ရွှေအလေးချိန် တစ်ပြေးညီ စတင် ပြောင်းလဲကျင့်သုံးရန် စီစဉ်နေ
801
NP News - ဒီဇင်ဘာ ၁၆
အရေးကြီးကုန်စည်ဝန်ဆောင်မူဥပဒေပါရှိသည့် အလေးချိန် စံချိန်စံညွှန်းသတ်မှတ်ချက်တွေအရ ရွှေအလေးချိန် တွေ တစ်ပြေးညီပြောင်းလဲကျင့်သုံးရန် စီစဉ်နေကြောင်း ဓါတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိရသည်။
စံချိန်စံညွှန်းသတ်မှတ်ချက်အရ မြန်မာနိုင်ငံတဝှမ်းတွင် ယခင် အသုံးပြုနေသည့် အလေးချိန်သတ်မှတ်ချက် တစ်ကျပ်သားလျှင် (၁၆ ဒဿမ ၆)ဂရမ်အစား ၊ (၁၆ ဒဿမ ၃၃) ဂရမ်အလေးချိန်ကို ရွှေချိန်စက်များတွင် တပြေးညီပြောင်းလဲသုံးရန်စီစဉ်နေခြင်းဖြစ်သည်။
“ရွှေချိန်တဲ့နေရာတွေမှာ ကျပ်၊ ပဲ၊ ရွေး ပြန်တွက်တဲ့အချိန်အရင်တုန်းကတော့ ၁၆ ဒဿမ ၆ တွက်တော့ စက်တွေမှာ မန်မိုရီတွေ သွင်းထားတာရှိတာပေါ့။ အခုကျတော့ ၁၆ ဒဿမ ၃၃ ကျ မန်မိုရီက မသွင်းရသေးဘူး။ မသွင်းရသေး တာတွေ တချို့ရှိတယ်။ တစ်ချို့လည်း သွင်းပြီးတာတွေ ရှိတယ်။ အဲဒီအတွက် မသွင်းရသေးတာတွေကိုပြုပြင်ရ မယ်။ သွင်းပြီးသားအသစ်တွေကို ဝယ်ပြီးတော့ ပြုပြင်မယ်ဆိုရင် သူတို့အတွက် အဆင်ပြေတာပေါ့။ အဲဒါကို အမြန်ဆုံးကျင့်သုံးဖို့အတွက် လမ်းညွှန်ထားတာရှိတယ်။ ရွှေဆိုင်တွေကလည်း ဒါကိုပြောင်းလဲကျင့်သုံးဖို့ လိုပါတယ်" လို့ ဓာတ်သတ္တု( ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ၏ တာဝန်ရှိသူ ဦးကြည်စိန် ကပြောသည်။
ရွှေအလေးချိန်နှင့်ပတ်သက်ပြီး တစ်ပြေးညီ အသုံးပြုနိုင်ရန်လုပ်ဆောင်နေချိန်၌ ပြောင်းပြီးသား ချိန်ခွင်တွေ လိုအပ်လို့ဖြစ်စေ၊ မပြောင်းရသေးတာကို ပြောင်းချင်လို့ဖြစ်စေ လိုအပ်ချက်တွေကို ပြုလုပ်ပေးနိုင်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
အလေးချိန်စံချိန်၊ စံညွှန်းသတ်မှတ်ချက်တွေကို တစ်လအတွင်းမှာ တစ်ပြေးညီပြောင်းလဲသွားနိုင်ဖို့ ပြင်ဆင်သွားမှာ ဖြစ်လို့ လာမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းဝန်းကျင်လောက်ကစပြီး စတင်ဆောင်ရွက်နိုင်ဖို့ ခန့်မှန်းထားကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ပြောကြားချက်များအရ သိရသည်။
Zawgyi Version;
ေ႐ႊအေလးခ်ိန္ တစ္ေျပးညီ စတင္ ေျပာင္းလဲက်င့္သုံးရန္ စီစဥ္ေန
NP News - ဒီဇင္ဘာ ၁၆
အေရးႀကီးကုန္စည္ဝန္ေဆာင္မူဥပေဒပါရွိသည့္ အေလးခ်ိန္ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္ေတြအရ ေ႐ႊအေလးခ်ိန္ ေတြ တစ္ေျပးညီေျပာင္းလဲက်င့္သုံးရန္ စီစဥ္ေနေၾကာင္း ဓါတ္သတၱဳ (ေ႐ႊ) ရည္ၫႊန္းေဈး သတ္မွတ္ေရးေကာ္မတီမွ သိရသည္။
စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္အရ ျမန္မာႏိုင္ငံတဝွမ္းတြင္ ယခင္ အသုံးျပဳေနသည့္ အေလးခ်ိန္သတ္မွတ္ခ်က္ တစ္က်ပ္သားလွ်င္ (၁၆ ဒႆမ ၆)ဂရမ္အစား ၊ (၁၆ ဒႆမ ၃၃) ဂရမ္အေလးခ်ိန္ကို ေ႐ႊခ်ိန္စက္မ်ားတြင္ တေျပးညီေျပာင္းလဲသုံးရန္စီစဥ္ေနျခင္းျဖစ္သည္။
“ေ႐ႊခ်ိန္တဲ့ေနရာေတြမွာ က်ပ္၊ ပဲ၊ ေ႐ြး ျပန္တြက္တဲ့အခ်ိန္အရင္တုန္းကေတာ့ ၁၆ ဒႆမ ၆ တြက္ေတာ့ စက္ေတြမွာ မန္မိုရီေတြ သြင္းထားတာရွိတာေပါ့။ အခုက်ေတာ့ ၁၆ ဒႆမ ၃၃ က် မန္မိုရီက မသြင္းရေသးဘူး။ မသြင္းရေသး တာေတြ တခ်ိဳ႕ရွိတယ္။ တစ္ခ်ိဳ႕လည္း သြင္းၿပီးတာေတြ ရွိတယ္။ အဲဒီအတြက္ မသြင္းရေသးတာေတြကိုျပဳျပင္ရ မယ္။ သြင္းၿပီးသားအသစ္ေတြကို ဝယ္ၿပီးေတာ့ ျပဳျပင္မယ္ဆိုရင္ သူတို႔အတြက္ အဆင္ေျပတာေပါ့။ အဲဒါကို အျမန္ဆုံးက်င့္သုံးဖို႔အတြက္ လမ္းၫႊန္ထားတာရွိတယ္။ ေ႐ႊဆိုင္ေတြကလည္း ဒါကိုေျပာင္းလဲက်င့္သုံးဖို႔ လိုပါတယ္" လို႔ ဓာတ္သတၱဳ( ေ႐ႊ)ရည္ၫႊန္းေဈးသတ္မွတ္ေရးေကာ္မတီ၏ တာဝန္ရွိသူ ဦးၾကည္စိန္ ကေျပာသည္။
ေ႐ႊအေလးခ်ိန္ႏွင့္ပတ္သက္ၿပီး တစ္ေျပးညီ အသုံးျပဳႏိုင္ရန္လုပ္ေဆာင္ေနခ်ိန္၌ ေျပာင္းၿပီးသား ခ်ိန္ခြင္ေတြ လိုအပ္လို႔ျဖစ္ေစ၊ မေျပာင္းရေသးတာကို ေျပာင္းခ်င္လို႔ျဖစ္ေစ လိုအပ္ခ်က္ေတြကို ျပဳလုပ္ေပးႏိုင္ဖို႔ သက္ဆိုင္ရာ ကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးသြားမည္ဟု သိရသည္။
အေလးခ်ိန္စံခ်ိန္၊ စံၫႊန္းသတ္မွတ္ခ်က္ေတြကို တစ္လအတြင္းမွာ တစ္ေျပးညီေျပာင္းလဲသြားႏိုင္ဖို႔ ျပင္ဆင္သြားမွာ ျဖစ္လို႔ လာမယ့္ ၂၀၂၅ ႏွစ္ဆန္းပိုင္းဝန္းက်င္ေလာက္ကစၿပီး စတင္ေဆာင္႐ြက္ႏိုင္ဖို႔ ခန႔္မွန္းထားေၾကာင္း ဓာတ္သတၱဳ (ေ႐ႊ) ရည္ၫႊန္းေဈးသတ္မွတ္ေရးေကာ္မတီရဲ႕ေျပာၾကားခ်က္မ်ားအရ သိရသည္။