ထိုင်ဝမ်၏ လွတ်လပ်ရေးလှုပ်ရှားမှုများအပေါ် ညှာတာနေမည်မဟုတ်ကြောင်း တရုတ်စစ်ဘက် သတင်းထုတ်ပြန်

 308

Pika (NP News) - ဒီဇင်ဘာ ၁၄

တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ လွတ်လပ်ရေး လှုပ်ရှားမှုများအပေါ် ညှာတာနေမည်မဟုတ်ကြောင်းနှင့် ကျွန်းအနီး တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်/မလုပ်ဆောင်ကို ၎င်းတို့ကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၁၃)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြင့်လာနေကြောင်းပြောဆိုမှုများနှင့်အတူ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနသည် သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အရေးပေါ်တုံ့ပြန်ရေးစင်တာကို ချက်ချင်း အသက်သွင်းခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး မည်သည့်ထုတ်ပြန်ချက်ကိုမှ ထုတ်ပြန်ကြေညာခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ တရုတ် အစိုးရက ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသော်လည်း ထိုင်ဝမ်ဘက်က တရုတ်၏ ပြောဆိုချက် များကို ငြင်းဆန်ပယ်ချထားကြောင်းသိရသည်။

ထို့ပြင် ထိုင်ဝမ်ကျွန်းပြည်သူများကသာ ၎င်းတို့ ၏အနာဂတ်များကို ဆုံးဖြတ်နိုင်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက တုံ့ပြန်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် ထွက်ပေါ်လာခဲ့သော လိုင်ချန်တေး၏ ပစိဖိတ် ဒေသခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်း ရှိ/မရှိဆိုသည့်အချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခြင်း (သို့မဟုတ်) ငြင်းဆိုခဲ့ခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက “စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာမျိုး ရှိ/မရှိနဲ့ ဘယ်အချိန်လုပ်ဆောင်ရ မယ်ဆိုတာ က ကိုယ်ပိုင်လိုအပ်ချက်နဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကျွန်တော်တို့ ကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စ ပဲဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာ ရှိရှိ/မရှိရှိ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ရဲ့လွတ်လပ်ရေး လှုပ်ရှားမှုတွေအပေါ် ညှာတာနေမှာမဟုတ်သလို ပြန်လည်ပေါင်းစည်းရေးအတွက် ပျက်ကွက်မှာလည်း မဟုတ်ပါ ဘူး” ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ထိုင္ဝမ္၏ လြတ္လပ္ေရးလႈပ္ရွားမႈမ်ားအေပၚ ညႇာတာေနမည္မဟုတ္ေၾကာင္း တ႐ုတ္စစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - ဒီဇင္ဘာ ၁၄

တ႐ုတ္ႏိုင္ငံသည္ ထိုင္ဝမ္၏ လြတ္လပ္ေရး လႈပ္ရွားမႈမ်ားအေပၚ ညႇာတာေနမည္မဟုတ္ေၾကာင္းႏွင့္ ကြၽန္းအနီး တြင္ စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္/မလုပ္ေဆာင္ကို ၎တို႔ကသာ ဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ(၁၃)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။
ကြၽန္းအနီးတြင္ တ႐ုတ္၏ စစ္ေရးလႈပ္ရွားမႈမ်ား တိုးျမင့္လာေနေၾကာင္းေျပာဆိုမႈမ်ားႏွင့္အတူ ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနသည္ သတိေပးခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ၿပီး အေရးေပၚတုံ႔ျပန္ေရးစင္တာကို ခ်က္ခ်င္း အသက္သြင္းခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း တ႐ုတ္စစ္တပ္က စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ျခင္းႏွင့္ ပတ္သက္ၿပီး မည္သည့္ထုတ္ျပန္ခ်က္ကိုမွ ထုတ္ျပန္ေၾကညာခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။ တ႐ုတ္ အစိုးရက ထိုင္ဝမ္ကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားေသာ္လည္း ထိုင္ဝမ္ဘက္က တ႐ုတ္၏ ေျပာဆိုခ်က္ မ်ားကို ျငင္းဆန္ပယ္ခ်ထားေၾကာင္းသိရသည္။

ထို႔ျပင္ ထိုင္ဝမ္ကြၽန္းျပည္သူမ်ားကသာ ၎တို႔ ၏အနာဂတ္မ်ားကို ဆုံးျဖတ္ႏိုင္ေၾကာင္း ထိုင္ဝမ္သမၼတ လိုင္ခ်န္ေတးက တုံ႔ျပန္ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထြက္ေပၚလာခဲ့ေသာ လိုင္ခ်န္ေတး၏ ပစိဖိတ္ ေဒသခရီးစဥ္ႏွင့္ပတ္သက္ၿပီး တ႐ုတ္ဘက္က စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ျခင္း ရွိ/မရွိဆိုသည့္အခ်က္ကို တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက အတည္ျပဳျခင္း (သို႔မဟုတ္) ျငင္းဆိုခဲ့ျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။
တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက “စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္တာမ်ိဳး ရွိ/မရွိနဲ႔ ဘယ္အခ်ိန္လုပ္ေဆာင္ရ မယ္ဆိုတာ က ကိုယ္ပိုင္လိုအပ္ခ်က္နဲ႔ အေျခအေနေတြေပၚ မူတည္ၿပီး ကြၽန္ေတာ္တို႔ ကိုယ္တိုင္ဆုံးျဖတ္ရမယ့္ကိစၥ ပဲျဖစ္ပါတယ္။ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္တာ ရွိရွိ/မရွိရွိ တ႐ုတ္စစ္တပ္ဟာ ထိုင္ဝမ္ရဲ႕လြတ္လပ္ေရး လႈပ္ရွားမႈေတြအေပၚ ညႇာတာေနမွာမဟုတ္သလို ျပန္လည္ေပါင္းစည္းေရးအတြက္ ပ်က္ကြက္မွာလည္း မဟုတ္ပါ ဘူး” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.