ဂျာမနီအမျိုးသားတစ်ဦးက ရေအောက်အဆောက်အအုံအတွင်း အချိန်အကြာဆုံးနေထိုင်တဲ့ ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့ ကြိုးပမ်း

 231

Pika (NP News) - ဒီဇင်ဘာ ၁၃

အသက်(၅၉)နှစ်အရွယ်ရှိ ဂျာမနီအမျိုး သားတစ်ဦးသည် ရေအောက်တွင်တည်ဆောက်ထားသော အဆောက်အအုံအတွင်း အချိန်အကြာဆုံးနေထိုင်သည့် ဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြောင်းသိရသည်။

အဆိုပါဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်အတွက် ယင်းအမျိုးသားသည် ရေအောက်တွင်တည်ဆောက်ထားသော အဆောက်အအုံအတွင်း ရက်ပေါင်း(၆၀)ကျော်ကြာနေထိုင်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။ အာကာ သယာဉ်တည်ဆောက်မှုဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ရူဒီဂါကော့ချ်ဆိုသော အမျိုးသားသည် ကာရေဘီယန်ပင်လယ် ပနားမားနိုင်ငံ ပူရီတိုလင်ဒိုမြို့ကမ်းလွန်ရှိရေအောက်တွင် တည်ဆောက်ထားသော အဆောက်အုံအတွင်း အချိန်(၂)လကျော်ကြာနေထိုင်ပြီး အလုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရူဒီဂါကော့ချ်နေထိုင်သည့် နေရာသည် (၃၂၂)စတုရန်းပေကျယ်ဝန်းပြီး အိမ်သာ၊တီဗီ၊ ကွန်ပျူတာ၊ အိပ်ရာ၊ ဆိုလာစွမ်းအင်၊ ဂြိုဟ်တုအင်တာ နက်နှင့်ပန်ကာ ပေါင်းများစွာ ပါဝင်ကြောင်းသိရသည်။
ကုန်းမြေနှင့်ပတ်သက်ပြီး ၎င်းသတိအရ ဆုံးအရာမှာ ရေချိုးခန်းထဲတွင် ထိုင်ကာရေချိုးခြင်း ဖြစ်ကြောင်း ရူဒီဂါကော့ချ်ကပြောကြားခဲ့သည်။

ရူဒီဂါ ကော့ချ်က “ဒီနေရာမှာနေထိုင်ရတာ အရမ်းကြီးတော့ မခက်ခဲပါဘူး။ ဒီနေရာမှာ နေထိုင်ရတာအခက်အခဲ ရှိတယ်လို့တော့ ကျွန်တော်မခံစားရပါဘူး။ တစ်ခါတစ်လေကျရင်တော့ ရေငုပ်ချင်စိတ်တွေဖြစ်ပေါ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ရူဒီဂါကော့ချ်သည် ရေအောက်အဆောက်အအုံတွင် အချိန်အကြာဆုံးနေထိုင်သည့် ဂင်းနစ်စံ ချိန်ကိုချိုးဖျက်နိုင်ရန်အတွက် ကြိုးပမ်းမှုကို စက်တင်ဘာလ(၂၆)ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ရက် ပေါင်း (၁၂၀)ကြာနေထိုင်ရန် စီစဉ်ထားကာ လာမည့်ဇန်နဝါရီလ(၂၄)ရက်တွင် ကုန်းမြေပေါ် သို့ပြန်လာရန် စီစဉ်ထားကြောင်းသိရသည်။ ရေအောက်အဆောက်အအုံတွင် အချိန်အကြာဆုံး နေထိုင်သည့် ဂင်းနစ်စံ ချိန်ကို ချိုးဖျက်ထားသူမှာ ဂျိုးဆက်ဒီတူရီဆိုသည့် အမျိုးသားဖြစ်ပြီး ရေအောက်အဆောက်အအုံတွင် ရက်ပေါင်း(၁၀ဝ)နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျိုးဆက်ဒီတူရီသည် ရေအောက်အဆောက်အအုံတွင် အချိန်အကြာဆုံးနေထိုင်သည့် ဂင်းနစ်စံချိန်ကို (၂၀၂၃)ခုနှစ်တွင် ဖလော်ရီဒါကမ်းလွန်ရှိ ရေအောက်အဆောက်အအုံတစ်ခုအတွင်း နေထိုင်ကာ ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
ဂ်ာမနီအမ်ိဳးသားတစ္ဦးက ေရေအာက္အေဆာက္အအုံအတြင္း အခ်ိန္အၾကာဆုံးေနထိုင္တဲ့ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ ႀကိဳးပမ္း
Pika (NP News) - ဒီဇင္ဘာ ၁၃

အသက္(၅၉)ႏွစ္အ႐ြယ္ရွိ ဂ်ာမနီအမ်ိဳး သားတစ္ဦးသည္ ေရေအာက္တြင္တည္ေဆာက္ထားေသာ အေဆာက္အအုံအတြင္း အခ်ိန္အၾကာဆုံးေနထိုင္သည့္ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။

အဆိုပါဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ယင္းအမ်ိဳးသားသည္ ေရေအာက္တြင္တည္ေဆာက္ထားေသာ အေဆာက္အအုံအတြင္း ရက္ေပါင္း(၆၀)ေက်ာ္ၾကာေနထိုင္ခဲ့ၿပီးၿပီျဖစ္ေၾကာင္း သိရသည္။ အာကာ သယာဥ္တည္ေဆာက္မႈဆိုင္ရာ အင္ဂ်င္နီယာတစ္ဦးျဖစ္သည့္ ႐ူဒီဂါေကာ့ခ်္ဆိုေသာ အမ်ိဳးသားသည္ ကာေရဘီယန္ပင္လယ္ ပနားမားႏိုင္ငံ ပူရီတိုလင္ဒိုၿမိဳ႕ကမ္းလြန္ရွိေရေအာက္တြင္ တည္ေဆာက္ထားေသာ အေဆာက္အုံအတြင္း အခ်ိန္(၂)လေက်ာ္ၾကာေနထိုင္ၿပီး အလုပ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ႐ူဒီဂါေကာ့ခ်္ေနထိုင္သည့္ ေနရာသည္ (၃၂၂)စတုရန္းေပက်ယ္ဝန္းၿပီး အိမ္သာ၊တီဗီ၊ ကြန္ပ်ဴတာ၊ အိပ္ရာ၊ ဆိုလာစြမ္းအင္၊ ၿဂိဳဟ္တုအင္တာ နက္ႏွင့္ပန္ကာ ေပါင္းမ်ားစြာ ပါဝင္ေၾကာင္းသိရသည္။
ကုန္းေျမႏွင့္ပတ္သက္ၿပီး ၎သတိအရ ဆုံးအရာမွာ ေရခ်ိဳးခန္းထဲတြင္ ထိုင္ကာေရခ်ိဳးျခင္း ျဖစ္ေၾကာင္း ႐ူဒီဂါေကာ့ခ်္ကေျပာၾကားခဲ့သည္။

႐ူဒီဂါ ေကာ့ခ်္က “ဒီေနရာမွာေနထိုင္ရတာ အရမ္းႀကီးေတာ့ မခက္ခဲပါဘူး။ ဒီေနရာမွာ ေနထိုင္ရတာအခက္အခဲ ရွိတယ္လို႔ေတာ့ ကြၽန္ေတာ္မခံစားရပါဘူး။ တစ္ခါတစ္ေလက်ရင္ေတာ့ ေရငုပ္ခ်င္စိတ္ေတြျဖစ္ေပၚပါတယ္”ဟု ေျပာဆိုခဲ့သည္။

႐ူဒီဂါေကာ့ခ်္သည္ ေရေအာက္အေဆာက္အအုံတြင္ အခ်ိန္အၾကာဆုံးေနထိုင္သည့္ ဂင္းနစ္စံ ခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ႀကိဳးပမ္းမႈကို စက္တင္ဘာလ(၂၆)ရက္တြင္ စတင္လုပ္ေဆာင္ခဲ့ၿပီး ရက္ ေပါင္း (၁၂၀)ၾကာေနထိုင္ရန္ စီစဥ္ထားကာ လာမည့္ဇန္နဝါရီလ(၂၄)ရက္တြင္ ကုန္းေျမေပၚ သို႔ျပန္လာရန္ စီစဥ္ထားေၾကာင္းသိရသည္။ ေရေအာက္အေဆာက္အအုံတြင္ အခ်ိန္အၾကာဆုံး ေနထိုင္သည့္ ဂင္းနစ္စံ ခ်ိန္ကို ခ်ိဳးဖ်က္ထားသူမွာ ဂ်ိဳးဆက္ဒီတူရီဆိုသည့္ အမ်ိဳးသားျဖစ္ၿပီး ေရေအာက္အေဆာက္အအုံတြင္ ရက္ေပါင္း(၁၀ဝ)ေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဂ်ိဳးဆက္ဒီတူရီသည္ ေရေအာက္အေဆာက္အအုံတြင္ အခ်ိန္အၾကာဆုံးေနထိုင္သည့္ ဂင္းနစ္စံခ်ိန္ကို (၂၀၂၃)ခုႏွစ္တြင္ ဖေလာ္ရီဒါကမ္းလြန္ရွိ ေရေအာက္အေဆာက္အအုံတစ္ခုအတြင္း ေနထိုင္ကာ ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.