ရုရှားကို ရင်ဆိုင်ရန် အဆင်သင့်မရှိသေးကြောင်း နေတိုးအဖွဲ့အကြီးအကဲ ဆို

 100

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၄

အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့၏ အကြီးအကဲတစ်ဦးက နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်ရှိအချိန် တွင် ရုရှားနိုင်ငံ၏ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အဆင်သင့်မဖြစ်သေးကြောင်း၊ ကာကွယ်ရေးအသုံးစရိတ် ပိုမို တိုးမြှင့်သုံးစွဲရမည်ဖြစ်ပြီး စစ်ပွဲကာလ စိတ်ဓာတ်မျိုးထားရမည်ဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုလိုက်သည်။
နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီ (၂) ရာခိုင်နှုန်းထက်ပိုမို သုံးစွဲ စေလိုကြောင်း နေတိုးမဟာမိတ်အဖွဲ့အကြီးအကဲ မက်ရက်တီက တိုက်တွန်းတောင်းဆိုထားသည်။ ၎င်းက “ရုရှား ဟာ ယူကရိန်းအပြင် ကျွန်တော်တို့အဖွဲ့နဲ့လည်း ရေရှည်ထိပ်တိုက်တွေ့ဆုံမယ့် အစီအစဉ်တွေကို ပြင်ဆင်နေ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လာမယ့် လေး၊ ငါးနှစ်အတွင်း ရုရှားနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်မရှိသေးဘူး။ နေတိုး အဖွဲ့ဝင်နိုင်ငံတွေဟာ စိတ်ဓာတ်ပိုင်းကိုစစ်ပွဲကာလ စိတ်ထားမျိုးထားရမယ်။ ကာကွယ်ရေးအသုံးစရိတ်ကို ပိုမို သုံးစွဲရမှာဖြစ်သလို ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတွေကိုလည်း ပိုမိုထုတ်လုပ်ရမယ်” ဟု ပြောသည်။

နေတိုးမဟာမိတ်အဖွဲ့ဝင် နိုင်ငံပေါင်း(၃၂)နိုင်ငံ အနက် (၂၃) နိုင်ငံက ယခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီ၏ (၂) ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲစေလိုကြောင်း ၎င်းက ပြောသည်။ နေတိုးအဖွဲ့၏အကြီးအကဲ ရက်တီက “စစ်အေးခေတ် ကာလအတွင်းမှာပဲ ဥရောပတိုက်နိုင်ငံအများစုရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ သုံးရာခိုင်နှုန်း မကျော်ဘူး။ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီပီဒီရဲ့ (၂) ရာခိုင်နှုန်းထက် ကျော်လွန်သုံးစွဲဖို့ လိုအပ်တယ်” ဟု ပြောသည်။
နယ်သာလန်ဒုတိယဝန်ကြီးချုပ်ဟောင်း ရက်တီက နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကြား လုပ်ငန်းများကို တားဆီးနိုင်ရန် ဖန်တီးခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုထားသည်။ ယူကရိန်း နှင့် ရုရှား နိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှား နှင့် နေတိုးအဖွဲ့ကြားဆက်ဆံရေးတင်းမာမှုများ ပိုမိုဖြစ်လာခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံအများစုက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက် ပံ့ပေးခြင်းများလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

Zawgyi Version;
႐ုရွားကို ရင္ဆိုင္ရန္ အဆင္သင့္မရွိေသးေၾကာင္း ေနတိုးအဖြဲ႕အႀကီးအကဲ ဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၄

အေမရိကန္ဦးေဆာင္ေသာ ေနတိုးအဖြဲ႕၏ အႀကီးအကဲတစ္ဦးက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ လက္ရွိအခ်ိန္ တြင္ ႐ုရွားႏိုင္ငံ၏ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ရန္အဆင္သင့္မျဖစ္ေသးေၾကာင္း၊ ကာကြယ္ေရးအသုံးစရိတ္ ပိုမို တိုးျမႇင့္သုံးစြဲရမည္ျဖစ္ၿပီး စစ္ပြဲကာလ စိတ္ဓာတ္မ်ိဳးထားရမည္ျဖစ္ေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္သည္။
ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ကာကြယ္ေရးအသုံးစရိတ္ကို ႏိုင္ငံဂ်ီဒီပီ (၂) ရာခိုင္ႏႈန္းထက္ပိုမို သုံးစြဲ ေစလိုေၾကာင္း ေနတိုးမဟာမိတ္အဖြဲ႕အႀကီးအကဲ မက္ရက္တီက တိုက္တြန္းေတာင္းဆိုထားသည္။ ၎က “႐ုရွား ဟာ ယူကရိန္းအျပင္ ကြၽန္ေတာ္တို႔အဖြဲ႕နဲ႔လည္း ေရရွည္ထိပ္တိုက္ေတြ႕ဆုံမယ့္ အစီအစဥ္ေတြကို ျပင္ဆင္ေန တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ လာမယ့္ ေလး၊ ငါးႏွစ္အတြင္း ႐ုရွားနဲ႔ ရင္ဆိုင္ဖို႔ အဆင္သင့္မရွိေသးဘူး။ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံေတြဟာ စိတ္ဓာတ္ပိုင္းကိုစစ္ပြဲကာလ စိတ္ထားမ်ိဳးထားရမယ္။ ကာကြယ္ေရးအသုံးစရိတ္ကို ပိုမို သုံးစြဲရမွာျဖစ္သလို ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈေတြကိုလည္း ပိုမိုထုတ္လုပ္ရမယ္” ဟု ေျပာသည္။

ေနတိုးမဟာမိတ္အဖြဲ႕ဝင္ ႏိုင္ငံေပါင္း(၃၂)ႏိုင္ငံ အနက္ (၂၃) ႏိုင္ငံက ယခုႏွစ္အတြင္း ကာကြယ္ေရးအသုံးစရိတ္ကို ႏိုင္ငံဂ်ီဒီပီ၏ (၂) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲေစလိုေၾကာင္း ၎က ေျပာသည္။ ေနတိုးအဖြဲ႕၏အႀကီးအကဲ ရက္တီက “စစ္ေအးေခတ္ ကာလအတြင္းမွာပဲ ဥေရာပတိုက္ႏိုင္ငံအမ်ားစုရဲ႕ကာကြယ္ေရးအသုံးစရိတ္ဟာ သုံးရာခိုင္ႏႈန္း မေက်ာ္ဘူး။ ကြၽန္ေတာ္တို႔ဟာ လက္ရွိအခ်ိန္မွာ ကာကြယ္ေရးအသုံးစရိတ္ကို ႏိုင္ငံဂ်ီပီဒီရဲ႕ (၂) ရာခိုင္ႏႈန္းထက္ ေက်ာ္လြန္သုံးစြဲဖို႔ လိုအပ္တယ္” ဟု ေျပာသည္။
နယ္သာလန္ဒုတိယဝန္ႀကီးခ်ဳပ္ေဟာင္း ရက္တီက ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား လုပ္ငန္းမ်ားကို တားဆီးႏိုင္ရန္ ဖန္တီးျခင္းမ်ားကို ရပ္တန႔္ရမည္ျဖစ္ေၾကာင္း တိုက္တြန္းေတာင္းဆိုထားသည္။ ယူကရိန္း ႏွင့္ ႐ုရွား ႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွား ႏွင့္ ေနတိုးအဖြဲ႕ၾကားဆက္ဆံေရးတင္းမာမႈမ်ား ပိုမိုျဖစ္လာခဲ့ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအမ်ားစုက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးျခင္းမ်ားလုပ္ေဆာင္ခဲ့ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.