ထိုင်းနိုင်ငံ၊ Phu Kradueng အမျိုးသားဥယျာဉ်မှာ တောဆင်ရိုင်းတွေကြောင့် လာရောက်လည်ပတ်သူတစ်ဦး သေဆုံး
34
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံမြောက်ပိုင်း၊ Phu Kradueng အမျိုးသားဥယျာဉ်မှာ တောဆင်ရိုင်းတစ်ကောင်ကြောင့် အသက်(၄၉)နှစ် အရွယ် ထိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဥယျာဉ်ကို ဒီဇင်ဘာ (၁၃)ရက်ကစတင် ယာယီပိတ်ထားခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၁၁ ရက်) က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဟာ ဒီဒေသမှာ ခရီးသွားတစ်ဦး ဆင်ကြောင့် သေဆုံးရတဲ့ ပထမဆုံး မှတ်တမ်းဝင် အဖြစ်အပျက်ဖြစ်တယ်လို့ ဒေသဆိုင်ရာသတင်းဌာန Khaosod English က ပြောကြားပါတယ်။
ကြသပတေးနေ့ည (ဒီဇင်ဘာ ၁၂ ရက်) က ဥယျာဉ်ရဲ့ဖေ့စ်ဘုတ်ခ်ပို့စ် တစ်ခုမှာလည်း တောဆင်ရိုင်းတွေကို အလည်အပတ်ခရီးသွားတွေ အသုံးပြုတဲ့လမ်းကြောင်းတွေမှာ တွေ့ခဲ့ရတာကြောင့် ဘေးကင်းရေးအတွက် ပန်းခြံ ထဲက ခရီးသွားနေရာတွေ အားလုံးကို ယာယီပိတ်ထားတယ်လို့ အသိပေးထားပါတယ်။ ဒါပေမယ့် တောင်ခြေ ဧရိယာမှာရှိတဲ့ အပန်းဖြေနေရာကိုတော့ ခရီးသွားတွေ လည်ပတ်နိုင်ဖို့ ဖွင့်ထားဆဲဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
သေဆုံးသူဟာ ဂျီရာနန် လို့ အမည်ရတဲ့ ဘန်ကောက်မြို့ အရှေ့ပိုင်း ချာချောင်ဆို အဝန်းအဝိုင်းမှာ နေထိုင်သူတစ်ဦး ဖြစ်ပြီး ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သူမဟာ အမျိုးသားဥယျာဉ်ထဲက Phen Phop Mai ရေတံခွန်ဆီကို သူငယ်ချင်းတစ်ဦးနဲ့ခြေလျင်လျှောက်နေချိန် တောဆင်ရိုင်းနဲ့တွေ့ပြီး ပန်းချိန်ရိန်းဂျားတွေ ရောက်ရှိလာချိန်မှာ တော့ သေဆုံးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဦးစီးဌာန (DNP) က တောဆင်ရိုင်းများ တွေ့ရှိရာ လမ်းတွေကို ပိတ်ဆို့ခြင်း၊ နောက်ထပ်ရိန်းဂျားတွေ ချထားခြင်းနဲ့ ရေတံခွန်နေရာ သွားတဲ့လမ်းအားလုံးကို ယာယီပိတ်ခြင်း အပါအဝင် ဘေးကင်းရေးဆိုင်ရာစည်းကမ်းချက်တွေ ချမှတ်ခဲ့ပါတယ်။ ပန်းခြံကို ပုံမှန်အခြေအနေရောက်မှသာ ပြန်ဖွင့်လှစ်မယ်လို့ ဆိုထားပါတယ်။
Zawgyi Version;
ထိုင္းႏိုင္ငံ၊ Phu Kradueng အမ်ိဳးသား ဥယ်ာဥ္မွာ ေတာဆင္႐ိုင္းေတြေၾကာင့္ လာေရာက္လည္ပတ္သူတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၄
ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ Phu Kradueng အမ်ိဳးသားဥယ်ာဥ္မွာ ေတာဆင္႐ိုင္းတစ္ေကာင္ေၾကာင့္ အသက္(၄၉)ႏွစ္ အ႐ြယ္ ထိုင္းအမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး ဥယ်ာဥ္ကို ဒီဇင္ဘာ (၁၃)ရက္ကစတင္ ယာယီပိတ္ထားခဲ့ရပါတယ္။
ဒီအျဖစ္အပ်က္ဟာ ဗုဒၶဟူးေန႔(ဒီဇင္ဘာ ၁၁ ရက္) က ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒါဟာ ဒီေဒသမွာ ခရီးသြားတစ္ဦး ဆင္ေၾကာင့္ ေသဆုံးရတဲ့ ပထမဆုံး မွတ္တမ္းဝင္ အျဖစ္အပ်က္ျဖစ္တယ္လို႔ ေဒသဆိုင္ရာသတင္းဌာန Khaosod English က ေျပာၾကားပါတယ္။
ၾကသပေတးေန႔ည (ဒီဇင္ဘာ ၁၂ ရက္) က ဥယ်ာဥ္ရဲ႕ေဖ့စ္ဘုတ္ခ္ပို႔စ္ တစ္ခုမွာလည္း ေတာဆင္႐ိုင္းေတြကို အလည္အပတ္ခရီးသြားေတြ အသုံးျပဳတဲ့လမ္းေၾကာင္းေတြမွာ ေတြ႕ခဲ့ရတာေၾကာင့္ ေဘးကင္းေရးအတြက္ ပန္းၿခံ ထဲက ခရီးသြားေနရာေတြ အားလုံးကို ယာယီပိတ္ထားတယ္လို႔ အသိေပးထားပါတယ္။ ဒါေပမယ့္ ေတာင္ေျခ ဧရိယာမွာရွိတဲ့ အပန္းေျဖေနရာကိုေတာ့ ခရီးသြားေတြ လည္ပတ္ႏိုင္ဖို႔ ဖြင့္ထားဆဲျဖစ္တယ္လို႔ ၎က ဆိုပါတယ္။
ေသဆုံးသူဟာ ဂ်ီရာနန္ လို႔ အမည္ရတဲ့ ဘန္ေကာက္ၿမိဳ႕ အေရွ႕ပိုင္း ခ်ာေခ်ာင္ဆို အဝန္းအဝိုင္းမွာ ေနထိုင္သူတစ္ဦး ျဖစ္ၿပီး ေဒသတြင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သူမဟာ အမ်ိဳးသားဥယ်ာဥ္ထဲက Phen Phop Mai ေရတံခြန္ဆီကို သူငယ္ခ်င္းတစ္ဦးနဲ႔ေျခလ်င္ေလွ်ာက္ေနခ်ိန္ ေတာဆင္႐ိုင္းနဲ႔ေတြ႕ၿပီး ပန္းခ်ိန္ရိန္းဂ်ားေတြ ေရာက္ရွိလာခ်ိန္မွာ ေတာ့ ေသဆုံးခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
အခင္းျဖစ္ပြားၿပီးေနာက္ အမ်ိဳးသားဥယ်ာဥ္၊ ေတာ႐ိုင္းတိရစာၦန္နဲ႔ အပင္ထိန္းသိမ္းေရးဦးစီးဌာန (DNP) က ေတာဆင္႐ိုင္းမ်ား ေတြ႕ရွိရာ လမ္းေတြကို ပိတ္ဆို႔ျခင္း၊ ေနာက္ထပ္ရိန္းဂ်ားေတြ ခ်ထားျခင္းနဲ႔ ေရတံခြန္ေနရာ သြားတဲ့လမ္းအားလုံးကို ယာယီပိတ္ျခင္း အပါအဝင္ ေဘးကင္းေရးဆိုင္ရာစည္းကမ္းခ်က္ေတြ ခ်မွတ္ခဲ့ပါတယ္။ ပန္းၿခံကို ပုံမွန္အေျခအေနေရာက္မွသာ ျပန္ဖြင့္လွစ္မယ္လို႔ ဆိုထားပါတယ္။