မော်လမြိုင်၌ မြစ်ကမ်းသာအပန်းဖြေစီမံကိန်း စတင်တည်ဆောက်နေ
175
ယွန်း (NP News) ဒီဇင်ဘာ ၁၉
မော်လမြိုင်မြို့ ကမ်းနားလမ်း၌ မြစ်ကမ်းသာ အပန်းဖြေစီမံကိန်းကို ပုဂ္ဂလိကကုမ္ပဏီ(၃)ခုက ငွေကျပ်(၄)ဘီလျံ နီးပါးဖြင့် တာဝန်ယူတည်ဆောက်နေကြောင်း စီမံကိန်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကြီးကြပ်မှုဖြင့်ဆောင်ရွက်မည့် အဆိုပါမြစ်ကမ်းသာအပန်းဖြေစီမံကိန်းကို အစိုးရဘတ်ဂျက်ဖြင့်ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီ(၃)ခုမှ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။ “အစိုးရဘတ်ဂျက်နဲ့လုပ်တာတော့ မဟုတ်ဘူး။ သောင်ဖြစ်နေတဲ့ဟာကို အပန်းဖြေဇုန်အဖြစ်လုပ်ဖို့ EOI ခေါ်လိုက်တာ။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ ဒီနေရာကိုအပန်းဖြေ ဇုန်တည်ထောင် မယ်ဆိုပြီး Investment လုပ်နိုင်တဲ့ သူတွေကို ဖိတ်ခေါ်လိုက်တယ်။ ပြည်တွင်းကုမ္ပဏီ(၃)ခုကနေ လုပ် သွားမှာပါ” ဟု အထက်ပါ တာဝန်ရှိသူ ကဆိုသည်။ လက်ရှိတွင် အဆိုပါစီမံကိန်းကို စတင်နိုင်ရေး အတွက် မြေပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေပြီး ကုန်ကျစရိတ်အနေဖြင့် မြန်မာငွေ ကျပ်(၄) ဘီလျံနီးပါး ကုန်ကျနိုင်ကြောင်းသိရသည်။ “ဇုန်တစ်ခုကို မြန်မာ ကျပ်ငွေ (၁ ဒသမ ၉)ဘီလျံလောက်တော့ ကုန်ကျမယ်။ ဇုန်(B) ဆိုရင်တော့ (၁ ဒသမ ၈) ဘီလျံလောက်တော့ ကုန်မှာပေါ့။ မြေပြင်တာတွေ စလုပ်နေတာ တစ်ပတ်လောက်တော့ ရှိပြီ။ စီမံကိန်းကာလကတော့ အပြီးအစီးဆိုရင် တော့ တစ်နှစ်ခွဲလောက်တော့ မှန်းထားပါတယ်။ လုပ်မယ့်ဟာက သုံးပိုင်းဖြစ်နေတယ်။ အလယ်က ပန်းခြံဖော်ဆောင်မယ့်ဟာကတော့ အချိန်ယူပြီးလုပ်ရမှာလေ” ဟု ၎င်းက ဆက်လက်ပြောသည်။
စီမံကိန်းကို ဇုန်များ ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး စားသောက် ဆိုင်ကြီးများ၊ ပန်းခြံ၊ ကလေး ကစားကွင်းနှင့် Public Toilet များကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဇုန်(A) နဲ့ ဇုန်(B) လုပ်မှာပေါ့။ အလယ်မှာ ချောင်းတစ်ခုလည်းရှိတော့ ဇုန်(C) ဆိုပြီး ဇုန်(၃)ခု ဖြစ်သွားတယ်။ မြေပြုပြင်ပြီးသွားရင် အလယ်မှာ ပန်းခြံလေးလုပ်မယ်။ စားသောက်ဆိုင်တွေပါမယ်။ စီမံကိန်းထဲမှာကတော့ စားသောက်ဆိုင်ကို နှစ်ထပ် ခွင့်ပြုထားတယ်။ ဇုန်(A)ရော ဇုန်(B)ရော ဟိုဘက် ဒီဘက်မှာ စားသောက်ဆိုင်ပါမယ်။ ကျန်တဲ့နေရာမှာတော့ အဆောက်အအုံမထားဘူး။ ပန်းခြံထဲမှာ ကလေးကစားရုံလေးတစ်ခုပါမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ ထို့ပြင် မွန်ရိုးရာတူရိယာများဖြစ်သည့် မိကျောင်းတူရိယာ အပါအဝင် လခြမ်းတူရိယာ နှင့် မွန်ဇရပ်ပုံစံတို့ကို အဓိကထား၍ ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ေမာ္လၿမိဳင္၌ ျမစ္ကမ္းသာအပန္းေျဖစီမံကိန္း စတင္တည္ေဆာက္ေန
ယြန္း (NP News) ဒီဇင္ဘာ ၁၉
ေမာ္လၿမိဳင္ၿမိဳ႕ ကမ္းနားလမ္း၌ ျမစ္ကမ္းသာ အပန္းေျဖစီမံကိန္းကို ပုဂၢလိကကုမၸဏီ(၃)ခုက ေငြက်ပ္(၄)ဘီလ်ံ နီးပါးျဖင့္ တာဝန္ယူတည္ေဆာက္ေနေၾကာင္း စီမံကိန္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
မြန္ျပည္နယ္အစိုးရအဖြဲ႕ စီမံႀကီးၾကပ္မႈျဖင့္ေဆာင္႐ြက္မည့္ အဆိုပါျမစ္ကမ္းသာအပန္းေျဖစီမံကိန္းကို အစိုးရဘတ္ဂ်က္ျဖင့္ေဆာင္႐ြက္ျခင္း မဟုတ္ဘဲ ပုဂၢလိကကုမၸဏီ(၃)ခုမွ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း သိရသည္။ “အစိုးရဘတ္ဂ်က္နဲ႔လုပ္တာေတာ့ မဟုတ္ဘူး။ ေသာင္ျဖစ္ေနတဲ့ဟာကို အပန္းေျဖဇုန္အျဖစ္လုပ္ဖို႔ EOI ေခၚလိုက္တာ။ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ဒီေနရာကိုအပန္းေျဖ ဇုန္တည္ေထာင္ မယ္ဆိုၿပီး Investment လုပ္ႏိုင္တဲ့ သူေတြကို ဖိတ္ေခၚလိုက္တယ္။ ျပည္တြင္းကုမၸဏီ(၃)ခုကေန လုပ္ သြားမွာပါ” ဟု အထက္ပါ တာဝန္ရွိသူ ကဆိုသည္။ လက္ရွိတြင္ အဆိုပါစီမံကိန္းကို စတင္ႏိုင္ေရး အတြက္ ေျမျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ ေနၿပီး ကုန္က်စရိတ္အေနျဖင့္ ျမန္မာေငြ က်ပ္(၄) ဘီလ်ံနီးပါး ကုန္က်ႏိုင္ေၾကာင္းသိရသည္။ “ဇုန္တစ္ခုကို ျမန္မာ က်ပ္ေငြ (၁ ဒသမ ၉)ဘီလ်ံေလာက္ေတာ့ ကုန္က်မယ္။ ဇုန္(B) ဆိုရင္ေတာ့ (၁ ဒသမ ၈) ဘီလ်ံေလာက္ေတာ့ ကုန္မွာေပါ့။ ေျမျပင္တာေတြ စလုပ္ေနတာ တစ္ပတ္ေလာက္ေတာ့ ရွိၿပီ။ စီမံကိန္းကာလကေတာ့ အၿပီးအစီးဆိုရင္ ေတာ့ တစ္ႏွစ္ခြဲေလာက္ေတာ့ မွန္းထားပါတယ္။ လုပ္မယ့္ဟာက သုံးပိုင္းျဖစ္ေနတယ္။ အလယ္က ပန္းၿခံေဖာ္ေဆာင္မယ့္ဟာကေတာ့ အခ်ိန္ယူၿပီးလုပ္ရမွာေလ” ဟု ၎က ဆက္လက္ေျပာသည္။
စီမံကိန္းကို ဇုန္မ်ား ခြဲ၍ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး စားေသာက္ ဆိုင္ႀကီးမ်ား၊ ပန္းၿခံ၊ ကေလး ကစားကြင္းႏွင့္ Public Toilet မ်ားကိုလည္း ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဇုန္(A) နဲ႔ ဇုန္(B) လုပ္မွာေပါ့။ အလယ္မွာ ေခ်ာင္းတစ္ခုလည္းရွိေတာ့ ဇုန္(C) ဆိုၿပီး ဇုန္(၃)ခု ျဖစ္သြားတယ္။ ေျမျပဳျပင္ၿပီးသြားရင္ အလယ္မွာ ပန္းၿခံေလးလုပ္မယ္။ စားေသာက္ဆိုင္ေတြပါမယ္။ စီမံကိန္းထဲမွာကေတာ့ စားေသာက္ဆိုင္ကို ႏွစ္ထပ္ ခြင့္ျပဳထားတယ္။ ဇုန္(A)ေရာ ဇုန္(B)ေရာ ဟိုဘက္ ဒီဘက္မွာ စားေသာက္ဆိုင္ပါမယ္။ က်န္တဲ့ေနရာမွာေတာ့ အေဆာက္အအုံမထားဘူး။ ပန္းၿခံထဲမွာ ကေလးကစား႐ုံေလးတစ္ခုပါမယ္” ဟု ၎က ဆက္လက္ေျပာသည္။ ထို႔ျပင္ မြန္႐ိုးရာတူရိယာမ်ားျဖစ္သည့္ မိေက်ာင္းတူရိယာ အပါအဝင္ လျခမ္းတူရိယာ ႏွင့္ မြန္ဇရပ္ပုံစံတို႔ကို အဓိကထား၍ ထည့္သြင္းေဖာ္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။