ဖီဂျီနိုင်ငံမှာ နိုင်ငံခြားသားခရီးသွား ၇ ဦး အရက်အဆိပ်သင့်မှုဖြစ်ပြီး ဆေးရုံတက်ရ

 236

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၇

အိုရှန်နီးယားနိုင်ငံ၊ ဖီဂျီမှာ သြစတြေးလျနိုင်ငံသားလေးဦးနဲ့ အမေရိကန်တစ်ဦးပါဝင်တဲ့ လူ ၇ ဦးပါ ခရီးသွားအဖွဲ့တစ်ဖွဲ့ဟာ ဒီဇင်ဘာ ၁၄ ရက်က ဇိမ်ခံ ဟိုတယ်တစ်ခုမှာ ကော့တေး သောက်ပြီး အဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။

၎င်းတို့ခုနှစ်ဦးဟာ ဒီဇင်ဘာ ၁၄ ရက်ညက ပျို့အန်ခြင်းနဲ့ အာရုံကြောဆိုင်ရာလက္ခဏာတွေ ခံစားခဲ့ရပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဖီဂျီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ မြို့တော် ဆူဗာ၊ အနောက်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာ ကိုရယ်ကမ်းရိုးတန်း ရှိ ကြယ်ငါးပွင့် အဆင့်ရှိ Warwick Fiji အပန်းဖြေစခန်းရဲ့ဘားတစ်ခုမှာ ပြင်ဆင်ထားတဲ့ pina Coladas ယမကာ ကို သောက်ပြီးနောက် ၎င်းတို့ဟာ အထက်မှာဖော်ပြတဲ့ အဆိပ်သင့်မှုလက္ခဏာတွေ ခံစားခဲ့တာပါ။ ဒါပေမယ့် ဟိုတယ်အနီးရှိ Sigatoka ဆေးရုံမှာ ကုသမှု ခံယူပြီးတဲ့နောက် ဒီဇင်ဘာ ၁၅ ရက်က သက်သာသွားခဲ့တယ်လို့ ခရီးသွားဝန်ကြီး ဗီလီယန်ဂါဗိုကာ က ပြောကြားခဲ့ပါတယ်။

ဖီဂျီကျန်းမာရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး မစ္စတာ ဂါဗိုကာ က ဒါဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သြစတြေးလျအစိုးရကလည်း ဖီဂျီအတွက် ၎င်းရဲ့ခရီးသွားလာရေး အကြံပြုချက်ကို အရက်အဆိပ်သင့်နိုင်ခြေအန္တရာယ် သတိချက်ထည့်သွင်းပြီး အက်ဒိတ်လုပ်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းကလည်း လာအိုနိုင်ငံ၊ ဗန်ဗီယန်မြို့မှာ ဒိန်းမတ်နိုင်ငံသားနှစ်ဦး၊ အမေရိကန်တစ်ဦး၊ ဗြိတိန်တစ်ဦး နဲ့ သြစတြေးလျနိုင်ငံသားနှစ်ဦးတို့ မီသနောအဆိပ်သင့်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

Zawgyi Version;
ဖီဂ်ီႏိုင္ငံမွာ ႏိုင္ငံျခားသားခရီးသြား ၇ ဦး အရက္အဆိပ္သင့္မႈျဖစ္ၿပီး ေဆး႐ုံတက္ရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၇

အိုရွန္နီးယားႏိုင္ငံ၊ ဖီဂ်ီမွာ ၾသစေၾတးလ်ႏိုင္ငံသားေလးဦးနဲ႔ အေမရိကန္တစ္ဦးပါဝင္တဲ့ လူ ၇ ဦးပါ ခရီးသြားအဖြဲ႕တစ္ဖြဲ႕ဟာ ဒီဇင္ဘာ ၁၄ ရက္က ဇိမ္ခံ ဟိုတယ္တစ္ခုမွာ ေကာ့ေတး ေသာက္ၿပီး အဆိပ္သင့္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေဆး႐ုံတက္ခဲ့ရပါတယ္။

၎တို႔ခုႏွစ္ဦးဟာ ဒီဇင္ဘာ ၁၄ ရက္ညက ပ်ိဳ႕အန္ျခင္းနဲ႔ အာ႐ုံေၾကာဆိုင္ရာလကၡဏာေတြ ခံစားခဲ့ရၿပီးေနာက္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတယ္လို႔ ဖီဂ်ီက်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားပါတယ္။ ၿမိဳ႕ေတာ္ ဆူဗာ၊ အေနာက္ဘက္ ကီလိုမီတာ ၇၀ ခန႔္အကြာ ကိုရယ္ကမ္း႐ိုးတန္း ရွိ ၾကယ္ငါးပြင့္ အဆင့္ရွိ Warwick Fiji အပန္းေျဖစခန္းရဲ႕ဘားတစ္ခုမွာ ျပင္ဆင္ထားတဲ့ pina Coladas ယမကာ ကို ေသာက္ၿပီးေနာက္ ၎တို႔ဟာ အထက္မွာေဖာ္ျပတဲ့ အဆိပ္သင့္မႈလကၡဏာေတြ ခံစားခဲ့တာပါ။ ဒါေပမယ့္ ဟိုတယ္အနီးရွိ Sigatoka ေဆး႐ုံမွာ ကုသမႈ ခံယူၿပီးတဲ့ေနာက္ ဒီဇင္ဘာ ၁၅ ရက္က သက္သာသြားခဲ့တယ္လို႔ ခရီးသြားဝန္ႀကီး ဗီလီယန္ဂါဗိုကာ က ေျပာၾကားခဲ့ပါတယ္။

ဖီဂ်ီက်န္းမာေရးဝန္ႀကီးဌာနနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနၿပီး မစၥတာ ဂါဗိုကာ က ဒါဟာ ျဖစ္ေတာင့္ျဖစ္ခဲျဖစ္ရပ္လို႔ ေျပာပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ၾသစေၾတးလ်အစိုးရကလည္း ဖီဂ်ီအတြက္ ၎ရဲ႕ခရီးသြားလာေရး အႀကံျပဳခ်က္ကို အရက္အဆိပ္သင့္ႏိုင္ေျခအႏၲရာယ္ သတိခ်က္ထည့္သြင္းၿပီး အက္ဒိတ္လုပ္ခဲ့ပါတယ္။ ႏိုဝင္ဘာလအတြင္းကလည္း လာအိုႏိုင္ငံ၊ ဗန္ဗီယန္ၿမိဳ႕မွာ ဒိန္းမတ္ႏိုင္ငံသားႏွစ္ဦး၊ အေမရိကန္တစ္ဦး၊ ၿဗိတိန္တစ္ဦး နဲ႔ ၾသစေၾတးလ်ႏိုင္ငံသားႏွစ္ဦးတို႔ မီသေနာအဆိပ္သင့္မႈေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္။

Related news

© 2021. All rights reserved.