လေ့လာမှုအရ ဗိုင်းရပ်စ်ရောဂါပိုး ၂၂ မျိုး လိင်မှတဆင့် ကူးစက်နိုင်ကြောင်း တွေ့ရှိ
491
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၄
ရာနဲ့ချီတဲ့လေ့လာမှုအချက်အလက်များအရ လူရဲ့သုတ်ရည်မှတဆင့် ဗိုင်းရပ်စ် ၂၂ မျိုး ကူးစက်နိုင်ကြောင်း တွေ့ရှိလာခဲ့ပါတယ်။
HIV နဲ့ herpes လို နာတာရှည်ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်တွေဟာ သုတ်ရည်ထဲမှာ ဆက်ရှိနေနိုင်ပြီး လိင်ဆက်ဆံမှုမှ တဆင့် ကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်များက နှစ်ပေါင်းများစွာကတည်းက တွေ့ရှိခဲ့တာပါ။ ဒါအပြင် အခု သုတေသနမှာတော့ အီဘိုလာနဲ့ ဇီကာလို ဗိုင်းရပ်စ်ပိုးတွေလည်း အမျိုးသားမျိုးပွားလမ်းကြောင်းမှတဆင့် ကူးစက် နိုင်တာ တွေ့ရှိခဲ့ပါတယ်။
သုတေသနစာတမ်းဟာ The Lancet Microbe ရဲ့ယခုသီတင်းပတ် ထုတ်ဝေမှုမှာ ပါဝင်လာတာဖြစ်ပါတယ်။ သုတေသနကတော့ မျိုးပွားမှုဆိုင်ရာနောက်ဆက်တွဲပြဿနာတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့အရင်းအမြစ်တွေကို မီးမောင်း ထိုးပြပြီး အဆိုပါရောဂါပိုးတွေကို ဆန့်ကျင်တဲ့ကာကွယ်ဆေးနဲ့ ဗိုင်းရပ်စ်ကုသရေးသုတေသန ပညာရှင်တွေ အတွက် စိန်ခေါ်မှုအသစ်အဖြစ် အလေးပေးဖော်ပြထားပါတယ်။
သုတေသနအရ လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေထဲမှာ Marburg၊ Mpox၊ West Nile၊ Oropouche တို့လို ဗိုင်းရပ်စ်အကြီးသားတွေ ပါဝင်နေတာတွေ့ရပါတယ်။ Covid-19 SARS-CoV2 ကိုလည်း ဝှေးစေ့နဲ့ ဆီးကျိတ်လို အမျိုးသားမျိုးပွားအင်္ဂါတွေမှာ တွေ့ရှိခဲ့ပေမယ့် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်မလားဆိုတာကိုတော့ သေချာ မသိသေးဘူးလို့ ဆိုပါတယ်။
Zawgyi Version;
ေလ့လာမႈအရ ဗိုင္းရပ္စ္ေရာဂါပိုး ၂၂ မ်ိဳး လိင္မွတဆင့္ ကူးစက္ႏိုင္ေၾကာင္း ေတြ႕ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၄
ရာနဲ႔ခ်ီတဲ့ေလ့လာမႈအခ်က္အလက္မ်ားအရ လူရဲ႕သုတ္ရည္မွတဆင့္ ဗိုင္းရပ္စ္ ၂၂ မ်ိဳး ကူးစက္ႏိုင္ေၾကာင္း ေတြ႕ရွိလာခဲ့ပါတယ္။
HIV နဲ႔ herpes လို နာတာရွည္ေရာဂါျဖစ္ေစတဲ့ဗိုင္းရပ္စ္ေတြဟာ သုတ္ရည္ထဲမွာ ဆက္ရွိေနႏိုင္ၿပီး လိင္ဆက္ဆံမႈမွ တဆင့္ ကူးစက္ႏိုင္တယ္လို႔ သိပၸံပညာရွင္မ်ားက ႏွစ္ေပါင္းမ်ားစြာကတည္းက ေတြ႕ရွိခဲ့တာပါ။ ဒါအျပင္ အခု သုေတသနမွာေတာ့ အီဘိုလာနဲ႔ ဇီကာလို ဗိုင္းရပ္စ္ပိုးေတြလည္း အမ်ိဳးသားမ်ိဳးပြားလမ္းေၾကာင္းမွတဆင့္ ကူးစက္ ႏိုင္တာ ေတြ႕ရွိခဲ့ပါတယ္။
သုေတသနစာတမ္းဟာ The Lancet Microbe ရဲ႕ယခုသီတင္းပတ္ ထုတ္ေဝမႈမွာ ပါဝင္လာတာျဖစ္ပါတယ္။ သုေတသနကေတာ့ မ်ိဳးပြားမႈဆိုင္ရာေနာက္ဆက္တြဲျပႆနာေတြနဲ႔ ျဖစ္ႏိုင္ေျခရွိတဲ့အရင္းအျမစ္ေတြကို မီးေမာင္း ထိုးျပၿပီး အဆိုပါေရာဂါပိုးေတြကို ဆန႔္က်င္တဲ့ကာကြယ္ေဆးနဲ႔ ဗိုင္းရပ္စ္ကုသေရးသုေတသန ပညာရွင္ေတြ အတြက္ စိန္ေခၚမႈအသစ္အျဖစ္ အေလးေပးေဖာ္ျပထားပါတယ္။
သုေတသနအရ လိင္မွတစ္ဆင့္ကူးစက္ႏိုင္တဲ့ ဗိုင္းရပ္စ္ေတြထဲမွာ Marburg၊ Mpox၊ West Nile၊ Oropouche တို႔လို ဗိုင္းရပ္စ္အႀကီးသားေတြ ပါဝင္ေနတာေတြ႕ရပါတယ္။ Covid-19 SARS-CoV2 ကိုလည္း ေဝွးေစ့နဲ႔ ဆီးက်ိတ္လို အမ်ိဳးသားမ်ိဳးပြားအဂၤါေတြမွာ ေတြ႕ရွိခဲ့ေပမယ့္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ႏိုင္မလားဆိုတာကိုေတာ့ ေသခ်ာ မသိေသးဘူးလို႔ ဆိုပါတယ္။