“အတု-အစစ်ကြားက နာမည်ဂုဏ်သိက္ခာ နဲ့ ဝတ်မှုံရွှေရည်ရဲ့အနုပညာသမ္ဘာ”

 334

EP (NP News) - ဒီဇင်ဘာ ၁၅

“NP News” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကိုဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် “နာမည်ကြီးအဆိုတော်တစ်ဦးရဲ့ဇနီး ရင်ဆိုင်နေရတဲ့အဖြစ်အပျက်၊ ဝတ်မှုံရွှေရည်ရဲ့ Comeback ‘တိမ်ပန်းချီ’ ရုပ်ရှင်၊ Vape သောက်သုံးမှုလွန်ကဲခြင်းကြောင့် ML Game Streamer Zing (ခ) စုမြတ်နွေး ကွယ်လွန်မှု” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။

နာမည်ကြီးအဆိုတော်တစ်ဦးရဲ့ဇနီးရင်ဆိုင်နေရတဲ့ သိက္ခာချခံရမှု
မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်သူ စည်သူလွင်ရဲ့ဇနီးနဲ့ပတ်သက်ပြီး ပုံမှားရိုက်နာမည်ဖျက် လိုသူတွေရှိလာပါတယ်။ ဒီဖြစ်စဉ်ကို သူကိုယ်တိုင်က တိုက်ရိုက်ဖြေရှင်းလာခြင်းမျိုးမဟုတ်ဘဲ အနုပညာအသိုင်း အဝိုင်းထဲက ခင်မင်ရင်းနှီးသူ အဆိုတော်ထိုက်ထိုက်က သူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို TikTok ကနေ အသိပေးခဲ့ခြင်းဖြစ်ပါတယ်။
ထိုက်ထိုက် အသိပေးပြောပြပုံအရ ‘‘တစ်ရက်မှာ အဆိုတော်ရေဗက္ကဝင်း၊ အဆိုတော် ထိုက်ထိုက်၊ တခြားအသိမိတ်ဆွေအမျိုးသမီးတစ်ဦးနဲ့ အဆိုတော်စည်သူလွင်ရဲ့ဇနီး မနွယ်မာကျော်တို့က Pilates Exercises အတူတူဆော့ ကစားကြကြောင်း၊ (၄)ဦးအတူ Pilates Exercises ကစားဖို့ချိန်းဆိုရာမှာ အဆင်ပြေစေဖို့ Facebook Messenger မှာ Private Group လုပ်ဖြစ်ခဲ့ကြကြောင်း၊ အဲဒီနေ့ညပိုင်းမှာ မနွယ်မာကျော် Facebook Messenger က Private Group ထဲကို (၁၈+)ဓာတ်ပုံ စတင် ပို့ခဲ့ကြောင်း၊ ကျန်(၃)ဦးအနေနဲ့ မနွယ်မာကျော်အပေါ် တစ်မျိုးထင် သွားခဲ့မိပြီး ထူးဆန်းသွားကြကြောင်း၊ ပုံပို့ပြီးနောက် လိင်ပိုင်းဆိုင်ရာအကြောင်းတွေပြောကြဖို့ လှုံ့ဆော်စကားတွေ ကို အဆိုပါအကောင့်က ပြောဆိုခဲ့ကြောင်း” ထိုက်ထိုက်ကပြောပြလာတာပါ။ နောက်တစ်ရက် Pilates Class မှာ ၎င်းတို့တွေ့ဆုံကြချိန် မနွယ်မာကျော်က Private Group ဖွဲ့မယ်ဆိုပြီး သူ့ကို Group မထည့်ရသေးကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျန်(၃)ဦးက မနွယ်မာကျော်အကောင့်ကို Private Group ထဲ ထည့်ထားပြီးဖြစ် ကြောင်း၊ အစ်မကိုယ်တိုင် စကားတွေဝင်ပြောထားကြောင်း၊ (၁၈+) ဓာတ်ပုံတွေပို့လို့ထူးဆန်းမိကြောင်း ပွင့်ပွင့် လင်းလင်းပြောပြကြရာကနေ Private Group ထဲထည့်ထားမိတဲ့ ‘‘Nwe Mar Kyaw” အကောင့်က အကောင့်တု ဖြစ်နေမှန်းသိခဲ့ကြပါတယ်။
ရေဗက္ကာဝင်း၊ ထိုက်ထိုက်၊ သဲသဲတို့ဟာ “Nwe Mar Kyaw” နာမည်နဲ့ အကောင့်တုဖွင့်လိမ်လည်နေသူနဲ့စကားတွေ ပြောမိခဲ့ကြတာကိုသိရှိသွားချိန်မှာ အရမ်းကိုထိတ်လန့်သွားခဲ့ကြပါတယ်။ စည်သူလွင်ရဲ့ဇနီး မနွယ်မာကျော်က လည်း အဲဒီအကောင့်တုကြောင့်စိတ်ညစ်နေတာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်တယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ထက် ဆိုးရွားလွန်းတဲ့ဖြစ်ရပ်တစ်ခုက အဆိုပါ “Nwe Mar Kyaw” အကောင့်တုဖွင့်ကာ လိမ်လည်နေ သူက “Nwe Mar Kyaw” အကောင့်နဲ့ အဆိုတော်ဖြိုးကြီးထံ “ဖြိုးကြီး နင့်ကို ငါ တစ်ခု ပို့စရာရှိတယ်။ အဲဒီတစ်ခုက စိတ်ဝင်စားဖို့ကောင်းတယ်။ နင်စိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင် ငါလျှို့ဝှက်နံပါတ် ၆ လုံး ပို့ပေးလိုက် မယ်ဆိုပြီး ပို့ခဲ့ရာ၊ ဖြိုးကြီးက အဲဒီအကောင့်ကပို့လာတဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီးနောက် ဖြိုးကြီးရဲ့ BlueMark ရထား တဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ဟက်ခံလိုက်ရကြောင်း” ပြောပြထားပါတယ်။
(1.1)K Followers ရှိတဲ့အကောင့်က “Nwe Mar Kyaw” အကောင့်အစစ်ဖြစ်ပြီး၊ (1.5)K Followers ရှိတဲ့ အကောင့် က အတုသာဖြစ်ကြောင်း အသိပေးပြောပြထားတာပါ။ ဆိုရှယ်ပလက်ဖောင်းတွေ အသုံးပြုသူတွေအနေနဲ့ မသမာသူ လူလိမ်တွေကိုသတိပြုသင့်ပြီး၊ အကောင့်တု၊ ပေ့ချ်အတုတွေရဲ့တစ်ဖက်သားအပေါ် ဂုဏ်သိက္ခာကျဆင်း စေဖို့ ရည်ရွယ်လုပ်ဆောင်တဲ့လုပ်ရပ်တွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ခိုင်မာတဲ့ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့လည်း လိုအပ်နေ ပြီဖြစ်ပါတယ်။

(၄) နှစ်ကြာမှ ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့တဲ့ အကယ်ဒမီဝတ်မှုံရွှေရည်၊ အေးချမ်းမောင်အတွက် ပထမဆုံး ရုံတင် ဇာတ်ကား
‘တိမ်ပန်းချီ’ ရုပ်ရှင်ဇာတ်ကားက ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည် လေးနှစ်ကြာမှ ပြန်လည်ရိုက်ကူးခဲ့တဲ့ ပထမဆုံး ရုံတင်ဇာတ်ကားဖြစ်ရုံမက သရုပ်ဆောင်အေးချမ်းမောင်အတွက် ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံး ရုံတင်ဇာတ်ကား၊ ဒါရိုက်တာပွင့်သိင်္ဂီဇော်ရိုက်ကူးတဲ့ ပထမဆုံး ဒရမ်မာ ရုံတင်ဇာတ်ကား၊ ထုတ်လုပ်ရေးအသစ်ရဲ့ ပထမဆုံးပွဲဦးထွက် ရုံတင်ဇာတ်ကားဆိုလည်းမမှားပါဘူး။ အေးချမ်းမောင်က မြန်မာ့ရုပ်ရှင်လောကမှာ ထုံးတမ်းစဉ် လာတစ်ခုလိုဖြစ်နေတဲ့ မင်းသား၊ မင်းသမီး နာမည်စာတန်းထိုးမှုမှာ မင်းသားဖြစ် သူရဲ့နာမည်ကိုသာ ရှေ့ဆုံးမှာထိုး ပေးရမယ်ဆိုတဲ့အယူအစွဲကိုပယ်ဖျက်ခဲ့ပြီး၊ အနုပညာသက်တမ်း၊ အနုပညာသမ္ဘာဝါကြီးသူ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည် နာမည်ကိုသာ ရှေ့ဆုံးက ဦးစား‌ပေးမှတ်တမ်းတင်စေခဲ့သူပါ။ အဆိုပါလုပ်ရပ်ကို ဒါရိုက်တာ ညိုမင်းလွင်က လူမှုကွန်ရက်ကနေ တရားဝင် ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်ပြီး “ဇာတ်လမ်းအရ နာမည်ထိုးရခြင်းတွေ အပေါ်မှာ ကျွန်တော်နားလည်ပါတယ်”လို့ ဒါရိုက်တာညိုမင်းလွင်ရဲ့ချီးကျူးစကားကို အေးချမ်းမောင်က အကြောင်း ပြန်ထားပါတယ်။
တိမ်ပန်းချီရုပ်ရှင်ဇာတ်ကား ပရီမီယံရှိုးပွဲအပြီး ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ထပ်ဆင့်အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ ဒါရိုက်တာမီးပွားနဲ့ တခြားဝါရင့်အနုပညာရှင်ကြီးတွေကိုယ်တိုင်က ဝတ်မှုံရွှေရည်ရဲ့ သရုပ်ဆောင်စွမ်းရည်၊ အေးချမ်းမောင်ရဲ့အနုပညာအရည်အသွေး၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပုံတွေကို ချီးကျူးမှတ်ချက်ပြုခဲ့ကြပါတယ်။
တိမ်ပန်းချီရုပ်ရှင်ဇာတ်ကားကို ဝတ္ထုဟမ်စိုင်း (ဆေး-မန်း)၊ ဇာတ်ညွှန်း အေးသီရိကို၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ သရုပ်ဆောင် ဝတ်မှုံရွှေရည်၊ အေးချမ်းမောင်၊ နေမျိုးအောင်၊ စည်ဖြိုး၊ ညီနန္ဒ၊ အကယ်ဒမီ မယ်လိုဒီ၊ နှင်းယု အစရှိတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြကာ Brave Empire Entertainment and Production က ထုတ်လုပ်ဖြန့်ချိထားခြင်းဖြစ်ပါတယ်။ တိမ်ပန်းချီရုပ်ရှင်ကို ဒီဇင်ဘာလ (၁၃)ရက်က စတင် ရုံတင်ပြသခဲ့ခြင်းဖြစ်ပါ တယ်။ ဝတ်မှုံရွှေရည်နဲ့ အေးချမ်းမောင်ရဲ့ပရိသတ်တွေကတော့ ‘တိမ်ပန်းချီ’ ရုပ်ရှင်ဇာတ်ကားနဲ့ (၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေကို ရရှိနိုင်ဖို့အထိ ခန့်မှန်းဆုတောင်းနေကြပြီဖြစ်ပါတယ်။

Vape သောက်သုံးမှုလွန်ကဲခြင်းကြောင့်လို့ဆိုကာ ML Game Streamer Zing (ခ) စုမြတ်နွေး ကွယ်လွန်မှု
Mobile Legends Streamer တစ်ဦးဖြစ်သူ Zing (ခ) စုမြတ်နွေးဟာ လျှပ်စစ်စီးကရက် (Vape) သောက်သုံးမှုလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးလိုက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ ML Streamer ‌လောကထဲ နာမည်ကြီးအောင်မြင်ရုံမက အချောဆုံး Streamer အဖြစ် သတ်မှတ်ခံထားရသူ Zing (ခ) စုမြတ်နွေး အသက် (၂၉)နှစ်ဟာ ဒီဇင်ဘာလ (၁၀)ရက် ညနေ (၅) နာရီ (၅၀) မိနစ်အချိန်က ကွယ်လွန်ဆုံးပါးခဲ့တာဖြစ်ပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းမှာ လူငယ်တွေအကြား ခေတ်စားသုံးစွဲလျက်ရှိတဲ့ လျှပ်စစ်စီးကရက် (Vape) သောက်သုံးမှုလွန်ကဲခြင်းကြောင့် (၂၀၂၄) ခုနှစ် စက်တင်ဘာလက စတင်ပြီး ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ရ တယ်လို့ သိရပါတယ်။ အသိုင်းအဝိုင်းထံက ကြားသိရသလောက် ML Game Streamer Zing က Vape ကို စမ်းသပ်အသုံးပြုပြီးနောက် ကြိုက်နှစ်သက်သွားခဲ့ပြီး နေ့စဉ်သုံးစွဲမှုလွန်ကဲသွားခဲ့ကြောင်း၊ Game Streamer တစ်ဦးဖြစ်တာကြောင့် လည်း အချိန်အတော်များများဟာ ကွန်ပျူတာအရှေ့မှာသာ အချိန်ကုန်ဆုံးလေ့ရှိကြောင်း၊ Screentime မြင့်မားလွန်း သူဖြစ်ကြောင်း အစရှိတဲ့ နေ့စဉ် လူနေမှုဘဝပုံစံတွေကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့သိရပါတယ်။
E cigarettes (သို့) Vape ရှူခြင်း၊ သောက်သုံးခြင်းက လူငယ်တွေသာမက ဆေးလိပ်ဖြတ်လိုသူ အမျိုးသား၊ အမျိုးသမီးတွေ အများဆုံး အစားထိုးသုံးလေ့ရှိပြီး Vape က စီးကရက်လို အန္တရာယ်မများဘူးလို့မှတ်ယူကာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာဖြစ်ပါတယ်။ E cigarettes (သို့) Vape မြန်မာ့ဈေးကွက်ထဲ ခေတ်စား လာချိန်မှာ တချို့ ဆို စီးကရက်မသောက်ဖူးသူတွေတောင် ဖက်ရှင်တစ်ခုအဖြစ် Vape ကို လည်ပင်းမှာ ကြိုးဖြင့်ဆွဲ ကာ အသုံးပြုသူတွေ များပြားခဲ့ပါတယ်။

ဆေးပညာရှင်တွေရဲ့စစ်တမ်းတွေအရ E cigarette သောက်ခြင်းက နှလုံးရောဂါ၊ လေဖြတ်တာ၊ ရုတ်တရက် နှလုံးထိခိုက်တာ (heart attack)၊ ရင်ဘတ်အောင့်တာတွေဖြစ် ပေါ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ စီးကရက်နဲ့ Vape နှစ်မျိုးစလုံး သောက်သုံးသူတွေအနေနဲ့က နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားကြောင်းသိရှိရပါတယ်။ တခြား တစ်ဖက်မှာလည်း Vape သောက်သုံးတာက နှလုံးထိခိုက်တာနဲ့ လုံးဝမသက်ဆိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တွေအကြိုက် စစ်တမ်းတစ်ခုလည်း ထွက်ပေါ်ထားတာမျိုးရှိပါတယ်။ ML Game Streamer Zing သေဆုံးမှုက Vape သောက်သုံးမှု လွန်ကဲတာကြောင့်ပဲဖြစ်စေ၊ တခြားကျန်းမာရေးကြောင့်ပဲဖြစ်ပါစေ လူငယ်တွေအနေနဲ့ အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်အစားထိုး E cigarette (သို့) Vape စတဲ့အရာတွေကို အလွန်အကျွံအသုံးမပြုမိစေဖို့ လိုအပ်ကြောင်း သတိပြုရ မှာပဲဖြစ်ပါတယ်။
ML Game Streamer Zing ရဲ့ပရိသတ်တွေကတော့ Zing သေဆုံးမှုအပေါ် နှမြောတသဖြစ်ကာ game stream အသိုင်းအဝိုင်းကြား ဝမ်းနည်းကြောင်း ဆုတောင်းစကားတွေ ဆိုထားကြပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version;
“အတု-အစစ္ၾကားက နာမည္ဂုဏ္သိကၡာ နဲ႔ ဝတ္မႈံေ႐ႊရည္ရဲ႕ အႏုပညာသမာၻ”
EP (NP News) - ဒီဇင္ဘာ ၁၅

“NP News” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကိုေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ “နာမည္ႀကီးအဆိုေတာ္တစ္ဦးရဲ႕ဇနီး ရင္ဆိုင္ေနရတဲ့အျဖစ္အပ်က္၊ ဝတ္မႈံေ႐ႊရည္ရဲ႕ Comeback ‘တိမ္ပန္းခ်ီ’ ႐ုပ္ရွင္၊ Vape ေသာက္သုံးမႈလြန္ကဲျခင္းေၾကာင့္ ML Game Streamer Zing (ခ) စုျမတ္ေႏြး ကြယ္လြန္မႈ” အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။

နာမည္ႀကီးအဆိုေတာ္တစ္ဦးရဲ႕ဇနီးရင္ဆိုင္ေနရတဲ့ သိကၡာခ်ခံရမႈ
ျမန္မာႏိုင္ငံရဲ႕နာမည္ႀကီးအဆိုေတာ္တစ္ဦးျဖစ္သူ စည္သူလြင္ရဲ႕ဇနီးနဲ႔ပတ္သက္ၿပီး ပုံမွား႐ိုက္နာမည္ဖ်က္ လိုသူေတြရွိလာပါတယ္။ ဒီျဖစ္စဥ္ကို သူကိုယ္တိုင္က တိုက္႐ိုက္ေျဖရွင္းလာျခင္းမ်ိဳးမဟုတ္ဘဲ အႏုပညာအသိုင္း အဝိုင္းထဲက ခင္မင္ရင္းႏွီးသူ အဆိုေတာ္ထိုက္ထိုက္က သူတို႔ႀကဳံေတြ႕ခဲ့ရတဲ့အျဖစ္အပ်က္ကို TikTok ကေန အသိေပးခဲ့ျခင္းျဖစ္ပါတယ္။
ထိုက္ထိုက္ အသိေပးေျပာျပပုံအရ ‘‘တစ္ရက္မွာ အဆိုေတာ္ေရဗကၠဝင္း၊ အဆိုေတာ္ ထိုက္ထိုက္၊ တျခားအသိမိတ္ေဆြအမ်ိဳးသမီးတစ္ဦးနဲ႔ အဆိုေတာ္စည္သူလြင္ရဲ႕ဇနီး မႏြယ္မာေက်ာ္တို႔က Pilates Exercises အတူတူေဆာ့ ကစားၾကေၾကာင္း၊ (၄)ဦးအတူ Pilates Exercises ကစားဖို႔ခ်ိန္းဆိုရာမွာ အဆင္ေျပေစဖို႔ Facebook Messenger မွာ Private Group လုပ္ျဖစ္ခဲ့ၾကေၾကာင္း၊ အဲဒီေန႔ညပိုင္းမွာ မႏြယ္မာေက်ာ္ Facebook Messenger က Private Group ထဲကို (၁၈+)ဓာတ္ပုံ စတင္ ပို႔ခဲ့ေၾကာင္း၊ က်န္(၃)ဦးအေနနဲ႔ မႏြယ္မာေက်ာ္အေပၚ တစ္မ်ိဳးထင္ သြားခဲ့မိၿပီး ထူးဆန္းသြားၾကေၾကာင္း၊ ပုံပို႔ၿပီးေနာက္ လိင္ပိုင္းဆိုင္ရာအေၾကာင္းေတြေျပာၾကဖို႔ လႈံ႕ေဆာ္စကားေတြ ကို အဆိုပါအေကာင့္က ေျပာဆိုခဲ့ေၾကာင္း” ထိုက္ထိုက္ကေျပာျပလာတာပါ။ ေနာက္တစ္ရက္ Pilates Class မွာ ၎တို႔ေတြ႕ဆုံၾကခ်ိန္ မႏြယ္မာေက်ာ္က Private Group ဖြဲ႕မယ္ဆိုၿပီး သူ႔ကို Group မထည့္ရေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ က်န္(၃)ဦးက မႏြယ္မာေက်ာ္အေကာင့္ကို Private Group ထဲ ထည့္ထားၿပီးျဖစ္ ေၾကာင္း၊ အစ္မကိုယ္တိုင္ စကားေတြဝင္ေျပာထားေၾကာင္း၊ (၁၈+) ဓာတ္ပုံေတြပို႔လို႔ထူးဆန္းမိေၾကာင္း ပြင့္ပြင့္ လင္းလင္းေျပာျပၾကရာကေန Private Group ထဲထည့္ထားမိတဲ့ ‘‘Nwe Mar Kyaw” အေကာင့္က အေကာင့္တု ျဖစ္ေနမွန္းသိခဲ့ၾကပါတယ္။
ေရဗကၠာဝင္း၊ ထိုက္ထိုက္၊ သဲသဲတို႔ဟာ “Nwe Mar Kyaw” နာမည္နဲ႔ အေကာင့္တုဖြင့္လိမ္လည္ေနသူနဲ႔စကားေတြ ေျပာမိခဲ့ၾကတာကိုသိရွိသြားခ်ိန္မွာ အရမ္းကိုထိတ္လန႔္သြားခဲ့ၾကပါတယ္။ စည္သူလြင္ရဲ႕ဇနီး မႏြယ္မာေက်ာ္က လည္း အဲဒီအေကာင့္တုေၾကာင့္စိတ္ညစ္ေနတာ တစ္ႏွစ္ဝန္းက်င္ရွိၿပီျဖစ္တယ္လို႔ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။
အဆိုပါျဖစ္စဥ္ထက္ ဆိုး႐ြားလြန္းတဲ့ျဖစ္ရပ္တစ္ခုက အဆိုပါ “Nwe Mar Kyaw” အေကာင့္တုဖြင့္ကာ လိမ္လည္ေန သူက “Nwe Mar Kyaw” အေကာင့္နဲ႔ အဆိုေတာ္ၿဖိဳးႀကီးထံ “ၿဖိဳးႀကီး နင့္ကို ငါ တစ္ခု ပို႔စရာရွိတယ္။ အဲဒီတစ္ခုက စိတ္ဝင္စားဖို႔ေကာင္းတယ္။ နင္စိတ္ဝင္စားလို႔ၾကည့္ခ်င္တယ္ဆိုရင္ ငါလွ်ိဳ႕ဝွက္နံပါတ္ ၆ လုံး ပို႔ေပးလိုက္ မယ္ဆိုၿပီး ပို႔ခဲ့ရာ၊ ၿဖိဳးႀကီးက အဲဒီအေကာင့္ကပို႔လာတဲ့ လွ်ိဳ႕ဝွက္နံပါတ္ကို ႐ိုက္ထည့္ၿပီးေနာက္ ၿဖိဳးႀကီးရဲ႕ BlueMark ရထား တဲ့ ေဖ့စ္ဘြတ္ခ္အေကာင့္ ဟက္ခံလိုက္ရေၾကာင္း” ေျပာျပထားပါတယ္။
(1.1)K Followers ရွိတဲ့အေကာင့္က “Nwe Mar Kyaw” အေကာင့္အစစ္ျဖစ္ၿပီး၊ (1.5)K Followers ရွိတဲ့ အေကာင့္ က အတုသာျဖစ္ေၾကာင္း အသိေပးေျပာျပထားတာပါ။ ဆိုရွယ္ပလက္ေဖာင္းေတြ အသုံးျပဳသူေတြအေနနဲ႔ မသမာသူ လူလိမ္ေတြကိုသတိျပဳသင့္ၿပီး၊ အေကာင့္တု၊ ေပ့ခ်္အတုေတြရဲ႕တစ္ဖက္သားအေပၚ ဂုဏ္သိကၡာက်ဆင္း ေစဖို႔ ရည္႐ြယ္လုပ္ေဆာင္တဲ့လုပ္ရပ္ေတြကို အေရးယူေဆာင္႐ြက္ႏိုင္ဖို႔ ခိုင္မာတဲ့ဥပေဒတစ္ရပ္ေပၚေပါက္ဖို႔လည္း လိုအပ္ေန ၿပီျဖစ္ပါတယ္။

(၄) ႏွစ္ၾကာမွ ႐ုပ္ရွင္ျပန္လည္႐ိုက္ကူးခဲ့တဲ့ အကယ္ဒမီဝတ္မႈံေ႐ႊရည္၊ ေအးခ်မ္းေမာင္အတြက္ ပထမဆုံး ႐ုံတင္ ဇာတ္ကား
‘တိမ္ပန္းခ်ီ’ ႐ုပ္ရွင္ဇာတ္ကားက ထပ္ဆင့္အကယ္ဒမီ ဝတ္မႈံေ႐ႊရည္ ေလးႏွစ္ၾကာမွ ျပန္လည္႐ိုက္ကူးခဲ့တဲ့ ပထမဆုံး ႐ုံတင္ဇာတ္ကားျဖစ္႐ုံမက သ႐ုပ္ေဆာင္ေအးခ်မ္းေမာင္အတြက္ ေခါင္းေဆာင္မင္းသားအျဖစ္ ပထမဆုံး ႐ုံတင္ဇာတ္ကား၊ ဒါ႐ိုက္တာပြင့္သိဂႌေဇာ္႐ိုက္ကူးတဲ့ ပထမဆုံး ဒရမ္မာ ႐ုံတင္ဇာတ္ကား၊ ထုတ္လုပ္ေရးအသစ္ရဲ႕ ပထမဆုံးပြဲဦးထြက္ ႐ုံတင္ဇာတ္ကားဆိုလည္းမမွားပါဘူး။ ေအးခ်မ္းေမာင္က ျမန္မာ့႐ုပ္ရွင္ေလာကမွာ ထုံးတမ္းစဥ္ လာတစ္ခုလိုျဖစ္ေနတဲ့ မင္းသား၊ မင္းသမီး နာမည္စာတန္းထိုးမႈမွာ မင္းသားျဖစ္ သူရဲ႕နာမည္ကိုသာ ေရွ႕ဆုံးမွာထိုး ေပးရမယ္ဆိုတဲ့အယူအစြဲကိုပယ္ဖ်က္ခဲ့ၿပီး၊ အႏုပညာသက္တမ္း၊ အႏုပညာသမာၻဝါႀကီးသူ ထပ္ဆင့္အကယ္ဒမီ ဝတ္မႈံေ႐ႊရည္ နာမည္ကိုသာ ေရွ႕ဆုံးက ဦးစား‌ေပးမွတ္တမ္းတင္ေစခဲ့သူပါ။ အဆိုပါလုပ္ရပ္ကို ဒါ႐ိုက္တာ ညိဳမင္းလြင္က လူမႈကြန္ရက္ကေန တရားဝင္ ခ်ီးက်ဴးစကားဆိုခဲ့ျခင္းျဖစ္ၿပီး “ဇာတ္လမ္းအရ နာမည္ထိုးရျခင္းေတြ အေပၚမွာ ကြၽန္ေတာ္နားလည္ပါတယ္”လို႔ ဒါ႐ိုက္တာညိဳမင္းလြင္ရဲ႕ခ်ီးက်ဴးစကားကို ေအးခ်မ္းေမာင္က အေၾကာင္း ျပန္ထားပါတယ္။
တိမ္ပန္းခ်ီ႐ုပ္ရွင္ဇာတ္ကား ပရီမီယံရႈိးပြဲအၿပီး ထပ္ဆင့္အကယ္ဒမီ ဝါဝါဝင္းေ႐ႊ၊ ထပ္ဆင့္အကယ္ဒမီ လြင္မိုး၊ အကယ္ဒမီ ဒါ႐ိုက္တာမီးပြားနဲ႔ တျခားဝါရင့္အႏုပညာရွင္ႀကီးေတြကိုယ္တိုင္က ဝတ္မႈံေ႐ႊရည္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္၊ ေအးခ်မ္းေမာင္ရဲ႕အႏုပညာအရည္အေသြး၊ ဇာတ္လမ္းဇာတ္အိမ္ေကာင္းမြန္ပုံေတြကို ခ်ီးက်ဴးမွတ္ခ်က္ျပဳခဲ့ၾကပါတယ္။
တိမ္ပန္းခ်ီ႐ုပ္ရွင္ဇာတ္ကားကို ဝတၳဳဟမ္စိုင္း (ေဆး-မန္း)၊ ဇာတ္ၫႊန္း ေအးသီရိကို၊ ဒါ႐ိုက္တာ ပြင့္သိဂႌေဇာ္၊ သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္၊ ေအးခ်မ္းေမာင္၊ ေနမ်ိဳးေအာင္၊ စည္ၿဖိဳး၊ ညီနႏၵ၊ အကယ္ဒမီ မယ္လိုဒီ၊ ႏွင္းယု အစရွိတဲ့ အႏုပညာရွင္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားၾကကာ Brave Empire Entertainment and Production က ထုတ္လုပ္ျဖန႔္ခ်ိထားျခင္းျဖစ္ပါတယ္။ တိမ္ပန္းခ်ီ႐ုပ္ရွင္ကို ဒီဇင္ဘာလ (၁၃)ရက္က စတင္ ႐ုံတင္ျပသခဲ့ျခင္းျဖစ္ပါ တယ္။ ဝတ္မႈံေ႐ႊရည္နဲ႔ ေအးခ်မ္းေမာင္ရဲ႕ပရိသတ္ေတြကေတာ့ ‘တိမ္ပန္းခ်ီ’ ႐ုပ္ရွင္ဇာတ္ကားနဲ႔ (၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေတြကို ရရွိႏိုင္ဖို႔အထိ ခန႔္မွန္းဆုေတာင္းေနၾကၿပီျဖစ္ပါတယ္။

Vape ေသာက္သုံးမႈလြန္ကဲျခင္းေၾကာင့္ ML Game Streamer Zing (ခ) စုျမတ္ေႏြး ကြယ္လြန္မႈ
Mobile Legends Streamer တစ္ဦးျဖစ္သူ Zing (ခ) စုျမတ္ေႏြးဟာ လွ်ပ္စစ္စီးကရက္ (Vape) ေသာက္သုံးမႈလြန္ကဲျခင္းေၾကာင့္ အသက္ဆုံးရႈံးလိုက္ရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ML Streamer ‌ေလာကထဲ နာမည္ႀကီးေအာင္ျမင္႐ုံမက အေခ်ာဆုံး Streamer အျဖစ္ သတ္မွတ္ခံထားရသူ Zing (ခ) စုျမတ္ေႏြး အသက္ (၂၉)ႏွစ္ဟာ ဒီဇင္ဘာလ (၁၀)ရက္ ညေန (၅) နာရီ (၅၀) မိနစ္အခ်ိန္က ကြယ္လြန္ဆုံးပါးခဲ့တာျဖစ္ပါတယ္။
ေသဆုံးရတဲ့အေၾကာင္းရင္းမွာ လူငယ္ေတြအၾကား ေခတ္စားသုံးစြဲလ်က္ရွိတဲ့ လွ်ပ္စစ္စီးကရက္ (Vape) ေသာက္သုံးမႈလြန္ကဲျခင္းေၾကာင့္ (၂၀၂၄) ခုႏွစ္ စက္တင္ဘာလက စတင္ၿပီး ေဆး႐ုံတက္ ေဆးကုသမႈခံယူခဲ့ရ တယ္လို႔ သိရပါတယ္။ အသိုင္းအဝိုင္းထံက ၾကားသိရသေလာက္ ML Game Streamer Zing က Vape ကို စမ္းသပ္အသုံးျပဳၿပီးေနာက္ ႀကိဳက္ႏွစ္သက္သြားခဲ့ၿပီး ေန႔စဥ္သုံးစြဲမႈလြန္ကဲသြားခဲ့ေၾကာင္း၊ Game Streamer တစ္ဦးျဖစ္တာေၾကာင့္ လည္း အခ်ိန္အေတာ္မ်ားမ်ားဟာ ကြန္ပ်ဴတာအေရွ႕မွာသာ အခ်ိန္ကုန္ဆုံးေလ့ရွိေၾကာင္း၊ Screentime ျမင့္မားလြန္း သူျဖစ္ေၾကာင္း အစရွိတဲ့ ေန႔စဥ္ လူေနမႈဘဝပုံစံေတြေၾကာင့္ က်န္းမာေရးကို ဆိုး႐ြားစြာ ထိခိုက္ေစခဲ့တယ္လို႔သိရပါတယ္။
E cigarettes (သို႔) Vape ရႉျခင္း၊ ေသာက္သုံးျခင္းက လူငယ္ေတြသာမက ေဆးလိပ္ျဖတ္လိုသူ အမ်ိဳးသား၊ အမ်ိဳးသမီးေတြ အမ်ားဆုံး အစားထိုးသုံးေလ့ရွိၿပီး Vape က စီးကရက္လို အႏၲရာယ္မမ်ားဘူးလို႔မွတ္ယူကာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာၾကတာျဖစ္ပါတယ္။ E cigarettes (သို႔) Vape ျမန္မာ့ေဈးကြက္ထဲ ေခတ္စား လာခ်ိန္မွာ တခ်ိဳ႕ ဆို စီးကရက္မေသာက္ဖူးသူေတြေတာင္ ဖက္ရွင္တစ္ခုအျဖစ္ Vape ကို လည္ပင္းမွာ ႀကိဳးျဖင့္ဆြဲ ကာ အသုံးျပဳသူေတြ မ်ားျပားခဲ့ပါတယ္။

ေဆးပညာရွင္ေတြရဲ႕စစ္တမ္းေတြအရ E cigarette ေသာက္ျခင္းက ႏွလုံးေရာဂါ၊ ေလျဖတ္တာ၊ ႐ုတ္တရက္ ႏွလုံးထိခိုက္တာ (heart attack)၊ ရင္ဘတ္ေအာင့္တာေတြျဖစ္ ေပၚႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။ စီးကရက္နဲ႔ Vape ႏွစ္မ်ိဳးစလုံး ေသာက္သုံးသူေတြအေနနဲ႔က ႏွလုံးေရာဂါျဖစ္ႏိုင္ေျချမင့္မားေၾကာင္းသိရွိရပါတယ္။ တျခား တစ္ဖက္မွာလည္း Vape ေသာက္သုံးတာက ႏွလုံးထိခိုက္တာနဲ႔ လုံးဝမသက္ဆိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ ေတြအႀကိဳက္ စစ္တမ္းတစ္ခုလည္း ထြက္ေပၚထားတာမ်ိဳးရွိပါတယ္။ ML Game Streamer Zing ေသဆုံးမႈက Vape ေသာက္သုံးမႈ လြန္ကဲတာေၾကာင့္ပဲျဖစ္ေစ၊ တျခားက်န္းမာေရးေၾကာင့္ပဲျဖစ္ပါေစ လူငယ္ေတြအေနနဲ႔ အရက္၊ မူးယစ္ေဆး၊ ေဆးလိပ္အစားထိုး E cigarette (သို႔) Vape စတဲ့အရာေတြကို အလြန္အကြၽံအသုံးမျပဳမိေစဖို႔ လိုအပ္ေၾကာင္း သတိျပဳရ မွာပဲျဖစ္ပါတယ္။
ML Game Streamer Zing ရဲ႕ပရိသတ္ေတြကေတာ့ Zing ေသဆုံးမႈအေပၚ ႏွေျမာတသျဖစ္ကာ game stream အသိုင္းအဝိုင္းၾကား ဝမ္းနည္းေၾကာင္း ဆုေတာင္းစကားေတြ ဆိုထားၾကပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာ႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.