ကော့သောင်းမြို့၌ ကုန်တင်နေသော သင်္ဘောတစ်စင်းပေါ်တွင် ဓာတုအရည်ပုံး ဖိတ်စင်ရာမှ မီးလောင်မှုဖြစ်ပွား
292
ချယ်ရီ (NP News) - ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ရေပြင်၌ ကျောက်ချကာ ကုန်တင်နေသော သင်္ဘောတစ်စင်းပေါ်တွင် ဓာတုအရည်ပုံး ဖိတ်စင်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
မီးလောင်မှုမှာ ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်)၊ နံနက်ပိုင်း ၅ နာရီခွဲဝန်းကျင်အချိန်ခန့်က ကော့သောင်းမြို့ အေးရပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ကမ်းအနီးရှိ ရေပြင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယုဇနစားအုန်းဆီအုပ်စုက ဦးကျင်တိုးသင်္ဘောပါခင်ဗျ။ ကော့သောင်းမှာမိုးရွာတော့ chemical နဲ့ မိုးထိပြီးလောင်တာပါ”ဟု မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။
မိုးရွာနေချိန် ကုန်တင်သင်္ဘောခေါင်းဦးပိုင်းတွင် တန်းစီထားသော Sodium Dithionate ဓာတုအရည်ပုံးများအနက် အဖုံးပွင့်နေသည့် ပုံးမှအရည်များဖိတ်စင်ရာ မိုးရေထိ၍ ဓာတ်ပြုကာ စတင်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကို (၇)နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် Sodium Dithionate ဓာတုအရည်(၅)ဂါလန်ပုံးပေါင်း (၁၀၀)၊ ဆီအုန်းကြိတ်ဖက်အိတ် (၂၀၀)အပါအဝင် အခြားကုန်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ကုန်သင်္ဘောမှာ ယုဇနကုမ္ပဏီမှ ဦးကျင်တိုးပိုင်ဆိုင်သည့် MV ပြည့်ရတနာဝင်း ကုန်သင်္ဘောဖြစ်ပြီး ရေယာဉ်မှူး ဦးတင်ရွှေနှင့် လှေသား (၂၂)ဦးတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁)ရက်က ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကုန်ပစ္စည်းများတင်ပို့ရန်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ မီးလောင်ခြင်းကြောင့် ရေယာဉ်လုပ်သားများ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။ ထို့နောက် မီးလောင်မှုနှင့်ပတ်သက်၍ ရေယာဉ်မှူးဦးတင်ရွှေကို ကော့သောင်းမြို့နယ်ရဲစခန်တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
zawgyi version
ေကာ့ေသာင္းၿမိဳ႕၌ ကုန္တင္ေနေသာ သေဘၤာတစ္စင္းေပၚတြင္ ဓာတုအရည္ပုံး ဖိတ္စင္ရာမွ မီးေလာင္မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၁၃
တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕တြင္ ေရျပင္၌ ေက်ာက္ခ်ကာ ကုန္တင္ေနေသာ သေဘၤာတစ္စင္းေပၚတြင္ ဓာတုအရည္ပုံး ဖိတ္စင္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္ နီးစပ္သူထံမွ သိရသည္။
မီးေလာင္မႈမွာ ယေန႔ (ဒီဇင္ဘာလ ၁၃ ရက္)၊ နံနက္ပိုင္း ၅ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ေကာ့ေသာင္းၿမိဳ႕ ေအးရပ္ၿငိမ္ရပ္ကြက္၊ ေတာ္ဝင္ဆိပ္ကမ္းအနီးရွိ ေရျပင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ယုဇနစားအုန္းဆီအုပ္စုက ဦးက်င္တိုးသေဘၤာပါခင္ဗ်။ ေကာ့ေသာင္းမွာမိုး႐ြာေတာ့ chemical နဲ႔ မိုးထိၿပီးေလာင္တာပါ”ဟု မီးသတ္တပ္ဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
မိုး႐ြာေနခ်ိန္ ကုန္တင္သေဘၤာေခါင္းဦးပိုင္းတြင္ တန္းစီထားေသာ Sodium Dithionate ဓာတုအရည္ပုံးမ်ားအနက္ အဖုံးပြင့္ေနသည့္ ပုံးမွအရည္မ်ားဖိတ္စင္ရာ မိုးေရထိ၍ ဓာတ္ျပဳကာ စတင္မီးေလာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ မီးေလာင္မႈကို (၇)နာရီၾကာ ျငႇိမ္းသတ္ခဲ့ရၿပီး မီးေလာင္မႈေၾကာင့္ Sodium Dithionate ဓာတုအရည္(၅)ဂါလန္ပုံးေပါင္း (၁၀၀)၊ ဆီအုန္းႀကိတ္ဖက္အိတ္ (၂၀၀)အပါအဝင္ အျခားကုန္ပစၥည္းမ်ား မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ကုန္သေဘၤာမွာ ယုဇနကုမၸဏီမွ ဦးက်င္တိုးပိုင္ဆိုင္သည့္ MV ျပည့္ရတနာဝင္း ကုန္သေဘၤာျဖစ္ၿပီး ေရယာဥ္မႉး ဦးတင္ေ႐ႊႏွင့္ ေလွသား (၂၂)ဦးတို႔သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၁၁)ရက္က ရန္ကုန္ၿမိဳ႕မွ ေကာ့ေသာင္းၿမိဳ႕သို႔ ကုန္ပစၥည္းမ်ားတင္ပို႔ရန္ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုကဲ့သို႔ မီးေလာင္ျခင္းေၾကာင့္ ေရယာဥ္လုပ္သားမ်ား ထိခိုက္ဒဏ္ရာရရွိသူမရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ မီးေလာင္မႈႏွင့္ပတ္သက္၍ ေရယာဥ္မႉးဦးတင္ေ႐ႊကို ေကာ့ေသာင္းၿမိဳ႕နယ္ရဲစခန္တြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။