ဆီးရီးယားသမ္မတကို ပြုတ်ကျစေခဲ့တဲ့ HTS အဖွဲ့နဲ့ ခေါင်းဆောင်ဖြစ်သူ "ဂျိုလာနီ"အကြောင်း တစေ့တစောင်း
366
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၆
ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဆီးရီးယားနိုင်ငံရဲ့အဓိကမြို့တော် ဒမတ်စကတ် မြို့ကို ဒီဇင်ဘာလဆန်းပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒမတ်စကတ်ကို ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယား သမ္မတ အာဆတ်ဟာ နိုင်ငံကနေထွက်ပြေးခဲ့ပြီး လက်ရှိအချိန်မှာ ရုရှားနိုင်ငံအတွင်း နိုင်ငံရေးခိုလှုံခွင့် နဲ့နေထိုင်နေတယ်လို့ သိရပါတယ်။ ဆီးရီးယားမြို့ တော်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေထဲမှာ ဟာရက်တီဟာ အယ်ရှမ် Hayat Tahrir al Sham HTS အဖွဲ့ဟာ အဓိကအရေးပါ တဲ့ အဖွဲ့အစည်းဖြစ်ခဲ့ပြီး အမေရိကန် နဲ့ ရုရှားနိုင်ငံ အပါအဝင် အနောက်အုပ်စုနိုင်ငံအများစုက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ဗြိတိန်အပါအဝင် အနောက် အုပ်စုနိုင်ငံတချို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကို ပြန်လည်ပယ်ဖျက်ပေးဖို့စီစဉ်နေ တယ်လို့သိရပါတယ်။ HTS လက်နက်ကိုင်အဖွဲ့အစည်းဟာ နိုင် ငံအနောက်မြောက်ပိုင်းက နယ်မြေအများစုကို ယခင် ကသိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆီးရီးယားနိုင်ငံရဲ့ အဓိကမြို့တွေကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကာ အဖွဲ့ဝင်အရေအတွက် သုံးသောင်းကျော်ရှိ နေတဲ့ အစ္စလာမ္မစ် ဂျီဟတ်လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ ဆီးရီးယားသမ္မတ အာဆတ်ကို စစ်ရှုံးပြီး ပြည်ပထွက်ပြေးအောင် ကြိုးပမ်းခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အဓိကအဖွဲ့အဖြစ်ပါဝင်ခဲ့တဲ့ HTS အဖွဲ့ကို လက်ရှိအချိန်မှာ လူအများစိတ်ဝင်စားလျက်ရှိနေပါတယ်။ အထူးသဖြင့် HTS အဖွဲ့ခေါင်းဆောင်ကဘယ်သူလဲဆိုတဲ့အချက်က ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက်နေခဲ့တာလည်းဖြစ်ပါတယ်။
၎င်းဟာ ဆော်ဒီအာရေးဗျနိုင်ငံမှာမွေးဖွားခဲ့တဲ့ ဆီးရီးယားနိုင်ငံသားတစ်ဦးဖြစ်တဲ့ အသက် (၄၂)နှစ်အရွယ် အယ်ဂျိုလာနီဆိုသူဖြစ်ပါတယ်။ ဂျိုလာနီရဲ့ဖခင်ဖြစ်သူဟာ ရေနံအင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့အတွက် သားဖြစ်သူကို ဆော်ဒီအာရေးဗျနိုင်ငံမှာ အလုပ်လုပ်နေချိန်အတွင်း မွေးဖွားခဲ့တာဖြစ်ပါ တယ်။ ဂျိုလာနီကိုမွေးဖွားခဲ့ပြီးနောက် မကြာမီ ဆီးရီး ယားနိုင်ငံကိုပြန်လာခဲ့ပြီး မြို့တော် ဒမတ်စကတ်မြို့ နားက မက်ဇယ်မြို့မှာနေထိုင်ခဲ့ပါတယ်။ HTS အဖွဲ့ဟာ အယ်ဂျိုလာနီလက်အောက်မှာ ပိုမိုလူသိများထင် ရှားလာခဲ့ပြီး ပြည်တွင်းထောက်ခံမှုသာမက ပြည်ပ ကြေးစားအဖွဲ့တွေရဲ့ထောက်ခံမှုကိုပါ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ HTS အဖွဲ့ခေါင်းဆောင် အယ်ဂျို လာနီဟာ အီရတ်နိုင်ငံကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ ဝင်ရောက်ကျူးကျော်လာပြီး နောက် အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့ (၂၀ဝ၃) ခုနှစ်နောက်ပိုင်းမှာ နိုင်ငံခြားကြေးစားတပ် ဖွဲ့ထဲဝင်ရောက်ခဲ့ပါတယ်။ (၂၀၁၀)ခုနှစ် အီရတ်နိုင် ငံမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အယ်ဂျိုလာနီဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ပြီး ကူဝိတ်နယ်စပ်နားက ဘတ်ကာစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။
အယ်ဂျိုလာနီဟာ အစ္စလာမ္မစ်နိုင်ငံတော် Islamic State အဖွဲ့ အိုင်အက်စ်ကို ထူထောင်မယ့် ဂျီဟတ်ဝါဒီတွေနဲ့တွေ့ဆုံခဲ့ပြီး သူ အဲဒီကာလကတွေ့ ခဲ့တဲ့ ဂျီဟတ်ဝါဒီတွေထဲ တစ်ချိန် အိုင်အက်စ်ခေါင်း ဆောင်ဖြစ်လာမယ့် အဘူဘက်ခ်အယ်ဘက်ဂ်ဒါဒီ လည်းပါဝင်ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့ရဲ့ နယ်မြေတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ္မစ် နိုင်ငံတည်ထောင်လိုတဲ့ Islamic State အဖွဲ့ ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် ISIS အဖွဲ့ ဝင်ဖြစ်လာခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမှာ (၂၀၁၁)ခုနှစ် အာရပ်နွေဦးတော်လှန်ရေး ဖြစ်ပွားချိန် မှာတော့ ISIS အဖွဲ့ခေါင်းဆောင်ဟာ ဂျိုလာနီကို ဆီးရီးယားနိုင်ငံကိုစေလွှတ်ခဲ့ပြီး ISIS အဖွဲ့နဲ့ချိတ်ဆက်မယ့် လက် နက်ကိုင်အဖွဲ့အစည်းတည်ထောင်ခွင့်ပေးခဲ့ပါတယ်။
ဂျိုလာနီဟာ ဆီးရီးယားနိုင်ငံကိုရောက်ရှိလာခဲ့ပြီး ISIS အဖွဲ့နဲ့ချိတ်ဆက်မယ့်al-Nusra Front အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ISIS နဲ့ ပူးပေါင်းချိတ်ဆက်ထားတဲ့ နပ်စ်စရာတပ်ဦး (Nusra Front သို့မဟုတ် Jabhat al-Nusra ) လက်နက်ကိုင်အဖွဲ့မှာ အယ်ဂျိုလာနီက တပ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နပ်စ်စရာတပ်ဦးဟာ စစ်မြေပြင်မှာ အောင်ပွဲတွေ အများကြီးရယူနိုင်ခဲ့ပြီး (၂၀၁၃) ခုနှစ် မှာတော့ အယ်ဂျိုလာနီဟာ ISIS အဖွဲ့ရဲ့လုပ်ရပ်တွေ ကိုနှစ်သက်ခြင်းမရှိတဲ့အတွက် ISIS အဖွဲ့နဲ့ ချိတ် ဆက်ဆောင်ရွက်ခြင်းမလုပ်ဆောင်ဘဲ ခွဲထွက်ကာ အယ်ကိုင်ဒါအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လုပ် ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အယ်ကိုင်ဒါလက်နက် ကိုင်အဖွဲ့ဖြစ်တဲ့ Nusra Front အဖွဲ့ကိုဦးဆောင်နေချိန်အတွင်းမှာပဲ ဆီးရီးယားနိုင်ငံအတွင်းရှိမြို့ တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
(၂၀၁၆) ခုနှစ်မှာတော့ ဂျိုလာနီဟာ အယ် ကိုင်ဒါအဖွဲ့နဲ့အဆက်သွယ်ဖြတ်ပြီး ဆီးရီးယားပြည် သူတွေရဲ့ထောက်ခံမှုကိုရယူနိုင်ဖို့နဲ့ ဆီးရီးယားသမ္မတ ကိုဖြုတ်ချနိုင်ဖို့ရည်ရွယ်ချက်နဲ့Jabhat Fatah al-Sham အဖွဲ့ကို ကနဦးတည်ထောင်ခဲ့သလို (၂၀၁၇) ခုနှစ်မှာတော့ အဲဒီအဖွဲ့ကို Hayat Tahrir al-Sham (HTS) အဖွဲ့အဖြစ် ပြောင်း လဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဆီးရီးယားအစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ HTS လက်နက်ကိုင် အဖွဲ့ဟာ ဂျိုလာနီရဲ့ဦးဆောင်မှုအောက်မှာ ဆီးရီးယား နိုင်ငံအနောက်မြောက်ဘက်က အစ်လစ်မြို့နဲ့ အနီး တစ်ဝိုက်ဒေသရဲ့ အဓိကလက်နက်ကိုင်အဖွဲ့ဖြစ်လာ ခဲ့ပါတယ်။ ဆီးရီးယား စစ်မဖြစ်ခင်တုန်းက အဲဒီမြို့ ဟာ လူဦးရေ (၂.၇)သန်းရှိခဲ့ပြီးနောက်ပိုင်းမှာ အိုး အိမ်စွန့်ခွာထွက်ပြေးလာရသူတွေ ဝင်ရောက်လာတာ ကြောင့် လူဦးရေက (၄)သန်းအထိဖြစ်လာတယ်လို့ ခန့်မှန်းကြပါတယ်။ HTS လက်နက်ကိုင်အဖွဲ့ဟာ အစ်လစ်ပြည်နယ်မှာ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံ ရေးတွေဆောင်ရွက်ပေးတဲ့ ဒေသအစိုးရအဖြစ်တာ ဝန်ယူပြီး ထိန်းချုပ်ကိုင်တွယ်ပါတယ်။ အယ်ဂျိုလာနီ ဦးဆောင်တဲ့ HTS အဖွဲ့ဟာ(၂၀၂၀)ပြည့်နှစ်က အစ်လစ်ပြည်နယ်မှာအခြေစိုက်တဲ့ အယ်လ်ကိုင်ဒါ စခန်းတွေကိုပိတ်ပစ်ခဲ့ပြီး လက်နက်တွေသိမ်းကာ အယ်လ်ကိုင်ဒါခေါင်းဆောင်တချို့ကို အကျဉ်းချခဲ့ ပါတယ်။ အယ်ဂျိုလာနီဦးဆောင်တဲ့ HTS အဖွဲ့ဟာ အစ်လစ်ဘ်က အိုက်အက်စ်အဖွဲ့လှုပ်ရှားမှုတွေကို လည်းနှိမ်နင်းခဲ့ဖူးပြီး HTS က သူတို့ထိန်းချုပ်ရာ နယ်မြေတွေမှာ အစ္စလာမ္မစ်ဥပဒေတွေကို ကျင့်သုံး ခဲ့ပေမယ့် ဂျီဟတ်အဖွဲ့တွေလောက် တင်းကြပ်မှုမရှိ ဘူးလို့သိရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း HTS ဟာ လူထုဆန္ဒပြပွဲတွေကို နှိပ်ကွပ်တဲ့အဖွဲ့၊ လူ့အခွင့် အရေးချိုးဖောက်တဲ့အဖွဲ့လို့ စွပ်စွဲခဲ့ဖူးပြီး အမေရိ ကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အရှေ့အလယ် ပိုင်းကနိုင်ငံတွေအပြင် ကုလသမဂ္ဂလုံခြုံရေးကောင် စီတို့က HTS ကို အကြမ်းဖက်အဖွဲ့အစည်း (terrorist organisation) လို့ သတ်မှတ်ထားပါတယ်။
ဂျိုလာနီဦးဆောင်တဲ့ HTS အဖွဲ့ဟာ ဆီး ရီးယားနိုင်ငံမှာ သမ္မတ အာဆတ်ဦးဆောင်တဲ့အစိုး ရအဖွဲ့ကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်ချိန်အတွင်း ပြန်ပေးဆွဲတာတွေလည်း ကျူးလွန်ခဲ့ဖူးတယ်လို့ စွပ်စွဲချက်တွေလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ဆီးရီး ယားနိုင်ငံမှာ အမေရိကန်သံအမတ်ကြီးအဖြစ် တာ ဝန်ယူခဲ့ဖူးတဲ့ ရောဘတ်ဖို့ဒ်က ဂျိုလာနီဟာ ပြန်ပေး ငွေရယူနိုင်အောင် ဆီးရီးယားနိုင်ငံမှာ ကာ့ဒ်လူမျိုး တွေ၊ ခရစ်ယာန်သီလရှင်တွေကို ပြန်ပေးဆွဲခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်သံအမတ်ကြီးဟောင်း ရော ဘတ်ဖိုဒ့်က " ဂျိုလာနီဟာ ဒီမိုကရက်တစ်တစ်ဦးမ ဟုတ်ဘူး၊ သူရဲ့လုပ်ရပ်တွေက လူထုထောက်ခံမှုအများအပြား ရယူနိုင်မှာမဟုတ်ဘူး။ ဆီးရီးယားနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲတွေပြန်လည် ဖြစ်ပွားတဲ့လစ်ဗျားလိုမျိုးဖြစ်လာနိုင်တယ်" လို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာကြာခံစားခဲ့ရပြီး (၂၀၁၁)ခုနှစ်က စ တင်ဖြစ်ပွားခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေးကို ဆီးရီး ယားသမ္မတ အာဆတ်ဦးဆောင်တဲ့အစိုးရအဖွဲ့ကဖြို ခွင်းခဲ့ရာကနေ လက်နက်ကိုင်တိုက်ပွဲတွေအဖြစ်ကိုအသွင်ကူးပြောင်းခဲ့တာလည်းဖြစ်ပါတယ်။ HTS အဖွဲ့ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ အဓိကမြို့ကြီးတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ရာ ဆီးရီးယားနိုင်ငံမှာ အစိုးရအဖွဲ့စည်းတစ်ရပ်မရှိတော့ တဲ့အခြေအနေမျိုး ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ဆီးရီးယားအစိုးရကို ရုရှား၊ အီရန်နဲ့ ဟစ္စဘိုလာနက်ကိုင်အဖွဲ့တွေက အဓိကကူညီပံ့ပိုးပေးခဲ့ပြီး ဆီးရီးယားလက်နက် ကိုင်အဖွဲ့တွေကို တူရကီ၊ အမေရိကန်နိုင်ငံတို့က အဓိကပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဆီးရီးယားအစိုးရဟာ ပြည်တွင်းစစ်ဖြစ်ပွား ခဲ့ပြီးနောက် အစောပိုင်းကာလတွေမှာ နယ်မြေတွေ ဆုံးရှုံးခဲ့ပေမယ့် ရုရှားနိုင်ငံ ပါဝင်ကူညီပေးမှုနဲ့ မြို့အချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ဖူးပါတယ်။ ဆီးရီး ယားပြည်တွင်းစစ်ပွဲမှာ ပါဝင်ဆက်နွှယ်နေတဲ့ နိုင်ငံ တွေကြား သဘောတူညီမှုကြောင့် ဆီးရီးယားစစ်ပွဲ တွေဟာ ပြီးခဲ့တဲ့လဆန်းအထိ ရပ်တန်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမှာ (၁၃)နှစ်ကြာ ပြည်တွင်းစစ်ဖြစ် ပွားခဲ့ပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ၎င်းတို့ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ်အုပ်ချုပ်ကာ တည်ငြိမ်နေရာကနေ HTS အဖွဲ့ဦးဆောင်မှုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ (၁၂)ရက်အကြာမှာ ဆီးရီးယားနိုင်ငံအတွင်းရှိ အဓိ ကမြို့ကြီးတွေဖြစ်တဲ့ အလက်ပိုမြို့၊ ဒမတ်စကတ်မြို့ တွေနဲ့ ပတ်ဝန်းကျင်ရှိမြို့တွေကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာဖြစ်ပါတယ်။
HTS အဖွဲ့ဦးဆောင်မှုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ကျော့ပြန်တိုက်ခိုက်မှုစတင်ခဲ့ပြီး နောက် (၁၂)ရက်ကြာမှာ ဆီးရီးယားသမ္မတ အာ ဆတ် ပြုတ်ကျသွားခဲ့ခြင်းကို ကမ္ဘာ့နိုင်ငံတစ်ဝန်းရှိ ခေါင်းဆောင်တွေ အံ့အားသင့်နေတယ်လို့ သတင်း တွေလည်းထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး နီဘန်ဇီယာက " ဆီးရီးယားနိုင်ငံ မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့အရာ အားလုံး ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး အံ့အားသင့်ခဲ့ရတယ်။ အခြေအနေတွေဟာ လျင်မြန် စွာပြောင်းလဲခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေက ဆီးရီး ယားသမ္မတကို ရက်အနည်းငယ်အတွင်း ဖြုတ်ချနိုင်ခဲ့ တယ်" လို့ပြောပါတယ်။ လက်ရှိ အချိန်မှာ ဆီး ရီးယား နိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဆီးရီးယားနိုင်ငံမှာ (၁၃)နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲအတွင်း နိုင်ငံပိုင်နက်နယ် နယ်မြေအများစုကို HTS အဖွဲ့၊ ဆီးရီးယားသူပုန်အဖွဲ့၊ ကာ့ဒ်လူမျိုးစုဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့၊ တူရ ကီအစိုးရ အားပေးထောက်ခံတဲ့ ဆီးရီးယားလက်နက် ကိုင်အဖွဲ့တွေနဲ့ တူရကီစစ်တပ်၊ ဆီးရီးယားအစိုးရတို့ ယခင်က ထိန်းချုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ HTS အဖွဲ့ဟာ ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ပြည်တွင်းစစ်အဆုံးသတ်စေခဲ့တာလည်းဖြစ်ပါတယ်။
ဂျိုလာနီဦးဆောင်တဲ့ HTS အဖွဲ့ဟာ (၂၀၂၄)ခုနှစ် အောက်တိုဘာ(၂၄)ရက်အထိ တူရကီ နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဆီးရီးယားနိုင်ငံရဲ့ နယ်မြေအနည်းငယ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ (၃)ရက်မှာ အလက်ပိုမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။ ဒီဇင်ဘာ(၅)ရက်မှာ ဟာမားမြို့ကို တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် Homs မြို့ကိုဦး တည်ရာ လမ်းတစ်လျှောက်ရှိမြို့များကို ထပ်မံသိမ်း ယူခဲ့ကာ ဒီဇင်ဘာ(၇)ရက်မှာ Homs မြို့ကို ရရှိခဲ့ ပြန်ပါတယ်။ အဲဒီနောက်မှာတော့ မြို့တော် ဒမတ် စကတ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ထပ်မံသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒမတ်စကတ်မြို့ ကို HTS အဖွဲ့တွေ သိမ်းယူလိုက်ခြင်းကြောင့် (၁၃)နှစ်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ခဲ့ပြီလို့ မျှော်လင့်နိုင်ပေမယ့် ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေ ကြား နိုင်ငံကို နယ်မြေပိုင်ဆိုင်မှုများသီးခြားရှိနေရာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းအဖြေရှာနိုင် မလား၊ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အချင်းချင်း ကြား နယ်မြေလုပွဲတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။
zawgyi version
ဆီးရီးယားသမၼတကို ျပဳတ္က်ေစခဲ့တဲ့ HTS အဖြဲ႕နဲ႔ ေခါင္းေဆာင္ျဖစ္သူ "ဂ်ိဳလာနီ"အေၾကာင္း တေစ့တ ေစာင္း
ဂ်န္ဇက္(NP News) - ဒီဇင္ဘာ ၁၆
ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြဟာ ဆီးရီးယားႏိုင္ငံရဲ႕ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ အလက္ပိုၿမိဳ႕ ကိုတိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ဆီးရီးယားႏိုင္ငံရဲ႕အဓိကၿမိဳ႕ေတာ္ ဒမတ္စကတ္ ၿမိဳ႕ကို ဒီဇင္ဘာလဆန္းပိုင္းမွာ တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒမတ္စကတ္ကို ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြတိုက္ခိုက္ခဲ့ၿပီးေနာက္ ဆီးရီးယား သမၼတ အာဆတ္ဟာ ႏိုင္ငံကေနထြက္ေျပးခဲ့ၿပီး လက္ရွိအခ်ိန္မွာ ႐ုရွားႏိုင္ငံအတြင္း ႏိုင္ငံေရးခိုလႈံခြင့္ နဲ႔ေနထိုင္ေနတယ္လို႔ သိရပါတယ္။ ဆီးရီးယားၿမိဳ႕ ေတာ္ကိုတိုက္ခိုက္သိမ္းပိုက္ခဲ့တဲ့ လက္နက္ကိုင္ အဖြဲ႕ေတြထဲမွာ ဟာရက္တီဟာ အယ္ရွမ္ Hayat Tahrir al Sham HTS အဖြဲ႕ဟာ အဓိကအေရးပါ တဲ့ အဖြဲ႕အစည္းျဖစ္ခဲ့ၿပီး အေမရိကန္ နဲ႔ ႐ုရွားႏိုင္ငံ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံအမ်ားစုက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခံထားရဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ၿဗိတိန္အပါအဝင္ အေနာက္ အုပ္စုႏိုင္ငံတခ်ိဳ႕က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားမႈကို ျပန္လည္ပယ္ဖ်က္ေပးဖို႔စီစဥ္ေန တယ္လို႔သိရပါတယ္။ HTS လက္နက္ကိုင္အဖြဲ႕အစည္းဟာ ႏိုင္ ငံအေနာက္ေျမာက္ပိုင္းက နယ္ေျမအမ်ားစုကို ယခင္ ကသိမ္းပိုက္ထားႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဆီးရီးယားႏိုင္ငံရဲ႕ အဓိကၿမိဳ႕ေတြကို တိုက္ခိုက္သိမ္းပိုက္ ႏိုင္ခဲ့ကာ အဖြဲ႕ဝင္အေရအတြက္ သုံးေသာင္းေက်ာ္ရွိ ေနတဲ့ အစၥလာမၼစ္ ဂ်ီဟတ္လက္နက္ကိုင္အဖြဲ႕လည္း ျဖစ္ပါတယ္။ ဆီးရီးယားသမၼတ အာဆတ္ကို စစ္ရႈံးၿပီး ျပည္ပထြက္ေျပးေအာင္ ႀကိဳးပမ္းခဲ့တဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြထဲမွာ အဓိကအဖြဲ႕အျဖစ္ပါဝင္ခဲ့တဲ့ HTS အဖြဲ႕ကို လက္ရွိအခ်ိန္မွာ လူအမ်ားစိတ္ဝင္စားလ်က္ရွိေနပါတယ္။ အထူးသျဖင့္ HTS အဖြဲ႕ေခါင္းေဆာင္ကဘယ္သူလဲဆိုတဲ့အခ်က္က ကမာၻတစ္ဝန္း စိတ္ဝင္စားမႈျမင့္တက္ေနခဲ့တာလည္းျဖစ္ပါတယ္။
၎ဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာေမြးဖြားခဲ့တဲ့ ဆီးရီးယားႏိုင္ငံသားတစ္ဦးျဖစ္တဲ့ အသက္ (၄၂)ႏွစ္အ႐ြယ္ အယ္ဂ်ိဳလာနီဆိုသူျဖစ္ပါတယ္။ ဂ်ိဳလာနီရဲ႕ဖခင္ျဖစ္သူဟာ ေရနံအင္ဂ်င္နီယာ တစ္ဦး ျဖစ္တဲ့အတြက္ သားျဖစ္သူကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ အလုပ္လုပ္ေနခ်ိန္အတြင္း ေမြးဖြားခဲ့တာျဖစ္ပါ တယ္။ ဂ်ိဳလာနီကိုေမြးဖြားခဲ့ၿပီးေနာက္ မၾကာမီ ဆီးရီး ယားႏိုင္ငံကိုျပန္လာခဲ့ၿပီး ၿမိဳ႕ေတာ္ ဒမတ္စကတ္ၿမိဳ႕ နားက မက္ဇယ္ၿမိဳ႕မွာေနထိုင္ခဲ့ပါတယ္။ HTS အဖြဲ႕ဟာ အယ္ဂ်ိဳလာနီလက္ေအာက္မွာ ပိုမိုလူသိမ်ားထင္ ရွားလာခဲ့ၿပီး ျပည္တြင္းေထာက္ခံမႈသာမက ျပည္ပ ေၾကးစားအဖြဲ႕ေတြရဲ႕ေထာက္ခံမႈကိုပါ ရယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။ HTS အဖြဲ႕ေခါင္းေဆာင္ အယ္ဂ်ိဳ လာနီဟာ အီရတ္ႏိုင္ငံကို အေမရိကန္ဦးေဆာင္တဲ့ ၫြန႔္ေပါင္းတပ္ေတြ ဝင္ေရာက္က်ဴးေက်ာ္လာၿပီး ေနာက္ အေမရိကန္တပ္ဖြဲ႕ေတြကိုတိုက္ခိုက္ဖို႔ (၂၀ဝ၃) ခုႏွစ္ေနာက္ပိုင္းမွာ ႏိုင္ငံျခားေၾကးစားတပ္ ဖြဲ႕ထဲဝင္ေရာက္ခဲ့ပါတယ္။ (၂၀၁၀)ခုႏွစ္ အီရတ္ႏိုင္ ငံမွာ ျဖစ္ပြားတဲ့တိုက္ပြဲအတြင္း အယ္ဂ်ိဳလာနီဟာ အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ ဖမ္းဆီးတာကိုခံခဲ့ၿပီး ကူဝိတ္နယ္စပ္နားက ဘတ္ကာစခန္းမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရကာ ျပန္လည္လြတ္ေျမာက္လာခဲ့သူ ျဖစ္ပါတယ္။
အယ္ဂ်ိဳလာနီဟာ အစၥလာမၼစ္ႏိုင္ငံေတာ္ Islamic State အဖြဲ႕ အိုင္အက္စ္ကို ထူေထာင္မယ့္ ဂ်ီဟတ္ဝါဒီေတြနဲ႔ေတြ႕ဆုံခဲ့ၿပီး သူ အဲဒီကာလကေတြ႕ ခဲ့တဲ့ ဂ်ီဟတ္ဝါဒီေတြထဲ တစ္ခ်ိန္ အိုင္အက္စ္ေခါင္း ေဆာင္ျဖစ္လာမယ့္ အဘူဘက္ခ္အယ္ဘက္ဂ္ဒါဒီ လည္းပါဝင္ပါတယ္။ ဆီးရီးယားနဲ႔ အီရတ္ႏိုင္ငံတို႔ရဲ႕ နယ္ေျမေတြကိုတိုက္ခိုက္သိမ္းပိုက္ၿပီး အစၥလာမၼစ္ ႏိုင္ငံတည္ေထာင္လိုတဲ့ Islamic State အဖြဲ႕ ေခါင္းေဆာင္နဲ႔ေတြ႕ဆုံၿပီးေနာက္ ISIS အဖြဲ႕ ဝင္ျဖစ္လာခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံမွာ (၂၀၁၁)ခုႏွစ္ အာရပ္ေႏြဦးေတာ္လွန္ေရး ျဖစ္ပြားခ်ိန္ မွာေတာ့ ISIS အဖြဲ႕ေခါင္းေဆာင္ဟာ ဂ်ိဳလာနီကို ဆီးရီးယားႏိုင္ငံကိုေစလႊတ္ခဲ့ၿပီး ISIS အဖြဲ႕နဲ႔ခ်ိတ္ဆက္မယ့္ လက္ နက္ကိုင္အဖြဲ႕အစည္းတည္ေထာင္ခြင့္ေပးခဲ့ပါတယ္။
ဂ်ိဳလာနီဟာ ဆီးရီးယားႏိုင္ငံကိုေရာက္ရွိလာခဲ့ၿပီး ISIS အဖြဲ႕နဲ႔ခ်ိတ္ဆက္မယ့္al-Nusra Front အဖြဲ႕ကို တည္ေထာင္ခဲ့ပါတယ္။ ISIS နဲ႔ ပူးေပါင္းခ်ိတ္ဆက္ထားတဲ့ နပ္စ္စရာတပ္ဦး (Nusra Front သို႔မဟုတ္ Jabhat al-Nusra ) လက္နက္ကိုင္အဖြဲ႕မွာ အယ္ဂ်ိဳလာနီက တပ္မႉးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ နပ္စ္စရာတပ္ဦးဟာ စစ္ေျမျပင္မွာ ေအာင္ပြဲေတြ အမ်ားႀကီးရယူႏိုင္ခဲ့ၿပီး (၂၀၁၃) ခုႏွစ္ မွာေတာ့ အယ္ဂ်ိဳလာနီဟာ ISIS အဖြဲ႕ရဲ႕လုပ္ရပ္ေတြ ကိုႏွစ္သက္ျခင္းမရွိတဲ့အတြက္ ISIS အဖြဲ႕နဲ႔ ခ်ိတ္ ဆက္ေဆာင္႐ြက္ျခင္းမလုပ္ေဆာင္ဘဲ ခြဲထြက္ကာ အယ္ကိုင္ဒါအဖြဲ႕နဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ဖို႔လုပ္ ေဆာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ အယ္ကိုင္ဒါလက္နက္ ကိုင္အဖြဲ႕ျဖစ္တဲ့ Nusra Front အဖြဲ႕ကိုဦးေဆာင္ေနခ်ိန္အတြင္းမွာပဲ ဆီးရီးယားႏိုင္ငံအတြင္းရွိၿမိဳ႕ ေတြကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
(၂၀၁၆) ခုႏွစ္မွာေတာ့ ဂ်ိဳလာနီဟာ အယ္ ကိုင္ဒါအဖြဲ႕နဲ႔အဆက္သြယ္ျဖတ္ၿပီး ဆီးရီးယားျပည္ သူေတြရဲ႕ေထာက္ခံမႈကိုရယူႏိုင္ဖို႔နဲ႔ ဆီးရီးယားသမၼတ ကိုျဖဳတ္ခ်ႏိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔Jabhat Fatah al-Sham အဖြဲ႕ကို ကနဦးတည္ေထာင္ခဲ့သလို (၂၀၁၇) ခုႏွစ္မွာေတာ့ အဲဒီအဖြဲ႕ကို Hayat Tahrir al-Sham (HTS) အဖြဲ႕အျဖစ္ ေျပာင္း လဲဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ ဆီးရီးယားအစိုးရကို လက္နက္ကိုင္ဆန႔္က်င္ေနတဲ့ HTS လက္နက္ကိုင္ အဖြဲ႕ဟာ ဂ်ိဳလာနီရဲ႕ဦးေဆာင္မႈေအာက္မွာ ဆီးရီးယား ႏိုင္ငံအေနာက္ေျမာက္ဘက္က အစ္လစ္ၿမိဳ႕နဲ႔ အနီး တစ္ဝိုက္ေဒသရဲ႕ အဓိကလက္နက္ကိုင္အဖြဲ႕ျဖစ္လာ ခဲ့ပါတယ္။ ဆီးရီးယား စစ္မျဖစ္ခင္တုန္းက အဲဒီၿမိဳ႕ ဟာ လူဦးေရ (၂.၇)သန္းရွိခဲ့ၿပီးေနာက္ပိုင္းမွာ အိုး အိမ္စြန႔္ခြာထြက္ေျပးလာရသူေတြ ဝင္ေရာက္လာတာ ေၾကာင့္ လူဦးေရက (၄)သန္းအထိျဖစ္လာတယ္လို႔ ခန႔္မွန္းၾကပါတယ္။ HTS လက္နက္ကိုင္အဖြဲ႕ဟာ အစ္လစ္ျပည္နယ္မွာ က်န္းမာေရး၊ ပညာေရးနဲ႔ လုံၿခဳံ ေရးေတြေဆာင္႐ြက္ေပးတဲ့ ေဒသအစိုးရအျဖစ္တာ ဝန္ယူၿပီး ထိန္းခ်ဳပ္ကိုင္တြယ္ပါတယ္။ အယ္ဂ်ိဳလာနီ ဦးေဆာင္တဲ့ HTS အဖြဲ႕ဟာ(၂၀၂၀)ျပည့္ႏွစ္က အစ္လစ္ျပည္နယ္မွာအေျခစိုက္တဲ့ အယ္လ္ကိုင္ဒါ စခန္းေတြကိုပိတ္ပစ္ခဲ့ၿပီး လက္နက္ေတြသိမ္းကာ အယ္လ္ကိုင္ဒါေခါင္းေဆာင္တခ်ိဳ႕ကို အက်ဥ္းခ်ခဲ့ ပါတယ္။ အယ္ဂ်ိဳလာနီဦးေဆာင္တဲ့ HTS အဖြဲ႕ဟာ အစ္လစ္ဘ္က အိုက္အက္စ္အဖြဲ႕လႈပ္ရွားမႈေတြကို လည္းႏွိမ္နင္းခဲ့ဖူးၿပီး HTS က သူတို႔ထိန္းခ်ဳပ္ရာ နယ္ေျမေတြမွာ အစၥလာမၼစ္ဥပေဒေတြကို က်င့္သုံး ခဲ့ေပမယ့္ ဂ်ီဟတ္အဖြဲ႕ေတြေလာက္ တင္းၾကပ္မႈမရွိ ဘူးလို႔သိရပါတယ္။ လူ႔အခြင့္အေရးအဖြဲ႕ေတြကလည္း HTS ဟာ လူထုဆႏၵျပပြဲေတြကို ႏွိပ္ကြပ္တဲ့အဖြဲ႕၊ လူ႔အခြင့္ အေရးခ်ိဳးေဖာက္တဲ့အဖြဲ႕လို႔ စြပ္စြဲခဲ့ဖူးၿပီး အေမရိ ကန္အပါအဝင္ အေနာက္ႏိုင္ငံေတြနဲ႔ အေရွ႕အလယ္ ပိုင္းကႏိုင္ငံေတြအျပင္ ကုလသမဂၢလုံၿခဳံေရးေကာင္ စီတို႔က HTS ကို အၾကမ္းဖက္အဖြဲ႕အစည္း (terrorist organisation) လို႔ သတ္မွတ္ထားပါတယ္။
ဂ်ိဳလာနီဦးေဆာင္တဲ့ HTS အဖြဲ႕ဟာ ဆီး ရီးယားႏိုင္ငံမွာ သမၼတ အာဆတ္ဦးေဆာင္တဲ့အစိုး ရအဖြဲ႕ကို လက္နက္ကိုင္ဆန႔္က်င္တိုက္ခိုက္ခ်ိန္အတြင္း ျပန္ေပးဆြဲတာေတြလည္း က်ဴးလြန္ခဲ့ဖူးတယ္လို႔ စြပ္စြဲခ်က္ေတြလည္းထြက္ေပၚခဲ့ဖူးပါတယ္။ ဆီးရီး ယားႏိုင္ငံမွာ အေမရိကန္သံအမတ္ႀကီးအျဖစ္ တာ ဝန္ယူခဲ့ဖူးတဲ့ ေရာဘတ္ဖို႔ဒ္က ဂ်ိဳလာနီဟာ ျပန္ေပး ေငြရယူႏိုင္ေအာင္ ဆီးရီးယားႏိုင္ငံမွာ ကာ့ဒ္လူမ်ိဳး ေတြ၊ ခရစ္ယာန္သီလရွင္ေတြကို ျပန္ေပးဆြဲခဲ့တယ္လို႔ ေျပာပါတယ္။ အေမရိကန္သံအမတ္ႀကီးေဟာင္း ေရာ ဘတ္ဖိုဒ့္က " ဂ်ိဳလာနီဟာ ဒီမိုကရက္တစ္တစ္ဦးမ ဟုတ္ဘူး၊ သူရဲ႕လုပ္ရပ္ေတြက လူထုေထာက္ခံမႈအမ်ားအျပား ရယူႏိုင္မွာမဟုတ္ဘူး။ ဆီးရီးယားႏိုင္ငံမွာ လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း တိုက္ပြဲေတြျပန္လည္ ျဖစ္ပြားတဲ့လစ္ဗ်ားလိုမ်ိဳးျဖစ္လာႏိုင္တယ္" လို႔ ေျပာပါတယ္။
ဆီးရီးယားႏိုင္ငံဟာ ျပည္တြင္းစစ္ဒဏ္ကို ႏွစ္ေပါင္းမ်ားစြာၾကာခံစားခဲ့ရၿပီး (၂၀၁၁)ခုႏွစ္က စ တင္ျဖစ္ပြားခဲ့တဲ့ အာရပ္ေႏြဦးေတာ္လွန္ေရးကို ဆီးရီး ယားသမၼတ အာဆတ္ဦးေဆာင္တဲ့အစိုးရအဖြဲ႕ကၿဖိဳ ခြင္းခဲ့ရာကေန လက္နက္ကိုင္တိုက္ပြဲေတြအျဖစ္ကိုအသြင္ကူးေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။ HTS အဖြဲ႕ဦးေဆာင္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြဟာ ဆီးရီးယားအစိုးရထိန္းခ်ဳပ္ထားတဲ့ အဓိကၿမိဳ႕ႀကီးေတြကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္ရာ ဆီးရီးယားႏိုင္ငံမွာ အစိုးရအဖြဲ႕စည္းတစ္ရပ္မရွိေတာ့ တဲ့အေျခအေနမ်ိဳး ကို ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဆီးရီးယားႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္အတြင္း ဆီးရီးယားအစိုးရကို ႐ုရွား၊ အီရန္နဲ႔ ဟစၥဘိုလာနက္ကိုင္အဖြဲ႕ေတြက အဓိကကူညီပံ့ပိုးေပးခဲ့ၿပီး ဆီးရီးယားလက္နက္ ကိုင္အဖြဲ႕ေတြကို တူရကီ၊ အေမရိကန္ႏိုင္ငံတို႔က အဓိကပံ့ပိုးကူညီေပးခဲ့တယ္လို႔ သိရပါတယ္။
ဆီးရီးယားအစိုးရဟာ ျပည္တြင္းစစ္ျဖစ္ပြား ခဲ့ၿပီးေနာက္ အေစာပိုင္းကာလေတြမွာ နယ္ေျမေတြ ဆုံးရႈံးခဲ့ေပမယ့္ ႐ုရွားႏိုင္ငံ ပါဝင္ကူညီေပးမႈနဲ႔ ၿမိဳ႕အခ်ိဳ႕ကို ျပန္လည္သိမ္းယူႏိုင္ခဲ့ဖူးပါတယ္။ ဆီးရီး ယားျပည္တြင္းစစ္ပြဲမွာ ပါဝင္ဆက္ႏႊယ္ေနတဲ့ ႏိုင္ငံ ေတြၾကား သေဘာတူညီမႈေၾကာင့္ ဆီးရီးယားစစ္ပြဲ ေတြဟာ ၿပီးခဲ့တဲ့လဆန္းအထိ ရပ္တန္ခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံမွာ (၁၃)ႏွစ္ၾကာ ျပည္တြင္းစစ္ျဖစ္ ပြားခဲ့ၿပီးေနာက္ လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ ၎တို႔ သိမ္းပိုက္ထားတဲ့နယ္ေျမေတြမွာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္အုပ္ခ်ဳပ္ကာ တည္ၿငိမ္ေနရာကေန HTS အဖြဲ႕ဦးေဆာင္မႈနဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ (၁၂)ရက္အၾကာမွာ ဆီးရီးယားႏိုင္ငံအတြင္းရွိ အဓိ ကၿမိဳ႕ႀကီးေတြျဖစ္တဲ့ အလက္ပိုၿမိဳ႕၊ ဒမတ္စကတ္ၿမိဳ႕ ေတြနဲ႔ ပတ္ဝန္းက်င္ရွိၿမိဳ႕ေတြကို တိုက္ခိုက္သိမ္းပိုက္ ႏိုင္ခဲ့တာျဖစ္ပါတယ္။
HTS အဖြဲ႕ဦးေဆာင္မႈနဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ေတြ တစ္ေက်ာ့ျပန္တိုက္ခိုက္မႈစတင္ခဲ့ၿပီး ေနာက္ (၁၂)ရက္ၾကာမွာ ဆီးရီးယားသမၼတ အာ ဆတ္ ျပဳတ္က်သြားခဲ့ျခင္းကို ကမာၻ႔ႏိုင္ငံတစ္ဝန္းရွိ ေခါင္းေဆာင္ေတြ အံ့အားသင့္ေနတယ္လို႔ သတင္း ေတြလည္းထြက္ေပၚေနပါတယ္။ ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီး နီဘန္ဇီယာက " ဆီးရီးယားႏိုင္ငံ မွာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းျဖစ္ပြားခဲ့တဲ့အရာ အားလုံး ကို ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္အားလုံး အံ့အားသင့္ခဲ့ရတယ္။ အေျခအေနေတြဟာ လ်င္ျမန္ စြာေျပာင္းလဲခဲ့ၿပီး လက္နက္ကိုင္အဖြဲ႕ေတြက ဆီးရီး ယားသမၼတကို ရက္အနည္းငယ္အတြင္း ျဖဳတ္ခ်ႏိုင္ခဲ့ တယ္" လို႔ေျပာပါတယ္။ လက္ရွိ အခ်ိန္မွာ ဆီး ရီးယား ႏိုင္ငံအေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရး ေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
ဆီးရီးယားႏိုင္ငံမွာ (၁၃)ႏွစ္ေက်ာ္ၾကာ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ပြဲအတြင္း ႏိုင္ငံပိုင္နက္နယ္ နယ္ေျမအမ်ားစုကို HTS အဖြဲ႕၊ ဆီးရီးယားသူပုန္အဖြဲ႕၊ ကာ့ဒ္လူမ်ိဳးစုဦးေဆာင္တဲ့ လက္နက္ကိုင္အဖြဲ႕၊ တူရ ကီအစိုးရ အားေပးေထာက္ခံတဲ့ ဆီးရီးယားလက္နက္ ကိုင္အဖြဲ႕ေတြနဲ႔ တူရကီစစ္တပ္၊ ဆီးရီးယားအစိုးရတို႔ ယခင္က ထိန္းခ်ဳပ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ HTS အဖြဲ႕ဟာ ဆီးရီးယားအစိုးရထိန္းခ်ဳပ္ထားတဲ့ နယ္ေျမအားလုံးကို တိုက္ခိုက္သိမ္းယူႏိုင္ခဲ့ၿပီး ျပည္တြင္းစစ္အဆုံးသတ္ေစခဲ့တာလည္းျဖစ္ပါတယ္။
ဂ်ိဳလာနီဦးေဆာင္တဲ့ HTS အဖြဲ႕ဟာ (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာ(၂၄)ရက္အထိ တူရကီ ႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ဆီးရီးယားႏိုင္ငံရဲ႕ နယ္ေျမအနည္းငယ္ကိုသိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ဒီဇင္ဘာ (၃)ရက္မွာ အလက္ပိုၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ ပါတယ္။ ဒီဇင္ဘာ(၅)ရက္မွာ ဟာမားၿမိဳ႕ကို တိုက္ ခိုက္ သိမ္းပိုက္ႏိုင္ခဲ့ၿပီးေနာက္ Homs ၿမိဳ႕ကိုဦး တည္ရာ လမ္းတစ္ေလွ်ာက္ရွိၿမိဳ႕မ်ားကို ထပ္မံသိမ္း ယူခဲ့ကာ ဒီဇင္ဘာ(၇)ရက္မွာ Homs ၿမိဳ႕ကို ရရွိခဲ့ ျပန္ပါတယ္။ အဲဒီေနာက္မွာေတာ့ ၿမိဳ႕ေတာ္ ဒမတ္ စကတ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္ကာ ထပ္မံသိမ္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒမတ္စကတ္ၿမိဳ႕ ကို HTS အဖြဲ႕ေတြ သိမ္းယူလိုက္ျခင္းေၾကာင့္ (၁၃)ႏွစ္ၾကာ ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္အဆုံးသတ္ခဲ့ၿပီလို႔ ေမွ်ာ္လင့္ႏိုင္ေပမယ့္ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြ ၾကား ႏိုင္ငံကို နယ္ေျမပိုင္ဆိုင္မႈမ်ားသီးျခားရွိေနရာ အုပ္ခ်ဳပ္ေရးနဲ႔ပတ္သက္ၿပီး ညႇိႏႈိင္းအေျဖရွာႏိုင္ မလား၊ ဒါမွမဟုတ္ လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း ၾကား နယ္ေျမလုပြဲေတြနဲ႔ တိုက္ပြဲေတြ ဆက္လက္ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။