ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းရန် ယဉ်ကျေးမှုအမွေအနှစ် (၂၀ဝဝ)ကျော် စာရင်းပြုစုထား

 431

စော (NP News) - ဒီဇင်ဘာ ၁၇

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရန်အတွက် အမျိုးအသားအဆင့် ဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ် (၂၀ဝဝ)ကျော်ကို စာရင်းပြုစုထားကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT)မှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာခင်က ပြောသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားကန်အနီးရှိ စိမ်းလန်စိုပြည်၌ ဒီဇင်ဘာ(၁၀)ရက်က ကျင်းပသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လတ်တလော၌ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်ကို UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် တရားဝင်အသိအမှတ်ပြုထားသည်။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရန်အတွက် အမျိုးသားအဆင့်အမွေအနှစ်ဖြစ်ရမည်ဖြစ်ပြီး အဆိုပါအမျိုးသားအဆင့်ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များ စာရင်းကောက်ယူမှတ်တမ်းပြုစုထားသော ဒြပ်မဲ့ယဉ်ကျေးမှုပေါင်း (၂၀ဝဝ)ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။ "အမျိုးသားအဆင့်အထိ ပြုစုထားတာ (၂၀ဝဝ)ကျော်အထိရှိပါတယ်။ အဲဒါကိုတော့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူပြီးပြုစုနေပါတယ်။ သူတို့က အဲဒီလိုပြုစုပြီး‌တော့ အခုလိုမျိုး ကမ္ဘာ့အမွေအနှစ်တင်တော့မယ်ဆိုရင် ကျွန်မတို့လို့ လူမှုအဖွဲ့အစည်းတွေအကုန်လုံး ပူး ပေါင်းဆောင်ရွက်ကြပြီးတော့ တင်တာဖြစ်ပါတယ်။ နောက်ထပ် ဆက်ပြီး‌တော့တင်မယ့်၊ တင်ပြဦးမယ့် အမွေအနှစ်တွေပေါ့။ ဝန်ကြီးဌာနကနေပြီးတော့ ပိုပြီးတော့မှ ထူးခြားတဲ့၊ ဝိသေသတွေ ပိုကောင်းတဲ့အနှစ်သာရတွေ ပိုရှိတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မျိုးတွေကို အစဉ်လိုက်ပေါ့။ ဦးစားပေးအလိုက်ရွေးပြီးတော့ တင်ပါလိမ့်မယ်။ ရွေးပါလိမ့်မယ်"ဟု ဒေါ်စန္ဒာခင်က ပြောသည်။

အဆိုပါပြုစုထားသည့်စာရင်းတွင် မြန်မာ့သနပ်ခါးလိမ်းခြင်းဓလေ့လည်းပါဝင်နေပြီး သနပ်ခါးလိမ်းခြင်းဓလေ့ကို ပြီးခဲ့သည့်(၂၀၂၀)ပြည့်နှစ်တွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဝင်ရန် စာတွဲများပြုစုတင်သွင်းခဲ့ရာ လိုအပ်ချက်များရှိခဲ့သည့်အတွက် လက်ရှိတွင် ပြန်လည်တင်သွင်းနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် သနပ်ခါးလိမ်းခြင်းအပြင် လက်ဖက်စားသုံးခြင်း၊ ချိတ်လုံခြည်ရက်ကန်း၊ ရှားပါးတိမ် မြုပ်ပျောက်ကွယ်လုနီးဖြစ်နေသော ချင်းတိုင်းရင်းသားများ နှာခေါင်းဖြင့်ပလွေမှုတ်ခြင်းများကိုလည်း ဦးစားပေးတင်သင့်ကြောင်း ၎င်းကဆိုသည်။ "ဦးစားပေးဆိုရင်တော့ ကျွန်မတို့သိသလောက်‌ပေါ့။ ကျွန်မ တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အရင်တင်ထားတဲ့သနပ်ခါးကို ဒီနှစ်ပြန်ပြီးတော့တင်စေချင်ပါတယ်။ နောက်တစ်ခါ အချိတ်လုံခြည်ရက်ကန်းလိုမျိုး ဒါဆိုလည်း ကျွန်မ တို့ တင်စေချင်တယ်။ ပွဲတော်တွေတင်တာလည်း ကောင်းတယ်။ ကိုယ်ရဲ့နိုင်ငံ ဂုဏ်ဒြပ်ကိုရတယ်။ ဟို မှာလည်း တချို့နိုင်ငံတွေတိုင်ပင်ကြတယ်။ လက်မှုပညာ၊ လက်မှုနဲ့ပတ်သက်တာတွေကိုတင်မယ်ဆိုရင် ဥပမာ-သနပ်ခါးကိုတင်မယ်ဆိုရင် သနပ်ခါးကကျွန်မတို့အမွေအနှစ်ရပြီလို့ကြေညာပြီးတော့ နောက်ရက် တွေကျတော့ ကျွန်မတို့က သနပ်ခါးကျောက်ပြင်နဲ့ သနပ်ခါးတုံးတွေယူသွားတယ်။ သွေးပြတယ်။ Organic ဖြစ်ကြောင်းပြတယ်။ တရော်ကင်ပွန်းခေါင်း လျှော်ရည်တွေလည်း ဒါ Organic ဖြစ်ကြောင်း လက်ဆောင်ပေးပြီးတော့ပြောတယ်။ ရှင်းတယ်။ အလားတူပဲ လက်ဖက်လည်း ရသလောက်တော့ သုပ် ပြီးကျွေးခဲ့တယ်။ ဒီလိုပဲ တခြားနိုင်ငံလည်း အပြိုင်အဆိုင်လုပ်ကြတာပဲ"ဟု ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်အထိ လက်လှမ်းမီနိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အများအပြားရှိနေပြီး အဆိုပါဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များကို ကမ္ဘာကသိရှိသွားပါက ဒေသခံပြည် သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ဒေါ်စန္ဒာခင်က ပြောကြားသည်။

zawgyi version
ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းတင္သြင္းရန္ ယဥ္ေက်းမႈအေမြအႏွစ္ (၂၀ဝဝ)ေက်ာ္ စာရင္းျပဳစုထား
ေစာ (NP News) - ဒီဇင္ဘာ ၁၇

ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္း တင္သြင္းရန္အတြက္ အမ်ိဳးအသားအဆင့္ ျဒပ္မဲ့ယဥ္ ေက်းမႈအေမြအႏွစ္ (၂၀ဝဝ)ေက်ာ္ကို စာရင္းျပဳစုထားေၾကာင္း ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားထိန္း သိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ (MCHT)မွ ဥကၠ႒ျဖစ္သူ ေဒၚစႏၵာခင္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ ကမာ႐ြတ္ၿမိဳ႕နယ္ အင္းလ်ားကန္အနီးရွိ စိမ္းလန္စိုျပည္၌ ဒီဇင္ဘာ(၁၀)ရက္က က်င္းပသည့္ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားထိန္း သိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ ဂုဏ္ျပဳႀကိဳဆိုသည့္အခမ္းအနားပြဲတြင္ ၎က ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

လတ္တေလာ၌ ျမန္မာ့႐ိုးရာအတာသၾကၤန္ ပြဲေတာ္ကို UNESCO ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြ အႏွစ္အျဖစ္ တရားဝင္အသိအမွတ္ျပဳထားသည္။ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္ရန္အတြက္ အမ်ိဳးသားအဆင့္အေမြအႏွစ္ျဖစ္ရမည္ျဖစ္ၿပီး အဆိုပါအမ်ိဳးသားအဆင့္ျဒပ္မဲ့ယဥ္ေက်းမႈအေမြ အႏွစ္မ်ား စာရင္းေကာက္ယူမွတ္တမ္းျပဳစုထားေသာ ျဒပ္မဲ့ယဥ္ေက်းမႈေပါင္း (၂၀ဝဝ)ေက်ာ္ရွိၿပီျဖစ္ေၾကာင္းသိရသည္။ "အမ်ိဳးသားအဆင့္အထိ ျပဳစုထားတာ (၂၀ဝဝ)ေက်ာ္အထိရွိပါတယ္။ အဲဒါကိုေတာ့ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက တာဝန္ယူၿပီးျပဳစုေနပါတယ္။ သူတို႔က အဲဒီလိုျပဳစုၿပီး‌ေတာ့ အခုလိုမ်ိဳး ကမာၻ႔အေမြအႏွစ္တင္ေတာ့မယ္ဆိုရင္ ကြၽန္မတို႔လို႔ လူမႈအဖြဲ႕အစည္းေတြအကုန္လုံး ပူး ေပါင္းေဆာင္႐ြက္ၾကၿပီးေတာ့ တင္တာျဖစ္ပါတယ္။ ေနာက္ထပ္ ဆက္ၿပီး‌ေတာ့တင္မယ့္၊ တင္ျပဦးမယ့္ အေမြအႏွစ္ေတြေပါ့။ ဝန္ႀကီးဌာနကေနၿပီးေတာ့ ပိုၿပီးေတာ့မွ ထူးျခားတဲ့၊ ဝိေသသေတြ ပိုေကာင္းတဲ့အႏွစ္သာရေတြ ပိုရွိတဲ့ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္မ်ိဳးေတြကို အစဥ္လိုက္ေပါ့။ ဦးစားေပးအလိုက္ေ႐ြးၿပီးေတာ့ တင္ပါလိမ့္မယ္။ ေ႐ြးပါလိမ့္မယ္"ဟု ေဒၚစႏၵာခင္က ေျပာသည္။

အဆိုပါျပဳစုထားသည့္စာရင္းတြင္ ျမန္မာ့သနပ္ခါးလိမ္းျခင္းဓေလ့လည္းပါဝင္ေနၿပီး သနပ္ခါးလိမ္းျခင္းဓေလ့ကို ၿပီးခဲ့သည့္(၂၀၂၀)ျပည့္ႏွစ္တြင္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ဝင္ရန္ စာတြဲမ်ားျပဳစုတင္သြင္းခဲ့ရာ လိုအပ္ခ်က္မ်ားရွိခဲ့သည့္အတြက္ လက္ရွိတြင္ ျပန္လည္တင္သြင္းႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ သနပ္ခါးလိမ္းျခင္းအျပင္ လက္ဖက္စားသုံးျခင္း၊ ခ်ိတ္လုံျခည္ရက္ကန္း၊ ရွားပါးတိမ္ ျမဳပ္ေပ်ာက္ကြယ္လုနီးျဖစ္ေနေသာ ခ်င္းတိုင္းရင္းသားမ်ား ႏွာေခါင္းျဖင့္ပေလြမႈတ္ျခင္းမ်ားကိုလည္း ဦးစားေပးတင္သင့္ေၾကာင္း ၎ကဆိုသည္။ "ဦးစားေပးဆိုရင္ေတာ့ ကြၽန္မတို႔သိသေလာက္‌ေပါ့။ ကြၽန္မ တို႔ရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕အေနနဲ႔ အရင္တင္ထားတဲ့သနပ္ခါးကို ဒီႏွစ္ျပန္ၿပီးေတာ့တင္ေစခ်င္ပါတယ္။ ေနာက္တစ္ခါ အခ်ိတ္လုံျခည္ရက္ကန္းလိုမ်ိဳး ဒါဆိုလည္း ကြၽန္မ တို႔ တင္ေစခ်င္တယ္။ ပြဲေတာ္ေတြတင္တာလည္း ေကာင္းတယ္။ ကိုယ္ရဲ႕ႏိုင္ငံ ဂုဏ္ျဒပ္ကိုရတယ္။ ဟို မွာလည္း တခ်ိဳ႕ႏိုင္ငံေတြတိုင္ပင္ၾကတယ္။ လက္မႈပညာ၊ လက္မႈနဲ႔ပတ္သက္တာေတြကိုတင္မယ္ဆိုရင္ ဥပမာ-သနပ္ခါးကိုတင္မယ္ဆိုရင္ သနပ္ခါးကကြၽန္မတို႔အေမြအႏွစ္ရၿပီလို႔ေၾကညာၿပီးေတာ့ ေနာက္ရက္ ေတြက်ေတာ့ ကြၽန္မတို႔က သနပ္ခါးေက်ာက္ျပင္နဲ႔ သနပ္ခါးတုံးေတြယူသြားတယ္။ ေသြးျပတယ္။ Organic ျဖစ္ေၾကာင္းျပတယ္။ တေရာ္ကင္ပြန္းေခါင္း ေလွ်ာ္ရည္ေတြလည္း ဒါ Organic ျဖစ္ေၾကာင္း လက္ေဆာင္ေပးၿပီးေတာ့ေျပာတယ္။ ရွင္းတယ္။ အလားတူပဲ လက္ဖက္လည္း ရသေလာက္ေတာ့ သုပ္ ၿပီးေကြၽးခဲ့တယ္။ ဒီလိုပဲ တျခားႏိုင္ငံလည္း အၿပိဳင္အဆိုင္လုပ္ၾကတာပဲ"ဟု ၎ကဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ကမာၻ႔အဆင့္အထိ လက္လွမ္းမီႏိုင္သည့္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္မ်ား အမ်ားအျပားရွိေနၿပီး အဆိုပါျဒပ္မဲ့ယဥ္ေက်းမႈအေမြ အႏွစ္မ်ားကို ကမာၻကသိရွိသြားပါက ေဒသခံျပည္ သူမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း ေဒၚစႏၵာခင္က ေျပာၾကားသည္။

Related news

© 2021. All rights reserved.