မန္တလေးမြို့ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရကာ ရွှေ(၃)ပိဿာခွဲကျော် ပါသွား

319

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ဓားပြတိုက်ခံရကာ ရွှေ(၃)ပိဿာခွဲ ကျော် လုယက်ယူဆောင်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်)၊ ည ၅ နာရီကျော်အချိန်ခန့်က မဟာအောင်မြေမြိုနယ်၊ ဟေမမာလာ မြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆×၃၇ လမ်းကြားတွင် ဖွင့်လှစ်ထားသော ရွှေစင်အကယ်ဒမီရွှေဆိုင်တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေသားအနေနဲ့ကတော့ (၃) ပိဿာခွဲကျော်လောက် ပါသွားတယ်။ မန္တလေးမှာ အရင်ကတော့ ရွှေဆိုင်တွေ ဓားပြတိုက်ခံရတာရှိတယ်။ နည်းနည်းတော့ကြာပြီ အခုမှပြန်ဖြစ်နေတာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
လူမှုကွန်ယက်တွင်ပျံ့နှံ့လာသော ရွှေစင်အကယ်ဒမီရွှေဆိုင်၏ CCTV မှတ်တမ်းများ နှင့် ရဲတပ်ဖွဲမှတ်တမ်းများအရ အဆိုပါရွှေဆိုင်အတွင်း၌ ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင်များဖြစ်သော ဦးအောင်ကျော်မြနှင့် ဒေါ်ဝင်းဝင်းအေးတို့ အပါအဝင် ဒေါ်ချိုချိုနှင့် ဦးညိုတို့(၄)ဦးမှာ ဆိုင်ပိတ်ပြီး အချိန်၌ ဆိုင်အတွင်းရှိနေစဉ် အမျိုးသား(၃)ဦးက ကလစ် အနက်ရောင်ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ပစ္စတို(၂)လက်ကိုင်ဆောင်လာသည့် အမျိုးသား(၂)ဦးက ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ရွှေထည်များထည့်ထားသည့် ပလတ်စတစ်ပုံး(၃)ပုံးခန့်ကို လုယက်ယူဆောင်ကာ ဆိုင်အတွင်းမှ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“မန္တလေးမြို့မှာက အရင်တုန်းကလည်း ဇွဲထက်ရွှေဆိုင်ဗုံးပစ်ခံရတာရှိတယ်လေ။ ပြီးတော့ ဖုန်းဆိုင်တွေ ဝင်လုတာ တို့လည်း ရှိတယ်။ လုပ်တဲ့လူတွေက အဆင်သင့်တဲ့နေရာတွေ လုပ်သွားကြတာပဲ။ ဒီမှာက ရိုက်လုတာတို့ ဆွဲကြိုး လုတာ။ ဆိုင်ကယ်လုတာတွေက ရှိနေတယ်။ ရွှေဆိုင်တွေကို ဝင်လုတာတို့ ဓားပြတိုက်တာတို့က လက်နက်တွေပါ တော့ အဖွဲ့တစ်ဖွဲ့နဲ့ ဆက်သွယ်နေတာဖြစ်နိုင်တယ်လို့တော့ ထင်မိတယ်။ ဆိုင်ကယ်လုတာတို့ အခြားဟာ လုတာ တွေကတော့ မူးယစ်ဆေးသမားတို့ ဆေးသုံးဖို့ ပိုက်ဆံလိုလို့လုတာမျိုးတွေ များတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။
လက်ရှိတွင် ရွှေစင်အကယ်ဒမီရွှေဆိုင်ဓားပြတိုက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
မန္တလေးမြို့တွင် ယခုနှစ်အတွင်း ရွှေဆိုင်၊ ရွှေပန်းထိမ်ဆိုင်နှင့် ရွှေဆိုင်ပိုင်ရှင်အိမ်ဓားပြတိုက်ခံရမှုများမှာ ယခုအကြိမ် အပါအဝင် (၄) ကြိမ် ထိဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၉ ရက်က အောင်မြေသာစံမြို့နယ်က "လင်းလက်ဝါ" ရွှေပန်းထိမ်ဆိုင်နှင့် မေလ ၃၁ ရက်ကလည်း မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း” ရွှေဆိုင် နှင့် စက်တင်ဘာလ ၁၀ ရက်က ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင် "ရွှေဆိုင်ပိုင်ရှင် နေအိမ်တို့ ဓားပြတိုက်ခံခဲ့ရသည်။

Zawgyi Version;
မႏၲေလးၿမိဳ႕ရွိ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္ ဓားျပတိုက္ခံရကာ ေ႐ႊ(၃)ပိႆာခြဲေက်ာ္ ပါသြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၉
မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္ဓားျပတိုက္ခံရကာ ေ႐ႊ(၃)ပိႆာခြဲ ေက်ာ္ လုယက္ယူေဆာင္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာ ၁၈ ရက္)၊ ည ၅ နာရီေက်ာ္အခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳနယ္၊ ေဟမမာလာ ေျမာက္ရပ္ကြက္၊ ၇၇ လမ္း၊ ၃၆×၃၇ လမ္းၾကားတြင္ ဖြင့္လွစ္ထားေသာ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္တြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေ႐ႊသားအေနနဲ႔ကေတာ့ (၃) ပိႆာခြဲေက်ာ္ေလာက္ ပါသြားတယ္။ မႏၲေလးမွာ အရင္ကေတာ့ ေ႐ႊဆိုင္ေတြ ဓားျပတိုက္ခံရတာရွိတယ္။ နည္းနည္းေတာ့ၾကာၿပီ အခုမွျပန္ျဖစ္ေနတာေပါ့” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
လူမႈကြန္ယက္တြင္ပ်ံ႕ႏွံ႔လာေသာ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္၏ CCTV မွတ္တမ္းမ်ား ႏွင့္ ရဲတပ္ဖြဲမွတ္တမ္းမ်ားအရ အဆိုပါေ႐ႊဆိုင္အတြင္း၌ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္ပိုင္ရွင္မ်ားျဖစ္ေသာ ဦးေအာင္ေက်ာ္ျမႏွင့္ ေဒၚဝင္းဝင္းေအးတို႔ အပါအဝင္ ေဒၚခ်ိဳခ်ိဳႏွင့္ ဦးညိဳတို႔(၄)ဦးမွာ ဆိုင္ပိတ္ၿပီး အခ်ိန္၌ ဆိုင္အတြင္းရွိေနစဥ္ အမ်ိဳးသား(၃)ဦးက ကလစ္ အနက္ေရာင္ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ပစၥတို(၂)လက္ကိုင္ေဆာင္လာသည့္ အမ်ိဳးသား(၂)ဦးက ဆိုင္အတြင္းသို႔ ဝင္ေရာက္လာၿပီး ေသနတ္ျပ ၿခိမ္းေျခာက္ကာ ေ႐ႊထည္မ်ားထည့္ထားသည့္ ပလတ္စတစ္ပုံး(၃)ပုံးခန႔္ကို လုယက္ယူေဆာင္ကာ ဆိုင္အတြင္းမွ ျပန္လည္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
“မႏၲေလးၿမိဳ႕မွာက အရင္တုန္းကလည္း ဇြဲထက္ေ႐ႊဆိုင္ဗုံးပစ္ခံရတာရွိတယ္ေလ။ ၿပီးေတာ့ ဖုန္းဆိုင္ေတြ ဝင္လုတာ တို႔လည္း ရွိတယ္။ လုပ္တဲ့လူေတြက အဆင္သင့္တဲ့ေနရာေတြ လုပ္သြားၾကတာပဲ။ ဒီမွာက ႐ိုက္လုတာတို႔ ဆြဲႀကိဳး လုတာ။ ဆိုင္ကယ္လုတာေတြက ရွိေနတယ္။ ေ႐ႊဆိုင္ေတြကို ဝင္လုတာတို႔ ဓားျပတိုက္တာတို႔က လက္နက္ေတြပါ ေတာ့ အဖြဲ႕တစ္ဖြဲ႕နဲ႔ ဆက္သြယ္ေနတာျဖစ္ႏိုင္တယ္လို႔ေတာ့ ထင္မိတယ္။ ဆိုင္ကယ္လုတာတို႔ အျခားဟာ လုတာ ေတြကေတာ့ မူးယစ္ေဆးသမားတို႔ ေဆးသုံးဖို႔ ပိုက္ဆံလိုလို႔လုတာမ်ိဳးေတြ မ်ားတယ္” ဟု အထက္ပါေဒသခံက ဆိုသည္။
လက္ရွိတြင္ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္ဓားျပတိုက္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိ ေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ ယခုႏွစ္အတြင္း ေ႐ႊဆိုင္၊ ေ႐ႊပန္းထိမ္ဆိုင္ႏွင့္ ေ႐ႊဆိုင္ပိုင္ရွင္အိမ္ဓားျပတိုက္ခံရမႈမ်ားမွာ ယခုအႀကိမ္ အပါအဝင္ (၄) ႀကိမ္ ထိျဖစ္ပြားခဲ့ၿပီး ၿပီးခဲ့သည့္ မတ္လ ၂၉ ရက္က ေအာင္ေျမသာစံၿမိဳ႕နယ္က "လင္းလက္ဝါ" ေ႐ႊပန္းထိမ္ဆိုင္ႏွင့္ ေမလ ၃၁ ရက္ကလည္း မဟာေအာင္ေျမၿမိဳ႕နယ္၊ မန္းၿမိဳ႕ေဈးအတြင္းရွိ “ဆယ္သန္း” ေ႐ႊဆိုင္ ႏွင့္ စက္တင္ဘာလ ၁၀ ရက္က ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ "ေခ်ာင္ေခ်ာင္ "ေ႐ႊဆိုင္ပိုင္ရွင္ ေနအိမ္တို႔ ဓားျပတိုက္ခံခဲ့ရသည္။