သေဒဏ်ပေးမည်ဟု လက်လွတ်စပယ်ကြေညာပြီးမှ ဝိုင်းဝေဖန်သည့်အတွက် NUG ၏ ကျောတိုက်နယ် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီက ပြင်ဆင်ထုတ်ပြန်

 694

ချယ်ရီ (NP News) - ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်တွင် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ၎င်းတို့ ထုတ်ထားသည့် ဒေသန္တရတားမြစ်ချက်များကို ဖောက်ဖျက်လျှင် သေဒဏ်ပေးမည်ဟု လက်လွတ်စပယ်ကြေညာပြီးနောက် ဝေဖန်ခံရသည့်အပေါ် ယနေ့ (ဒီဇင်ဘာလ ၁၄ ရက်) တွင် ပြင်ဆင်သည့် ထုတ်ပြန်ချက်အသစ်တစ်စောင်ကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
ဝေဖန်ခံနေရသော ထုတ်ပြန်ချက်မှာ နိုဝင်ဘာလ ၁၅ ရက်ကပင် ထုတ်ပြန်ထားခြင်း ဖြစ်သော်လည်း လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများထက်တွင် ဒီဇင်ဘာလ ၁၃ ရက်မှစတင်ကာ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် တစ်လနီးပါး ကြားကာလအတွင်း လူအရေအတွက် မည်မျှကို သေဒဏ်ချသည်ဆိုသောအချက်မှာမူ သိရခြင်း မရှိပေ။
ယခင် ထုတ်ပြန်ချက်တွင် ယင်း ဗဟိုကော်မတီက ဒေသန္တရ ဥပဒေမူကြမ်းတရပ် ရေးဆွဲထားသည်ဟု ဆိုပြီး အဆိုပါ ဥပဒေအရ ၎င်းတို့ ထုတ်ပြန်ထားသည့် အဓိက တားမြစ်ထားသော တားမြစ်ချက်များကို ခွင့်ပြုချက်မဲ့ ကျူးလွန်ပါ က ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည့်အပြင် သေဒဏ်အထိ အရေးယူမည်ဟု ဆိုထားခြင်းဖြစ်သည်။
သို့သော် ၎င်းတို့ရေးဆွဲထားသည် ဆိုသော ဒေသန္တရ ဥပဒေမူကြမ်းကို မည်သူမျှ ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်း မရှိကြောင်း NP News က စုံစမ်းသိရှိရသည်။
ဝေဖန်ခံရသောဖြစ်စဉ်များအပြီး ဒီဇင်ဘာလ ၁၄ ရက်က ပြင်ဆင်ထုတ်ပြန်ရာတွင် ယခင်ထုတ်ပြန်ခဲ့သော ဒေသန္တရ တားမြစ်ချက်များကို ကျောတိုက်နယ်တွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံများ၏ သဘောဆန္ဒနှင့်အညီ ပြန်လည် ရေးဆွဲ၍ အုပ်ချုပ်စီမံခန့်ခွဲကာ ဒေသအတွင်း ခိုင်မာသော ပြတ်သားချက်များဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။
ထို့အပြင် အဓိက တားမြစ်ထားသော တားမြစ်ချက်များကို(ခွင့်ပြုချက်မဲ့) ကျူးလွန်ကြောင်း ထင်ရှားပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်သည်ဟုလည်း ထုတ်ပြန်ချက်အသစ်တွင် ပြင်ဆင်ရေးထားကြောင်း မြင်တွေ့ရသည်။

Zawgyi Version;
ေသဒဏ္ေပးမည္ဟု လက္လြတ္စပယ္ေၾကညာၿပီးမွ ဝိုင္းေဝဖန္သည့္အတြက္ NUG ၏ ေက်ာတိုက္နယ္ ေဒသႏၲရျပည္သူ႔အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီက ျပင္ဆင္ထုတ္ျပန္
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၁၄

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဂန႔္ေဂါခ႐ိုင္၊ ေက်ာတိုက္နယ္တြင္ ေဒသႏၲရျပည္သူ႔အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီက ၎တို႔ ထုတ္ထားသည့္ ေဒသႏၲရတားျမစ္ခ်က္မ်ားကို ေဖာက္ဖ်က္လွ်င္ ေသဒဏ္ေပးမည္ဟု လက္လြတ္စပယ္ေၾကညာၿပီးေနာက္ ေဝဖန္ခံရသည့္အေပၚ ယေန႔ (ဒီဇင္ဘာလ ၁၄ ရက္) တြင္ ျပင္ဆင္သည့္ ထုတ္ျပန္ခ်က္အသစ္တစ္ေစာင္ကို ျပန္လည္ျပင္ဆင္ထုတ္ျပန္ခဲ့သည္။
ေဝဖန္ခံေနရေသာ ထုတ္ျပန္ခ်က္မွာ ႏိုဝင္ဘာလ ၁၅ ရက္ကပင္ ထုတ္ျပန္ထားျခင္း ျဖစ္ေသာ္လည္း လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ားထက္တြင္ ဒီဇင္ဘာလ ၁၃ ရက္မွစတင္ကာ ထြက္ေပၚလာျခင္းျဖစ္ေသာေၾကာင့္ တစ္လနီးပါး ၾကားကာလအတြင္း လူအေရအတြက္ မည္မွ်ကို ေသဒဏ္ခ်သည္ဆိုေသာအခ်က္မွာမူ သိရျခင္း မရွိေပ။
ယခင္ ထုတ္ျပန္ခ်က္တြင္ ယင္း ဗဟိုေကာ္မတီက ေဒသႏၲရ ဥပေဒမူၾကမ္းတရပ္ ေရးဆြဲထားသည္ဟု ဆိုၿပီး အဆိုပါ ဥပေဒအရ ၎တို႔ ထုတ္ျပန္ထားသည့္ အဓိက တားျမစ္ထားေသာ တားျမစ္ခ်က္မ်ားကို ခြင့္ျပဳခ်က္မဲ့ က်ဴးလြန္ပါ က ျပင္းထန္စြာ အေရးယူေဆာင္႐ြက္သြားမည့္အျပင္ ေသဒဏ္အထိ အေရးယူမည္ဟု ဆိုထားျခင္းျဖစ္သည္။
သို႔ေသာ္ ၎တို႔ေရးဆြဲထားသည္ ဆိုေသာ ေဒသႏၲရ ဥပေဒမူၾကမ္းကို မည္သူမွ် က်ယ္က်ယ္ျပန႔္ျပန႔္သိရွိျခင္း မရွိေၾကာင္း NP News က စုံစမ္းသိရွိရသည္။
ေဝဖန္ခံရေသာျဖစ္စဥ္မ်ားအၿပီး ဒီဇင္ဘာလ ၁၄ ရက္က ျပင္ဆင္ထုတ္ျပန္ရာတြင္ ယခင္ထုတ္ျပန္ခဲ့ေသာ ေဒသႏၲရ တားျမစ္ခ်က္မ်ားကို ေက်ာတိုက္နယ္တြင္းရွိ ရပ္ေက်းအုပ္ခ်ဳပ္ေရးတာဝန္ခံမ်ား၏ သေဘာဆႏၵႏွင့္အညီ ျပန္လည္ ေရးဆြဲ၍ အုပ္ခ်ဳပ္စီမံခန႔္ခြဲကာ ေဒသအတြင္း ခိုင္မာေသာ ျပတ္သားခ်က္မ်ားျဖင့္ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ဆိုထားသည္။
ထို႔အျပင္ အဓိက တားျမစ္ထားေသာ တားျမစ္ခ်က္မ်ားကို(ခြင့္ျပဳခ်က္မဲ့) က်ဴးလြန္ေၾကာင္း ထင္ရွားပါက ျပင္းထန္စြာ အေရးယူေဆာင္႐ြက္သြားမည္သည္ဟုလည္း ထုတ္ျပန္ခ်က္အသစ္တြင္ ျပင္ဆင္ေရးထားေၾကာင္း ျမင္ေတြ႕ရသည္။

Related news

© 2021. All rights reserved.