ထားဝယ်သပြေချောင်းကျေးရွာမှ အိမ်ခြေ(၂၀ဝဝ)ကျော်ကို PDF ကနှင်ထုတ်ပြီး တိုက်ပွဲဖော်ဆောင်ရန် စီစဉ်နေ
434
သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၌ အိမ်ခြေ(၂၀ဝဝ)ကျော်ရှိ သပြေချောင်းကျေးရွာမှဒေသခံများကို နှင်ထုတ်ကာ PDF အဖွဲ့က တိုက်ပွဲဖော်ဆောင်ရန်စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၉)ရက်မှစတင်ကာ ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာကို PDF လက် နက်ကိုင်အဖွဲ့က တိုက်ပွဲစတင်ဖော်ဆောင်နေပြီး ရွာသူ၊ ရွာသားများကို ကျေးရွာအတွင်းမှ အမြန်ဆုံးထွက်ခွာရန် စာစောင်များဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ထားဝယ်မှာဆိုရင် စကခ(၈)ရှိတယ်။ စကခ(၈)နားက သပြေချောင်းရွာဆိုတာရှိတယ်။ အဲဒီရွာမှာ ကျွန်တော်တို့နေတာ။ ရွာကိုပစ်တာက PDF တွေဘက်ကစပစ်တာ။ နောက်ပြီး ရွာတစ်ရွာလုံးကိုရွှေ့ခိုင်းထားတယ်။ ရွှေ့ခိုင်းတဲ့စာတွေကိုလည်း Drone နဲ့စာတွေလိုက်ချထားတယ်။ အဲဒါကို တပ်ကလည်းသိတယ်။ လောလောဆယ်ဆယ်တော့ ဘာမှမလုပ်သေးဘူး။ အကြောင်းမထူးသေးဘူး။ တစ်ရွာလုံးကိုရွှေ့ခိုင်းထားတယ်။ သူတို့(PDF)တွေက စစ်ကြောင်း(၃)ကြောင်းထိုးလာပြီလို့ပြောတယ်"ဟု အထက်ပါဒေသခံက NP News သို့ ပြောသည်။
တိုက်ပွဲဖော်ဆောင်မည်ဟု PDF အဖွဲ့က ကြေညာထားသည့် သပြေချောင်းကျေးရွာတွင် အိမ် ခြေ(၂၀ဝဝ)ကျော်ရှိပြီး လူဦးရေတစ်သောင်းကျော်နေထိုင်သည့် ထားဝယ်မြို့နယ်အတွင်းမှ ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရသည်။
"ဒီရက်ပိုင်းမှာဖော်ဆောင်မယ်လို့ပြောထားတယ်။ တစ်ရွာလုံးကိုတော့ အဲဒီလိုပြောထားတယ်။ ရွာကလူ တွေကလည်း အဲဒီကောင်တွေကို တအားကြောက်ကြတယ်ထင်တယ်။ တစ်ယောက်မှမထွက်ကြဘူး။ အဲဒါကြောင့် ဒီဘက်မှာသပြေချောင်းရွာဆိုရင် PDF တွေက သွားသွားလာလာတွေလက်မခံဘူး။ ကျွန်တော်တို့ရွာနားမှာက ထောက်ပို့ဆေးရုံရှိတယ်။ ခလရ (၂၅)ရှိတယ်။ အဲဒါက အနောက်ဘက်အရပ်မှာရှိတယ်"ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ (၂)ရက်ကလည်း သပြေချောင်းကျေးရွာအနီး မယ်ဝေးတောင်ပေါ်ရှိ တပ်မတော်စခန်းကုန်းကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။
zawgyi version
ထားဝယ္သေျပေခ်ာင္းေက်း႐ြာမွ အိမ္ေျခ(၂၀ဝဝ)ေက်ာ္ကို PDF ကႏွင္ထုတ္ၿပီး တိုက္ပြဲေဖာ္ေဆာင္ရန္ စီစဥ္ေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၇
တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕နယ္၌ အိမ္ေျခ(၂၀ဝဝ)ေက်ာ္ရွိ သေျပေခ်ာင္းေက်း႐ြာမွေဒသခံမ်ားကို ႏွင္ထုတ္ကာ PDF အဖြဲ႕က တိုက္ပြဲေဖာ္ေဆာင္ရန္စီစဥ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ(၉)ရက္မွစတင္ကာ ထားဝယ္ၿမိဳ႕နယ္၊ သေျပေခ်ာင္းေက်း႐ြာကို PDF လက္ နက္ကိုင္အဖြဲ႕က တိုက္ပြဲစတင္ေဖာ္ေဆာင္ေနၿပီး ႐ြာသူ၊ ႐ြာသားမ်ားကို ေက်း႐ြာအတြင္းမွ အျမန္ဆုံးထြက္ခြာရန္ စာေစာင္မ်ားျဖန႔္ေဝခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ထားဝယ္မွာဆိုရင္ စကခ(၈)ရွိတယ္။ စကခ(၈)နားက သေျပေခ်ာင္း႐ြာဆိုတာရွိတယ္။ အဲဒီ႐ြာမွာ ကြၽန္ေတာ္တို႔ေနတာ။ ႐ြာကိုပစ္တာက PDF ေတြဘက္ကစပစ္တာ။ ေနာက္ၿပီး ႐ြာတစ္႐ြာလုံးကိုေ႐ႊ႕ခိုင္းထားတယ္။ ေ႐ႊ႕ခိုင္းတဲ့စာေတြကိုလည္း Drone နဲ႔စာေတြလိုက္ခ်ထားတယ္။ အဲဒါကို တပ္ကလည္းသိတယ္။ ေလာေလာဆယ္ဆယ္ေတာ့ ဘာမွမလုပ္ေသးဘူး။ အေၾကာင္းမထူးေသးဘူး။ တစ္႐ြာလုံးကိုေ႐ႊ႕ခိုင္းထားတယ္။ သူတို႔(PDF)ေတြက စစ္ေၾကာင္း(၃)ေၾကာင္းထိုးလာၿပီလို႔ေျပာတယ္"ဟု အထက္ပါေဒသခံက NP News သို႔ ေျပာသည္။
တိုက္ပြဲေဖာ္ေဆာင္မည္ဟု PDF အဖြဲ႕က ေၾကညာထားသည့္ သေျပေခ်ာင္းေက်း႐ြာတြင္ အိမ္ ေျခ(၂၀ဝဝ)ေက်ာ္ရွိၿပီး လူဦးေရတစ္ေသာင္းေက်ာ္ေနထိုင္သည့္ ထားဝယ္ၿမိဳ႕နယ္အတြင္းမွ ေက်း႐ြာႀကီး တစ္႐ြာျဖစ္ေၾကာင္း သိရသည္။
"ဒီရက္ပိုင္းမွာေဖာ္ေဆာင္မယ္လို႔ေျပာထားတယ္။ တစ္႐ြာလုံးကိုေတာ့ အဲဒီလိုေျပာထားတယ္။ ႐ြာကလူ ေတြကလည္း အဲဒီေကာင္ေတြကို တအားေၾကာက္ၾကတယ္ထင္တယ္။ တစ္ေယာက္မွမထြက္ၾကဘူး။ အဲဒါေၾကာင့္ ဒီဘက္မွာသေျပေခ်ာင္း႐ြာဆိုရင္ PDF ေတြက သြားသြားလာလာေတြလက္မခံဘူး။ ကြၽန္ေတာ္တို႔႐ြာနားမွာက ေထာက္ပို႔ေဆး႐ုံရွိတယ္။ ခလရ (၂၅)ရွိတယ္။ အဲဒါက အေနာက္ဘက္အရပ္မွာရွိတယ္"ဟု ၎ကဆက္ေျပာသည္။
ၿပီးခဲ့သည့္ ေဖာ္ေဖာ္ဝါရီလ (၂)ရက္ကလည္း သေျပေခ်ာင္းေက်း႐ြာအနီး မယ္ေဝးေတာင္ေပၚရွိ တပ္မေတာ္စခန္းကုန္းကို PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္ရွိခဲ့ဖူးသည္။