နယူးဂျာစီ ကောင်းကင်ယံတွင် ဒရုန်းများ အုပ်ဖွဲ့ပျံသန်းနေ၊ အခြားပြည်နယ်များအပြင် ဗြိတိန်အမေရိကန်လေတပ် စခန်းများဝေဟင်၌ တစ်လနီးပါးကြာ မြင်တွေ့လာရ

5208

Htay Oung (NP News) - ဒီဇင်ဘာ ၁၄
အမေရိကန်ပြည်ထောင်စု အရှေမြောက်ပိုင်း နယူးဂျာစီပြည်နယ် ကောင်းကင်ယံမှာ လျှို့ဝှက်ဆန်းကြယ် အရာ ဝတ္ထုများ ပျံသန်းနေကြောင်းမြင်တွေ့နေရတာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်တဲ့အတွက် ဒေသခံများက စိုးရိမ် ထိတ်လန့်နေကြတယ်လို့ BBC က ဒီဇင်ဘာလ ၁၄ ရက်က ရေးသားခဲ့ပါတယ်။
အဲဒီအရာဝတ္တုတွေဟာ အခြားကမ္ဘာက လာရောက်တဲ့ ပန်းကန်ပြားပျံတွေ ဒါမှမဟုတ် ဒရုန်းတွေ စသဖြင့် လူ အများ ငြင်းခုန်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်များအနေနဲ့ ရှင်းလင်းပြတ်သားစွာ အဖြေပေးခြင်း မရှိပါဘူး။ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူ ဂျွန်ကာဘိုင်ဆိုရင် ရရှိတဲ့ဓါတ်ပုံများအရ အဲဒီ အရာဝတ္ထုတွေဟာ လူလိုက်ပါတဲ့ယာဉ်များဖြစ်ဖို့သေချာပြီး အများပြည်သူ ဒါမှမဟုတ် နိုင်ငံတော်လုံခြုံရေး အတွက် အန္တရာယ်မရှိကြောင်းလောက်သာ သတင်းထောက်များ မေးခွန်းကို တိုတိုတုတ်တုတ် မှတ်ချက်ပေးပါတယ်။
တိတိကျကျပြောရရင် လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက် နယူးဂျာစီပြည်နယ် ရာရီတန်မြစ်အနီး ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ အဲဒီအရာဝတ္ထုတွေကို စတင်မြင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ ပြည်နယ်ရဲ့အကြီးဆုံး ရေကန်ကြီးအတွင်း စီးဝင်လျက်ရှိတဲ့မြစ်ပေါ်မှာ အဲ့ဒီအရာဝတ္တုတွေဟာ အရေအတွက် ဒါဇင်နဲ့ချီနေပြီး နောက်ရက်များမှာ ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်အထိ နယ်ကျယ်လာပါတယ်။
ဒရုန်းလို့ ယူဆရတဲ့ အရာဝတ္တုတွေဟာ ပြည်နယ်အတွင်း အရေးကြီး စစ်ဘက်ဆိုင်ရာနေရာများ၊ သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရန့်ရဲ့ဂေါက်ကွင်းနေရာများ အပါအဝင် အခြားနေရာအနှံအပြားမှာလည်း တွေ့မြင်နေရတယ်။ ဒရုန်းလို့ယူဆရတဲ့ အရာဝတ္ထုတွေဟာ အမေရိကန်နိုင်ငံရဲ့ယဉ်ကျေးမှု၊ ဘဏ္ဍာရေး၊ ကုန် ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်ရာ ပြည်နယ်နီးချင်း နယူးယောက်ပြည်နယ်နဲ့ ကွန်နက် တီကပ်ပြည်နယ်တို့မှာ တွေမြင်ကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက် နယူးယောက်မြို့ပေါ်မှာ ခေတ္တ ခဏ လောက်သာ မြင်တွေ့ရတဲ့ မျိုးမည်မသိ ဒရုန်းမျိုးတွေကို ပြည်တွင်းမှာသာမက ဗြိတိန်နိုင်ငံရှိ အမေရိကန်လေ တပ်စခန်း ၃ ခုတို့ရဲ့ကောင်းကင်ယံမှာလည်း တွေမြင်ခဲ့ရတယ်လို့ ဝါရှင်တန်လေတပ်က သတင်းထုတ်ပြန်ပါတယ်။ ဗြိတိန်ကာကွယ်ရေးဌာနကတော့ ဒီကိစ္စရဲ့နောက်ကွယ်မှာ ပြည်ပနိုင်ငံတစ်ခုခု ပါဝင်ပတ်သက်နိုင်ကြောင်း မှတ်ချက်ပေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အမေရိကန် ဗာဂျီးနီးယားပြည်နယ်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအနီး လျှို့ဝှက်ဆန်းကြယ် ဒရုန်းများကို ၁၇ ရက်ကြာ မြင်တွေခဲ့ရကြောင်း ဝေါလ်စထရိဂျာနယ်က ရေးခဲ့တာဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဖြစ် နေပါတယ်။ နယူးဂျာစီပြည်နယ် လွှတ်တော်အမတ်ကတော့ အဲဒီဒရုန်းတွေဟာ အချင်း ၆ ပေ အရွယ်ခန့်ရှိပြီး မီးများ ပိတ်ကာ အုပ်စုဖွဲ့တဲ့ပုံစံမျိုးနဲ့ ပျံသန်းနေခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ်နဲ့ ရေဒီယိုလှိုင်း သုံးထောက်လှမ်းရေးစနစ် မျိုးလို သမားရိုးကျနည်းလမ်းမျိုးနဲ့ စူးစမ်းတာကို ရှောင်ရှားနိုင်ပုံရတယ်လို့ ပြောပါတယ်။
သူပြောကြားချက်ဟာ အိမ်ဖြူတော်ရဲ့မှတ်ချက်နဲ့ လုံးဝ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ အမေရိကန် FBI နဲ့ အမိမြေ လုံခြုံရေးဌာနတို့ကတော့ မြင်ရတယ်ဆိုတဲ့ဖြစ်ရပ်အများစုဟာ တရားဝင်ပြီး လူလိုက်ပါတဲ့ လေယာဉ်များ ဖြစ်နိုင် ကြောင်း၊ ကန့်သတ်လေပိုင်နက်အတွင်း လျှို့ဝှက်ဆန်းကြယ် ဒရုန်းပျံသန်းတာမျိုး ဘယ်နေရာမှမရှိခဲ့ဘူး လို့ ဆိုပါတယ်။
ဒါပေမယ့် လူအချို့ကတော့ အခြားဝေဟင်ပျံယာဉ်တစ်စီးစီးနဲ့ ချိတ်ဆက်ပေါင်းစပ်ပြီး အုပ်ဖွဲ့ပျံသန်းနေတဲ့ ဒရုန်း တွေဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်နိုင်ငံပါဝင်ပတ်သက်ကြောင်း အပါအဝင် ထင်မြင်ယူဆချက်တွေနဲ့ အမျိုးမျိုးဖြစ်နေပါတယ်။ ရီပတ်ဘလစ်ကင် အမတ်တစ်ယောက်ဆိုရင် အီရန်နိုင်ငံ မိခင်ယာဉ်တစ်စီးက အတ္တလန်တိတ် သမုဒ္ဒရာတွင်းထိ ချဉ်းကပ်လာပြီး ဒရုန်းတွေလွှတ်တင်နေခြင်းဖြစ်တယ်လို့ ပြောဆိုလာတဲ့အတွက် အထောက်အထား မရှိကြောင်း ပင်တာဂွန်စစ်ဌာနချုပ်က မဆိုင်းမတွ ငြင်းဆိုခဲ့ရပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာမှာ ဘယ်အီရန်သင်္ဘောမှ ရှိမနေကြောင်း၊ အဲဒီကနေပြီး အမေရိကန်ကို ဒရုန်းတွေ စေလွှတ် နိုင်တဲ့ မိခင်ယာဉ်ဆိုတာမျိုးလည်း မရှိဘူးလို့ ပြောပါတယ်။
အမေရိကန်ပြည်တွင်းမှာ အန္တရာယ် မကင်းစွာ ဒရုန်းပျံသန်းမှုကို ဒဏ်ငွေ ၇၅,၀၀၀၊ လူလိုက်ပါခဲ့လျှင် လေယာဉ်မှူး လိုင်စင်ရုတ်သိမ်းတဲ့အထိ ကန့်သတ်ထားတာကြောင့် အဲဒီဒရုန်းတွေကို ဖျက်ချပြီး တိတိကျကျဆက်လက် စစ်ဆေး ပေးပေးဖို့ လူအများက လိုလားနေကြပါတယ်။ ဒီအတွက် နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးက ဖက်ဒရယ်အစိုးရ ထံ အကူအညီတောင်းထားကြောင်း သိရှိရပါတယ်။
#HtayOung, #OungMarine #mysterious_drones_over_NewJersey #Iran #China #fyp #viewer

Zawgyi Version;
နယူးဂ်ာစီ ေကာင္းကင္ယံတြင္ ဒ႐ုန္းမ်ား အုပ္ဖြဲ႕ပ်ံသန္းေန၊ အျခားျပည္နယ္မ်ားအျပင္ ၿဗိတိန္အေမရိကန္ေလတပ္ စခန္းမ်ားေဝဟင္၌ တစ္လနီးပါးၾကာ ျမင္ေတြ႕လာရ
Htay Oung (NP News) - ဒီဇင္ဘာ ၁၄
အေမရိကန္ျပည္ေထာင္စု အေရွေျမာက္ပိုင္း နယူးဂ်ာစီျပည္နယ္ ေကာင္းကင္ယံမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္ အရာ ဝတၳဳမ်ား ပ်ံသန္းေနေၾကာင္းျမင္ေတြ႕ေနရတာ တစ္လနီးပါးၾကာျမင့္လာၿပီျဖစ္တဲ့အတြက္ ေဒသခံမ်ားက စိုးရိမ္ ထိတ္လန႔္ေနၾကတယ္လို႔ BBC က ဒီဇင္ဘာလ ၁၄ ရက္က ေရးသားခဲ့ပါတယ္။
အဲဒီအရာဝတၱဳေတြဟာ အျခားကမာၻက လာေရာက္တဲ့ ပန္းကန္ျပားပ်ံေတြ ဒါမွမဟုတ္ ဒ႐ုန္းေတြ စသျဖင့္ လူ အမ်ား ျငင္းခုန္ေနၾကပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အာဏာပိုင္မ်ားအေနနဲ႔ ရွင္းလင္းျပတ္သားစြာ အေျဖေပးျခင္း မရွိပါဘူး။ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးျဖစ္သူ ဂြၽန္ကာဘိုင္ဆိုရင္ ရရွိတဲ့ဓါတ္ပုံမ်ားအရ အဲဒီ အရာဝတၳဳေတြဟာ လူလိုက္ပါတဲ့ယာဥ္မ်ားျဖစ္ဖို႔ေသခ်ာၿပီး အမ်ားျပည္သူ ဒါမွမဟုတ္ ႏိုင္ငံေတာ္လုံၿခဳံေရး အတြက္ အႏၲရာယ္မရွိေၾကာင္းေလာက္သာ သတင္းေထာက္မ်ား ေမးခြန္းကို တိုတိုတုတ္တုတ္ မွတ္ခ်က္ေပးပါတယ္။
တိတိက်က်ေျပာရရင္ လြန္ခဲ့တဲ့ ႏိုဝင္ဘာလ ၁၈ ရက္ နယူးဂ်ာစီျပည္နယ္ ရာရီတန္ျမစ္အနီး ေကာင္းကင္ယံမွာ ပ်ံသန္းေနတဲ့ အဲဒီအရာဝတၳဳေတြကို စတင္ျမင္ေတြ႕ခဲ့ရျခင္းျဖစ္ပါတယ္။ ျပည္နယ္ရဲ႕အႀကီးဆုံး ေရကန္ႀကီးအတြင္း စီးဝင္လ်က္ရွိတဲ့ျမစ္ေပၚမွာ အဲ့ဒီအရာဝတၱဳေတြဟာ အေရအတြက္ ဒါဇင္နဲ႔ခ်ီေနၿပီး ေနာက္ရက္မ်ားမွာ ျပည္နယ္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္အထိ နယ္က်ယ္လာပါတယ္။
ဒ႐ုန္းလို႔ ယူဆရတဲ့ အရာဝတၱဳေတြဟာ ျပည္နယ္အတြင္း အေရးႀကီး စစ္ဘက္ဆိုင္ရာေနရာမ်ား၊ သမၼတအျဖစ္ ေ႐ြးေကာက္ခံထားရတဲ့ ေဒၚနယ္ထရန႔္ရဲ႕ေဂါက္ကြင္းေနရာမ်ား အပါအဝင္ အျခားေနရာအႏွံအျပားမွာလည္း ေတြ႕ျမင္ေနရတယ္။ ဒ႐ုန္းလို႔ယူဆရတဲ့ အရာဝတၳဳေတြဟာ အေမရိကန္ႏိုင္ငံရဲ႕ယဥ္ေက်းမႈ၊ ဘ႑ာေရး၊ ကုန္ ထုတ္လုပ္မႈနဲ႔ သယ္ယူပို႔ေဆာင္ေရးအခ်က္အခ်ာျဖစ္ရာ ျပည္နယ္နီးခ်င္း နယူးေယာက္ျပည္နယ္နဲ႔ ကြန္နက္ တီကပ္ျပည္နယ္တို႔မွာ ေတြျမင္ၾကပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၂ ရက္ နယူးေယာက္ၿမိဳ႕ေပၚမွာ ေခတၱ ခဏ ေလာက္သာ ျမင္ေတြ႕ရတဲ့ မ်ိဳးမည္မသိ ဒ႐ုန္းမ်ိဳးေတြကို ျပည္တြင္းမွာသာမက ၿဗိတိန္ႏိုင္ငံရွိ အေမရိကန္ေလ တပ္စခန္း ၃ ခုတို႔ရဲ႕ေကာင္းကင္ယံမွာလည္း ေတြျမင္ခဲ့ရတယ္လို႔ ဝါရွင္တန္ေလတပ္က သတင္းထုတ္ျပန္ပါတယ္။ ၿဗိတိန္ကာကြယ္ေရးဌာနကေတာ့ ဒီကိစၥရဲ႕ေနာက္ကြယ္မွာ ျပည္ပႏိုင္ငံတစ္ခုခု ပါဝင္ပတ္သက္ႏိုင္ေၾကာင္း မွတ္ခ်က္ေပးတယ္လို႔ သတင္းရင္းျမစ္က ေျပာပါတယ္။
အေမရိကန္ ဗာဂ်ီးနီးယားျပည္နယ္စစ္ဘက္ဆိုင္ရာ အေဆာက္အအုံမ်ားအနီး လွ်ိဳ႕ဝွက္ဆန္းၾကယ္ ဒ႐ုန္းမ်ားကို ၁၇ ရက္ၾကာ ျမင္ေတြခဲ့ရေၾကာင္း ေဝါလ္စထရိဂ်ာနယ္က ေရးခဲ့တာဆိုရင္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလကတည္းက ျဖစ္ ေနပါတယ္။ နယူးဂ်ာစီျပည္နယ္ လႊတ္ေတာ္အမတ္ကေတာ့ အဲဒီဒ႐ုန္းေတြဟာ အခ်င္း ၆ ေပ အ႐ြယ္ခန႔္ရွိၿပီး မီးမ်ား ပိတ္ကာ အုပ္စုဖြဲ႕တဲ့ပုံစံမ်ိဳးနဲ႔ ပ်ံသန္းေနျခင္းျဖစ္ေၾကာင္း၊ ရဟတ္ယာဥ္နဲ႔ ေရဒီယိုလႈိင္း သုံးေထာက္လွမ္းေရးစနစ္ မ်ိဳးလို သမား႐ိုးက်နည္းလမ္းမ်ိဳးနဲ႔ စူးစမ္းတာကို ေရွာင္ရွားႏိုင္ပုံရတယ္လို႔ ေျပာပါတယ္။
သူေျပာၾကားခ်က္ဟာ အိမ္ျဖဴေတာ္ရဲ႕မွတ္ခ်က္နဲ႔ လုံးဝ ဖီလာဆန႔္က်င္ျဖစ္ေနပါတယ္။ အေမရိကန္ FBI နဲ႔ အမိေျမ လုံၿခဳံေရးဌာနတို႔ကေတာ့ ျမင္ရတယ္ဆိုတဲ့ျဖစ္ရပ္အမ်ားစုဟာ တရားဝင္ၿပီး လူလိုက္ပါတဲ့ ေလယာဥ္မ်ား ျဖစ္ႏိုင္ ေၾကာင္း၊ ကန႔္သတ္ေလပိုင္နက္အတြင္း လွ်ိဳ႕ဝွက္ဆန္းၾကယ္ ဒ႐ုန္းပ်ံသန္းတာမ်ိဳး ဘယ္ေနရာမွမရွိခဲ့ဘူး လို႔ ဆိုပါတယ္။
ဒါေပမယ့္ လူအခ်ိဳ႕ကေတာ့ အျခားေဝဟင္ပ်ံယာဥ္တစ္စီးစီးနဲ႔ ခ်ိတ္ဆက္ေပါင္းစပ္ၿပီး အုပ္ဖြဲ႕ပ်ံသန္းေနတဲ့ ဒ႐ုန္း ေတြျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနၾကဆဲျဖစ္ပါတယ္။ တ႐ုတ္ကြန္ျမဴနစ္ႏိုင္ငံပါဝင္ပတ္သက္ေၾကာင္း အပါအဝင္ ထင္ျမင္ယူဆခ်က္ေတြနဲ႔ အမ်ိဳးမ်ိဳးျဖစ္ေနပါတယ္။ ရီပတ္ဘလစ္ကင္ အမတ္တစ္ေယာက္ဆိုရင္ အီရန္ႏိုင္ငံ မိခင္ယာဥ္တစ္စီးက အတၱလန္တိတ္ သမုဒၵရာတြင္းထိ ခ်ဥ္းကပ္လာၿပီး ဒ႐ုန္းေတြလႊတ္တင္ေနျခင္းျဖစ္တယ္လို႔ ေျပာဆိုလာတဲ့အတြက္ အေထာက္အထား မရွိေၾကာင္း ပင္တာဂြန္စစ္ဌာနခ်ဳပ္က မဆိုင္းမတြ ျငင္းဆိုခဲ့ရပါတယ္။ အတၱလန္တိတ္သမုဒၵရာမွာ ဘယ္အီရန္သေဘၤာမွ ရွိမေနေၾကာင္း၊ အဲဒီကေနၿပီး အေမရိကန္ကို ဒ႐ုန္းေတြ ေစလႊတ္ ႏိုင္တဲ့ မိခင္ယာဥ္ဆိုတာမ်ိဳးလည္း မရွိဘူးလို႔ ေျပာပါတယ္။
အေမရိကန္ျပည္တြင္းမွာ အႏၲရာယ္ မကင္းစြာ ဒ႐ုန္းပ်ံသန္းမႈကို ဒဏ္ေငြ ၇၅,၀၀၀၊ လူလိုက္ပါခဲ့လွ်င္ ေလယာဥ္မႉး လိုင္စင္႐ုတ္သိမ္းတဲ့အထိ ကန႔္သတ္ထားတာေၾကာင့္ အဲဒီဒ႐ုန္းေတြကို ဖ်က္ခ်ၿပီး တိတိက်က်ဆက္လက္ စစ္ေဆး ေပးေပးဖို႔ လူအမ်ားက လိုလားေနၾကပါတယ္။ ဒီအတြက္ နယူးဂ်ာစီျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ဖက္ဒရယ္အစိုးရ ထံ အကူအညီေတာင္းထားေၾကာင္း သိရွိရပါတယ္။
#HtayOung, #OungMarine #mysterious_drones_over_NewJersey #Iran #China #fyp #viewer