AA က နယ်ခြားဒေသကို သိမ်းပိုက်လိုက်ပြီ ဆိုခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် တက္ကနဖ်တွင် စိုးရိမ် တင်းမာမှုများဖြစ်ပေါ်၊ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု လုံးဝရပ်တန့်သွား

 4039

Htay Oung (NP News) - ဒီဇင်ဘာ ၁၃

AA က နယ်ခြားဒေသကို သိမ်းပိုက်လိုက်ပြီဆိုခြင်းကြောင့် နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုနဲ့ နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု လုံးဝရပ်တန့်သွားတယ်လို့ “အေရှားနယူးစ်နက်ဝါ့ခ်” က ဒီဇင်ဘာလ ၁၂ ရက်မှာ ရေးသားပါတယ်။

AA က ရခိုင်ပြည်နယ်ကို သိမ်းပိုက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်တလျောက် (၁၆၈)မိုင်ခန့်ကို အပြည့်အဝထိန်းချုပ်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့် ကော့ဘဇားရှိ ဒေသခံတွေနဲ့ ရခိုင်မြောက်ပိုင်းမှ ယခင်ပြောင်းရွှေ့လာသူ ဘင်္ဂါလီများပါ စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။ လုံခြုံရေးစိုးရိမ်မှုများကြောင့် တက္ကနဖ်ခရိုင်ခွဲနဲ့ မြန်မာပိုင်နယ်မြေအကြား စီးဆင်းနေတဲ့ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုကန့်သတ်လိုက်ကြောင်း ယမန်နေ့ ဘင်္ဂလားဒေ့ရှ် ဒေသန္တရ အာဏာပိုင်များက အမိန့်ထုတ် ပြန်ခဲ့ပါတယ်။

တက္ကနဖ်နဲ့ စိန့်မာတင်ကျွန်းအကြား ခရီးသည်နဲ့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေတဲ့ ဘုတ်တွေကတော့ ယမန်နေ့ကတည်းက သွားလာနိုင်ခြင်း မရှိခဲ့ကြောင်း၊ အဲဒီကန့်သတ်ချက်ကို ဒီနေ့ရုတ် သိမ်းလိမ့်မယ်ထင်ကြောင်း ဒေသတွင်း ငါးဖမ်းလှေပိုင်ရှင်များအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူက ပြောပါတယ်။ နာရာပရာ ရွာခံတစ်ဦးကတော့ ရက်သတ္တတစ်ပတ်လုံးလုံး နတ်မြစ်တစ်ဖက်ကမ်းမှာ ဗုံးပေါက်ကွဲသံနဲ့ လက် နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ဒီဘက်ကို ကျော်ပြီး ကျလာမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ မီဒီယာများရဲ့ဖော်ပြချက်အရ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ တနင်္ဂနွေနေ့ကစလို့ ဗုံးကြဲသံများ မရှိသေးပဲ နယ်စပ်တလျောက် စစ် လေယာဉ်များ ပျံသန်းနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်း ငယ်တုန်းက နတ်မြစ်ဝမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA က ဖမ်းဆီးခဲ့တယ်လို့ စန်ရန်းရွာသားတစ်ဦးထံမှ သိရှိရပါတယ်။ တစ်ခါတစ်ရံတော့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေဟာ သူတို့ ပိုင်နက်ထဲ ရောက်နေတယ်လို့ ပြောကြကြောင်း ငါးဖမ်းရတာ အလွန်အန္တရာယ်များတယ်လို့ ပြောပါတယ်။

သူရဲ့ခြံဟာ နယ်စပ်နဲ့ ကပ်နေတဲ့အတွက် သွားမကြည့်ရဲဘူးလို့ ဘန်ဒါဘန်မြိုံနယ် နိုင်ခေါင်ချာရီ ဧရိယာ ဂေါင်း ဒုံရွာနေဘာသာရေးဆရာတစ်ဦးက ရှင်းပြပါတယ်။ သူတို့က ဘယ်အချိန် တိုက်ပွဲပြန်ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြောင်း၊ ဖြစ်သာဖြစ်ခဲ့ရင် ကိုယ်တွေပဲ ကြားထဲက ခံရလိမ့်မယ်လို့ ဆိုပါတယ်။

နတ်မြစ်ဝကနေပြီး ပင်လယ်ထဲကို သွားတဲ့အခါ ငါးဖမ်းဘုတ်ကြီးများကို အသုံးပြူလေ့ရှိကြောင်း၊ နတ်မြစ်ဝကို ဖြတ်ပြီး ငါးဖမ်းဘုတ်ကြီးတွေ မသွားကြဖို့ တားမြစ်ထားကြောင်း တက္ကနဖ်ခရိုင်ခွဲ အုပ်ချုပ်ရေးကောင်စီအရာရှိက ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။ အန္တရာယ်များတယ်ဆိုပေမယ့် နတ်မြစ်ဝကို ဖြတ်ပြီး ပင် လယ်ထဲ ရောက်သွားတဲ့ ဘုတ် (၁၀)စီးလောက်ရှိကြောင်း၊ ကြောက်ပေမယ့်လည်း လုပ်စားတတ်ထာက ဒါပဲရှိ တော့ အသက်စွန့် သွားလာနေရတယ်လို့ ငါးဖမ်းလှေပိုင်ရှင်များအသင်းဥက္ကဋ္ဌက မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံက ကုန်စည်တွေနဲ့ နောက်ဆုံး ရောက်လာတဲ့ ဘုတ်က ဒီဇင်ဘာ ၇ ရက်မှာ ဖြစ်ပြီး ရန်ကုန်က ထွက်ခွာလာခြင်း ဖြစ်ကြောင်း၊ လောလောဆယ် ဘင်္ဂလားဒေ့ရှ်ဘက်မှာ မြန်မာငါးဖမ်းဘုတ် (၄)စင်းရှိနေပြီး လှေသမားတွေက မပြန်ချင်ကြကြောင်း၊ အခြား တရားမဝင်လှေများ ဝင်ရောက်မလာဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ကမ်းခြေစောင့်တပ်က စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ယခုလို အခြေအနေမျိုးမှာ ကော့ဘဇားရောက် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီခေါင်းဆောင်တွေက တော့ သူတို့ကာလရှည် စောင့်စားနေခဲ့ရတဲ့ နေရပ်ပြန်ရေးလုပ်ငန်းစဉ်အတွက် စိတ်ပူနေကြပါတယ်။ သူတို့ရဲ့ ဇာတိမြေကို ပြန်လာနိုင်မယ့် အခွင့်အလမ်းတွေအကြောင်း AA နဲ့အတူ ဆွေးနွေးချင်တယ်လို့ ကော့ခ်ဘဇားအခြေစိုက် အတင်းအဓမ္မ ရွှေ့ပြောင်းခံရသူ မြန်မာနိုင်ငံသားများ ကိုယ်စားလှယ်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

မောင်တောမြို့နယ်မှ ဒီကိုရောက်ရှိနေသူများက သူထံ မကြာခဏ ဖုန်းဆက်ပြီး ဒုက္ခသည်ဘင်္ဂါလီတွေ လူစုခွဲခံရသလို ဖြစ်မှာစိုးရိမ်ကြောင်း ပြောပြတယ်လို့ “အာရကန် ရိုဟင်ဂျာဆိုသူများ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့် အရေး အစည်းအရုံး” ဥက္ကဋ္ဌ မိုဟာမက် ဇူဘီယာက ရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့ အနောက်ဘက်ရှိ နောက်ဆုံး ကျန်ရှိနေတဲ့ မဟာဗျူဟာမြောက် ရဲကင်းစခန်းကို AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာအများအပြားတို့က ဖော်ပြနေကြပါတယ်။ AA က ရခိုင်ပြည်နယ် မြောက်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နစက အစိုးရ စစ်တပ်-ရဲတပ်ဖွဲ့ အပြင် သူတို့နဲ့ ဆက်စပ်နေတဲ့ ဒေသခံ မူစလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာကြောင့် နတ်မြစ်ကြောင်းတလျောက် သယ်ယူပို့ဆောင်ရေးအားလုံး ရပ်ဆိုင်းဖို့ အမိန့်ထုတ်ထားကြောင်း AA တို့ကို ကိုးကားပြီး အေပီသတင်းအေဂျင်စီက ဖော်ပြပါတယ်။

AA တို့ဟာ လွန်ခဲ့တဲ့ မေလလယ် ဘူးသီးတောင်မြို့ကို သိမ်းယူရာမှာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံခဲ့ရသူများဖြစ်ကြောင်း၊ ဘင်္ဂါလီအများစု ခန့်မှန်းခြေ လူ (၂)သိန်းခန့်ရှိမယ့် ဒေသခံ တွေကို အတင်းအကြပ် နေရပ်စွန့်ခွာဖို့ မောင်းထုတ်ခဲ့ပြီး အဆောက်အဦအများစုကို မီးတင်ရှို့ခဲ့ကြောင်း၊ ဩဂုတ်လတုန်းကလည်း မောင်တောတိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဘင်္ဂါလီအရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရကြောင်း အေပီသတင်းအေဂျင်စီက ရေးသားပါတယ်။

zawgyi version
AA က နယ္ျခားေဒသကို သိမ္းပိုက္လိုက္ၿပီ ဆိုျခင္းေၾကာင့္ ဘဂၤလားေဒ့ရွ္ တကၠနဖ္တြင္ စိုးရိမ္ တင္းမာမႈမ်ားျဖစ္ေပၚ၊ ႏွစ္ႏိုင္ငံ နယ္စပ္ ကုန္သြယ္မႈ လုံးဝရပ္တန႔္သြား
Htay Oung (NP News) - ဒီဇင္ဘာ ၁၃

AA က နယ္ျခားေဒသကို သိမ္းပိုက္လိုက္ၿပီဆိုျခင္းေၾကာင့္ နတ္ျမစ္အတြင္း ေရေၾကာင္းသြားလာမႈနဲ႔ ႏွစ္ႏိုင္ငံအၾကား ကုန္စည္စီးဆင္းမႈ လုံးဝရပ္တန႔္သြားတယ္လို႔ “ေအရွားနယူးစ္နက္ဝါ့ခ္” က ဒီဇင္ဘာလ ၁၂ ရက္မွာ ေရးသားပါတယ္။

AA က ရခိုင္ျပည္နယ္ကို သိမ္းပိုက္ၿပီး ဘဂၤလားေဒ့ရွ္နဲ႔ထိစပ္ေနတဲ့ ျမန္မာနယ္စပ္တေလ်ာက္ (၁၆၈)မိုင္ခန႔္ကို အျပည့္အဝထိန္းခ်ဳပ္လိုက္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ ေကာ့ဘဇားရွိ ေဒသခံေတြနဲ႔ ရခိုင္ေျမာက္ပိုင္းမွ ယခင္ေျပာင္းေ႐ႊ႕လာသူ ဘဂၤါလီမ်ားပါ စိုးရိမ္တႀကီး ျဖစ္ေနၾကပါတယ္။ လုံၿခဳံေရးစိုးရိမ္မႈမ်ားေၾကာင့္ တကၠနဖ္ခ႐ိုင္ခြဲနဲ႔ ျမန္မာပိုင္နယ္ေျမအၾကား စီးဆင္းေနတဲ့ နတ္ျမစ္အတြင္း ေရေၾကာင္းသြားလာမႈကန႔္သတ္လိုက္ေၾကာင္း ယမန္ေန႔ ဘဂၤလားေဒ့ရွ္ ေဒသႏၲရ အာဏာပိုင္မ်ားက အမိန႔္ထုတ္ ျပန္ခဲ့ပါတယ္။

တကၠနဖ္နဲ႔ စိန႔္မာတင္ကြၽန္းအၾကား ခရီးသည္နဲ႔ ကုန္ပစၥည္းမ်ားကို သယ္ယူပို႔ေဆာင္ေပးေနတဲ့ ဘုတ္ေတြကေတာ့ ယမန္ေန႔ကတည္းက သြားလာႏိုင္ျခင္း မရွိခဲ့ေၾကာင္း၊ အဲဒီကန႔္သတ္ခ်က္ကို ဒီေန႔႐ုတ္ သိမ္းလိမ့္မယ္ထင္ေၾကာင္း ေဒသတြင္း ငါးဖမ္းေလွပိုင္ရွင္မ်ားအသင္းရဲ႕ဥကၠ႒ျဖစ္သူက ေျပာပါတယ္။ နာရာပရာ ႐ြာခံတစ္ဦးကေတာ့ ရက္သတၱတစ္ပတ္လုံးလုံး နတ္ျမစ္တစ္ဖက္ကမ္းမွာ ဗုံးေပါက္ကြဲသံနဲ႔ လက္ နက္ႀကီး ပစ္ခတ္သံေတြ ၾကားေနရတဲ့အတြက္ ဒီဘက္ကို ေက်ာ္ၿပီး က်လာမွာကို စိုးရိမ္တယ္လို႔ ဆိုပါတယ္။

ႏိုင္ငံတကာ မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ ျမန္မာ့တပ္မေတာ္နဲ႔ AA တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါတယ္။ တနဂၤေႏြေန႔ကစလို႔ ဗုံးႀကဲသံမ်ား မရွိေသးပဲ နယ္စပ္တေလ်ာက္ စစ္ ေလယာဥ္မ်ား ပ်ံသန္းေနတာကို ေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ရက္အနည္း ငယ္တုန္းက နတ္ျမစ္ဝမွာ ဘဂၤလားေဒ့ရွ္ငါးဖမ္းသမားေတြကို AA က ဖမ္းဆီးခဲ့တယ္လို႔ စန္ရန္း႐ြာသားတစ္ဦးထံမွ သိရွိရပါတယ္။ တစ္ခါတစ္ရံေတာ့ ဘဂၤလားေဒ့ရွ္ ငါးဖမ္းသမားေတြဟာ သူတို႔ ပိုင္နက္ထဲ ေရာက္ေနတယ္လို႔ ေျပာၾကေၾကာင္း ငါးဖမ္းရတာ အလြန္အႏၲရာယ္မ်ားတယ္လို႔ ေျပာပါတယ္။

သူရဲ႕ၿခံဟာ နယ္စပ္နဲ႔ ကပ္ေနတဲ့အတြက္ သြားမၾကည့္ရဲဘူးလို႔ ဘန္ဒါဘန္ၿမိဳံနယ္ ႏိုင္ေခါင္ခ်ာရီ ဧရိယာ ေဂါင္း ဒုံ႐ြာေနဘာသာေရးဆရာတစ္ဦးက ရွင္းျပပါတယ္။ သူတို႔က ဘယ္အခ်ိန္ တိုက္ပြဲျပန္ျဖစ္မလဲဆိုတာ ဘယ္သူမွ မသိႏိုင္ေၾကာင္း၊ ျဖစ္သာျဖစ္ခဲ့ရင္ ကိုယ္ေတြပဲ ၾကားထဲက ခံရလိမ့္မယ္လို႔ ဆိုပါတယ္။

နတ္ျမစ္ဝကေနၿပီး ပင္လယ္ထဲကို သြားတဲ့အခါ ငါးဖမ္းဘုတ္ႀကီးမ်ားကို အသုံးျပဴေလ့ရွိေၾကာင္း၊ နတ္ျမစ္ဝကို ျဖတ္ၿပီး ငါးဖမ္းဘုတ္ႀကီးေတြ မသြားၾကဖို႔ တားျမစ္ထားေၾကာင္း တကၠနဖ္ခ႐ိုင္ခြဲ အုပ္ခ်ဳပ္ေရးေကာင္စီအရာရွိက ဆက္သြယ္ေမးျမန္းခ်က္ကို ျပန္လည္ေျဖဆိုပါတယ္။ အႏၲရာယ္မ်ားတယ္ဆိုေပမယ့္ နတ္ျမစ္ဝကို ျဖတ္ၿပီး ပင္ လယ္ထဲ ေရာက္သြားတဲ့ ဘုတ္ (၁၀)စီးေလာက္ရွိေၾကာင္း၊ ေၾကာက္ေပမယ့္လည္း လုပ္စားတတ္ထာက ဒါပဲရွိ ေတာ့ အသက္စြန႔္ သြားလာေနရတယ္လို႔ ငါးဖမ္းေလွပိုင္ရွင္မ်ားအသင္းဥကၠ႒က မွတ္ခ်က္ေပးပါတယ္။

ျမန္မာႏိုင္ငံက ကုန္စည္ေတြနဲ႔ ေနာက္ဆုံး ေရာက္လာတဲ့ ဘုတ္က ဒီဇင္ဘာ ၇ ရက္မွာ ျဖစ္ၿပီး ရန္ကုန္က ထြက္ခြာလာျခင္း ျဖစ္ေၾကာင္း၊ ေလာေလာဆယ္ ဘဂၤလားေဒ့ရွ္ဘက္မွာ ျမန္မာငါးဖမ္းဘုတ္ (၄)စင္းရွိေနၿပီး ေလွသမားေတြက မျပန္ခ်င္ၾကေၾကာင္း၊ အျခား တရားမဝင္ေလွမ်ား ဝင္ေရာက္မလာဖို႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္နဲ႔ ကမ္းေျခေစာင့္တပ္က ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

ယခုလို အေျခအေနမ်ိဳးမွာ ေကာ့ဘဇားေရာက္ ျမန္မာႏိုင္ငံမွ ထြက္ေျပးလာသူ ဘဂၤါလီေခါင္းေဆာင္ေတြက ေတာ့ သူတို႔ကာလရွည္ ေစာင့္စားေနခဲ့ရတဲ့ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္အတြက္ စိတ္ပူေနၾကပါတယ္။ သူတို႔ရဲ႕ ဇာတိေျမကို ျပန္လာႏိုင္မယ့္ အခြင့္အလမ္းေတြအေၾကာင္း AA နဲ႔အတူ ေဆြးေႏြးခ်င္တယ္လို႔ ေကာ့ခ္ဘဇားအေျခစိုက္ အတင္းအဓမၼ ေ႐ႊ႕ေျပာင္းခံရသူ ျမန္မာႏိုင္ငံသားမ်ား ကိုယ္စားလွယ္ေကာ္မတီ ဥကၠ႒က ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္မွ ဒီကိုေရာက္ရွိေနသူမ်ားက သူထံ မၾကာခဏ ဖုန္းဆက္ၿပီး ဒုကၡသည္ဘဂၤါလီေတြ လူစုခြဲခံရသလို ျဖစ္မွာစိုးရိမ္ေၾကာင္း ေျပာျပတယ္လို႔ “အာရကန္ ႐ိုဟင္ဂ်ာဆိုသူမ်ား ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္ အေရး အစည္းအ႐ုံး” ဥကၠ႒ မိုဟာမက္ ဇူဘီယာက ရွင္းျပပါတယ္။

ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္ ေမာင္ေတာၿမိဳ႕ အေနာက္ဘက္ရွိ ေနာက္ဆုံး က်န္ရွိေနတဲ့ မဟာဗ်ဴဟာေျမာက္ ရဲကင္းစခန္းကို AA က သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံတကာသတင္းမီဒီယာအမ်ားအျပားတို႔က ေဖာ္ျပေနၾကပါတယ္။ AA က ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို သိမ္းပိုက္ႏိုင္ခဲ့ၿပီးေနာက္ နစက အစိုးရ စစ္တပ္-ရဲတပ္ဖြဲ႕ အျပင္ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ ေဒသခံ မူစလင္ေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ေလွနဲ႔ ထြက္ေျပးဖို႔ ႀကိဳးစားေနတာေၾကာင့္ နတ္ျမစ္ေၾကာင္းတေလ်ာက္ သယ္ယူပို႔ေဆာင္ေရးအားလုံး ရပ္ဆိုင္းဖို႔ အမိန႔္ထုတ္ထားေၾကာင္း AA တို႔ကို ကိုးကားၿပီး ေအပီသတင္းေအဂ်င္စီက ေဖာ္ျပပါတယ္။

AA တို႔ဟာ လြန္ခဲ့တဲ့ ေမလလယ္ ဘူးသီးေတာင္ၿမိဳ႕ကို သိမ္းယူရာမွာ ႀကီးမားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ စြပ္စြဲခံခဲ့ရသူမ်ားျဖစ္ေၾကာင္း၊ ဘဂၤါလီအမ်ားစု ခန႔္မွန္းေျခ လူ (၂)သိန္းခန႔္ရွိမယ့္ ေဒသခံ ေတြကို အတင္းအၾကပ္ ေနရပ္စြန႔္ခြာဖို႔ ေမာင္းထုတ္ခဲ့ၿပီး အေဆာက္အဦအမ်ားစုကို မီးတင္ရႈိ႕ခဲ့ေၾကာင္း၊ ဩဂုတ္လတုန္းကလည္း ေမာင္ေတာတိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာတဲ့ ဘဂၤါလီအရပ္သားေတြကို တိုက္ခိုက္ခဲ့တယ္လို႔ စြပ္စြဲျခင္းခံထားရေၾကာင္း ေအပီသတင္းေအဂ်င္စီက ေရးသားပါတယ္။

Related news

© 2021. All rights reserved.