ဖားကန့်ဆိုင်းတောင်ဒေသတွင် ဓါတ်ဆီတစ်ဂါလံ ၉ဝ,ဝဝဝ အထိ မြင့်တက်နေ

 216

NP News - ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံ၏အဓိက ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသတွင် ဓါတ်ဆီတစ်ဂါလံလျှင် ၉ဝ,ဝဝဝ အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းဆက်လက် တူးဖော်နေသော်ကုမ္ပဏီအကြီးတစ်ခုကျန်ရှိနေကြောင်း၊ ရေမဆေးကျောက်ရှာဖွေသမားများနှင့် ဒေသခံအချို့ ဆက်လက်နေထိုင်နေကြောင်း သိရသည်။

“ဖားကန့်ကို ဆီမတင်ဖို့ သက်ဆိုင်ရာကပိတ်ထားတာပါ။ ဓါတ်ဆီဆိုရင် နမ့်စစ်အောင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ “ကယ့်” ယူရတာပါ။ အခုဓါတ်ဆီတစ်ဂါလံကို (၉ဝ,ဝဝဝ) အထိ ရောက်သွားလို့ ဆက်မနေတော့ဘဲ မန္တလေးကိုပြန်လာတာ” ဟု ဖားကန့်ဆိုင်းတောင်ဒေသတွင် နေထိုင်သူတစ်ဦးကပြောသည်။

ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်ဒေသတွင် မြန်မာ့တပ်မတော် နှင့် KIA တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ပိုင်းတွင် ‌နေရာအလိုက်ကွဲပြားမှုရှိကြောင်း သိရသည်။

လက်ရှိတွင် ကျောက်စိမ်းတွင်းများ ရှိရာသို့ နစက ဘက်မှစက်သုံးဆီသယ်ဆောင်ခွင့်ပိတ်ထားသော်လည်း ကုမ္ပဏီကြီးများနှင့် လက်နက်ကိုင်တပ်ဖွဲ့များပူးပေါင်းပြီး စက်သုံးဆီ တရားမဝင်သယ်ဆောင်မှုအတွက် လိုင်း‌ကြေးပေးကာ ကျောက်စိမ်းတူးဖော်နေဆဲဖြစ်သည်။

Zawgyi Version;
ဖားကန႔္ဆိုင္းေတာင္ေဒသတြင္ ဓါတ္ဆီတစ္ဂါလံ ၉ဝ,ဝဝဝ အထိ ျမင့္တက္ေန
NP News - ဒီဇင္ဘာ ၁၄

ျမန္မာႏိုင္ငံ၏အဓိက ေက်ာက္စိမ္းမ်ားထြက္ရွိရာ ဖားကန႔္ၿမိဳ႕နယ္ ဆိုင္းေတာင္ေဒသတြင္ ဓါတ္ဆီတစ္ဂါလံလွ်င္ ၉ဝ,ဝဝဝ အထိ ဆက္လက္ျမင့္တက္ေနဆဲျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဖားကန႔္ေဒသမွာ ေက်ာက္စိမ္းဆက္လက္ တူးေဖာ္ေနေသာ္ကုမၸဏီအႀကီးတစ္ခုက်န္ရွိေနေၾကာင္း၊ ေရမေဆးေက်ာက္ရွာေဖြသမားမ်ားႏွင့္ ေဒသခံအခ်ိဳ႕ ဆက္လက္ေနထိုင္ေနေၾကာင္း သိရသည္။

“ဖားကန႔္ကို ဆီမတင္ဖို႔ သက္ဆိုင္ရာကပိတ္ထားတာပါ။ ဓါတ္ဆီဆိုရင္ နမ့္စစ္ေအာင္ဘက္ကေန ဆိုင္ကယ္ေတြနဲ႔ “ကယ့္” ယူရတာပါ။ အခုဓါတ္ဆီတစ္ဂါလံကို (၉ဝ,ဝဝဝ) အထိ ေရာက္သြားလို႔ ဆက္မေနေတာ့ဘဲ မႏၲေလးကိုျပန္လာတာ” ဟု ဖားကန႔္ဆိုင္းေတာင္ေဒသတြင္ ေနထိုင္သူတစ္ဦးကေျပာသည္။

ေက်ာက္စိမ္းမ်ားထြက္ရွိရာ ဖားကန႔္ေဒသတြင္ ျမန္မာ့တပ္မေတာ္ ႏွင့္ KIA တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး အုပ္ခ်ဳပ္ပိုင္းတြင္ ‌ေနရာအလိုက္ကြဲျပားမႈရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ေက်ာက္စိမ္းတြင္းမ်ား ရွိရာသို႔ နစက ဘက္မွစက္သုံးဆီသယ္ေဆာင္ခြင့္ပိတ္ထားေသာ္လည္း ကုမၸဏီႀကီးမ်ားႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားပူးေပါင္းၿပီး စက္သုံးဆီ တရားမဝင္သယ္ေဆာင္မႈအတြက္ လိုင္း‌ေၾကးေပးကာ ေက်ာက္စိမ္းတူးေဖာ္ေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.