ရွှေဆိုင်လုပ်ငန်းရှင်များက လိုင်စင်လျှောက်ရန် လျှောက်လွှာပေါင်း (၁၆၀ဝ)ကျော် ထုတ်ယူထား

714

ယွန်း (NP News) - ဒီဇင်ဘာ ၁၆
လုပ်ငန်းလိုင်စင်လျှောက်ထားရန်အတွက် ရက်ပေါင်း(၂၀)ကျော်အတွင်း ရွှေဆိုင်လုပ်ငန်းရှင် များက လျှောက်လွှာပေါင်း(၁၆၀ဝ)ကျော် ထုတ်ယူထားကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ပြီးခဲ့သည့် အောက်တိုဘာ(၂၅) ရက်က ပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့သည်။
ထိုသို့သတ်မှတ်ပြီးနောက် ရွှေလုပ်ငန်းလုပ်ကိုင်သူများအားလုံး ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်မှစ၍ လုပ်ငန်းလိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာ(၁၈)ရက်မှ ဒီဇင်ဘာ (၉)ရက်အထိ ရက်ပေါင်း(၂၀) ကျော်အတွင်း ရွှေဆိုင်လုပ်ငန်းရှင်များမှ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုတို့ရှိ ကနဦးစိစစ်ရေးအဖွဲ့များထံတွင် လျှောက်လွှာပေါင်း (၁၆၉၆)စောင်ထုတ်ယူထားကြောင်းသိရသည်။ "သက်ဆိုင်ရာ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းတွေမှာ ကနဦးစိစစ်ရေးအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေမှာ လုပ်ငန်းလိုင်စင်လျှောက်ဖို့ လျှောက်လွှာတွေလာထုတ်ကြတယ်။ အဲဒီလိုထုတ်တဲ့ လျှောက်လွှာအရေအတွက်(၁၆၉၆)စောင်ရှိသွားပါပြီ။ ကျွန်တော်တို့ ဗဟိုကော်မတီကိုတော့ ပြန်မရောက်သေးဘူး။ သူတို့ကအရင်စိစစ်ရတယ်။ ပြီးမှကျွန်တော်တို့ဆီကိုပို့မှာပေါ့။ ဥပမာ- ရန်ကုန်မှာ ရွှေဆိုင် (၅)ဆိုင်ရှိမယ်။ ပိုင်ရှင်ကတစ်ယောက်ထဲဆိုပေမယ့် လိုင်စင်တစ်စောင်ထဲလျှောက်လို့ မရဘူး။ ဆိုင်းတိုင်းအတွက် လျှောက်ရမယ်"ဟု အထက်ပါတာဝန်ရှိသူက NP News ကို ပြောသည်။
ထုတ်ယူသွားသည့် လျှောက်လွှာများအနက်မှ လျှောက်လွှာ(၁၃၉)စောင်မှာ ကနဦးစိစစ်ရေးအဖွဲ့များထံသို့ ပြန်လည်တင်ပြထားသော်လည်း ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်း၊ လုပ်ငန်းလိုင်စင်စိစစ်ရေးအဖွဲ့(နေပြည်တော်)သို့ တင်ပြလာခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောသည်။ အဆိုပါ လျှောက်လွှာ(၁၆၉၆)စောင်တွင် ရန်ကုန်တိုင်းက လျှောက်လွှာ(၆၉၃)စောင် အများဆုံး ထုတ်ယူခဲ့ပြီး ပြန်လည်လျှောက်ထားသည့် လျှောက်လွှာ(၁၃၉)စောင်၌ ဧရာဝတီတိုင်းက(၅၅)စောင်ဖြင့် အများဆုံးလျှောက်ထားမှုရှိခဲ့ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းကို နိုဝင်ဘာလ(၁၈)ရက်မှစ၍ သုံးလအတွင်း လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅) အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုသို့လုပ်ငန်းလိုင်စင် လျှောက် ထားသည့်အတွက် ရွှေရောင်းဝယ်ရာတွင် မသမာမှုပြုလုပ်၍ ဈေးကစားမှုများနှင့်ပတ်သက်၍ ကန့်သတ်ကြီးကြပ်ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာ့ရွှေဈေးနှုန်းအပေါ်မူတည်၍ ပြည်တွင်းရွှေဈေးနှုန်းများကို ချိန်ညှိခြင်းဖြင့် တည်ငြိမ်သောရွှေဈေးကွက်ကို ထူထောင်ရန်ဆောင်ရွက်ပြီး ဈေးကစားခြင်းကို တားဆီး၍ တရားမဝင် ကုန်သွယ်မှုများကြောင့် ရွှေဈေးနှုန်းမြှင့်တင်မှုကို တိုက်ဖျက်ရန် ရည်ရွယ်ကြောင်း သိရသည်။

zawgyi version
ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားက လိုင္စင္ေလွ်ာက္ရန္ ေလွ်ာက္လႊာေပါင္း (၁၆၀ဝ)ေက်ာ္ ထုတ္ယူထား
ယြန္း (NP News) - ဒီဇင္ဘာ ၁၆
လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရန္အတြက္ ရက္ေပါင္း(၂၀)ေက်ာ္အတြင္း ေ႐ႊဆိုင္လုပ္ငန္းရွင္ မ်ားက ေလွ်ာက္လႊာေပါင္း(၁၆၀ဝ)ေက်ာ္ ထုတ္ယူထားေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ အမွတ္(၂)သတၱဳတြင္းလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းေရးဝန္ႀကီးဌာနက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈဥပေဒအရ ၿပီးခဲ့သည့္ ေအာက္တိုဘာ(၂၅) ရက္က ျပည္ေထာင္စုအစိုးရအဖြဲ႕က အပ္ႏွင္းသည့္ အမိန႔္ထုတ္ျပန္ႏိုင္ခြင့္ကိုက်င့္သုံး၍ ေ႐ႊေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ခဲ့သည္။
ထိုသို႔သတ္မွတ္ၿပီးေနာက္ ေ႐ႊလုပ္ငန္းလုပ္ကိုင္သူမ်ားအားလုံး ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၈) ရက္မွစ၍ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက အသိေပးထုတ္ျပန္ခဲ့သည္။ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၁၈)ရက္မွ ဒီဇင္ဘာ (၉)ရက္အထိ ရက္ေပါင္း(၂၀) ေက်ာ္အတြင္း ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားမွ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၁၄)ခုတို႔ရွိ ကနဦးစိစစ္ေရးအဖြဲ႕မ်ားထံတြင္ ေလွ်ာက္လႊာေပါင္း (၁၆၉၆)ေစာင္ထုတ္ယူထားေၾကာင္းသိရသည္။ "သက္ဆိုင္ရာ ေနျပည္ေတာ္အပါအဝင္ ျပည္နယ္နဲ႔တိုင္းေတြမွာ ကနဦးစိစစ္ေရးအဖြဲ႕ေတြရွိတယ္။ အဲဒီအဖြဲ႕ေတြမွာ လုပ္ငန္းလိုင္စင္ေလွ်ာက္ဖို႔ ေလွ်ာက္လႊာေတြလာထုတ္ၾကတယ္။ အဲဒီလိုထုတ္တဲ့ ေလွ်ာက္လႊာအေရအတြက္(၁၆၉၆)ေစာင္ရွိသြားပါၿပီ။ ကြၽန္ေတာ္တို႔ ဗဟိုေကာ္မတီကိုေတာ့ ျပန္မေရာက္ေသးဘူး။ သူတို႔ကအရင္စိစစ္ရတယ္။ ၿပီးမွကြၽန္ေတာ္တို႔ဆီကိုပို႔မွာေပါ့။ ဥပမာ- ရန္ကုန္မွာ ေ႐ႊဆိုင္ (၅)ဆိုင္ရွိမယ္။ ပိုင္ရွင္ကတစ္ေယာက္ထဲဆိုေပမယ့္ လိုင္စင္တစ္ေစာင္ထဲေလွ်ာက္လို႔ မရဘူး။ ဆိုင္းတိုင္းအတြက္ ေလွ်ာက္ရမယ္"ဟု အထက္ပါတာဝန္ရွိသူက NP News ကို ေျပာသည္။
ထုတ္ယူသြားသည့္ ေလွ်ာက္လႊာမ်ားအနက္မွ ေလွ်ာက္လႊာ(၁၃၉)ေစာင္မွာ ကနဦးစိစစ္ေရးအဖြဲ႕မ်ားထံသို႔ ျပန္လည္တင္ျပထားေသာ္လည္း ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈ လုပ္ငန္း၊ လုပ္ငန္းလိုင္စင္စိစစ္ေရးအဖြဲ႕(ေနျပည္ေတာ္)သို႔ တင္ျပလာျခင္းမရွိေသးေၾကာင္း ၎ကဆက္လက္ေျပာသည္။ အဆိုပါ ေလွ်ာက္လႊာ(၁၆၉၆)ေစာင္တြင္ ရန္ကုန္တိုင္းက ေလွ်ာက္လႊာ(၆၉၃)ေစာင္ အမ်ားဆုံး ထုတ္ယူခဲ့ၿပီး ျပန္လည္ေလွ်ာက္ထားသည့္ ေလွ်ာက္လႊာ(၁၃၉)ေစာင္၌ ဧရာဝတီတိုင္းက(၅၅)ေစာင္ျဖင့္ အမ်ားဆုံးေလွ်ာက္ထားမႈရွိခဲ့ေၾကာင္း သိရသည္။
လုပ္ငန္းလိုင္စင္ေလွ်ာက္ထားျခင္းကို ႏိုဝင္ဘာလ(၁၈)ရက္မွစ၍ သုံးလအတြင္း ေလွ်ာက္ထားရမည္ျဖစ္ၿပီး ေလွ်ာက္ထားျခင္းမရွိသူမ်ားသည္ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ(၅) အရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားၿပီးျဖစ္သည္။ ထိုသို႔လုပ္ငန္းလိုင္စင္ ေလွ်ာက္ ထားသည့္အတြက္ ေ႐ႊေရာင္းဝယ္ရာတြင္ မသမာမႈျပဳလုပ္၍ ေဈးကစားမႈမ်ားႏွင့္ပတ္သက္၍ ကန႔္သတ္ႀကီးၾကပ္ျခင္းမ်ားကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ကမာၻ႔ေ႐ႊေဈးႏႈန္းအေပၚမူတည္၍ ျပည္တြင္းေ႐ႊေဈးႏႈန္းမ်ားကို ခ်ိန္ညႇိျခင္းျဖင့္ တည္ၿငိမ္ေသာေ႐ႊေဈးကြက္ကို ထူေထာင္ရန္ေဆာင္႐ြက္ၿပီး ေဈးကစားျခင္းကို တားဆီး၍ တရားမဝင္ ကုန္သြယ္မႈမ်ားေၾကာင့္ ေ႐ႊေဈးႏႈန္းျမႇင့္တင္မႈကို တိုက္ဖ်က္ရန္ ရည္႐ြယ္ေၾကာင္း သိရသည္။