တပ်မတော်နံပါတ်(၃)ခေါင်းဆောင်နှင့် ကာကွယ်ရေးဝန်ကြီးအပါအဝင် တပ်တွင်းရာထူးအပြောင်းအလဲများစွာဖြစ်ပေါ်

 16131

(NP News)-ဒီဇင်ဘာ ၁၈

တပ်မတော်၏ နံပါတ်(၃)ခေါင်းဆောင်နှင့် ကာကွယ်ရေးဝန်ကြီးတို့ အပြောင်းအလဲများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညပိုင်းက ထုတ်ပြန်လာသော နစက၏ အသိပေးကြေငြာချက်အရ တပ်မတော်မှ နံပါတ်(၃)ခေါင်းဆောင်ဖြစ်သူ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား ကာကွယ်ရေးဝန်ကြီးနှင်ဒုတိယဝန်ကြီးချုပ်ပူးတွဲတာဝန်ကို ပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါကြေညာချက်အရ တပ်မတော်၏ နံပါတ်(၃)ခေါင်ဆောင်နေရာက လစ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး မူလ ကာကွယ်ရေးဝန်ကြီးနေရာသည်လည်း အပြောင်းအလဲဖြစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ၎င်းတာဝန်ယူခဲ့ဖူးသော တပ်မတော်၏ နံပါတ်(၃)ခေါင်းဆောင်အဆင့် ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို စွန့်လွတ်ရမည်ဖြစ်သည်။

ဒီဇင်ဘာ (၁၈)ရက်၊ ညပိုင်းအထိထွက်ပေါ်နေသော သတင်းများအရ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက တပ်မတော်နံပါတ်(၃)ခေါင်းဆောင်အဆင့် ညှိနှိုင်းကွပ်ကဲရေးမှူးတာဝန်သို့ ဗိုလ်ချုပ်ကြီးရာထူးဖြင့် တိုးမြင့်ထမ်းဆောင်ရတော့မည်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးမောင်မောင်အေးပြောင်းလဲထမ်းဆောင်ရမည့် ကာကွယ်ရေးဝန်ကြီးရာထူး၌ မူလကဗိုလ်ချုပ်ကြီးတင်အောင်စန်း တာဝန်ထမ်းဆောင်နေခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာမူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံးပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းခံရသည်။ ထွက်ပေါ်နေသော သတင်းအချို့အရ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းထမ်းဆောင်ခဲ့ဖူးသော စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက ပြောင်းလဲထမ်းဆောင်ရမည်ဟု သိရပြီး အခြားသော စစ်ဘက်ဆိုင်ရာရာထူးများလည်း အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့သည်။ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ကကပြည် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းသည်လည်း ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြင့်ထမ်းဆောင်ခွင့်ရမည်ဟု သတင်းများထွက်ပေါ်နေသည်။

zawgyi version
တပ္မေတာ္နံပါတ္(၃)ေခါင္းေဆာင္ႏွင့္ ကာကြယ္ေရးဝန္ႀကီးအပါအဝင္ တပ္တြင္းရာထူးအေျပာင္းအလဲမ်ားစြာျဖစ္ေပၚ
(NP News)-ဒီဇင္ဘာ ၁၈
တပ္မေတာ္၏ နံပါတ္(၃)ေခါင္းေဆာင္ႏွင့္ ကာကြယ္ေရးဝန္ႀကီးတို႔ အေျပာင္းအလဲမ်ားျဖစ္ေပၚခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ ဒီဇင္ဘာ (၁၈)ရက္ ညပိုင္းက ထုတ္ျပန္လာေသာ နစက၏ အသိေပးေၾကျငာခ်က္အရ တပ္မေတာ္မွ နံပါတ္(၃)ေခါင္‌းေဆာင္ျဖစ္သူ ညႇိႏႈိင္းကြပ္ကဲေရးမႉး ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးအား ကာကြယ္ေရးဝန္ႀကီးႏွင္ဒုတိယဝန္ႀကီးခ်ဳပ္ပူးတြဲတာဝန္ကို ေပးအပ္လိုက္ေၾကာင္း သိရသည္။

အဆိုပါေၾကညာခ်က္အရ တပ္မေတာ္၏ နံပါတ္(၃)ေခါင္ေဆာင္ေနရာက လစ္လပ္မႈျဖစ္ေပၚခဲ့ၿပီး မူလ ကာကြယ္ေရးဝန္ႀကီးေနရာသည္လည္း အေျပာင္းအလဲျဖစ္ခဲ့သည္ဟု ဆိုရမည္ ျဖစ္သည္။ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးသည္ ကာကြယ္ေရးဝန္ႀကီးႏွင့္ ဒုတိယဝန္ႀကီးခ်ဳပ္တာဝန္ကို ထမ္းေဆာင္ရမည္ျဖစ္သည့္အတြက္ ၎တာဝန္ယူခဲ့ဖူးေသာ တပ္မေတာ္၏ နံပါတ္(၃)ေခါင္းေဆာင္အဆင့္ ညႇိႏႈိင္းကြပ္ကဲေရးမႉးရာထူးကို စြန႔္လြတ္ရမည္ျဖစ္သည္။

ဒီဇင္ဘာ (၁၈)ရက္၊ ညပိုင္းအထိထြက္ေပၚေနေသာ သတင္းမ်ားအရ စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္စြာလင္းက တပ္မေတာ္နံပါတ္(၃)ေခါင္းေဆာင္အဆင့္ ညႇိႏႈိင္းကြပ္ကဲေရးမႉးတာဝန္သို႔ ဗိုလ္ခ်ဳပ္ႀကီးရာထူးျဖင့္ တိုးျမင့္ထမ္းေဆာင္ရေတာ့မည္ျဖစ္သည္။ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးေျပာင္းလဲထမ္းေဆာင္ရမည့္ ကာကြယ္ေရးဝန္ႀကီးရာထူး၌ မူလကဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း တာဝန္ထမ္းေဆာင္ေနခဲ့ျခင္းျဖစ္သည္။

ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းမွာမူ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္႐ုံးျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေျပာင္းလဲတာဝန္ေပးျခင္းခံရသည္။ ထြက္ေပၚေနေသာ သတင္းအခ်ိဳ႕အရ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္စြာလင္းထမ္းေဆာင္ခဲ့ဖူးေသာ စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း)တာဝန္ကို ဒုတိယဗိုလ္ခ်ဳပ္ႀကီးကိုကိုဦးက ေျပာင္းလဲထမ္းေဆာင္ရမည္ဟု သိရၿပီး အျခားေသာ စစ္ဘက္ဆိုင္ရာရာထူးမ်ားလည္း အေျပာင္းအလဲမ်ားစြာျဖစ္ေပၚခဲ့သည္။ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ကကျပည္ ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းသည္လည္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာထူးသို႔ တိုးျမင့္ထမ္းေဆာင္ခြင့္ရမည္ဟု သတင္းမ်ားထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.