်ဆီးက(၁)ဂိုးလောက်အကွာနဲ့ နိုင်ပါမယ်။

ဆောက်သမ်တန် Vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဆောက်သမ်တန် ၃ - ၃ စပါးစ် (၁၈-၃-၂၀၂၃)
စပါးစ် ၂ - ဝ ဆောက်သမ်တန် (၆-၈-၂၀၂၂)
စပါးစ် ၂ - ဝ ဆောက်သမ်တန် (၂-၁၀-၂၀၂၂)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဆောက်သမ်တန် ၂ - ၄ စပါးစ်
ဆောက်သမ်တန် ၂ - ၃ စပါးစ်

စပါးစ်အသင်းရဲ့ အမှတ်ပေးဇယားကိုပြန် ကြည့်ရင် အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးလ်အသင်း တွေနဲ့ ရမှတ်အများကြီးကွာဟမနေတာကြောင့် ဒီပွဲ စဉ်ကိုနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရော ယူရိုပါလိဂ်ဝင်ခွင့် အတွက်ပါ အခြေအနေကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးစ်အသင်းက ဒီပွဲစဉ်ကို အနိုင်ဖို့သေချာ သလောက်ရှိနေပြီး နောက်ဆုံးပြိုင်ပွဲ စုံ(၅)ပွဲမှာ တစ်ပွဲပဲအနိုင်ရထားတဲ့ စပါးစ်အသင်းအနေနဲ့ ဒီပွဲစဉ်မှာနိုင်ပွဲပြန်ရှာ ဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကတော့ အဘက် ဘက်ကကျဆင်းနေမှုနဲ့အတူ ပရီးမီးယား လိဂ်မှာ ရမှတ်အနည်းဆုံးနဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံး နေရာကိုရောက်ရှိနေပြီဖြစ်တာကြောင့် တန်းဆင်းရဖို့ သေချာသလောက်ရှိနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာစပါးစ်အသင်းက အဝေးကွင်းဖြစ် ပေမယ့် အနိုင်(၃) မှတ်ရယူသွားဖို့ များပါတယ်။

၁၄ -၁၂-၂၀၂၄ (စနေနေ့ညပိုင်း)
ည(၉း၃၀) အာဆင်နယ် Vs အဲဗာတန်
ည(၉း၃၀) လီဗာပူးလ် Vs ဖူဟမ်

၁၅-၁၂-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(၁၁းဝဝ) မန်စီးတီး Vs မန်ယူ
ည(၁း၃၀) ချဲလ်ဆီး Vs ဘရန်းဖို့ဒ်
ည(၁း၃၀) ဆောက်သမ်တန် Vs စပါးစ်

zawgyi version
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၆) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဒီဇင္ဘာ ၁၃

၂၀၂၄-၂၀၂၅ ခုႏွစ္ရဲ႕ အဂၤလန္ပရီးမီး ယားလိဂ္ၿပိဳင္ပြဲဟာ ပြဲစဥ္(၁၆)ကိုေရာက္ရွိလာခ်ိန္မွာ‌ေတာ့ ပရီးမီးယား လိဂ္ခ်န္ပီယံဆုအတြက္ ၿပိဳင္ဆိုင္မႈေတြအျပင္ ဥေရာပဝင္ခြင့္တစ္ေနရာအတြက္ပါ ၿပိဳင္ဆိုင္မႈေတြကို ျမင္ေတြ႕လာရ ေတာ့မွာျဖစ္ပါတယ္။ လက္ရွိမွာ အမွတ္ေပးဇယားရဲ႕ထိပ္ဆုံးမွာ လီဗာပူးလ္ အသင္းက ရမွတ္(၉)မွတ္ျဖတ္ကာ အမွတ္ ေပးဇယားကို ျပတ္ျပတ္သားသားဦးေဆာင္ထားႏိုင္ၿပီး အာဆင္နယ္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကေတာ့ ရမွတ္(၂၅)မွတ္တူအေနအထားမွာ လီဗာပူးလ္အသင္းကို အနီးကပ္ဖိအားေပးဖို႔ရွိေနပါတယ္။ မန္စီးတီးအသင္း ကေတာ့ ၿပိဳင္ပြဲစုံ(၇)ပြဲဆက္ ႏိုင္ပြဲမရေပ်ာက္ေနသလို (၆)ပြဲအထိ ရႈံးနိမ့္ထားတာေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုရဲ႕ ေျပးလမ္း ေပၚကေနေျခေခ်ာ္ဖို႔ အလားအလာေတြကို ျမင္ေတြ႕လာရပါတယ္။ ဒါ့ျပင္ မန္စီး တီးအသင္းနဲ႔ မန္ယူအသင္းတို႔ရဲ႕ မန္ခ်က္စတာဒါဘီပြဲ ေကာင္းလည္းရွိေနတာေၾကာင့္ ဒီတစ္ပတ္မွာေတာ့ NP News ကေန ပရီးမီးယားလိဂ္ အသင္းႀကီး (၅)သင္းရဲ႕ ပြဲစဥ္(၁၆)ယွဥ္ၿပိဳင္မႈေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ တင္ဆက္ေပးသြားခ်င္ပါတယ္။

မန္စီးတီး Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၃ - ၁ မန္ယူ (၃-၃-၂၀၂၄)
မန္ယူ ၁ - ၁ မန္စီးတီး (၂၉-၁၀-၂၀၂၃)
မန္စီးတီး ၄ - ၁ မန္ယူ (၁၄-၁-၂၀၂၃)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၁ မန္ယူ
မန္စီးတီး ၃ - ၂ မန္ယူ

မန္စီးတီးအသင္းဟာ ဒီရာသီမွာ အဘက္ဘက္က က်ဆင္းမႈေတြနဲ႔အတူ မန္စီးတီးအသင္းရဲ႕ က်ရႈံးခ်ိန္ေတြ ေရာက္လာခဲ့ၿပီလားဆိုတဲ့ အေျခအေနမ်ိဳးနဲ႔ရင္ဆိုင္ေနရပါတယ္။ ပရီးမီးယားလိဂ္မွာ(၄)ပြဲရႈံးနိမ့္ထားသလို ခ်န္ပီယံ လိဂ္မွာ(၁)ပြဲရႈံးနိမ့္ထားၿပီး တစ္ပြဲသေရက်ထားကာ FA Cup မွာလည္း (၁)ပြဲ ရႈံးနိမ့္ထားတာေတြ႕ရပါတယ္။ ဒါဟာ မန္စီးတီးအ သင္းနည္းျပ ပတ္ဂြာဒီယိုလာရဲ႕ အဆိုး႐ြားဆုံးရလဒ္ တစ္ခုလို႔ေျပာလို႔ရေနၿပီး ၿပိဳင္ပြဲစုံ(၇)ပြဲမွာ (၆)ပြဲတိတိ ရႈံးထားတာလည္းျဖစ္ပါတယ္။ ကြင္းလယ္ပိုင္းမွာ ဂန္ဒိုဂမ္ျပန္ေရာက္လာတယ္ဆိုေပမယ့္ ႐ိုဒရီရဲ႕ေနရာကို အစားမထိုး ႏိုင္တာက အဓိကလိုအပ္ခ်က္ျဖစ္သြားခဲ့ပါတယ္။ ဒီဘ႐ိုင္းပြဲခ်ိန္ျပည့္ပါဝင္ႏိုင္မႈမရွိေသးတာနဲ႔ ဖိုဒန္ကလည္း ပုံမွန္ေျခစြမ္း ေအာက္ေရာက္ေနတဲ့ အေျခအေနမွာ မန္စီးတီးအသင္းဟာ ဖန္တီးႏိုင္မႈအပိုင္းမွာအားနည္းသြားၿပီး ဟာလန္း တစ္ေယာက္ ဘာမွမလုပ္ႏိုင္တဲ့ေနာက္မွာေတာ့မန္စီးတီးအသင္းရဲ႕ႏိုင္ ပြဲလိုအပ္ခ်က္ေတြျဖစ္လာခဲ့တာျဖစ္ပါတယ္။ မန္ယူအသင္းကေတာ့ နည္းျပအေျပာင္းအလဲလုပ္ၿပီး တဲ့ေနာက္ပိုင္းမွာ ေျခစြမ္းပိုင္းေရာရလဒ္ပိုင္းမွာပါ သိသိသာသာ ေကာင္းမြန္လာခဲ့ၿပီး ပရီးမီယားလိဂ္မွာေရာ ယူ႐ိုပါလိဂ္မွာပါ ႏိုင္ပြဲေတြျပန္လည္ရွာေတြလာခဲ့တာက အေကာင္းျမင္‌ ေပးရမယ့္အခ်က္ျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ ဆုံမႈအရၾကည့္ရင္ မႏွစ္ကရာသီ ေတြ႕ဆုံမႈႏွစ္ႀကိမ္လုံးနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ပြဲစဥ္အားလုံးမွာ မန္စီးတီးအသင္းက မန္ယူအသင္းကို ေျခစြမ္းပိုင္းသိ သိသာသာကြာျခားမႈနဲ႔အတူ ဂိုးျပတ္ ႏိုင္ပြဲအမ်ားစုရ ရွိထားတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ဒီတစ္ႀကိမ္ေတြ႕ ဆုံမႈကေတာ့ မန္စီးတီးအသင္းရဲ႕ က်ဆင္းလာတဲ့ ေျခစြမ္းပိုင္းနဲ႔ရင္ဆိုင္ရမွာျဖစ္လို႔ မန္ယူအသင္းအတြက္ အရမ္းႀကီးဖိအား မရွိႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီပြဲစဥ္က မန္းစီးတီး အသင္း အတြက္မျဖစ္မေနႏိုင္မွျဖစ္မယ့္ ပြဲစဥ္ျဖစ္သလို မန္ယူအသင္းအတြက္လည္း အခြင့္ အေရးတစ္ခုျဖစ္တာေၾကာင့္ အျပန္အလွန္သြင္းဂိုး ေတြနဲ႔သေရက်ဖို႔မ်ားၿပီး ႏိုင္မယ္ဆိုရင္ေတာ့ မန္စီးတီးဘက္ကေနခ်င္ပါတယ္။

အာဆင္နယ္ Vs အဲဗာတန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၂ - ၁ အဲဗာတန္ (၁၉-၅-၂၀၂၄)
အဲဗာတန္ ဝ - ၁ အာဆင္နယ္ (၁၇-၉-၂၀၂၃)
အာဆင္နယ္ ၂ - ဝ အဲဗာတန္ (၂-၃-၂၀၂၃)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၃ - ဝ အဲဗာတန္
အာဆင္နယ္ ၂ - ဝ အဲဗာတန္

ဒီပြဲစဥ္ကေတာ့ အာဆင္နယ္အသင္းအတြက္ အမ်ားႀကီးမခက္ခဲႏိုင္တဲ့အသင္းနဲ႔ ရင္ဆိုင္ရတာေၾကာင့္ ႏိုင္ပြဲရဖို႔ အခြင့္အေရးပိုမ်ားပါတယ္။ အာဆင္နယ္အသင္းက ဒီရာသီမွာအမွတ္ေပးဇယား ကေနေျခေခ်ာ္ဖို႔ လက္တစ္ကမ္းအလိုကို ေရာက္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ပုံမွန္အတိုင္း ပရီးမီးယားလိဂ္မွာ ဥေရာပဝင္ခြင့္တစ္ေနရာရရွိထား သလို ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။ အာဆင္နယ္အသင္းရဲ႕ အေစာပိုင္းရႈံးပြဲေတြနဲ႔ ႏိုင္ပြဲမရရွိမႈေတြရဲ႕ အဓိကအခ်က္ကေတာ့ အာဆင္နယ္အသင္းရဲ႕အသင္းေခါင္းေဆာင္ အိုဒီဂတ္ ျဖစ္ပါတယ္။ အိုဒီဂတ္မပါတဲ့ အာဆင္နယ္အသင္းဟာ ဆားမပါတဲ့ ဟင္းလိုျဖစ္ေနတာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ပြဲအေျခ အေနကို အကဲျဖတ္ႏိုင္မႈ၊ ဖန္တီးႏိုင္စြမ္းနဲ႔ ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ဓာတ္ပိုင္းကို ႏိုင္ပြဲရေအာင္ ဦးေဆာင္ ေပႏိုင္စြမ္းရွိတဲ့ အိုဒီဂတ္လိုကစားသမားကို လိုအပ္ေနခဲ့တာေၾကာင့္ျဖစ္ပါတယ္။ လက္ရွိမွာ အိုဒီဂတ္ျပန္ပါ လာၿပီး ျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ႏိုင္ပြဲေတြဆီကိုျပန္လည္ေရာက္ရွိလာ ႏိုင္ေတာ့မွာျဖစ္ၿပီး အမွတ္ေပး ဇယား ကိုလည္း အေကာင္းဆုံးၿခိမ္းေျခာက္လာႏိုင္ဖြယ္ရွိေနပါတယ္။ အဲဗာတန္အသင္းကေတာ့ တန္းမဆင္းရဖို႔ ႐ုန္းကန္ လာရႏိုင္တဲ့အသင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္ကိုေတာ့ အာဆင္နယ္အသင္းရဲ႕ အႏိုင္(၃)မွတ္ရမယ့္ပြဲလို႔ ခန႔္မွန္းခ်င္ပါတယ္။

လီဗာပူးလ္ Vs ဖူဟမ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဖူဟမ္ ၁ - ၃ လီဗာပူးလ္ (၂၁ -၄-၂၀၂၄)
လီဗာပူးလ္ ၄ - ၃ ဖူဟမ္ (၃-၁၂-၂၀၂၃)
လီဗာပူးလ္ ၁ - ဝ ဖူဟမ္ (၄-၅-၂၀၂၃)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၃ - ၁ ဖူဟမ္
လီဗာပူးလ္ ၂ - ဝ ဖူဟမ္

လီဗာပူးလ္အသင္းရဲ႕ စြမ္းေဆာင္ ရည္ေတြနဲ႔ႏိုင္ပြဲရရွိမႈေတြက ဒီရာသီမွာ အေကာင္း ဆုံးအေနအထားမွာရွိေနၿပီး ပရီးမီးယားလိဂ္ေရာ ခ်န္ပီယံလိဂ္မွာပါ ကစားခဲ့တဲ့ပြဲစဥ္(၂၀)လုံးမွာ အာဆင္နယ္အသင္းကို သ‌ေရက်ထားသလို (၁၈)ပြဲအထိ ႏိုင္ပြဲရထားၿပီး ပရီးမီးယားလိဂ္အသင္းျဖစ္တဲ့ ေနာ္တင္ေဖာရက္စ္တစ္သင္းတည္းကိုသာ ရႈံးနိမ့္ထားတာ ကိုေတြ႕ရပါတယ္။ ဒါဟာ လီဗာပူးလ္အသင္းအတြက္ နည္းျပသစ္လက္ထက္ ပထမဆုံးကိုင္တဲ့ရာသီတစ္ ခုရဲ႕ ပြဲစဥ္ ေတြျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းရဲ႕ တည္ၿငိမ္မႈေတြက ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိတ္ခ်ထားလို႔ရေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးအသင္းကို ရမွတ္ မ်ားမ်ားျဖတ္လိုက္ႏိုင္တာကလည္း လီဗာပူးလ္ အသင္းအတြက္ ဖိအားကင္းသြားေစၿပီး ယုံၾကည္ခ်က္ လည္းပိုရွိသြားႏိုင္ပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း ရီးရဲလ္လိုအသင္းကို(၂)ဂိုးျပတ္နဲ႔အႏိုင္ယူထားၿပီး ခ်န္ပီယံလိဂ္အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးေနရာကို ပိုင္ဆိုင္ထားသလို ပရီးမီးယားလိဂ္မွာလည္း ထိပ္ဆုံးေနရာကို ဦးေဆာင္ထားႏိုင္တာေၾကာင့္ ၿပိဳင္ဆိုင္မႈ အားေကာင္းလွပါတယ္ဆိုတဲ့ၿပိဳင္ပြဲ ႏွစ္ခုလုံးမွာ အဆင့္(၁) ရရွိထားတဲ့အသင္းလည္းျဖစ္ေနပါတယ္။ လက္ရွိေျခစြမ္းအရေတာ့ ကစားသမားအားလုံးအျပစ္ ေျပာစရာမရွိေအာင္ေကာင္းေနၿပီး အေကာင္းဆုံးေျခစြမ္းေတြကိုျပသထားေပမယ့္ ဒဏ္ရာျပႆနာေတြသာ ႏွိပ္စက္ လာခဲ့ရင္ေတာ့ လီဗာပူးလ္အတြက္အနည္း ငယ္ခက္ခဲလာႏိုင္ပါတယ္။ ဖူဟမ္အသင္းကလည္း လီဗာပူးလ္အသင္း ေတြ႕တိုင္း ႏိုင္ပြဲရတဲ့အသင္းျဖစ္ၿပီး (၂၀၁၂) ခုႏွစ္ကစၿပီး လက္ရွိအခ်ိန္အထိ လီဗာပူးလ္ အသင္းကို ဖူဟမ္အသင္းက ႏိုင္ပြဲမရခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ရည္နဲ႔ဆိုရင္ အနည္းဆုံး(၂)ဂိုးျပတ္နဲ႔ လီဗာပူးလ္အသင္း က ႏိုင္ သြားပါမယ္။

ခ်ဲလ္ဆီး Vs ဘရန္းဖိုဒ့္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘရန္းဖို႔ဒ္ ၂ - ဝ ခ်ဲလ္ဆီး (၂-၃-၂၀၂၄)
ခ်ဲလ္ဆီး ဝ - ၂ ဘရန္းဖို႔ဒ္ (၂၈-၁၀-၂၀၂၃)
ခ်ဲလ္ဆီး ဝ - ၂ ဘရန္းဖို႔ဒ္ (၂၇-၄-၂၀၂၃)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၃ - ၂ ဘရန္းဖိုဒ့္
ခ်ဲလ္ဆီး ၂ - ဝ ဘရန္းဖိုဒ့္

ခ်ဲလ္ဆီးအသင္းအတြက္ ဒီရာသီစြမ္း ေဆာင္ရည္ေတြက နည္းျပသစ္လက္ထက္မွာ မႏွစ္ကထက္ပိုေကာင္းတဲ့ ရလဒ္တစ္ခုကို ပိုင္ဆိုင္ဖို႔ အခြင့္အေရးေတြရွိေနပါတယ္။ အဘက္ဘက္က တိုးတက္လာမႈနဲ႔အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္လာဖို႔ရွိေနသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔လည္း အေကာင္းဆုံးအေန အထားမွာရွိ ေနပါတယ္။ မန္စီးတီးအသင္းနဲ႔အာဆင္နယ္အသင္းတို႔ကို လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလမ္းေၾကာင္းမွာ အဓိက ၿပိဳင္ဘက္ေတြလို႔ ေျပာေနၾကေပမယ့္ သတိထားစရာအခ်က္က ခ်ဲလ္ဆီးအသင္းမွာ ဥေရာပၿပိဳင္ပြဲႀကီး ႀကီးမားမား မရွိသလို ကြန္ဖရန႔္လိဂ္ဆိုတာကလည္း ခ်ဲလ္ဆီးအသင္းက အရန္လူစာရင္းနဲ႔ ကန္ေနတာေတာင္ ႏိုင္ပြဲရေနၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ထားႏိုင္ပါတယ္။ အဓိကကစားသမားေတြကို ပရီးမီးယားလိဂ္မွာသာ သုံးေလ့ရွိတာကို ေတြ႕ရၿပီး ဒီအခ်က္က အာဆင္နယ္နဲ႔မန္စီးတီးအသင္းေတြထက္ ပိုသာတဲ့အေနအထားျဖစ္တာေၾကာင့္ လီဗာပူးလ္ အသင္း အတြက္သတိထားစရာထဲမွာ ခ်ဲလ္ဆီးအသင္းကို ခ်န္ ထားလို႔မရတာေသခ်ာေနပါတယ္။ ဒါေပမဲ့ အခုပြဲစဥ္ က ခ်ဲလ္ဆီးအသင္းကိုႏွစ္တိုင္း ဒုကၡေပးေလ့ရွိတဲ့ ဘရန္းဖို႔ဒ္အသင္းနဲ႔ျဖစ္ေနပါတယ္။ မႏွစ္ကရာသီ အျပင္ (၂၀၂၂) ခုႏွစ္ကစၿပီး ေနာက္ဆုံးေတြ႕ခဲ့တဲ့ ပြဲစဥ္(၅)ပြဲမွာ ခ်ဲလ္ဆီးအသင္းက ဘရန္းဖို႔ဒ္ကို တစ္ပြဲ မွမႏိုင္ထားတာကိုေတြ႕ ရပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ ကိုခန႔္မွန္းရရင္ ခ်ဲလ္ဆီးအသင္းအတြက္ ဒီမွတ္တမ္းကို ေခ်ဖ်က္ျပႏိုင္မလားဆိုတဲ့ အခြင့္အေရးကရွိေနတဲ့အျပင္ ဒီရာသီဘရန္းဖိုဒ့္အသင္းရဲ႕ စြမ္းေဆာင္ ရည္အရ ခ်ဲလ္ဆီးအသင္းက ႏိုင္ဖို႔ခက္ေပမယ့္ သေရ လည္းက်သြားႏိုင္သလို ႏိုင္ပြဲရမယ့္ဆိုရင္ေတာ့ ခ်ဲလ္ဆီးက(၁)ဂိုးေလာက္အကြာနဲ႔ ႏိုင္ပါမယ္။

ေဆာက္သမ္တန္ Vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဆာက္သမ္တန္ ၃ - ၃ စပါးစ္ (၁၈-၃-၂၀၂၃)
စပါးစ္ ၂ - ဝ ေဆာက္သမ္တန္ (၆-၈-၂၀၂၂)
စပါးစ္ ၂ - ဝ ေဆာက္သမ္တန္ (၂-၁၀-၂၀၂၂)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဆာက္သမ္တန္ ၂ - ၄ စပါးစ္
ေဆာက္သမ္တန္ ၂ - ၃ စပါးစ္

စပါးစ္အသင္းရဲ႕ အမွတ္ေပးဇယားကိုျပန္ ၾကည့္ရင္ အာဆင္နယ္၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္အသင္း ေတြနဲ႔ ရမွတ္အမ်ားႀကီးကြာဟမေနတာေၾကာင့္ ဒီပြဲ စဥ္ကိုႏိုင္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ေရာ ယူ႐ိုပါလိဂ္ဝင္ခြင့္ အတြက္ပါ အေျခအေနေကာင္းသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စပါးစ္အသင္းက ဒီပြဲစဥ္ကို အႏိုင္ဖို႔ေသခ်ာ သေလာက္ရွိေနၿပီး ေနာက္ဆုံးၿပိဳင္ပြဲ စုံ(၅)ပြဲမွာ တစ္ပြဲပဲအႏိုင္ရထားတဲ့ စပါးစ္အသင္းအေနနဲ႔ ဒီပြဲစဥ္မွာႏိုင္ပြဲျပန္ရွာ ဖို႔လိုအပ္ေနတာလည္းျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းကေတာ့ အဘက္ ဘက္ကက်ဆင္းေနမႈနဲ႔အတူ ပရီးမီးယား လိဂ္မွာ ရမွတ္အနည္းဆုံးနဲ႔ အမွတ္ေပးဇယားရဲ႕ ေအာက္ဆုံး ေနရာကိုေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ တန္းဆင္းရဖို႔ ေသခ်ာသေလာက္ရွိေနတာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္မွာစပါးစ္အသင္းက အေဝးကြင္းျဖစ္ ေပမယ့္ အႏိုင္(၃) မွတ္ရယူသြားဖို႔ မ်ားပါတယ္။

၁၄ -၁၂-၂၀၂၄ (စေနေန႔ညပိုင္း)
ည(၉း၃၀) အာဆင္နယ္ Vs အဲဗာတန္
ည(၉း၃၀) လီဗာပူးလ္ Vs ဖူဟမ္

၁၅-၁၂-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(၁၁းဝဝ) မန္စီးတီး Vs မန္ယူ
ည(၁း၃၀) ခ်ဲလ္ဆီး Vs ဘရန္းဖို႔ဒ္
ည(၁း၃၀) ေဆာက္သမ္တန္ Vs စပါးစ္

Related news

© 2021. All rights reserved.